(Zawgyi)
ျမန္မာဆိုစကားတို႔တြင္ လိုက္ဖက္ညီေသာ ဆိုစကားမ်ားစြာ ရွိသည္။ “ အိပ္ေကာင္း၊ စားေကာင္း ” “ အိပ္ေပ်ာ္ စားဝင္ ” “ ဝလို႔ လွလို႔ ” စသည္ျဖင့္ ယင္းဆိုစကားမ်ားကို ဆန႔္က်င္ဘက္အသြင္အျပင္ျဖစ္ေအာင္ ျပင္ၾကည့္လွ်င္ အဆင္မေျပ၊ နားဝင္မခ်ိဳ၊ ၾကားရသည္မွာ ကန႔္လန႔္ျဖစ္ေနသည္။
“ အိပ္ေကာင္း မစားေကာင္း ” “ အိပ္မေပ်ာ္ စားဝင္ ” “အိပ္ေပ်ာ္ စားမဝင္” “ ပိန္လို႔ လွလို႔ ” ဟုဆိုပါလွ်င္ ေစာေစာကတင္ျပသကဲ့သို႔ ဖတ္ရတာပင္ အဆင္မေျပျဖစ္ေနေပလိမ့္မယ္။
ကြၽန္ေတာ္ ေဆာင္းပါးတစ္ပုဒ္ ေရးခဲ့ဖူးသည္။ “ အိပ္မေပ်ာ္ စားဝင္” ဟူ၍ ျဖစ္၏။ အိပ္မေပ်ာ္ေလ အစားပိုစားေလျဖစ္ေၾကာင္း သုေတသနပညာရွင္မ်ားက ေဖာ္ထုတ္ခဲ့သည္။ ဦးေႏွာက္တြင္ အစာစားလိုစိတ္ကို ျဖစ္ေစေသာ ေနရာငယ္ေလးတစ္ခုရွိသည္။ ေဆးပညာအရ Feeding Centre ဟုေခၚသည္။
ဦးေႏွာက္၏ ဟိုက္ဖိုသားလမတ္ Hypothalamus တြင္ ရွိသည္။ ယင္းေနရာငယ္မွာ အိပ္မေပ်ာ္ေလ လႈံ႕ေဆာ္မႈခံရေလ ျဖစ္ကာ အစားအစာ ပိုစားတတ္ ေၾကာင္းႏွင့္ ယင္းမွတစ္ဆင့္ ကိုယ္အေလးခ်ိန္ပိုမ်ားျခင္းႏွင့္ ဝျခင္းတို႔ ျဖစ္လာေၾကာင္း ေတြ႕ရသည္။
The North-westerm University Illinasis US မွ သုေတသနပညာရွင္မ်ားက ေလ့လာေတြ႕ရွိခ်က္တစ္ခုကို ထုတ္ျပန္ေၾကညာခဲ့သည္။ ကေလးငယ္မ်ား အဝလြန္ကဲျခင္းမွ ကာကြယ္ရန္ ပို၍အိပ္ရန္ လိုသည္ဟု ဆိုပါသည္။
ယေန႔အခ်ိန္တြင္ ကေလးငယ္မ်ား၌ ကိုယ္အေလးခ်ိန္ မ်ားလြန္းျခင္းႏွင့္ ဝျခင္းျပႆနာကို ေျဖရွင္းရန္ အိပ္ခ်ိန္လုံေလာက္ေစျခင္းသည္ အဓိကအေရးႀကီး ေၾကာင္း သုေတသနပညာရွင္မ်ားက ေဖာ္ထုတ္တင္ျပခဲ့ၾကျခင္းျဖစ္သည္။
ကေလးငယ္မ်ားအဖို႔ အိပ္ခ်ိန္လုံေလာက္မႈရွိေလ၊ ခႏၶာကိုယ္ ထုထည္အၫႊန္းကိန္း Body Mass Index ‘BMI’ ေလ်ာ့နည္းႏိူင္ေလ ျဖစ္၏။ BMI သည္ ခႏၶာကိုယ္အေလးခ်ိန္ႏွင့္ အရပ္အျမင့္တို႔၏ အခ်ိဳးအဆတစ္ခု ျဖစ္၏။ ကိုယ္အေလးခ်ိန္မ်ားမႈႏွင့္ ဝျခင္းကို ျပဆိုသည့္ အၫႊန္းကိန္းတစ္ခုျဖစ္သည္။ အိပ္ခ်ိန္လုံ ေလာက္မႈမရွိေသာ ကေလးငယ္မ်ားမွာ ကိုယ္အေလးခ်ိန္မ်ားျခင္းႏွင့္ ဝျခင္းတို႔ျဖစ္ရန္ အခြင့္အလမ္း ပိုမ်ားေၾကာင္းေတြ႕ရသည္။
