fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ပရိုတင်းဓာတ် ဘယ်လောက်အထိလိုသလဲ

194
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/05/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ပရိုတင်း (အသားဓာတ်) ကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေတယ်။ အရည်တွေ၊ အမှုန့်တွေနဲ့ အခဲတွေဟာ အရင်တုန်းက ထိပ်တန်းအားကစားသမားတွေရဲ့ အသုံးအဆောင်တွေဖြစ်ခဲ့ပေမယ့် အခုဆိုရင် တောမကျမြို့မကျတဲ့ အိမ်တွေက မီးဖိုချောင်ထဲ ရောက်ရှိလာကြပြီး ကမ္ဘာတစ်ဝန်း အမေရိကန်ဒေါ်လာ ၉၆ ဘီလျံ တန်ဖိုးရှိတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်နေပြီး မကြာသေးခင်က ယူကေမှာ ပြုလုပ်ခဲ့တဲ့ သုံးသပ်ချက်တစ်ခုအရ ပါဝင်တဲ့ လူတွေရဲ့ လေးပုံတစ်ပုံနီးပါးနဲ့ အသက် ၁၆-၁၄ နှစ်အတွင်းရှိ အမျိုးသား ၄၂ ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ သုံးလအတွင်း အသားဓာတ်ပါဝင်တဲ့ အစားအစာတစ်ခုကို စားသုံးခဲ့ကြတယ်။ ဆိုင်တွေ အတော်များများကလည်း ပရိုတင်းပါဝင်တဲ့ အရည်တွေ ရောင်းကြတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ကစပြီး နှစ်ခြိုက်လာသူတွေထဲမှာ အမျိုးသမီးတွေပါ ပါလာတယ်။

ပရိုတင်းကို အလွန်အမင်း စန်းတင်ဖို့ရော လိုအပ်သလား။ ပရိုတင်း ဖြည့်စွက်မှုတွေဟာ ဈေးမပေါလှဘူး။ သူတို့ကို ပုံမှန်အားဖြင့် ထပ်တလဲလဲ စီမံပြုလုပ်ထားတယ်။ ပြီးတော့ သုတေသနပြုမှု အသစ်တစ်ခုက အကြံပြုသလို ဖြစ်နိုင်ခြေအားခြင့် မလိုအပ်ဘူး။ ပရိုတင်းပါဝင်တဲ့ ဖျော်ရည်ဟာ ခွံမာသီး လက်တစ်ဆုပ်စာ (သို့) ကြက်ရင်အုံသားလောက်ကော ပိုကောင်းသလား။

တစ်နေ့တာ အများဆုံး ပရိုတင်းပမာဏ လိုအပ်ချက်ဟာ သင့်ရဲ့ခန္ဓာကိုယ်အရွယ်အစားနဲ့ သင်ဘယ်လောက်လှုပ်ရှားသလဲ အပေါ်မှာ မူတည်တယ်။ ကျယ်ကျယ်ပျံ့ပျံ့ လက်ခံထားတဲ့ စားသောက်ရန် အညွှန်းကတော့ ဘယ်လိုအကြံပြုထားသလဲဆိုရင် ကိုယ်အလေးချိန်ရဲ့ တစ်ကီလိုဂရမ်တွင် ပရိုတင်း ဝ.၇၅ ဂရမ် ဝန်းကျင် သတ်မှတ်ထားတယ်။ အကြမ်းဖြင်းအားဖြင့် အထိုင်များတဲ့ ပျမ်းမျှလူတစ်ယောက်အတွက် ၅၀ ဂရမ် လိုအပ်တယ်။ British Nutrition Foundation မှ အာဟာရဆိုင်ရာ သိပ္ပံပညာရှင် Bridge Benelam ရဲ့အပြောအရ လူအများဟာ ဒါထက် ပိုစားကြတယ်လို့ ဆိုတယ်။ လူဦးရေအရ ကျွန်မတို့ဟာ ကျန်းမာရေးအတွက် လိုအပ်တဲ့ ပရိုတင်းအဆင့်ထက် ပိုစားနေကြတယ်။ အထောက်အထားတစ်ခု ရှိတာကတော့ ကိုယ်လက်လှုပ်ရှားမှုအပြီး ၂၀ ဂရမ် စားသုံးခြင်းဟာ ကြွက်သားထွားကြိုင်းမှုနဲ့ ပြုပြင်မှုအတွက် လုံလောက်တယ်လို့ ဆိုတယ်။ ဒီလိုအပ်ချက်ကို ကြက်သားရင်အုံသား ခပ်သေးသေးတစ်ခု၊ Tuna တစ်ဗူး (သို့) ကြက်ဥ အလတ်စား သုံးလုံးနဲ့ ဖြည့်ဆည်းလို့ရတယ်။ သင်ဟာ ထိပ်တန်း ကစားသမားတစ်ယောက် မဟုတ်ရင် ပရိုတင်းဖြည့်စွက်မှုတွေ မလိုဘူးလို့ Miss Benelam ကပြောတယ်။

