fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကဖင်းဓာတ်နဲ့ ကျန်းမာရေးအယူအဆများ

461
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/09/2021
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကဖင်းဓာတ် Caffeine သည် ဇီဝကတို့ မြန်မာတွေ ကြိုက်နှစ်သက်

တဲ့ ကော်ဖီ ၊လက်ဖက်ရည်တွေထဲမှာ ပါဝင်သလို ချောကလက် ၊တချို့သောဆေးဝါး

များတွင်လည်း ပါဝင်ပါတယ် ။ပါဝင်တဲ့ ပမာဏ ပေါ်မူတည်ပြီး ကဖင်းဓာတ်အာနိသင်

သက်ရောက်မှု ကွာပါတယ် ။အများဆုံး ၁၆၀ မီလီဂရမ် အဖြစ် အားဖြည့်အချိုရည်ထဲ

ပါသလို အနည်းဆုံး ၄ မီလီဂရမ် အဖြစ် ချောကလက်ထဲတွင် ပါဝင်ပါတယ် ။

(၁) ကဖင်းသည် စွဲတတ်သလား ။

ကဖင်းဓာတ်သည် မစွဲတတ်ပါဘူးဟု ဆိုလျှင် မမှန်ရာ ကျပါတယ် ။

ကဖင်းဓာတ်သည် လူတို့ရဲ့ ဦးနှောက်နဲ့ အာရုံကြောကို နိုးကြားအောင် လှုံ့ဆော်

ပေးနိုင်စွမ်း ရှိပါတယ် ။ပုံမှန် ကဖင်းဓာတ် သုံးစွဲသူတွေ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ

စွဲလန်းမှုတော့ အနည်းအများ ဆိုသလို ရှိတတ်ပါတယ် ။

တစ်ရက်ကို ပုံမှန် ကော်ဖီ ၂ခွဲနဲ့ အထက် သောက်သုံးသူတွေ အနေနဲ့

ရုတ်တရက် ကော်ဖီသောက်တာ ရပ်လိုက်က ကဖင်းဓာတ်ဖြတ်တဲ့ လက္ခဏာတွေ

ခံစားရနိုင်တယ် ။ဘာတွေလဲဆိုရင် ခေါင်းကိုက် ၊နေရထိုင်ရတာ မအီမသာ ၊နုန်းချိ ၊

စိတ်ဆတ် ၊စိတ်ဓာတ်ကျ ၊အာရုံစူးစိုက်ရခက်တာတွေ ခံစားရတတ်ပါတယ် ။

ရက်အနည်းငယ်တော့ ခံစားရတတ်ပါတယ် ။ဒါပေမယ့် တခြားဆေးစွဲသူတွေလို

ကျန်းမာရေးထိခိုက်လောက်တဲ့ အထိ မဖြစ်တတ်ပါဘူး ။

ဒါကြောင့် ကဖင်းဓာတ်ဖြတ်လျှင် ဖြည်းဖြည်းချင်း ဖြတ်ပါ ။အရင်

၃ခွက်သောက်က ၂ခွက်ကို တစ်ပတ်လောက်လျော့သောက် ၊နောက်တစ်ပတ်ကျ

ရင် ၂ခွက်ကနေ ၁ခွက်ထိ လျော့သောက် ၊နောက်တစ်ပတ်ကျရင် ခွက်ဝက်လောက်

ထိ လျော့သောက်ပြီး ဖြည်းဖြည်းချင်း ဖြတ်နိုင်ပါတယ် ။

(၂) ကဖင်းဓာတ်သည် အိပ်မပျော်စေတတ် ။

ဒီအချက်ဟာ မှန်သင့်သလောက် မှန်ပါတယ် ။ကဖင်းဓာတ်ကို လူ့

ခန္ဓာကိုယ်ထဲ ရောက်တာနဲ့ မြန်မြန်စုပ်ယူပြီး မြန်မြန်ပဲ ခန္ဓာကိုယ်အပြင်ဘက်ကို

ပြန်လည် စွန့်ထုတ်ပါတယ် ။ခန္ဓာကိုယ်ထဲ ရောက်တာနဲ့ အသည်းက အဓိက

ဖျက်စီးပေးပါတယ် ။ကဖင်းဓာတ် သုံးစွဲပြီး ၅-၈နာရီလောက်ဆိုရင် ကဖင်းဓာတ်

တစ်ဝက်လောက်ကို ခန္ဓာကိုယ်က ချေဖျက်ပြီးသားပါ ။နောက် ၁၀နာရီလောက်ဆို

ရင်တော့ ၇၅ရာခိုင်နှုန်းလောက်ဟာ ခန္ဓာကိုယ်ထဲမှာ မရှိတော့ပါ ။

ကဖင်းဓာတ်ဟာ အိပ်မပျော်ခြင်းကို ဖြစ်စေသလားဆိုတော့ မနက်ပိုင်း

နေ့လည်ပိုင်း ကဖင်းဓာတ်သောက်သုံးသူတွေမှာ ညအိပ်မပျော်ခြင်းကို မဖြစ်စေပါ ။

ဒါပေမယ့် ညအိပ်ခါနီး ၆နာရီအလိုလောက်မှာ ကဖင်းဓာတ် သောက်သုံးတွေမှာ

တော့ အိပ်မပျော်ခြင်းကို ဖြစ်စေပါတယ် ။ဒါပေမယ့် ဒါဟာလည်း တစ်ယောက်နဲ့

တစ်ယောက်မတူနိုင်ပါ ။ဘာကြောင့်လဲဆိုရင် ဇီဝရုပ်ဖြစ်ပျက်မှု မတူလို့ပါ ။အထူး

သဖြင့် ကဖင်းဓာတ်ကို တုန့်ပြန်မှုကောင်းသူများက အိပ်မပျော်ခြင်းအပြင် ကတုန်

ကယင်ဖြစ်ခြင်း ၊ရင်ထဲလှပ်လှပ်နဲ့ ဗိုက်နာသလို အစာမကြေသလိုနဲ့ ပိုပြီး ခံစားရ

တတ်ပါတယ် ။

(၃) ကဖင်းဓာတ်နဲ့ အရိုးပွခြင်း

တစ်နေ့ကို ကော်ဖီ ၃ခွက်နဲ့ အထက်သောက်သုံးသူတွေ ၊ဒါမှမဟုတ်

ကဖင်းဓာတ် ၃၀၀ မီလီဂရမ်နဲ့ အထက် သုံးစွဲသူတွေမှာ အရိုးအတွက် လိုအပ်တဲ့

ကယ်လ်စီယမ်နဲ့ မက်ဂနီဆီယမ်ဓာတ်တွေ ဆီးထဲကတဆင့် ဆုံးရှုံးစေပါတယ် ။

ဒါကြောင့် အသက်ကြီးတဲ့သူတွေ ၊အထူးသဖြင့် အမျိုးသမီးတွေသည် ကော်ဖီကို

၃ခွက်အောက် ပဲသောက်ပါ ။ကဖင်းဓာတ်ကို ၃၀၀ မီလီဂရမ်အောက်ပဲ သုံးစွဲပါ ။

ကယ်လ်စီယမ်ဓာတ်ပါတဲ့ နွားနို့ကို တစ်နေ့ တစ်ခွက် သောက်သုံးပါ ။

(၄) ကဖင်းဓာတ်နဲ့ နှလုံးကျန်းမာရေး

ကဖင်းဓာတ်ဟာ နှလုံးခုန်နှုန်းမြန်စေသလို သွေးပေါင်ကိုလည်း

အနည်းငယ်တက်စေပါတယ် ။စမ်းသပ်လေ့လာချက်များအရတော့ ကဖင်းဓာတ်ဟာ

သွေးတွင်းအဆီဓာတ် ၊ပုံမမှန်နှလုံးခုန်တဲ့ရောဂါတွေ ၊နှလုံးရောဂါတွေနဲ့ တိုက်ရိုက်

ပတ်သက်မှုမရှိလို့ ဆိုထားပါတယ် ။ဒါပေမယ့် သွေးတိုးရောဂါအခံ ရှိသူတွေ ၊နှလုံး

ရောဂါအခံ ရှိသူတွေ အနေနဲ့ ကဖင်းဓာတ်ကို လျော့သောက်သင့်ပါတယ် ။

(၅) ကဖင်းဓာတ်နဲ့ ကင်ဆာ

ထောင်ပေါင်းများစွာသော လေ့လာစမ်းသပ်ချက်များအရတော့

ကဖင်းဓာတ်ဟာ ကင်ဆာကို မဖြစ်စေပါ ။

ဆက်ပါဦးမယ်……………………………………

Author: ခေတ်သစ် ဇီဝက

Previous Post

ကျွန်တော် ကိုယ့်ကိုယ်ကိုယ်သေပြီပဲမှတ်တာ၊ လုံးဝအသက်ရှူလို့မရတော့ဘူး

Next Post

ဆီးကျိတ်ကြီးခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးကျိတ်ကြီးခြင်း

ကွမ်းစားလျှင် ဘာရောဂါတွေဖြစ်နိုင်လဲ

အစာစားချိန်မမှန်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.