fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နေရောင်ခြည်တွင်ပါဝင်သည့်ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ

86
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အရေပြားရောဂါအထူးကုဆရာဝန်များ၏အဆိုအရကျန်းမာရေး နှင့်ညီညွတ်စေသော နေလောင်ခံခြင်းဟူ၍မရှိပါ။ နေလောင်ခံထားသောအသားအရေရှိမူလဆဲလ်များသည် နေလောင်ခံလိုက် ခြင်းကြောင့်လုံးဝပျက်စီးသွားလေ့ရှိသည်။နေရောင်ခြည်တွင် မျက်စိဖြင့်မမြင် နိုင်သောခရမ်းလွန် ရောင်ခြည်များပါဝင်သည်။ ခရမ်းလွန်ရောင်ခြည် B (UVB)သည် တိုတောင်း၍ စွမ်းအားမြင့်လှိုင်းများပါရှိပြီး ထိုခရမ်းလွန်ရောင်ခြည် B ကို လူ့ခန္ဓာကိုယ်၏အပေါ်ယံအရေပြားလွှာက စုပ်ယူထားနိုင် သည်။ နေလောင်ခံရသောအခါ အရေပြားက Inflammatory Mediators ဟုခေါ်သော ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပြီး ခရမ်းလွန်ရောင်ခြည် B ကိုတုံ့ပြန်သည်။ ထိုခန္ဓာကိုယ်အတွင်းရှိ ဓာတုပစ္စည်းများသည် အရေပြားအတွင်းသို့ပြန်လည်စိမ့်ဝင်သွားပြီး အရေပြားအတွင်းရှိ သေးငယ်သောသွေးကြောမျှင်များကိုထိခိုက်ကာအသားအရေကိုလောင်ကျွမ်းနီမြန်းစေသည်။
တစ်ချိန်တည်းမှာပင် ခရမ်းလွန်ရောင်ခြည် ြ သည် အပေါ်ယံအရေပြားလွှာရှိ မူလဆဲလ်များကိုပျက်စီးစေပြီး ထိုကဲ့သို့ ပျက်စီးခြင်းသည် အရေပြားကင်ဆာကို ဖြစ်ပေါ်စေနိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည် B များသည်ကိုယ်ခန္ဓာခုခံအားစနစ်ကိုထိခိုက်စေပြီး ကိုယ်ခန္ဓာ၏အရေပြားပြန်လည်ထိန်းသိမ်းနိုင်သော စွမ်း အင်များကိုလျော့ကျစေသည်။ နောက်ဆုံးအနေဖြင့် ခရမ်းလွန် ရောင်ခြည် B သည် လူ့ခန္ဓာကိုယ်ရှိ Melanocytesဟု ခေါ်သော အရေပြားဆဲလ်များကို ပျက်စီးစေသည်။ ထို Melanocytes ဆဲလ် များသည် Melanin ဓာတ်များဖြင့်ဓာတ်ပြု၍ Melanosomes ဖြစ်ပေါ်လာပြီး ၎င်းကိုအရေပြားအပေါ်ယံလွှာသို့ပေးပို့ကာ Melanosomes
သည် နေရောင်ခြည်ကြောင့် DNA ဆဲလ်များပျက် စီးခြင်းကိုစစ်ထုတ်ကိရိယာပုံစံသဘောမျိုးဖြင့် ကာကွယ်ပေးသည်။ မူလဆဲလ်များပျက်စီးခြင်းသည် တင်းတိပ်နှင့် အသက်အရွယ် ကြောင့်ဖြစ်ပေါ်တတ်သော အညိုရောင်အစက်အပြောက်များကို ဖြစ်စေသည်။ အဆိုးရွားဆုံးအနေဖြင့် အရေပြားတွင်ဖြစ်ပေါ် သည့် ကင်ဆာရောဂါဖြစ်နိုင်သောအမည်းအကွက်အပြောက်များနှင့်အခြားသောအရေပြားကင်ဆာရောဂါဖြစ်နိုင်မှုကိုလည်း တိုးစေသည်။
ခရမ်းလွန်ရောင်ခြည် A (UVA) သည် UVB ရောင် ခြည်ထက်ပိုရှည်ပြီး ထိခိုက်ပျက်စီးစေနိုင်မှုမှာလည်း ပို၍ကြာရှည် သည်။ ခရမ်းလွန်ရောင်ခြည် A သည် ခရမ်းလွန်ရောင်ခြည် B ထက် အရေပြားအလွှာအတွင်းသို့ ပိုမိုနက်ရှိုင်းစွာဝင်ရောက်နိုင်ပြီး အရေပြားအတွင်းရှိ DNA ဆဲလ်များ၊ ဆဲလ်အမြှေးပါးများ ထိခိုက် စေပြီး အရေပြားအမြှေးပါးဖွဲ့စည်းပုံကို အားဖြည့်ပေးသော Collagen နှင့် Elastin များဖြင့်ပြုလုပ်ထားသော ပရိုတင်းဓာတ်များကို ပြောင်းလဲစေသည်။ ခရမ်းလွန်ရောင်ခြည် A ကြောင့် အသားအရေတွန့်ခြင်း၊အသားအရေလျော့တွဲခြင်းများကိုလည်း ဖြစ်စေသည်။ထို့ပြင် နှာခေါင်း၊ပါးပြင်နှင့် မေးစေ့နားတွင် ချွေးပေါက်ကျယ်ခြင်းများကိုဖြစ်စေတတ်သည့်အရေပြားအတွင်းရှိသွေးကြောမျှင်ငယ်များကို ထောက်ပံ့ပေးနိုင်သောဓာတ်များကို ခရမ်းလွန်ရောင်ခြည် A က လျော့ကျစေသည်။ ခရမ်းလွန်ရောင်ခြည် A သည် အရေပြား ကင်ဆာဖြစ်စေနိုင်သော အကြောင်းအရင်းများတွင် တစ်ခုအပါ အဝင်ဖြစ်သည်။
ပြီးခဲ့သည့်ကာလများတွင် လေထုထဲတွင် နေရောင်ခြည် မှ အန္တရာယ်ရှိသောရောင်ခြည်များကို ခြုံလွှာပမာကာကွယ်ပေးသည့်အိုဇုန်းလွှာရှိသည်။၎င်းအိုဇုန်းလွှာသည်ယခင်နှစ်များစွာကပင် လေထုညစ်ညမ်းမှုကြောင့် တဖြည်းဖြည်းပါးလာခဲ့သည်။ ထို့ ကြောင့် နေရောင်ခြည်မှ အန္တရာယ်ရှိသောရောင်ခြည်များသည် ကမ္ဘာမြေပေါ်သို့ ပိုမိုလွယ်ကူစွာရောက်ရှိလာပြီး အရေပြား ကင်ဆာဖြစ်ပွားမှုမှာလည်း ပိုမိုများပြားလာသည်။

