ဒီဆောင်းပါးမှာ ကျန်ရှိတဲ့ ကဖင်းဓာတ်နဲ့ ကျန်းမာရေးအယူအဆ
တွေအကြောင်း ဆက်လက် တင်ပြပါ့မယ် ။
(၆) ကဖင်းဓာတ်နဲ့ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားသူတွေ
တစ်နေ့ တစ်ခွက်သောက် ကော်ဖီသောက်သုံးသော အမျိုးသမီးတွေ
အနေနဲ့ ယုံတမ်းစကားများဖြစ်တဲ့ ကော်ဖီသောက်ရင်
-ကလေးမရဘူး
-သားပျက်သားလျောဖြစ်တယ်
-ကလေးမှာ မွေးရာပါ ကိုယ်လက်အင်္ဂါတွေချို့တဲ့မယ်
-လမပြည့်မီ စောစောမွေးမယ်
စတာတွေ မဖြစ်ကြောင်းကို အနောက်နိုင်ငံများက လေ့လာထားချက်များအရ သိရပါ
တယ် ။
ဒါပေမယ့် ကိုယ်ဝန်ဆောင် မိခင်များအနေနဲ့ ကော်ဖီကို တစ်နေ့
တစ်ခွက်ထက် ပိုမသောက်သင့်ပါ ။မိခင်သောက်သုံးလိုက်သော ကော်ဖီထဲက
ကဖင်းဓာတ်တွေသည် အချင်းမှတဆင့် ကလေးဆီရောက်ကာ မိခင်ကော်ဖီသောက်
ရင် ကလေးပါသောက်ရသလို ဖြစ်ကာ များများသောက်က ကလေးမှာ ရင်တုန်ခြင်း ၊
သွေးပေါင်တိုးခြင်းစတာတွေ ခံစားရတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်များ ကော်ဖီ
သောက်တာ ဆင်ခြင်သင့်ပါတယ် ။
(၇) ကဖင်းနဲ့ ဆီး
ကဖင်းဓာတ်သည် ဆီးသွားစေတဲ့ သဘောရှိပါတယ် ။ဒါကြောင့်
ညအိပ်ခါနီး ၊အရေးကြီးအစည်းအဝေးသွားခါနီး ၊ခရီးသွားခါနီးတွေ ကော်ဖီသောက်
တာ ဆင်ခြင်သင့်ပါတယ် ။
(၈) ကဖင်းနဲ့ ကလေးသူငယ် ကျန်းမာရေး
ကဖင်းဓာတ်သည် ကလေးတွေကြိုက်တဲ့ အချိုရည်များ ၊ချောကလက်
များ ၊စိုဒါများတွင် ပါတဲ့အတွက်ကြောင့် အလွန်အကျွံ စားသောက်က ဂနာမငြိမ်ဖြစ်
တာ ၊စိတ်ဆတ်တာတွေ ဖြစ်တတ်ပါတယ် ။ဒါ့အပြင် ကလေးကြိုက် အစားသောက်
တွေထဲမှာ ကဆီဓာတ်တွေ ကြွယ်ဝစွာပါတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်
ခြင်းတွေ ဖြစ်စေပါတယ် ။
(၉) ကဖင်းနဲ့ ကျန်းမာရေးကောင်းကျိုးများ
ကဖင်းဓာတ်ဟာ လူကို လန်းဆန်းတက်ကြွစေတဲ့အပြင် အာရုံစူးစိုက်မှု
အားပါ ကောင်းစေပါတယ် ။ဒါ့အပြင်လေ့လာထားချက်များအရ ကော်ဖီပုံမှန်သောက်
သုံးသူတွေမှာ
-တချို့သော ခေါင်းကိုက် ဝေဒနာများ
-ပါကင်ဆန်လို့ခေါ်တဲ့ ခြေတုန်လက်တုန်ရောဂါ
-သတိမကောင်းသူများ
-အသည်းရောဂါ အချို့
-အူမကြီးကင်ဆာအချို့
အဖြစ်နည်းစေတယ်လို့ ဆိုပါတယ် ။
Author: ခေတ်သစ် ဇီဝက