အဆုတ်ဟာ နှာခေါင်းမှ ရှူသွင်းလိုက်တဲ့ လေနဲ့အောက်စီဂျင်တွေကို သွေးတွင်းသို့မရောက်မီ သန့်စင်ပေးရတဲ့ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သန့်စင်ပြီးအောက်စီဂျင်တွေကို သွေးမှတစ်ဆင့် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်စတဲ့ အရေးကြီးအစိတ်အပိုင်းတွေအပါအဝင် ခန္ဓါကိုယ်အနှံ့အပြားသို့ ပို့ဆောင်ပေးပါတယ်။ အဆုတ်ကျန်းမာပြီး ကောင်းစွာအလုပ်လုပ်နိုင်မှသာ အခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအားလုံးကလည်း လိုအပ်တဲ့အောက်စီဂျင်ကို လုံလုံလောက်လောက်ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် မိမိအဆုတ်ရဲ့ ကျန်းမာရေးအခြေအနေကို အောက်မှာဖော်ပြထားတဲ့လက္ခဏာတွေ ခံစားရခြင်း ရှိ၊ မရှိပေါ်မူတည်ပြီး အကြမ်းဖျင်းခန့်မှန်းနိုင်ပါတယ်။ အဆုတ်အားနည်းရင် ခံစားရတတ်တဲ့ လက္ခဏာတွေကတော့-
(၁) ရင်ဘတ်အောင့်ခြင်း
ရင့်ဘတ်အောင့်တယ်ဆိုရင် နှလုံးရောဂါကိုဘဲ သံသယဖြစ်မိတတ်ကြပါတယ်။ တကယ်တော့ လနဲ့ချီပြီး ရင့်ဘတ်အောင့်နေခြင်းဟာ အဆုတ်အားနည်းရင်လည်း ခံစားရတတ်တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်းဟာ အသက်ပြင်းပြင်းရှူတာ၊ ချောင်းဆိုးတာ၊ ရယ်တာစတာတွေလုပ်လိုက်တိုင်း ပိုဆိုးနေမယ်ဆိုရင်တော့ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာတွေကို သတိထားရမှာဖြစ်ပါတယ်။
(၂) လနဲ့ချီပြီးချောင်းဆိုးခြင်း
အသက်ရှူလမ်းကြောင်းအထက်ပိုင်းပိုးဝင်ခြင်းမျိုးမှာလည်း ချောင်းဆိုးတာဟာ တစ်လလောက်ကြာမြင့်လေ့ရှိတတ်ပါတယ်။ သို့သော်လည်း လနဲ့ချီပြီးချောင်းဆိုးနေပြီဆိုရင်တော့ အဆုတ်အားနည်းနေတာဖြစ်နိုင်လို့ သတိပြုသင့်ပါတယ်။ ရင်ကြပ်ရောဂါ၊ အဆုတ်ကင်ဆာ၊ COPD လို့ခေါ်တဲ့ အဆုတ်ရောဂါတစ်မျိုး စတာတွေမှာလည်း ကြာရှည်ချောင်းဆိုးခြင်းကို ခံစားကြရပါတယ်။ ဒါကြောင့် လနဲ့ချီပြီး ချောင်းဆိုးနေပြီဆိုရင် ပေါ့ပေါ့ဆဆမနေဘဲ အဆုတ်အထူးကုဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။
(၃) သလိပ်အလွန်အကျွံထွက်ခြင်း
အသက်ရှူတစ်ကြောင်းတစ်လျှောက်နဲ့ အဆုတ်တွင်းသို့ ဝင်ရောက်လာတဲ့ပိုးမွှားတွေကို ပြန်လည်ခုခံဖို့ သလိပ်များစွာထွက်လေ့ရှိပါတယ်။ ဒါကြောင့် သလိပ်အလွန်အကျွံထွက်ခြင်းဟာ အဆုတ်ပိုးဝင်ခြင်းကို ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
(၄) ချောင်းဆိုးသွေးပါခြင်း
အဆုတ်အားနည်းတဲ့အခါ ပိုးမွှားတွေဟာ အဆုတ်တွင်းသို့ အလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။ ချောင်းဆိုးစဥ်သွေးပါနေရင် တီဘီကဲ့သို့သော အဆုတ်ပိုးဝင်ခြင်းကြောင့် အဖြစ်များပါတယ်။ အဆုတ်သွေးခဲခြင်းနဲ့ အဆုတ်ကင်ဆာကဲ့သို့သော ဆိုးဝါးတဲ့ရောဂါအခြေအနေမျိုးတွေမှာလည်း ချောင်းဆိုးသွေးပါတတ်ပါတယ်။