Indoor Tanning
နေလောင်ခံခြင်းနှင့်ပတ်သက်၍ ပုံစံအမျိုးမျိုးရှိလင့် ကစား ယခုကာလတွင် Indoor Tanning
ခုတင်များကို အသုံး ပြုမှုမှာပိုများလာသည်။ ဒါယင်းသည် အလွန်ပင်အန္တရာယ်ရှိသော အလေ့အကျင့်ဖြစ်သည်။
အမေရိကန်နိုင်ငံရှိ အရေပြားရောဂါဗေဒဆိုင်ရာကျောင်း ၏အဆိုအရ အသက် ၃၅ နှစ်မတိုင်မီတွင် အမိုးအကာဖြင့် နေ လောင်ခံခြင်း (Indoor Tanning) သည် အရေပြားတွင် ဖြစ်ပေါ် သည့် ကင်ဆာရောဂါဖြစ်နိုင်သောအမည်းအကွက်အပြောက်များ Melanoma ဖြစ်ပွားမှုနှင့် အရေပြားကင်ဆာကြောင့် သေဆုံးမှု နှင့်များစွာဆက်စပ်မှုရှိသည်။ အမေရိကန်လူမျိုးတစ်သန်းကျော်၏ ၇၀ ရာခိုင်နှုန်းတွင် အသက် ၁၆ နှစ်မှ ၂၉ နှစ်အတွင်းရှိ အမျိုးသမီး များပါဝင်ပြီး နေ့တိုင်းလိုလိုပင် Tanning Salon သို့သွားရောက် လေ့ရှိသည်။
ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့မှုများကို ကာကွယ်ခြင်း သည် Melanoma ရောဂါအပါအဝင် အရေပြားကင်ဆာရောဂါများ ဖြစ်နိုင်မှုများကိုလျှော့ချပေးနိုင်သော အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။ နေလောင်ခံရာတွင်ပါးနပ်မှုရှိရမည်။ နေလောင်ခံ ခုတင်များကို အသုံးမပြုသင့်ပေ။ အရေပြားကိုကာကွယ်စောင့် ရှောက်ခြင်းဖြင့် အရေပြားနှင့်ပတ်သက်သောအန္တရာယ်များကို လျှော့ချသင့်သည်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အေဂျင်စီ (EPA) နှင့် မိုးလေဝသဝန်ဆောင်မှုလုပ်ငန်း (NWS)တို့ပူးပေါင်း၍ နေ့စဉ်ခရမ်းလွန်ရောင်ခြည်ပါဝင်မှုအဆင့်ဆင့်ကို ဖော်ပြပေး နိုင်သောခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများကို တီထွင်ခဲ့ကြသည်။ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများကို ရုပ်မြင်သံကြား၊ သတင်းစာ များနှင့် အင်တာနက်များတွင် ရှာဖွေသိရှိနိုင်ပါသည်။ ခရမ်းလွန် ရောင်ခြည်အဆင့်ဆင့်ကို အညွှန်းကိန်း ဝ မှ ၁၀ အထိ စကေးများ ကိုအသုံးပြု၍ အောက်ပါအတိုင်းသတ်မှတ်ထားသည်။