Emily Snell ႏွင့္အဖြဲ႕က ၁၉၉၇ ခုႏွစ္မွစ၍ ႏွစ္ေပါင္း ၅ ႏွစ္တိုင္ေအာင္ ကေလးငယ္ေပါင္း ၂၂၈၁ ဦးအား ေလ့လာေစာင့္ၾကည့္ၾကသည္။ ကေလးငယ္မ်ား နားေနအိပ္စက္မႈ ပုံစံႏွင့္ ခႏၶာကိုယ္အေလးခ်ိန္ ဆက္ႏြယ္မႈတို႔ကို မွတ္တမ္းမ်ားျပဳစုခဲ့ၾကသည္။ ကေလးငယ္မ်ား အိပ္ရာဝင္ခ်ိန္၊ အိပ္ရာထခ်ိန္ႏွင့္ စုစုေပါင္းအိပ္ခ်ိန္တို႔ကို အေသးစိတ္ မွတ္တမ္းတင္ခဲ့ၾကသည္။ ကေလးငယ္မ်ား၏ ကိုယ္အေလးခ်ိန္ႏွင့္ အရပ္တို႔ကိုလည္း ပုံမွန္တိုင္းတာခဲ့ၾက၏။
ငါးႏွစ္တာ ကာလအတြင္း ေလ့လာခဲ့မႈအရ အိပ္ခ်ိန္နည္းေသာ လုံေလာက္မႈမရွိေသာ ကေလးငယ္မ်ားသည္ အျခားကေလးမ်ားထက္ပို၍ ကိုယ္အေလးခ်ိန္မ်ားၾကေၾကာင္း ေတြ႕ရသည္။ ကေလးငယ္အတြက္ တစ္နာရီမွ် အိပ္ခ်ိန္ပိုမိုရရွိေစျခင္းသည္ အသက္ ၃ ႏွစ္မွ ၈ ႏွစ္အ႐ြယ္ ကေလးငယ္မ်ားအတြက္ ၃၆ မွ ၃၀ ရာခိုင္ႏႈန္း၊ အသက္ ၈ ႏွစ္မွ ၁၃ ႏွစ္ အ႐ြယ္ကေလးငယ္မ်ားအတြက္ ၃၄ မွ ၃၀ ရာခိုုင္ႏႈန္းသို႔ ကိုယ္အေလးခ်ိန္မ်ားမႈ ေလ်ာ့က်သြားေၾကာင္း ေတြ႕ရသည္ဟု ဆိုပါသည္။
ကေလးငယ္မ်ား အိပ္ခ်ိန္မလုံေလာက္ၾကရျခင္းမွာ ညအိပ္ရာဝင္ခ်ိန္ ေနာက္က်ျခင္းႏွင့္ နံနက္ေစာေစာ ေက်ာင္းသြားၾကရသျဖင့္ အိပ္ရာေစာ၍ ထရျခင္းတို ႔ေၾကာင့္ ျဖစ္သည္ဟု Emily Snell ႏွင့္ အဖြဲ႕က ေျပာၾကားခဲ့သည္။ ငယ္႐ြယ္ေသာ ကေလးငယ္မ်ားကို အိပ္ရာေစာ၍ ထေစျခင္းျဖင့္ အိပ္ခ်ိန္ ၁၀ သို႔မဟုတ္ ၁၁ နာရီခန႔္ ရရွိေစသင့္ေၾကာင္း Emily Snell သုေတသနအဖြဲ႕က ဆက္လက္ေျပာၾကားခဲ့သည္။
ကိုယ္အေလးခ်ိန္မ်ားျခင္းႏွင့္ ဝျခင္းတို႔မွာ မ်ိဳး႐ိုးဗီဇ၊ ကိုယ္လက္လႈပ္ရွားမႈ၊ အစားအေသာက္စားသုံးမႈ စသည့္အခ်က္မ်ားႏွင့္လည္း ဆက္ႏြယ္ပတ္သက္မႈ ရွိသည္။ ဝျခင္းသည္ ကေလးငယ္မ်ားတြင္ ျဖစ္ေစ၊ လူႀကီးမ်ားတြင္ျဖစ္ေစ က်န္းမာေရးကို ထိခိုက္ေစေသာ အဓိကျပႆနာႀကီးတစ္ခု ျဖစ္သျဖင့္ ကိုယ္ အေလးခ်ိန္လြန္ကဲမႈမရွိေအာင္ အထူးဂ႐ုစိုက္ ေနထိုင္စားေသာက္သြားၾကရန္ လိုအပ္ၾကမည္ျဖစ္ေပသည္။
ကေလးငယ္မ်ားအဖို႔ အိပ္ခ်ိန္လုံေလာက္မႈရွိေစရန္လည္း အေရးႀကီးေၾကာင္း သတိျပဳၾကရန္ျဖစ္ပါသည္။
Author: ေဒါက္တာေအးေက်ာ္(ဇီဝကမၼေဗဒ)
(Unicode)
