သွေးလှူခြင်းသည် မွန်မြတ်သော အလုပ်တစ်ခုဖြစ်သည်။ သွေးရောဂါ ဖြစ်နေသူများ၊ ကလေးမွေးဖွားသူများ၊ ခွဲစိတ်ကုသမှု ခံယူမည့် လူနာများ၊ အရေးပေါ် ထိခိုက်ဒဏ်ရာရ၍ သွေးထွက်လွန်နေသူများ၊ သွေးအားနည်းလူနာများနှင့် ကျောက်ကပ်ဆေးလူနာများ စသည်ဖြင့် နေ့စဉ်သွေးလိုအပ်နေသော လူနာများ များစွာရှိသည်။ သွေးလှူဒါန်းခြင်းသည် သူတစ်ပါး၏ အသက်ကို ကယ်တင်ရာရောက်သည်။
သို့သော် သွေးလှူလို့မရသူများလည်း ရှိသည်။
၂။ နှလုံးရောဂါ ခံစားနေရသူများ
၃။ ပြင်းထန်အဆုတ်ရောဂါ ခံစားနေရသူများ
၄။ အသည်းရောင် အသား၀ါ ဘီပိုး သို့မဟုတ် စီပိုး ရှိနေသူများ
၅။ ခုခံအားကျဆင်းမှုရောဂါ သို့မဟုတ် HIV ပိုးရှိနေသူများ
၆။ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများရှိနေသူများ
၇။ Sex Worker များ
၈။ အရက်စွဲနေသူများ
၉။ လိင်တူဆက်ဆံသူများ
၁၀။ အသည်းပျက်စီးနေသူများ နှင့် ကျောက်ကပ်ပျက်စီးနေသူများ
စသောသူများကိုတော့ ရာသက်ပန် သွေးလှူဒါန်းခြင်းအား ကန့်သတ်ထားသည်။
၁။ ကိုယ်၀န်ဆောင် မိခင်များ
၂။ မကြာခင်မှ tatoo ထိုးထားခြင်း သို့မဟုတ် နားဖောက်ထားသူများ
၃။ ဖျားနာနေသူများ
၄။ အရက်သောက်ထားသူများ
၅။ မကြာခင်မှ ခွဲစိတ်မှုခံယူထားသူများ
၆။ သံဓာတ်နည်းလွန်းသူများ သို့မဟုတ် များလွန်းနေသူများ
၇။ ကိုယ်အလေးချိန် ပေါင် ၁၀၀ အောက်ရှိသူများ
၈။ မကြာသေးခင်မှ ကာကွယ်ဆေး တစ်မျိုးမျိုးထိုးထားသူများ
၉။ ငှက်ဖျားရှိသော ဒေသများသို့ မကြာသေးမီမှ ခရီးထွက်ထားသူများ
၁၀။ ပိုးသတ်ဆေးနှင့် သွေးကျဲဆေး သောက်နေသူများ
သည်လည်း သွေးလှူဒါန်းခွင့် မရနိုင်ပေ။ သို့သော် နားလည် တတ်ကျွမ်းသော ဆရာ၀န်နှင့် တိုင်ပင်၍
အချိန် တစ်ခု ကြာလျှင် ပြန်၍ သွေးလှူဒါန်းခွင့် ရရှိမည် ဖြစ်သည်။
သွေးလှူဒါန်းခြင်းဖြင့် ကိုယ်ခန္ဓာတွင် အကျိုးကျေးဇူးများစွာရရှိပါသည်။ သွေးလှူဒါန်းခြင်းသည်သွေးတွင်းသံဓာတ်များနေခြင်းကို ထိန်းညှိပေးပါသည်။ သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးသည့်အတွက်သည့်အတွက် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။ ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးသည်ဟု သုတေသန များအရ သိရှိရသည်။ သွေးလှူဒါန်းခြင်းကြောင့် စိတ်ဖိစီးမှုများလျော့ကျကာ နေထိုင်လို့ကောင်းမည် ဖြစ်သည်။ ကိုယ်အလေးချိန် ထိန်းရာတွင်လည်း အထောက်အကူပြုပါသည်။သွေးလှူဒါန်းခြင်း မပြုခင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်းကြောင့် ကူးစက်ရောဂါများ နှင့် သွေးအားနည်း ရောဂါများရှိမရှိ သိရှိနိုင်ပြီး ရောဂါများတွေ့ရှိပါက စောစီးစွာကုသမှုခံယူနိုင်မည် ဖြစ်သည်။
သွေးလှူဒါန်းရန်အတွက် အသက် ၁၈ နှစ်မှ အသက် ၅၅ နှစ်အတွင်း ဖြစ်ရမည်။ အမျိုးသားများအတွက် ကိုယ်အလေးချိန် ပေါင် ၁၁၀ အထက် နှင့် အမျိုးသမီးများအတွက် ကိုယ်အလေးချိန် ပေါင် ၁၀၀ ထက်ရှိရမည်။သွေးအားကောင်းရန်လိုအပ်ပါသည်။ သွေးလှူဒါန်းရန် ဆန္ဒရှိပါက သံဓာတ်ပါသောအစားအသောက်များကို စားပေးရမည်။ သွေးပေါင်ချိန်ကောင်းရန်လိုအပ်သည်။ သွေးမလှူခင်ညများတွင် အိပ်ရေး၀၀အိပ်စက်ထားရမည်။ အမျိုးသမီးများ လတ်တလော ဓမ္မတာလာနေခြင်းမရှိသူ ဖြစ်ရမည်။ သွေးမလှူဒါန်းခင် မနက်ပိုင်းတွင် အဆီနည်းသော အာဟာရ ပြည့်၀သော အစားအစာများ စားထားရမည်။ ရေဓာတ်ပြည့်နေရန်အတွတ် ရေနှင့်အချိုရည်များ သောက်ထားသင့်သည်။
သွေးလှူဒါန်းပြီးပါက ခေါင်းမူးခြင်း၊ မောခြင်းများ ဖြစ်နိုင်သောကြောင့် ချက်ချင်း လမ်းထမလျှောက်သင့်ဘဲခဏ နားနေသင့်ပါသည်။ကြက်ဥနှင့် အချိုရည်များ သောက်သုံးပေးသင့်သည်။ သွေးလှူဒါန်းသည့်နေ့တွင်ပြင်းထန်သော လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အလုပ်ကြမ်းလုပ်ခြင်းများကို ရှောင်ကြဥ်ကာ အိမ်တွင်နားနေသင့်သည်။ သွေးပေါင်ကျခြင်း၊ ကြွက်တက်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ မူးမေ့လဲခြင်း၊ အန်ခြင်းနှင့် တက်ခြင်းများရှိပါက နီးစပ်ရာ ဆရာ၀န်နှင့် ပြသကာ ကုသမှု ခံယူရမည်ဖြစ်သည်။
သွေးလှူဒါန်းခြင်းနှင့် ပတ်သတ်၍ အထက်ပါ အကြောင်းအရာများ သိထားပါက သွေးလှူဒါန်းပြီး လူများ၏ အသက်ကို ကယ်တင်နိုင်မည် ဖြစ်သည်။
Author: Dr. Aye Chan Moe