အစားအစာတို့တွင် သဘာဝအလျောက်ပေါက်ပွားသော မှို နှင့် တစေး တို့ မျိုးစိတ်ပေါင်း ရာနှင့်ချီရှိသည်။
ရှင်သန်ခြင်း။ ။ အစားအစာမှိုတို့သည် စေးပျစ်မှု နှစ်မှကိုးအထိ နှင့် အပူချိန် ၁၀ဒီဂရီဆဲစီးယပ်မှ ၃၅ဒီဂရီဆဲစီးယပ် ၌ ရှင်သန်နိုင်ပြီး
တစေး သည် စိုစွတ်သော သဘာဝကို ကြိုက်သည်။
တွေ့ရှိခြင်း။ ။ ကောက်ပဲသီးနှံများ၊ ပြောင်း၊ ဂျုံ၊ စပါး၊ အခွံမာသော အသီးများ၊ သစ်သီးများ စသည်တို့ မရိတ်သိမ်းမီနှင့်
သိုလှောင်ထားချိန်တွင် ပေါက်ပွားလာပြီး အသီးအနှံများ ပျက်စီးပုပ်သိုးစေသည်။ မှိုများပေါက်ခြင်းဖြင့် ကောက်ပဲသီးနှံ၏
မူလအရောင်၊ အဆင်း၊ အနံ့တို့ ပျောက်သွားကာ ရံဖန်ရံခါ သာမန်မျက်စိဖြင့် ကြည့်၍ မမြင်နိုင်သည့် မှို များကို ဓာတ်ခွဲခန်း၌
စစ်ဆေးသင့်သည်။
အန္တရာယ်ရှိခြင်း။ ။ အစားအစာတွင်မှို၊တစေးများ၊အယ်ဖာတောက်ဆင် မှိုဆိပ်ပါဝင်ခြင်းသည် စားသုံးသူများကို
ကင်ဆာ ကဲ့သို့ နာတာရှည်ရောဂါ ဖြစ်စေရုံသာမက လုပ်ငန်းရှင်များ၊ စီးပွားရေးထိခိုက်စေသည်။ အစားအသောက်များမှ
ပေါက်ပွားလာသောမှို ရှိ အဆိပ်များက စားသုံးသူအတွက် အန္တရာယ် ဖြစ်လာသည်။ စားသုံးသူ အန္တရာယ်ဖြစ်စေသော
မှိုဆိပ်ကို မိုက်ကိုတောက်ဆင် ဟု ခေါ်ပြီး သာမန်ချက်ပြုတ်ရုံ အပူချိန်ဖြင့် ယင်းအဆိပ်တို့ မပျက်စီး နိုင်ပါ။ အစာများထုတ်လုပ်စဉ်
မှိုများပျက်စီးသည့်တိုင် မိှိုဆိပ်များက အစာထဲတွင် ဆက်လက်ကျန်ရှိနေပါသည်။
မှိုဆိပ်။ ။ မှိုဆိပ်နှင့် မိုက်ကိုတောက်ဆင် တို့၏ အန္တရာယ်တို့ကို ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသည်။
ဖြစ်စဉ်များ ။ ။ မှိုနှင့်မှိုဆိပ်စမ်းသပ်ရှာဖွေခြင်း၊သုတေသနပြုလုပ်ခြင်းလုပ်ငန်းများကို လွန်ခဲ့သော ၂၅နှစ်က စတင်ဖော်ထုတ်လုပ်ကိုင်နိုင်ခဲ့ပြီး
မှိုကြောင့်လူများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။ ၁၉ရာစု၌ ဥရောပနှင့်အာဖရိကတို့တွင် မှိုဆိပ်ပါဝင်သော ကောက်ပဲသီးနှံ (လူး၊ ပြောင်း၊ ဂျုံ) တို့ကို
စားမိခြင်း၊ ၁၆၄၃မှ ၁၉၄၇ ခုနှစ်တွင် ရုရှားနိုင်ငံ၌လည်းကောင်း၊ ၁၉၅၂ နှင့် ၁၉၅၅ ခုနှစ်တွင် တိုကျို၌လည်းကောင်း၊ ၁၉၇၁ခုနှစ်တွင်
ကိုရီးယားနိုင်ငံ၌လည်းကောင်း၊ မှိုတက်နေသော ဆန်ကိုစားမိ၍ မှိုတောက်ခြင်းဖြစ်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်က ရုရှားတွင် ဖြူဆေးရီးယား
မှိုတစ်မျိုးပါသော ကောက်ပဲသီးနှံများစားမိ၍ မှိုဆိပ်သင့်ကြရသည်။
အန္တရာယ်။ ။ မှိုဆိပ်အမျိုးပေါင်းအတွက် ၄၀၀ကျော်ရှိရာ အများစုမှာ လူနှင့်နို့တိုက် သတ္တဝါအားလုံး အန္တရာယ်ရှိသည်။
မှိုဆိပ်အယ်ဖာတောက်ဆင် ပါသော ပြောင်း၊ ဂျုံတို့ကို စားမိပါက လူကိုဘေးဖြစ်စေသည်။ အယ်ဖာတောင်ဆင် ဘီဝမ်း သည်
မျိုးရိုးဗီဇဆဲလ်များ ပြောင်းလဲခြင်း၊ သန္ဓေသားချို့တဲ့ခြင်းနှင့် ကင်ဆာတို့ဖြစ်စေသည်။ စားမိသော မှိုဆိပ်က ကျောက်ကပ်တွင်