မြန်မာဆိုစကားတို့တွင် လိုက်ဖက်ညီသော ဆိုစကားများစွာ ရှိသည်။ “ အိပ်ကောင်း၊ စားကောင်း ” “ အိပ်ပျော် စားဝင် ” “ ဝလို့ လှလို့ ” စသည်ဖြင့် ယင်းဆိုစကားများကို ဆန့်ကျင်ဘက်အသွင်အပြင်ဖြစ်အောင် ပြင်ကြည့်လျှင် အဆင်မပြေ၊ နားဝင်မချို၊ ကြားရသည်မှာ ကန့်လန့်ဖြစ်နေသည်။
“ အိပ်ကောင်း မစားကောင်း ” “ အိပ်မပျော် စားဝင် ” “အိပ်ပျော် စားမဝင်” “ ပိန်လို့ လှလို့ ” ဟုဆိုပါလျှင် စောစောကတင်ပြသကဲ့သို့ ဖတ်ရတာပင် အဆင်မပြေဖြစ်နေပေလိမ့်မယ်။
ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးသည်။ “ အိပ်မပျော် စားဝင်” ဟူ၍ ဖြစ်၏။ အိပ်မပျော်လေ အစားပိုစားလေဖြစ်ကြောင်း သုတေသနပညာရှင်များက ဖော်ထုတ်ခဲ့သည်။ ဦးနှောက်တွင် အစာစားလိုစိတ်ကို ဖြစ်စေသော နေရာငယ်လေးတစ်ခုရှိသည်။ ဆေးပညာအရ Feeding Centre ဟုခေါ်သည်။
ဦးနှောက်၏ ဟိုက်ဖိုသားလမတ် Hypothalamus တွင် ရှိသည်။ ယင်းနေရာငယ်မှာ အိပ်မပျော်လေ လှုံ့ဆော်မှုခံရလေ ဖြစ်ကာ အစားအစာ ပိုစားတတ် ကြောင်းနှင့် ယင်းမှတစ်ဆင့် ကိုယ်အလေးချိန်ပိုများခြင်းနှင့် ဝခြင်းတို့ ဖြစ်လာကြောင်း တွေ့ရသည်။
The North-westerm University Illinasis US မှ သုတေသနပညာရှင်များက လေ့လာတွေ့ရှိချက်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့သည်။ ကလေးငယ်များ အဝလွန်ကဲခြင်းမှ ကာကွယ်ရန် ပို၍အိပ်ရန် လိုသည်ဟု ဆိုပါသည်။
ယနေ့အချိန်တွင် ကလေးငယ်များ၌ ကိုယ်အလေးချိန် များလွန်းခြင်းနှင့် ဝခြင်းပြဿနာကို ဖြေရှင်းရန် အိပ်ချိန်လုံလောက်စေခြင်းသည် အဓိကအရေးကြီး ကြောင်း သုတေသနပညာရှင်များက ဖော်ထုတ်တင်ပြခဲ့ကြခြင်းဖြစ်သည်။
ကလေးငယ်များအဖို့ အိပ်ချိန်လုံလောက်မှုရှိလေ၊ ခန္ဓာကိုယ် ထုထည်အညွှန်းကိန်း Body Mass Index ‘BMI’ လျော့နည်းနိူင်လေ ဖြစ်၏။ BMI သည် ခန္ဓာကိုယ်အလေးချိန်နှင့် အရပ်အမြင့်တို့၏ အချိုးအဆတစ်ခု ဖြစ်၏။ ကိုယ်အလေးချိန်များမှုနှင့် ဝခြင်းကို ပြဆိုသည့် အညွှန်းကိန်းတစ်ခုဖြစ်သည်။ အိပ်ချိန်လုံ လောက်မှုမရှိသော ကလေးငယ်များမှာ ကိုယ်အလေးချိန်များခြင်းနှင့် ဝခြင်းတို့ဖြစ်ရန် အခွင့်အလမ်း ပိုများကြောင်းတွေ့ရသည်။