စီမံကွပ်ကဲမှုအတိုင်ပင်ခံ အလုပ်လုပ်နေတဲ့ အသက်၂၀ ကျော် အမျိုးသားတစ်ယောက်ဟာ တက္ကသိုလ်ကျောင်းသားဘဝတုန်းက အားကစားရုံကို မှန်မှန်သွားခဲ့တယ်။ ပရိုတင်း ဖျော်ရည်ကိုလည်း စတင်သောက်ခဲ့တယ်။ သူဟာ ကိုယ်ကာယ ထွားကြိုင်းအောင်နဲ့ ပိန်ညှောင်ပုံစံကနေ ကြွက်သားပြည့်ဝပြီး ကျားကျားရားရားအသွင်ကို လိုချင်လို့ အားကစားလှုပ်ရှားမှု ပြီးတဲ့အခါ ကြွက်သားပြည့်ဖြိုးရန်နဲ့ ပြုပြင်ဖို့ ဖျော်ရည်ကို သောက်ခဲ့တာလို့ သူက ပြောတယ်။ သူ့ကိုယ်အလေးချိန်ရဲ့ တစ်ကီလိုဂရမ်အတိုင်း နေ့စဉ် ပရိုတင်း ၂ ဂရမ်သောက်ဖို့ သူရည်ရွယ်ခဲ့တယ်။ ဒါဟာ ကိုယ်အလေးချိန် ၈၀ ကီလိုဂရမ် ရှိတဲ့ တစ်ယောက်အနေနဲ့ ၁၆၀ ဂရမ်နဲ့ ညီမျှတယ်။ ဒီလို စားသုံးဖို့ အချိန်ယူရပေမယ့် ပရိုတင်းဖျော်ရည်သောက်ဖို့ဆိုရင် စက္ကန့်အနည်းငယ်သာ ကြာတယ်လို့ သူက ပြောတယ်။ နောက်တစ်ခုက ညီမျှတဲ့ အစားအစာတွေ ရှာဖွေဝယ်ယူတာထက် ပရိုတင်းဖျော်ရည်တွေ သောက်ရတာ ဈေးသက်သာပြီး အဆင်ပြေတယ်လို့ သူက ပြောတယ်။

အခုဆိုရင်  သူဟာ အရင်က အကျင့်ဆိုးကို ပြောင်းလိုက်ပြီး ကြွက်သားထုကို တိုးလာစေတာထက် ထိန်းသိမ်းထားချင်တော့တယ်။ ပရိုတင်းဖျော်ရည်နဲ့ အချောင်းတွေကို စွန့်လွှတ်လိုက်ပြီး ညီညွှတ်မျှတတဲ့ ချင့်ချိန်စားသောက်တာကို လုပ်နေပြီဖြစ်တယ်။ ပရိုတင်းဖျော်ရည်တွေနဲ့ ပတ်သက်လို့ စန်းတင်လွန်းတယ်လို့ သူက ပြောတယ်။ အချို့လူတွေကလည်း သဘာဝလွန်ပစ္စည်းတွေ ပါဝင်တယ်လို့ ထင်ကြတယ်။ ဒါတွေဟာ အန္တရာယ်မရှိပေမယ့် အစားအစာနဲ့ ဖျော်ရည်ကြား ခြားနားမှု သိပ်မရှိဘူးလို့ သူက ပြောတယ်။

ပရိုတင်းဟာ ကာဘိုဟိုက်ဒရိတ်မြင့်မားတဲ့ အစားအစာတွေထက် ပိုပြီး ဗိုက်ပြည့်စေတယ်လို့ မှတ်ရတယ်။ ဒါပေမယ့် လိုတာထက်ပိုစားပြီး အခြားအစားအစာတွေကို ဖယ်ထားလိုက်ရင် အစားအသောက်ချင့်ချိန်မှုတွင် မညီမျှမှုတွေ ဖြစ်လာတတ်တယ်။ ဥပမာ- ဖိုင်ဘာချို့တဲ့တာ ဒါလိုမျိုးပေါ့။