(၅) အသက်ရှူကြပ်ခြင်း
ရင်ကြပ်ရောဂါ၊ အဆုတ်သွေးခဲခြင်းနဲ့ COPD ရောဂါတွေမှာ အသက်ရှူကြပ်ခြင်းကို ခံစားရလေ့ရှိပါတယ်။ အသက်အန္တရာယ်ရှိတဲ့ အဆုတ်သွေးခဲခြင်းမျိုးမှာလည်း အသက်ရှူကြပ်ခြင်းကို ခံစားရတတ်လို့ သတိထားသင့်ပါတယ်။
(၆) အလွယ်တကူမောပန်းခြင်း
လှုပ်ရှားမှုနည်းနည်းလုပ်လိုက်တာနဲ့ မောပန်းနေခြင်းဟာလည်း အဆုတ်အားနည်းခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် -အဆုတ်အားနည်းနေတဲ့အခါ ခန္ဓါကိုယ်တွင်း အောက်စီဂျင်လျော့နည်းလာတာကြောင့် မောပန်းလွယ်တာ၊ အာရုံစူးစိုက်မှုအားနည်းတာ၊ ခေါင်းကိုက်တာ၊ ဟောက်တာ၊ အာခြောက်တာ စတာတွေပါ ခံစားလာရနိုင်ပါတယ်။
(၇) အသက်ရှူစဥ်တရွှီရွှီမြည်ခြင်း
အသက်ရှူစဥ်တရွှီရွှီမြည်ခြင်းဟာလည်း အဆုတ်ကျန်းမာရေးချို့ယွင်းနေကြောင်းဖော်ပြနေပါတယ်။ အဆုတ်လေပြွန်တွေကျဥ်းတာ၊ ပိတ်တာတွေဖြစ်နေရင် အသက်ရှူတဲ့အခါ တရွှီရွှီမြည်လာတတ်ပါတယ်။
(၈) အသံပြောင်းခြင်း
အဆုတ်အားနည်းနေတဲ့အခါ အဆုတ်မှတစ်ဆင့် လေကိုကောင်းစွာ မရှူထုတ်နိုင်တော့တဲ့အတွက် မိမိအသံဟာ မူလအသံထက် ပိုမိုပျော့ပြောင်းသွားနိုင်ပါတယ်။
(၉) လက်သည်းအပြာရောင်ပြောင်းခြင်း
အဆုတ်အားနည်းနေတဲ့အခါ လက်သည်းမှသွေးကြောတွေဟာ အောက်စီဂျင်လုံလောက်စွာ မရရှိတော့တဲ့အတွက် လက်သည်းတွေဟာအပြာရောင်သန်းလာတတ်ပါတယ်။
(၁၀) ကိုယ်အလေးချိန်လျော့ကျလာခြင်း
အဆုတ်အားနည်းနေတဲ့အခါ အသက်ရှူသွင်း၊ ရှူထုတ်ခြင်းကို ပိုမိုအားစိုက်ထုတ်ရတဲ့အခါ ခန္ဓါကိုယ်ကစွမ်းအင်ဆုံးရှူံးမှုများပြားလာပြီး ကိုယ်အလေးချိန်လျော့ကျလာတတ်ပါတယ်။
ရုတ်တရတ်ကိုယ်အလေးချိန်လျော့ကျသွားရင် အဆုတ်တီဘီ၊ အဆုတ်ကင်ဆာစတာတွေ ဖြစ်နိုင်တာမို့ သတိထားသင့်ပါတယ်။
အထက်ပါ လက္ခဏာတွေကို ၂မျိုးနဲ့အထက် ခံစားနေရပြီဆိုရင် အဆုတ်အားနည်းနေတာဖြစ်နိုင်တာမို့ နီးစပ်ရာဆရာဝန်နဲ့ သွားရောက်တိုင်ပင်ပြသရမှာဖြစ်ပါတယ်။ အဆုတ်အားနည်းနေပြီဆိုရင် အဆုတ်ကျန်းမာစေနိုင်မယ့် ဇင့်ဓါတ်ပါအားဆေးတွေကို သောက်သုးပေးနိုင်ပါတယ်။
GNC Zinc အားဆေးတစ်လုံးမှာဆိုရင် Zinc gluconate 50mg ပါဝင်ပြီး သဘာဝဆေးဖက်ဝင်ပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားခြင်း ဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးများလည်း မရှိဘဲ ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါတယ်။ GNC zinc အားဆေးကို အဆုတ်အားနည်းနေသူတွေအပြင် ကိုယ်ခံအားနည်းသူများ၊ အနံ့ခံအာရုံအားနည်းသူများ၊ နာတာရှည်ရောဂါရှိသူများ၊ ဝက်ခြံထွက်တတ်သူများနဲ့ မျိုးပွားကျန်းမာရေးအားနည်းသူများလည်း သောက်သုံးပေးသင့်ပါတယ်။ GNC zinc အားဆေးကို တစ်နေ့တစ်ကြိမ် အစာစားပြီးတိုင်း သောက်သုံးပေးရမှာဖြစ်ပါတယ်။
Author: Dr. Yee Mon