Emily Snell နှင့်အဖွဲ့က ၁၉၉၇ ခုနှစ်မှစ၍ နှစ်ပေါင်း ၅ နှစ်တိုင်အောင် ကလေးငယ်ပေါင်း ၂၂၈၁ ဦးအား လေ့လာစောင့်ကြည့်ကြသည်။ ကလေးငယ်များ နားနေအိပ်စက်မှု ပုံစံနှင့် ခန္ဓာကိုယ်အလေးချိန် ဆက်နွယ်မှုတို့ကို မှတ်တမ်းများပြုစုခဲ့ကြသည်။ ကလေးငယ်များ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်နှင့် စုစုပေါင်းအိပ်ချိန်တို့ကို အသေးစိတ် မှတ်တမ်းတင်ခဲ့ကြသည်။ ကလေးငယ်များ၏ ကိုယ်အလေးချိန်နှင့် အရပ်တို့ကိုလည်း ပုံမှန်တိုင်းတာခဲ့ကြ၏။
ငါးနှစ်တာ ကာလအတွင်း လေ့လာခဲ့မှုအရ အိပ်ချိန်နည်းသော လုံလောက်မှုမရှိသော ကလေးငယ်များသည် အခြားကလေးများထက်ပို၍ ကိုယ်အလေးချိန်များကြကြောင်း တွေ့ရသည်။ ကလေးငယ်အတွက် တစ်နာရီမျှ အိပ်ချိန်ပိုမိုရရှိစေခြင်းသည် အသက် ၃ နှစ်မှ ၈ နှစ်အရွယ် ကလေးငယ်များအတွက် ၃၆ မှ ၃၀ ရာခိုင်နှုန်း၊ အသက် ၈ နှစ်မှ ၁၃ နှစ် အရွယ်ကလေးငယ်များအတွက် ၃၄ မှ ၃၀ ရာခိုုင်နှုန်းသို့ ကိုယ်အလေးချိန်များမှု လျော့ကျသွားကြောင်း တွေ့ရသည်ဟု ဆိုပါသည်။
ကလေးငယ်များ အိပ်ချိန်မလုံလောက်ကြရခြင်းမှာ ညအိပ်ရာဝင်ချိန် နောက်ကျခြင်းနှင့် နံနက်စောစော ကျောင်းသွားကြရသဖြင့် အိပ်ရာစော၍ ထရခြင်းတို့ကြောင့် ဖြစ်သည်ဟု Emily Snell နှင့် အဖွဲ့က ပြောကြားခဲ့သည်။ ငယ်ရွယ်သော ကလေးငယ်များကို အိပ်ရာစော၍ ထစေခြင်းဖြင့် အိပ်ချိန် ၁၀ သို့မဟုတ် ၁၁ နာရီခန့် ရရှိစေသင့်ကြောင်း Emily Snell သုတေသနအဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။
ကိုယ်အလေးချိန်များခြင်းနှင့် ဝခြင်းတို့မှာ မျိုးရိုးဗီဇ၊ ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်စားသုံးမှု စသည့်အချက်များနှင့်လည်း ဆက်နွယ်ပတ်သက်မှု ရှိသည်။ ဝခြင်းသည် ကလေးငယ်များတွင် ဖြစ်စေ၊ လူကြီးများတွင်ဖြစ်စေ ကျန်းမာရေးကို ထိခိုက်စေသော အဓိကပြဿနာကြီးတစ်ခု ဖြစ်သဖြင့် ကိုယ် အလေးချိန်လွန်ကဲမှုမရှိအောင် အထူးဂရုစိုက် နေထိုင်စားသောက်သွားကြရန် လိုအပ်ကြမည်ဖြစ်ပေသည်။
ကလေးငယ်များအဖို့ အိပ်ချိန်လုံလောက်မှုရှိစေရန်လည်း အရေးကြီးကြောင်း သတိပြုကြရန်ဖြစ်ပါသည်။
Author: ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)