အများဆုံးစုဝေးပြီး အသည်း၊ အဆီ၊ အသားတို့မှာ စုဝေးသည်။ နို့နှင့် နို့ထွက်ပစ္စည်းများတွင်လည်း အော်ခရာတောက်ဆင်အေ
ကြောင့် လူတွင်ဆီးလမ်းကြောင်း ဆိုင်ရာ ကင်ဆာရောဂါဖြစ်စေသည်။ မှိုဆိပ်ပါသော တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ
စားသောက်မိခြင်းထက် မှိုဆိပ်ပါသော ကောက်ပဲသီးနှံတို့ကို တိုက်ရိုက်စားသုံးခြင်းကစားသုံးသူ၏ ကျန်းမာရေးကို ပိုမိုထိခိုက်စေသည်။
မှိုဆိပ်ပါ/မပါရှာဖွေခြင်း ။ ။ သာမန်မျက်စိဖြင့် မမြင်နိုင်အီလိုင်ဇာ ဆေးဖြင့် ကြည့်ရှုပါက မှိုဆိပ်ပါ/မပါ သိနိုင်သည်။
မှိုဆိပ်ပျံ့နှံ့နေသော အစားအစာ၌ မူလ အရောင်အဆင်းမရှိခြင်း၊ အစက်အပြောက်ပါနေခြင်း၊ ချွဲကျိနေခြင်း တို့ တွေ့နိုင်သည်။
ကာကွယ်တားဆီးခြင်း ။ ။ အစားအစာထုတ်လုပ်မှုလုပ်ငန်းစဉ်တလျှောက် အသား၊ နှံစားဆီ၊ နှမ်းဆီတို့မှ မှိုများ ပါဝင်မှုရှိ/မရှိ
တစ်ခါတည်း စစ်ဆေးကြည့်ရှုပြီးမှ စီမံ သင့်သည်။ ရက်လွန် ထက် ပိုဆိုးသည်။ ကောက်ပဲသီးနှံများအနေဖြင့် ရိတ်သိမ်းပြီးကာစတွင်
ရေခိုး၊ရေငွေ့ကုန်စေရန် သေချာစွာနေလှန်းခြင်း၊ အခြောက် ခံခြင်း တို့ ပြုလုပ်ခြင်းဖြင့် မှိုမပေါက်အောင် ကာကွယ်နိုင်သည်။ အချို့နိုင်ငံများတွင်
မှိုတက်သော အစားအစာများကို ဖျက်ဆီးပစ်ရုံသာမက ဓာတုပစ္စည်းဖြင့်လည်း မှိုဆိပ်များ ဖျက်ဆီးပစ်တတ်သည်။ အက်စစ်များ၊
အယ်ကာလီများနှင့် အချို့ ဓာတ်ငွေ့တို့ သုံးစွဲ၍ မှိုဆိပ်ကိုဖျက်ဆီးနိုင်သည်ဟု ဆိုသည်။ မှိုကိုတားဆီးရန် မှိုတားဆေးများ ဈေးကွက်အတွင်း
ရောက်ရှိနေ အသုံးပြုနိုင်သည်။ မှိုတက်နေသော ရက်လွန် အစားအစာများ ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။
ကင်ဆာ ။ ။ အချို့သော အစားအစာများတွင် ယင်းအစာမှထုတ်လုပ်သော အဆိပ်များအပြင် စားသုံးသူနှင့် မတည့်သော
ပစ္စည်းများ၊ ကင်ဆာဖြစ်စေ သော အစားအစာများ (ဓာတုဆိုးဆေးများနှင့် အရက် မသန့်ရှင်းမှု) ပါဝင်နေသည်။ အထူးသဖြင့်
ပီလောပီနံဥများ၊ မျောက်ဥများ၊ မြေပဲဆန်များ၊ ကွမ်းသီးခြမ်းမှိုတက်များ၊ ငြုတ်သီးမှိုတက်များ၊ ကုလားပဲနှင့် ဆန်မှိုတက်များသည်
အဆိပ်အတောက်ဖြစ်စေ၍ စုပုံကာ ဟိုက်ဒရိုက်ဆိုင်ယာနစ်အက်ဆစ် ဖြစ်စေကာ ကင်ဆာ ကို ဖြစ်စေသည်။
သံသရာ ။ ။ မှိုဆိပ်ထုတ်သောမှိုများက သိုလှောင်ထားသော သီးနှံများ၊ စိုက်ခင်းထဲရှိ သီးနှံများမှတစ်ဆင့် မှိုဆိပ်များ
စုဝေးကာ အစားအစာများ၊ တိရစ္ဆာန်မှ လူသို့ လည်းကောင်း၊ နို့နှင့်နို့ထွက်ပစ္စည်း အနေဖြင့်လည်းကောင်း၊တိုက်ရိုက်စားသုံး
မိခြင်းဖြင့် လည်းကောင်း၊ လူသို့ ရောက်ရှိပြီး မှိုဆိပ်တက်သော ရောဂါလက္ခဏာများ ပြခြင်း ဖြစ်သည်။ မှိုဆိပ် တက်နေသော
မျိုးစေ့များအား ပြန်လည်စိုက်ပျိုးပါက သီးနှံများတွင် ပါဝင်ခြင်းဖြင့်လည်း ရောဂါဖြစ်ပွားနိုင်ပါသည်။
Author: Dr. လွင်သန့်