GSM ဖုန်းတစ်လုံးဟာ ပေါ်ကာစက မြန်မာနိုင်ငံမှာ သိန်း ၄၀၊ ၅၀ ရှိခဲ့ဖူးပြီး ဂျပန်မှာ နှစ် ၂၀ လောက် အသုံးပြုခဲ့တဲ့ မော်တော်ကားလောက်အသုံးပြုခဲ့တဲ့မော်တော်ကားတစ်စီးကိုလည်းသိန်း၃၀၀၊၄၀၀ ပေးမှစီးနိုင်တဲ့အခြေအနေတစ်ရပ်ရှိခဲ့ပါတယ်။
(၂၀၁၀) ခုနှစ်မှာ နိိုင်ငံရေးစနစ်ပြောင်းလို့ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်တဲ့အစိုးရပေါ်ထွန်းလာတဲ့အခါမှာတော့ဇိမ်ခံပစ္စည်းတွေလို ဖြစ်နေတဲ့ မော်တော်ကားနဲ့တယ်လီဖုန်းဟာအခြားနိုင်ငံတွေလိုပဲလူတန်းစားမရွေးဝယ်ယူသုံးစွဲနိုင်တဲ့ အခြေအနေတစ်ရပ်ကို ဖော်ဆောင် ပေးခဲ့ပါတယ်။ မော်တော်ကားတွေကိုလွတ်လပ်စွာဝယ်ယူတင်သွင်းခွင့်ပြုခဲ့တဲ့အတွက် မော်ဒယ်မြင့်ကားတွေကို လူလတ်တန်းစားတွေ ဝယ်ယူနိုင်တဲ့ ပမာဏအထိကျဆင်းသွားပြီး ရန်ကုန်မြို့မှာလည်း ကားသစ်တွေနဲ့ လမ်းတွေပိတ်ဆို့ကုန်တဲ့အထိ ပေါများလာခဲ့ပါတယ်။ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာလည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတည်းက တယ်လီဖုန်းဈေးကွက်ကို လက်ဝါးကြီးဆောက်ရွက်နေတဲ့ အနေ အထားကနေ နိုင်ငံတကာကတယ်လီဖုန်းကုမ္ပဏီတွေကိုဖိတ်ခေါ်တင်ဒါယှဉ်ပြိုင်စေပြီး နိုင်ငံတွင်းမှာလုပ်ကိုင်ခွင့် ပေးခဲ့ပါတယ်။ ဒါ့ကြောင့်လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ နော်ဝေနိုင်ငံကတယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီကြီးနဲ့ကာတာနိုင်ငံက အော်ရီဒူးကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံခွင့်ရရှိခဲ့ပါတယ်။ နိုင်ငံသားတွေအားလုံးလည်း အရင်က သိန်း ၃၀၊ ၄၀ ပေးရတဲ့ တယ်လီဖုန်းတစ်လုံးကို ၁၅၀၀ ကျပ်နဲ့ နေရာမရွေး၊ဆိုင်မရွေး၊ဝယ်ယူသုံးစွဲနိုင်တဲ့အခြေအနေတစ်ရပ်ကို ရောက်ရှိခဲ့ပါတယ်။
မြန်မာလူမျိုးတွေက လည်း တယ်လီဖုန်း ဈေးချိုလာတာနဲ့အမျှ ကုမ္ပဏီအစုံက ဆင်ကဒ်တွေကို ဝယ်ယူပြီး စမ်းသပ်သုံးစွဲကြပါတယ်။တချို့ကလည်းလူတစ်ယောက်တည်းဆင်းကဒ်သုံးလေးခုကိုင်ပြီးသုံးစွဲတာကို တွေ့မြင်နေရပါတယ်။တစ်ချို့ကလည်းလက်ကိုင်ဖုန်းတစ်ခုထဲမှာဆင်းကဒ်နှစ်ခုထည့်ပြီးသုံးစွဲနေတာကိုလည်း တွေ့ရပါတယ်။စမတ်ဖုန်း တွေ ပေါများလာတာနဲ့အမျှအင်တာနက်သုံးစွဲမှု၊ ဖေ့ဘွတ်သုံးစွဲသူတွေလည်း မြန်မာနိုင်ငံမှာတစ်နေ့တစ်ခြား တိုးတက်များပြား လာပါတယ်။ ဆက်သွယ်ရေး ကုမ္ပဏီတွေကလည်း တစ်ခုနဲ့တစ်ခု ပြိုင်ဆိုင်မှုပြင်းထန်တဲ့အတွက်သူတို့ရဲ့ဆင်းကဒ်တွေကို ပြည်သူတွေသုံးစွဲချင်လာအောင်မက်လုံးအမျိုးမျိုးပေးပြီး ဈေးကွက် ရောင်းမြှင့်တင်ရေးကို ပြုလုပ်လာကြပါတယ်။ စမတ်ဖုန်းသုံးစွဲသူလူငယ်အများစုဟာလည်းတယ်လီဖုန်းနဲ့အင်တာနက်ကို ဈေးချိုချိုနဲ့သုံးစွဲခွင့်ရရှိလာပါတယ်။ ယခုလို မြန်မာနိုင်ငံအတွင်းမှာတိုးတက်ပြောင်းလဲလာတာနဲ့အမျှ တိုးတက်မှုတွေ့ရှိသလိုတစ်ဖက်မှာလည်းဆုတ်ယုတ်မှုတွေရှိလာပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းကအမြန်လမ်းမကြီးအပေါ်မှာ မောင်းနေတဲ့အဝေးပြေးကားတစ်စီးရဲ့ဒရိုင်ဘာကကားမောင်းရင်း ဖေ့ဘွတ်ကိုသုံးစွဲခဲ့လို့ လမ်းလယ်ကျွန်းနဲ့ ကားတိုက်ပြီး ခရီးသည်အတော်များများ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်မျိုးလည်း ရှိခဲ့ပါတယ်။ အွန်းလိုင်းကိုတလွဲအသုံးပြုတဲ့အတွက်ဆက်သွယ်ရေးဥပဒေနဲ့အရေးယူလို့ ထောင်ကျသွားသူတွေကိုလည်း မကြာခဏ တွေ့မြင်နေရ ပါတယ်။ ဒါ့အပြင် တယ်လီဖုန်းကို အပြောများတဲ့အတွက်လည်း ကျန်းမာရေးအရဆိုးကျိုးတွေရှိနေတာဟာလည်း ရှောင်လွှဲမရတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ မြန်မာနိုင်ငံမှာမိုဘိုင်းဖုန်းတွေအသုံးပြုမှုကြောက်ခမန်းလိလိ တိုးတက်လာမှုနောက်ကွယ်မှာ မိုဘိုင်းဖုန်း အသုံးပြုသူတွေအတွက် ဓာတ်ရောင်ခြည်ရဲ့ ဆိုးကျိုးတွေကို ရင်ဆိုင်ကြုံတွေ့ လာရပါတယ်။ မိုဘိုင်းဖုန်းတွေထဲမှာရှိတဲ့ မိုက်ခရိုဝေခ့်နှုန်းထဲမှာလျှပ်စစ်သံလိုက်(Radiation) တွေကိုသုံးထားတဲ့အတွက်ဖုန်းပြောသူတွေမှာကျန်းမာရေးဆိုးဝါးမှုတွေ ဖြစ်စေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ယုံကြည်နေပါတယ်။ ဒီလိုယူဆတဲ့ အခြေအနေတစ်ရပ်ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ WHOက မိုဘိုင်းဖုန်းသုံးစွဲမှုနဲ့ ပတ်သတ်ပြီး သုတေသနပြုလုပ်ကာ ကျန်းမာရေး ဆိုင်ရာ သတင်း ထုတ်ပြန်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ အတိအလင်းရေးသားထားတာကတော့ မိုဘိုင်းဖုန်းကို