fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဓာတ်မတည့်ခြင်း ဖြစ်စေနိုင်သော အကြောင်းရင်းများ

62
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/08/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

၁။အလွန်အမင်းတုန့်ပြန်သောခုခံအားစနစ် ဓာတ်မတည့်ခြင်းဖြစ်စဉ်ကို ဖြစ်စေနိုင်သောအကြောင်းအရာများစွာရှိပါသည်။ပန်းဝတ်မှုန်၊တိရစ္ဆာန် အညစ်အကြေးနှင့်အစားအစာစသည်တို့ကြောင့်ခန္ဓာကိုယ်၏ခုခံအားစနစ်မှ ပြန်လည်တုန့်ပြန်သောကြောင့်ဓာတ်မတည့်ခြင်းဖြစ်စေနိုင်သည်။ဓာတ်မတည့်ခြင်းသည်အများအားဖြင့်အန္တရယ်မများသော်လည်းတစ်ခါ တစ်ရံအသက်အန္တရယ်ထိခိုက်နိုသည်။ အမေရိကန်တွင် ငါးယောက်လျှင် တစ်ယောက်မှာ ဓာတ်မတည့်ခြင်း ခံစားနေရသည်။

၂။ဝတ်မှုန်များ
ဝတ်မှုန်များသည်သစ်ပင်၊ပန်းပင်၊ မြက်ပင်၊ ပေါင်းပင်စသည်တို့မှပျံနှံလာပြီးဟေးအဖျားရောဂါရာသီဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သည်။ နှာချေခြင်း၊ နှာစေးခြင်း၊ယားယံခြင်းနှင့်မျက်ရည်ကျခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဆေးဝါးများဖြင့်အလွယ်တကူကုသနိုင်ပြီးကာကွယ်ရန်နည်းလမ်းမှာဝတ်မှုန်များအလွန်အမင်းလေနှင့်အတူလွင့်နေချိန်တွင် ပြတင်းပေါက်များပိတ်ခြင်း၊အပြင်မထွက်ခြင်းစသည်တို့ကို ပြုလုပ်သင့်သည်။

၃။ အိမ်မွေးတိရစ္ဆာန်များ
အကယ်၍အိမ်မွေးတိရစ္ဆာန်များမွေးမြူထားပါက၎င်းတို့၏တံတွေး၊ ချွေးနှင့်အမွှေးများကိုထိတွေ့မိခြင်းဖြင့်ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်ပါသည်။သို့ရာတွင်အိမ်မွေးတိရစ္ဆာန်ချစ်သူဖြစ်သောကြောင့်မဖြစ်မနေမွေးမြူချင်ပါကလိုက်နာသင့်သည့် အချက်များရှိပါသည်။ မိမိအိပ်ခန်းကို အိမ်မွေးတိရစ္ဆာန် ကင်းမဲ့ဇုန် ပြုလုပ်ခြင်း၊ ကြမ်းခင်းများကို လျှော်ဖွတ်ရလွယ်သော အခင်းများ ထားရှိခြင်း၊ မိမိ၏ အိမ်မွေးတိရစ္ဆာန် ကလေး များကို ရေမှန်မှန် ချိုးပေးခြင်း၊ သန့်ရှင်းအောင် ထားပေးခြင်းစသည်တို့ လုပ်ဆောင်သင့်သည်။

၄။ ဂျပိုးများ
၎င်းတို့သည်အိပ်ခန်း၊အိပ်ယာခင်း၊ကူရှင်၊ ကော်ဇောနှင့်လိုက်ကာခန်းဆီးများစသည်တို့တွင်ရှိနေတတ်ကြသည်။လူနှင့်အိမ်မွေးတိရစ္ဆာန်များ၏အရေပြားဆဲလ်သေများ၊ဝတ်မှုန်များ၊ဘက်တီးရီးယားများ၊မှိုများကိုစားသုံးကြပြီးစိုထိုင်းမှုရှိနေသောနေရာ၌ရှင်သန်ပေါက်ဖွားတတ်ကြသည်။၎င်းတို့၏ရန်မှကင်းဝေး စေရန်ဓာတ်မတည့်မှု လျော့နည်းစေသော ခေါင်းအုံးအသုံးပြုခြင်း၊ ခေါင်းအုံး၊အိပ်ယာခင်းများကိုအစွပ်စွပ်ခြင်း၊ ရေနွေးပူဖြင့်အပတ်စဉ်လျှော်ဖွတ်ခြင်း၊ဖုန်အညစ်အကြေးများ လျော့နည်းအောင်အိမ်သန့်ရှင်းရေးပြုလုပ် ပေးသင့်ပါသည်။သို့မှသာဂျပိုးကြောင့် ဖြစ်စေသောဓာတ်မတည့်ခြင်းကိုကင်းဝေးစေနိုင်မည်ဖြစ်သည်။

