fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

တစ်နေ့တာအတွက် မနက်ခင်းအလေ့အကျင့်ကောင်းများ

312
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/10/2020
in ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ, ကျန်းမာသောစိတ်
1 min read
A A

တစ်ညတာလုံး ကောင်းစွာအိပ်စက် အနားယူပြီးသည့်နောက် အားအင်ပြည့်၀စွာဖြင့် နိုးထလာသည့် မနက်ခင်းတွင် အလေ့အကျင့်ကောင်းများကို လုပ်ဆောင်ခြင်းသည် ကောင်းမွန်သော နေ့တစ်နေ့၏ အစပြုခြေလှမ်းဖြစ်ပါသည်။ အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ နေ့တစ်နေ့၏အစတွင် ကောင်းမွန်သော အလေ့အကျင့်ကောင်းများဖြင့် စတင်ခြင်းက မိမိ၏ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများကို တစ်နေ့တာလုံး ရရှိစေရန် သေချာစေပါသည်။ ထို့ကြောင့် မနက်ခင်းတွင် လုပ်ဆောင်သင့်သည့် အလေ့အကျင့်ကောင်းများကို ဖော်ပြလိုက်ရပါသည်။

၁။ စောစောထပါ

ကမ္ဘာပေါ်တွင် မနက်ခင်းစောစောထတတ်သည့် အလေ့အကျင့်ကောင်းကို ပြုလုပ်အောင်မြင်နေကြသည့် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များ များစွာရှိပါသည်။ ထိုသူတို့က အခြားသူများ အိပ်စက်နေဆဲအချိန်တွင် များစွာသောအလုပ်များကို ပြီးမြောက်အောင်လုပ်ဆောင်ရန် ဆန္ဒရှိသူများဖြစ်ကြပါသည်။

ထို့ပြင် မနက်စောစောထခြင်းသည် လေ့ကျင့်ခန်းပြုလုပ်ရာတွင်လည်းကောင်း၊ ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုများ ပြုလုပ်ရာတွင်လည်းကောင်း၊ စိတ်တည်ငြိမ်စေရန် တရားထိုင်ရာတွင်လည်းကောင်း၊ စာဖတ်ခြင်း၊ စာရေးခြင်းများ ပြုလုပ်ရာတွင်လည်းကောင်း အနှောင့်အယှက်နည်းပါးစွာဖြင့် စိတ်လက်ကြည်လင်စွာပြုလုပ်နိုင်သည့် အခွင့်အရေးရှိပါသည်။ ထို့ကြောင့် မနက်ခင်းစောစီးစွာထခြင်းသည် လုပ်ဆောင်သင့်သည့် အလေ့အကျင့်ကောင်းတစ်ခုပင် ဖြစ်ပါသည်။

 

၂။ ရေသောက်ပါ

နာရီပေါင်းများစွာ အိပ်စက်ပြီးသည့်နောက် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းရန်နှင့် အဆိပ်အတောက်များ ဖယ်ရှားရှင်းလင်းရန်အတွက် မနက်ခင်းတွင် ရေများများသောက်ရန် လိုအပ်ပါသည်။ အိပ်ရာမှ နိုးနိုးခြင်း အနည်းဆုံးရေတစ်ဖန်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်တွင်ရှိသော စနစ်များအား အလျင်အမြန် နိုးကြားတက်ကြွလာစေရန် အထောက်အကူပေးပါသည်။ ထို့ကြောင့် အိပ်ရာမှနိုးနိုးခြင်း ရေသောက်တတ်သည့် အလေ့အကျင့်ကောင်းကိုလည်း မနက်ခင်းတွင် လုပ်ဆောင်သင့်ပါသည်။

၃။ တရားထိုင်ပါ

မနက်ခင်းသည် နေ့သစ်တစ်နေ့ အစပြုသည့် မင်္ဂလာရှိသည့် အချိန်အခါဖြစ်ပါသည်။ ထို့အပြင် တစ်ညတာလုံး ကောင်းမွန်စွာ အိပ်စက်အနားယူထားခဲ့ခြင်းကြောင့် ခန္ဓာကိုယ်သည်လည်း အားအင်ပြည့်ဝလျက်ရှိပါသည်။

ထိုသို့သော အချိန်မျိုးတွင် တရားထိုင်ခြင်းသည် စိတ်တည်ငြိမ်အေးချမ်းမှုကို ရစေသည့်အပြင် တစ်နေ့တာလုံး အင်ပြည့်အားပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် အာရုံစူးစိုက်မှုနှင့် စိတ်တည်ငြိမ်မှုများကိုပါ ရရှိစေပါသည်။

 

၄။ လေ့ကျင့်ခန်းလုပ်ပါ

မနက်ခင်းတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းသည်လည်း နောက်ထပ်လုပ်ဆောင်သင့်သည့် အလေ့အကျင့်ကောင်းတစ်ခုပင် ဖြစ်ပါသည်။ ထိုသို့လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို တိုးမြင့်စေခြင်း၊ ခန္ဓာကိုယ်၏ စွမ်းအင်များကို တိုးတက်စေခြင်းအပြင် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများကိုလည်း ဖြစ်ပေါ်စေပါသည်။