ရေရှည်သုံးစွဲသူတွေရဲ့ ကျန်းမာရေးဟာ ထိခိုက်နိုင်တယ်ဆိုတာဘဲ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း ထဲမှာရှိတဲ့ ဓာတ်ရောင်ခြည်ဟာ ဖုန်းပြောတဲ့သူကို ကင်ဆာဖြစ်စေနိုင်တဲ့ အခြေအနေတစ်ရပ်ကို စေ့ဆော်ပေး လျှက် ရှိပါတယ်။ နိုင်ငံတကာ ကင်ဆာဖောင်ဒေးရှင်းရဲ့ လေ့လာဆန်းစစ်မှုအရ မိုဘိုင်ဖုန်းဓာတ်ရောင်ခြည်သင့်မှု ကြောင့် ဖြစ်ပွားစေတဲ့ ကင်ဆာရဲ့ အဆင့်ဟာ 2B carcinogens ဖြစ်နေပါတယ်။ ထပ်မံလေ့လာမှုတွေအရ ဓာတ်ရောင်ခြည်ရဲ့ ဆိုးကျိုးကြောင့်နားရောဂါအပြင် ဦးနှောက်အမှေးပါးရောင်ရောဂါနဲ့ပါးစောင်းကင်ဆာတွေ ဖြစ်ပွားနိုင်ခြေရှိတယ်လို့သိရပါတယ်။ ဖုန်းအသုံးများလွန်းတဲ့ သူတွေအတွက်ကတော့ ရောဂါလက္ခဏာအဖြစ် မှတ်ဉာဏ်လျော့နည်း လာတတ်ခြင်း၊အကြောအာရုံကြောပြသာနာဖြစ်ခြင်း၊မျက်စိမှုန်ခြင်း၊ ဖုန်းနဲ့အနီးကပ်ဆုံးလူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေပျက်စီးခြင်းတို့ ဖြစ်တတ်ပါတယ်။ဒါ ပေမယ့်တယ်လီဖုန်းပြောဆိုမှုအား ခေတ်သစ်ကမ္ဘာမှာ ရှောင်ရှားလို့မရနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးသတိရှိဖို့အနည်းဆုံးလိုအပ်လာပါတယ်။ ယခုလိုဖြစ်ပွားနိုင်ခြေရှိတဲ့ ရောဂါတွေအတွက်ကြိုတင်ကာကွယ်ခြင်းနဲ့တယ်လီဖုန်းပြောဆိုမှုကို လျော့ချခြင်းကအထိရောက်ဆုံးကုသမှု ဖြစ်လာပါတယ်။ တစ်ခါတစ်ရံ မှာ မလွှဲမရှောင်သာလို့ ဖုန်းပြောရမယ်ဆိုရင် မိုဘိုင်းဖုန်းနဲ့ ပြောမယ့်အစား ရိုးရိုးအိမ်ဖုန်းနဲ့ အသုံးပြုသင့်ပါတယ်။ တစ်ခါတစ်ရံ မိုဘိုင်းဖုန်းနဲ့ပြောမယ်ဆိုရင် နားနဲ့မကပ်ဘဲ ပြောနိုင်မယ့် စပီကာဖွင့်ပြီး ပြောသင့်ပါတယ်။ နောက်ဆုံးမလွှဲမရှောင်သာမှသာမိုဘိုင်းဖုန်းကိုအသုံးပြုပါ။ ကိစ္စထူးထူးထွေထွေ မရှိရင် ဖုန်းမပြောခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံးပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ မိုဘိုင်းဖုန်းထဲမှာ ဆင်းကဒ်နှစ်ကဒ်ထည့်ပြီး ရှိရှိသမျှမိတ်ဆွေသူငယ်ချင်းတွေဆီကိုဖုန်းဆက်ပြောကြားဖို့ဝါသနာပါတဲ့သူတွေအတွက် အထက်ဖေါ်ပြပါ ရောဂါတွေဖြစ်ပွားမှုမှကာကွယ်ရန်အတွက်ကျန်းမာရေးသတိရှိဖို့ စေတနာနဲ့ ရေးသားတင်ပြလိုက်ပါတယ်။
Author – ဇော်သက်ထွေး