၅။ အင်းဆက်ကိုက်ခြင်း၊ ထိုးခြင်း။
အင်းဆက်ကြောင့် ရောင်ရမ်းခြင်း၊ နီရဲခြင်းတို့ဖြစ်စေနိုင်ပြီး တစ်ပတ် သို့မဟုတ် ပိုကြာမြင့်နိုင်ပါသည်။ အစာအိမ်မကောင်းသည်ဟုခံစားရနိုင်ခြင်း၊အဖျားငွေ့ငွေ့ရှိခြင်းတို့လည်း ဖြစ်စေနိုင်သည်။အချို့အင်းဆက်ကိုက်ခြင်း၊ထိုးခြင်းများသည်အသက်အန္တရာယ်ရှိသည်အထိဓာတ်မတည့်ခြင်းဖြစ်စေနိုင်သည်။အကယ်၍ဓာတ်မတည့်ခြင်းသည် ပြင်းထန်ပါကဆရာဝန်နှင့် ပြသကုသသင့်ပါသည်။

၆။အစားအစာများ
နို့နှင့် နို့ထွက်ပစ္စည်းများ၊အခွံမာငါးများ၊ဥအမျိုးမျိုး၊အစေ့အဆန်များနှင့်ပင်လယ်စာများသည်ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သည်။မတည့်သောအစားအစာစားပြီးမိနစ်အနည်းငယ်အတွင်းဓာတ်မတည့် ခြင်း ဖြစ်စေနိုင်ပြီးအသက်ရှူကျပ်ခြင်း၊အန်ခြင်း၊ဝမ်းလျှောခြင်းနှင့်ပါးစပ်တစ်ဝိုက် ရောင်ရမ်းခြင်းများခံစားရနိုင်သည်။အလွန်အမင်းပြင်းထန်ပါက ဆရာဝန်နှင့် ပြသသင့်သည်။

၇။ ရာဘာစေး၊ ကြက်ပေါင်စေး လက်အိတ်များ၊ ကွန်ဒုံးများနှင့် ကျန်းမာရေးစက်ပစ္စည်းများတွင် အသုံးပြုတတ်ကြပြီးထိတွေ့ရမှယားယံခြင်း၊နီရဲခြင်းနှင့်အသက်ရှူရခက်ခဲခြင်းအထိဓာတ်မတည့်ခြင်းဖြစ်စေနိုင်ပါသည်။အင်ပြင်ထခြင်း၊မျက်လုံးယားယံခြင်း၊ နှာစေးခြင်း၊အသက်ရှူရာတွင်တရွှီရွှီမြည်ခြင်းများလည်း ဖြစ်စေနိုင်သည်။ ဓာတ်မတည့်ခြင်းရှိသူဖြစ်ပါက အထူးပြုလုပ်ထားသော လက်အိတ်များကို ဝတ်ဆင်သင့်ပြီး ဓာတ်မတည့်ခြင်းကို သက်သာစေသည့် ဆေးဆောင်ထားသင့်ပါသည်။

၈။ ဆေးဝါးများ
ပင်နီဆလင်၊ အက်စပရင်၊ အခြားဆေး အချို့သည် အရေပြား ယားယံခြင်း၊ မျက်လုံးယားယံခြင်း၊မျက်နှာ၊ပါးစပ်၊လည်ချောင်းများ ရောင်ရမ်းခြင်းစသည်ဓာတ်မတည့်ခြင်းများဖြစ်စေနိုင်သည်။အကယ်၍ ဆေးတစ်မျိုးမျိုးကို မတည့်ပါက အဆိုပါ ဆေးကို မသောက်သုံးဘဲ ရှောင်ရှားသင့်ပါသည်။ ဆရာဝန်နှင့်တိုင်ပင်ပြသပြီးအခြားဆေးတစ်မျိုးမျိုးကိုဆရာဝန်၏ညွန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါ သည်။

၉။မှိုများ
မှိုများရှင်သန်ကြီးထွားရန်စိုထိုင်းမှုသည်အဓိကလိုအပ်သည်။စိုစွတ်သော နေရာများဖြစ်သည့် မြေအောက်ခန်း၊ ရေချိုးခန်း၊ မြက်ပင်နှင့်သစ်ရွက်သစ်ဆွေးများတွင် တွေ့ရတတ်သည်။မှိုမျိုးမှုန်များကိုထိတွေ့ရှူရှိက်မိခြင်းဖြင့် ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သည်။

Credit to: ဟိန်းဇာနည် (ဆေး ၂)
Health Care Journal (Vol-7, No-25)

Previous Post

ကလေးများတွင်ဖြစ်တတ်သော နားရောဂါများ

Next Post

သင့်အသည်း ဘာတွေလုပ်နေသလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
597

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်အသည်း ဘာတွေလုပ်နေသလဲ

နည်းလမ်းမှန်ကန်စွာ စကားများပါ၊ ရန်ဖြစ်ပါ

မိုဘိုင်းဖုန်းအပြောများသူတွေအတွက်ရရှိနိုင်သော ရောဂါများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.