ထို့ပြင် လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် မိမိ၏ စွမ်းဆောင်ရည်များကို ပိုမိုတိုးတက်စေနိုင်ခြင်း၊ အာရုံစူးစိုက်မှုများကို ပိုမိုကောင်းမွန်လာစေခြင်း၊ မိမိကိုယ်မိမိ ယုံကြည်စိတ်များကို ပိုမိုများပြားလာစေခြင်း၊ ကျန်းမာစေသည့် အလေ့အကျင့် ပုံစံကောင်းများကို ပိုမိုရရှိနိုင်စေခြင်း စသည့် အကျိုးကျေးဇူးများကိုလည်း ခံစားရရှိစေနိုင်ပါသည်။

 

၅။ ကျန်းမာရေးနှင့် ညီညွတ်သော မနက်စာကို စားပါ

မနက်စာသည် တစ်နေ့တာလုံး လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သော အာဟာရဓာတ်နှင့် စွမ်းအင်များကို ဖြည့်တင်းပေးပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော မနက်စာကို စားသုံးရန် လိုအပ်ပါသည်။

ထို့ပြင် မနက်စာမစားသုံးဘဲနေခြင်းသည် ကျန်းမာရေးအတွက်ကောင်းမွန်သည့် အလေ့အကျင့်ကောင်းတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော မနက်စာကို စားသုံးခြင်းသည်လည်း မနက်ခင်းတွင် လုပ်ဆောင်သင့်သည့် အလေ့အကျင့်ကောင်း တစ်ခုပင် ဖြစ်ပါသည်။

 

၆။ စာဖတ်ပါ

ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်များဖြစ်သည့် Bill Gates နှင့် Warren Buffett တို့၏ တူညီသော အချက်မှာ မနက်ခင်းတွင် စာဖတ်ခြင်းဖြစ်ပါသည်။

ကောင်းမွန်လှသည့် မနက်ခင်းအချိန်တွင် လေ့ကျင့်ခန်းများလုပ်ပါက ခန္ဓာကိုယ်အတွက် များစွာ အကျိုးရှိစေသကဲ့သို့ပင် မနက်ခင်းတွင် စာဖတ်ခြင်းကလည်း မိမိ၏ ဦးနှောက်ကို များစွာအကျိုးပြု နှိုးဆွပေးပါသည်။ ထို့ကြောင့် ကောင်းမွန်သော အလေ့အကျင့်တစ်ခုဖြစ်သည့် စာဖတ်ခြင်းကို မနက်ခင်းတွင် လုပ်ဆောင်သင့်ပါသည်။

 

၇။ တစ်နေ့တာအတွက် လုပ်ဆောင်ရန် အရေးကြီးသည့်အလုပ်များကို စဉ်းစား၍ ချရေးပါ

နေ့စဉ်နေ့တိုင်း လုပ်ဆောင်ရန် ကိစ္စများစွာရှိတတ်သော်လည်း အရေးတကြီး ပြီးမြောက်အောင် လုပ်ဆောင်ရန်ရှိသည့် ကိစ္စများမှာမူ တစ်နေ့နှင့် တစ်နေ့ မတူညီနိုင်ပေ။ ထို့ကြောင့် တစ်နေ့တာအတွက် လုပ်ဆောင်ရန် အရေးကြီးသည့် ကိစ္စများကို စဉ်းစားတွေးတော၍ မှတ်သားထားခြင်းဖြင့် ထိုအလုပ်များကို ပြီးမြောက်အောင်လုပ်ဆောင်ရာတွင် များစွာအထောက်အကူဖြစ်စေပါသည်။ ထို့ကြောင့် အရေးကြီးသည့် လုပ်ငန်းများကို လုပ်ဆောင်ရန် စဉ်းစားမှတ်တမ်းတင်ခြင်းသည်လည်း မနက်ခင်းတွင်လုပ်ဆောင်သင့်သည့် အလေ့အကျင့်ကောင်းတစ်ခုပင်ဖြစ်ပါသည်။

အထက်ပါ အလေ့အကျင့်ကောင်းများကို ကြိုးစားလေ့ကျင့်ခြင်းဖြင့် မင်္ဂလာရှိသော နံနက်ခင်းတစ်ခုကို စတင်ကြပါစို့။

Author: ဒေါက်တာမွန်

Previous Post

DHA ဆိုတာ (အပိုင်း ၁)

Next Post

ကလေးများသွားဖုံးရောင်ခြင်း အကြောင်းအရင်းနှင့် ကုသခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
611

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများသွားဖုံးရောင်ခြင်း အကြောင်းအရင်းနှင့် ကုသခြင်း

ကလေးများပါးစပ်အနာ (Canker Sores) ဖြစ်ရသည့်အကြောင်းရင်းများနှင့် သက်သာစေသည့်နည်းလမ်းများ

ကလေးများ ခေါင်းကိုက်သက်သာစေမည့် နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.