fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ရေကြီးရေလျှံဖြစ်လျှင် ဒါတွေသတိပြုပါ

203
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/03/2022
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

“ရေကြီးရေလျှံမှုဖြစ်ပေါ်လာတဲ့အခါမှာ မသန့်ရှင်းတဲ့ရေကတစ်ဆင့် ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်သလို ပိုးမွှားကောင်တွေကနေတစ်ဆင့်လည်း ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ပါတယ်။”

လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းအခြေအနေကြောင့် နိုင်ငံရဲ့ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ရေကြီးရေလျှံဖြစ်ခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နေအိမ်ပြိုကျပျက်စီးမှုအန္တရာယ်၊ ထိခိုက်မှုအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ် စတာတွေအပြင် ကျန်းမာရေးဆိုင်ရာပြဿနာတွေပါ ဖြစ်ပွားတတ်ပါတယ်။

ဒီဆောင်းပါးမှာတော့ ရေကြီးရေလျှံဖြစ်ခြင်းကြောင့် ကြုံတွေ့လာနိုင်တဲ့ နောက်ဆက်တွဲရောဂါတွေအကြောင်း သတိပြုနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ရေကြီးရေလျှံမှုရဲ့နောက်ဆက်တွဲရောဂါများ

ရေကြီးရေလျှံမှုကပ်ဘေးတစ်ခု ဖြစ်ပေါ်လာတဲ့အခါမှာ မသန့်ရှင်းတဲ့ရေကတစ်ဆင့် ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်သလို ပိုးမွှားကောင်တွေကနေတစ်ဆင့်လည်း ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ပါတယ်။ အောက်ပါရောဂါ (၆) မျိုးက ရေဘေးကာလမှာ ကြုံတွေ့ရနိုင်တဲ့အတွက် သတိပြုရမယ့်ရောဂါတွေ ဖြစ်ပါတယ်။

(၁) တိုက်ဖွိုက်ရောဂါ (ခေါ်) အူရောင်ငန်းဖျားရောဂါ (Typhoid fever)

တိုက်ဖွိုက်ရောဂါ (Typhoid Fever) လို့ လူသိများကြတဲ့ အူရောင်ငန်းဖျားရောဂါဟာ ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး ရောဂါလက္ခဏာအနေနဲ့ ဖျားနာတာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ မောပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ စတဲ့လက္ခဏာတွေ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ ဒီရောဂါကို အချိန်မီ မကုသဘဲထားရင် အသက်အန္တရာယ်ဆုံးရှုံးစေတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ရောဂါကူးစက်ပုံကတော့ တိုက်ဖွိုက်ရောဂါပိုးရှိသူရဲ့ မစင်နဲ့ထိတွေ့မိထားတဲ့ မသန့်ရှင်းတဲ့ရေ ဒါမှမဟုတ် အစားအစာကို စားသောက်ရာကနေတစ်ဆင့် ကူးစက်တာပဲဖြစ်ပါတယ်။

(၂) ကာလဝမ်းရောဂါ (Cholera)

ရေကြီးရေလျှံဖြစ်တဲ့အခါမှာ မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်ကနေတစ်ဆင့် Vibrio cholerae လို့ခေါ်တဲ့ ဗက်တီးရီးယားပိုးတစ်မျိုး ပျံ့နှံ့ကူးစက်နိုင်ပြီး ကာလဝမ်းရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ ကာလဝမ်းရောဂါကြောင့် တစ်ရက်ထဲမှာ အကြိမ်ပေါင်းများစွာ ဝမ်းသွားနိုင်ပြီး ခန္ဓာကိုယ်ထဲက ရေနဲ့ဓာတ်ဆားဓာတ်ဆုံးရှုံးမှုလွန်ကဲနိုင်တာကြောင့် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

(၃) အသည်းရောင်အသားဝါ – အေ ရောဂါ (Hepatitis A)

အသည်းရောင်အသားဝါ – အေ ရောဂါအမျိုးအစားကို မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်ကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ဖျားနာတာ၊ မျက်လုံးဝါ၊ အသားဝါတာ၊ ဆီးအရောင်ရင့်တာ၊ အစားအသောက်ပျက်တာ၊ မူးဝေတာ၊ ပျို့တာနဲ့ နုံးချိတာတွေပဲ ဖြစ်ပါတယ်။

(၄) ခြင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ငှက်ဖျားရောဂါ

ရေကြီးရေလျှံဖြစ်နေချိန်မှာ ပတ်ဝန်းကျင်မသန့်ရှင်းတော့တဲ့အပြင် ရေစီးဆင်းမှုမရှိတာကြောင့် ခြင်တွေအမြောက်အမြား ပေါက်ဖွားနိုင်ပါတယ်။ ခြင်ကိုက်ရာကနေတစ်ဆင့် သွေးလွန်တုပ်ကွေးရောဂါနဲ့ ငှက်ဖျားရောဂါ စတာတွေ ဖြစ်ပွားနိုင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever) က အေးဒီးစ်ခြင်ကျား အကိုက်ခံရရင် ဖြစ်ပွားနိုင်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ သာမန်တုပ်ကွေးရောဂါလို ဖျားနာတာ၊ နုန်းချိတာ၊ အစားအသောက်ပျက်တာတွေ ဖြစ်နိုင်ပြီး ရုတ်တရက်သွေးလန့်လက္ခဏာဖြစ်တဲ့ သွေးလွန်တုပ်ကွေးရှော့ခ်ဖြစ်နိုင်ပြီး အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ငှက်ဖျားရောဂါ (Malaria) က အနောဖလိစ်ခြင် အကိုက်ခံရရင် ဖြစ်ပွားနိုင်ပါတယ်။ ငှက်ဖျားရောဂါရဲ့ လက္ခဏာအနေနဲ့ ဖျားနာတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အန်တာ၊ ခေါင်းကိုက်တာ စတာတွေဖြစ်နိုင်ပါတယ်။ ရောဂါပြင်းထန်တဲ့အခါမှာ အသားဝါတာ၊ တက်တာ၊ သတိလစ်မေ့မြောတာနဲ့ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

