fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

Calcium နှင့် သားသားမီးမီးတို့၏ ကျန်းမာရေး

Calciumဆိုတာ လူသားတွေရဲ့ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ Mineralအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ အများစု သိထားပြီးတဲ့အတိုင်း ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က ကြံံံ့ခိုင်တဲ့ အရိုးတွေ၊ သွားတွေ တည်ဆောက်ရာမှာ  calciumကို အသုံးပြုတဲ့အပြင် နှလုံးကျန်းမာရေး၊ ကြွက်သားလုပ်ဆောင်ချက်တွေနဲ့ အာရုံကြောတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ရာမှာလည်း calciumကို လိုအပ်ပါတယ်။

 

အထူးသဖြင့် ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ကြီးထွားနှုန်းတွေမှာ calcium ဓာတ်ဟာ အလွန်အရေးပါပါတယ်။ ငယ်ရွယ်စဉ်အခါမှာ calcium ဓာတ် ပြည့်ဝစွာ ရရှိခြင်းဟာ ကလေးတွေအတွက် သန်မာတဲ့ အရိုးတွေ၊ သွားတွေကို ပေးစွမ်းနိုင်သလို ကလေးရဲ့ ကြီးထွားနှုန်းမှာပါ အထောက်ကူပြုပြီး နောင်အသက်အရွယ်ကြီးလာရင်လည်း အရိုးနဲ့ဆိုင်တဲ့ ပြဿနာတွေကိုလဲ လျော့ကျစေမှာ ဖြစ်ပါတယ်။

 

သန်မာတဲ့ အရိုးတွေ ရှိခြင်းဟာ ကလေးတွေအတွက် ကောင်းကျိုးများစွာ ရှိပါသေးတယ်။ အဲ့ဒါတွေကတော့

✔️ ဦးနှောက်၊ နှလုံးတို့လို နူးညံ့တဲ့ ကိုယ်တွင်းကလီစာတွေကို အရိုးတွေက ကာကွယ်ပေးခြင်း

✔️ သွေးဆဲလ်တွေ ထုတ်လုပ်ပေးတဲ့ ရိုးတွင်းခြင်ဆီများ လုံလောက်စွာ ပါရှိခြင်း

✔️ Mineral ဓာတ်များကို သိုလှောင်ပေးခြင်း

✔️ ကလေးတွေကို သွက်သွက်လက်လက် ကြံ့ကြံ့ခိုင်ခိုင် ပြေးလွှားဆော့ကစားစေနိုင်ခြင်း

✔️ အရိုးပွနှုန်းကိုလဲ လျှော့ချပေးခြင်းတို့ဘဲ ဖြစ်ပါတယ်!


ပုံမှန်ဆိုလျှင် အစားအသောက်တွေက ရရှိလာတဲ့ Calcium တွေကို အရိုးတွေမှာ သိမ်းဆည်းပြီး ခန္ဓာကိုယ်တွင်းမှာ လိုအပ်သလို ထုတ်သုံးရပါတယ်။ ဒါပေမယ့် အထူးသဖြင့် အခြားအသက်အရွယ်များထက် ကြီးထွားနှုန်းကို အရှိန်မြင့်လုပ်ဆောင်နေရတဲ့ ကလေးများနဲ့ လူငယ်တွေမှာဟာ calciumကို လုံလောက်စွာ မစားသုံးမိကြပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်မှာ အသုံးပြုရတာများတဲ့ calciumတွေကို အရိုးတွေကနေ ဖဲ့သုံးရင်း အရိုးတွင်းရော သွေးတွင်းမှာပါ calciumဓာတ် လျော့နည်းတာကို ခံစားရတတ်ပါတယ်။

 

Calciumဓာတ် နည်းလျှင် ခံစားရတာတွေက

📌  သွားများ ကျိုးလွယ် ပဲ့လွယ်ခြင်း

📌  ကြီးထွားနှုန်း နှေးခြင်း

📌  Ricketအရိုးပျော့ရောဂါ ဖြစ်နိုင်ခြင်း

📌  ကြွက်တက်ခြင်း၊ ကြွက်သားတွေ နာခြင်း

📌  ခြေလက်များ ထုံကျဉ်ခြင်း

📌  မောပန်းနွမ်းနယ်ခြင်း၊

📌  အသက်ကြီးလာလျှင် အရိုးပွရောဂါ ခံစားရနိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်!

 

ကလေးတွေဟာ သာမာန်လူကြီးများထက် Calciumလိုအပ်ချက် ပိုမိုများပြားပါတယ်!

🔹 ၁နှစ် မှ ၃နှစ်အရွယ် – တစ်နေ့ကို ၇၀၀ မီလီဂရမ်

🔹 ၄နှစ် မှ ၈နှစ်အရွယ် – တစ်နေ့ကို ၁,၀၀၀ မီလီဂရမ်

🔹 ၁နှစ် မှ ၃နှစ်အရွယ် – တစ်နေ့ကို ၁,၃၀၀ မီလီဂရမ်အထိ calciumကို စားသုံးပေးရန် လိုအပ်ပါတယ်။

 

အဲ့ဒါဆိုရင် Calciumကို ဘယ်အစားအစာတွေက ရမလဲ❓

Calcium ကို နို့နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ချိစ်တို့၊ ဒိန်ချဉ်တို့ကနေ အများအပြား ရရှိနိုင်ပါတယ်! တခြား Calcium ကြွယ်ဝတဲ့ အစားအစာတွေကတော့

🔶  အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဘရိုကိုလီပန်းပွင့်စိမ်း၊ ထိုင်ဝမ်မုန်ညင်း၊ ဟင်းနုနွယ်နှင့် ဂေါ်ဖီထုပ်

🔶  ဆာဒင်းငါးနှင့် အရိုးပါ ဝါးစားလို့ရတဲ့ ငါးသေးသေးလေးများ

🔶  ပဲနို့နဲ့ တို့ဖူး

🔶  ပဲအမျိုးမျိုးနင့် အစေ့အဆံများဖြစ်တဲ့ သစ်ချသီးရ၊ နှမ်းနှင့် chia seed

🔶  နည်းပညာဖြင့် Calcium ထည့်သွင်းထုတ်လုပ်ထားသော အသီးဖျော်ရည်များ၊ ပေါင်မုန့်နှင့် cerealများ ဖြစ်ပါတယ်!

 

အစားအသောက်မှ ရရှိတဲ့ calciumဓာတ် မလုံလောက်လျှင် သိကျွမ်းတဲ့ အာဟာရပညာရှင် သို့မဟုတ် ဆရာဝန်များနှင့် တိုင်ပင်ပြီး လိုအပ်သော အားဆေးများကို သောက်သုံးနိုင်ပါတယ်!

Author : Dr. Aye Chan Moe

ဆက်စပ် ဆောင်းပါးများ