လူအတော်များများဟာ အစားအသောက်မှာ လုံလောက်တဲ့ ပရိုတင်း ရနိုင်တယ်။ ဒါပေမယ့် သင့်ရဲ့ရည်မှန်းချက်တွေနဲ့ အစားအစာချင့်ချိန်မှု အပေါ်မှာ မူတည်တယ်လို့ Sheffield တက္ကသိုလ်မှ အာဟာရအထူးပြု ဆရာဝန် Mayur Ranchordas ကဆိုတယ်။ သက်သက်လွတ်စားတဲ့ လူတွေအတွက် ဖြည့်စွက်မှုတွေဟာ အသုံးဝင်နိုင်တယ်။ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ရင်ပေါ့။
ဘောလုံးသမားတွေအနေနဲ့ ပွဲကစားပြီး ပရိုတင်းကိုစားရင် ကြွက်သားပြန်လည်ကောင်းမွန်လာမှု အတွက် အကျိုးရှိမယ်။ မာရသွန်ပြေးပွဲအတွက် အသက် ၃၀ အရွယ် လူတစ်ယောက် စတင်လေ့ကျင့်ပြီဆိုရင် သုံးနာရီ၊ လေးနာရီ ကြာတိုင်း ပရိုတင်း ၂၀-၂၅ ဂရမ်စားနိုင်ရင် ကောင်းတယ်။ အဲဒီအစားစာနဲ့ အစားစာရင်လည်းရတယ်။

ပရိုတင်းဟာ သိုလှောင်ထားနိုင်တဲ့ အရာမဟုတ်ဘူးလို့ ဆရာဝန် Ranchordas ကပြောတယ်။ တစ်ချိန်တည်းမှာ ဘယ်လောက်စားနိုင်တယ် ဆိုတဲ့ အတိုင်းအတာ ကန့်သတ်ချက်ရှိတယ်။ ပရိုတင်း ၃၀ ဂရမ်လောက် စားပြီးရင် နောက်ထပ်စားလို့ မရတော့ဘူး။ ပရိုတင်းကို အစားကြူးရင် ဘာဖြစ်သလဲ။ ကျင်ငယ်စွန့်တဲ့အခါ ပါသွားတာပဲ။  ကျန်းမာတဲ့ လူတွေမှာ ပရိုတင်းလွန်ရင် အန္တရာယ်ရှိတယ် ဆိုတဲ့ အထောက်အထားမရှိဘူး။
ပရိုတင်း ၅၀ ဂရမ် ဟာ အောက်ပါ အစားအစာတွေနဲ့ တူညီပါတယ်။

ကင်ထားတဲ့ ၂၀၀ ဂရမ် ရှိ အမဲကင် = ကယ်လိုရီ ၃၁၀
၂၀၀ ဂရမ်ရှိတဲ့ ချက်ဒါချိစ့် = ကယ်လိုရီ ၈၀၀
ကြက်ဥပြုတ် (၇) လုံး = ကယ်လိုရီ (၅၀၀)
(၃၅၀) ဂရမ် ရှိတဲ့ သစ်ကြားသီးများ = ကယ်လိုရီ (၂၊ ၄၊ ၂)
(၂၀၀) ဂရမ် ရှိတဲ့ ကြက်ရင်အုံ နှစ်ခု = ကယ်လိုရီ (၂၁၅)
(၂၀၀) ဂရမ် အရည်ပါ Tuna သံဗူး = ကယ်လိုရီ (၂၂၆)
ရေရော ပရိုတင်းအမှုန့် (၃.၅) ဂေါ်စာ = ကယ်လိုရီ (၂၈၀)

Author: မောင်ချမ်းသာ;Healthcare Journal,vol 8,no 11

Previous Post

လမ်းလျှောက်ခြင်း၏ ကျန်းမာရေး ကောင်းကျိုးများ

Next Post

အိုင်အိုဒင်းဓာတ်၏ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိုင်အိုဒင်းဓာတ်၏ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ

စိတ်ကျခြင်းကို သက်သာစေမည့် အစားအသောက်များ

ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.