(၅) အပူချိန်ကျဆင်းခြင်းအခြေအနေ (Hypothermia)

ရေကြီးရေလျှံမှုကြောင့် ရေထဲမှာ အကြာကြီးပိတ်မိနေရာကနေ ခန္ဓာကိုယ်အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်စ် အောက်ကျဆင်းလာနိုင်ပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ Hypothermia ဒဏ်ကို ပိုခံစားရပြီး အသက်အန္တရာယ်ပါ ထိခိုက်လာတတ်ပါတယ်။ Hypothermia ရဲ့ လက္ခဏာတွေက အရေပြားအေးစက်လာတာ၊ စကားမပီတော့တာ၊ တုန်ရီလာတာ၊ ကယောင်ခြောက်ချားဖြစ်ပြီး စိတ်ရှုပ်ထွေးလာတာ စတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ Hypothermia ဟာ အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် အချိန်မီဆေးကုသမှုလိုအပ်ပါတယ်။

(၆) ပွေး၊ ဝဲ၊ မှို စတဲ့အရေပြားရောဂါများ

ရေကြီးရေလျှံဖြစ်တဲ့အခါ မသန့်ရှင်းတဲ့ရေကို ထိတွေ့ရာကနေတစ်ဆင့် ပွေး၊ ဝဲ စတဲ့ အရေပြားရောဂါတွေ ဖြစ်ပွားလာတတ်ပါတယ်။ စိုထိုင်းနေတဲ့ အဝတ်အစား၊ အိပ်ရာအသုံးအဆောင်တွေမှာ မှိုရောဂါပိုး ကပ်ငြိပေါက်ပွားတတ်ပြီး တခြားအရေပြားရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အသက်အန္တရာယ်မစိုးရိမ်ရပေမဲ့ လူတစ်ဦးနဲ့တစ်ဦးကူးစက်မှု မြန်ဆန်ပြီး ကုတ်ဖဲ့နာတွေကနေတစ်ဆင့် ဗက်တီးရီးယားပိုးတွေ ဝင်ရောက်လာနိုင်တဲ့အတွက် အရေပြားယားနာရောဂါတွေကိုလည်း အချိန်မီကုသသင့်ပါတယ်။

ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်ကြုံတွေ့ချိန် ဘာတွေလိုက်နာဆောင်ရွက်ရမလဲ

၁။ ရေကောင်းရေသန့်ကိုသောက်သုံးပါ။ ရေကို ကျိုချက်သောက်သုံးပါ။ လိုအပ်ပါက ရေကို ကလိုရင်း ခတ်ပါ။

၂။ အစားအသောက်ပြင်ဆင်တာ၊ ချက်ပြုတ်တာနဲ့ စားသောက်တဲ့အခါမှာ သန့်ရှင်းအောင်လုပ်ဆောင်ပါ။ အစားအစာကို ယင်လုံအောင်ဖုံးအုပ်ပါ။

၃။ မသန့်ရှင်းတဲ့ရေနဲ့ထိတွေ့ထားတဲ့ အစားအစာ၊ ယင်နားစာ စတာတွေကိုရှောင်ပါ။

၄။ လက်ကိုမကြာခဏ ဆေးကြောပါ။ အစာမစားခင်၊ အစားအစာမပြင်ဆင်၊ မချက်ပြုတ်ခင်နဲ့ အိမ်သာသွားပြီးတိုင်း လက်ကို ဆပ်ပြာနဲ့သေသေချာချာဆေးကြောပါ။

၅။ ကြုံတွေ့နေရတဲ့ရာသီဥတုနဲ့ သင့်တော်မယ့် အဝတ်အစားဝတ်ဆင်ပါ။

၆။ ခြင်မကိုက်အောင် လိုက်နာရမယ့်နည်းလမ်းတွေကို လုပ်ဆောင်ပါ။ အဝတ်အစားလုံလုံခြုံခြုံဝတ်ဆင်ပါ။

၇။ ရေကြီးခြင်းနဲ့အတူဖြစ်တတ်တဲ့ မြွေဆိုးအန္တရာယ်၊ အဆောက်အအုံပြိုကျမှုအန္တရာယ်၊ လျှပ်စစ်အန္တရာယ် စတာတွေကိုလည်း သတိပြုပါ။

၈။ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ပါ။ သန့်ရှင်းခြောက်သွေ့တဲ့အဝတ်အစားကို ဝတ်ဆင်ပါ။

 

Author: ဒေါက်တာကောင်း (ဆေး – ၂)

 

 

Previous Post

လူငယ်တွေကော လေဖြတ်တတ်လား

Next Post

သတိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
822
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သတိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.