UV Index Number Exposure Level
0 to 2 Minimal
3 to 4 Low
5 to 6 Moderate
7 to 9 High
10+ Very high
သင်၏အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း အလယ်အလတ်နှင့်အမြင့်ဆုံး အဆင့်တွင် အထူးထိန်းသိမ်းစောင့်ရှောက်ကာကွယ်သင့်ပါသည်။

အသားအရေကို ကာကွယ်စောင့်ရှောက်ခြင်း
ကျွနု်ပ်တို့၏အသားအရေကို နေရောင်ခြည်များမှကာ ကွယ်စောင့်ရှောက်သင့်သောအချိန်မှာ နေရောင်ခြည်များအား အကောင်းဆုံးဖြစ်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်း ဖြစ်သည်။ ထိုအချိန်များတွင် နေရောင်ခြည်မဖြစ်မနေထိတွေ့ရ မည်ဆိုပါက အသားအရေကိုကာကွယ်မှုပေးနိုင်သော အဝတ် အစားများကိုဝတ်ဆင်ခြင်းနှင့် SPF 15 နှင့်အထက်ပါဝင်သော နေလောင်ဒဏ်ခံသောကရင်မ်များ(Sunscreen)ကိုအသုံးပြုခြင်း ဖြင့်နေရောင်ခြည်နှင့် အရေပြားတို့တိုက်ရိုက်ထိတွေ့မှုကို ရှောင် သင့်သည်။
နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည်အများဆုံးပါဝင် သောအချိန်မှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ဆောင်း ရာသီနှောင်းပိုင်းနှင့် နွေရာသီအစပိုင်းတို့ပင်ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ခရမ်းလွန်ရောင်ခြည်ကို တစ်နှစ်ပတ်လုံးကာကွယ်ရန် လိုအပ်ပါသည်။ ခရမ်းလွန်ရောင်ခြည်များသည် တိမ်ထူထပ်သော နေ့၊ မြူဆိုင်းသောနေ့နှင့် နေပူသောနေ့များတွင် အားကောင်းလေ့ ရှိသည်။

The Shadow Rule
နေပူသောအချိန်များတွင် အပြင်ထွက်မည်ဆိုပါက အောက်ဖော်ပြပါ ‘‘Short Shadow-Seek Shade’ ဟု ခေါ်သော Shadow Rule ကို လိုက်နာသင့်ပါသည်။ ခရမ်းလွန်ရောင်ခြည် အားကောင်းမှုသည် နေရောင်ခြည်အလင်းတန်းနှင့်မိုးကုတ်စက်ဝိုင်း၏အမြင့်ထိစပ်ရာမှဖြစ်ပေါ်လာသောထောင့်နှင့်ဆက်စပ်မှုရှိ သည်။ Shadow Rule သည် နေ၏အမြင့်ကို နေ့တစ်နေ့တွင် ဖြစ်ပေါ်လာသော လူအရိပ်၏အရှည်နှင့်တိုင်းတာ၍သတ်မှတ်ထားသည်။အရိပ်သည်အရပ်အမြင့်ထက်ပိုတိုသောအခါတွင် နေရောင်တွင်ပါဝင်လာသောခရမ်းလွန်ရောင်ခြည်သည် ပြင်းအားများပြီး နေ လောင်ခြင်းကိုပိုမိုဖြစ်ပွားစေနိုင်သည်။

အသားအရေကို ကာကွယ်ပေးနိုင်သော အဝတ်အစားများ
အကောင်းဆုံးသော နေရောင်ကာကွယ်ပေးနိုင်သောအဝတ်အစားများမှာ ချည်သားအကျႌပွပွများဖြစ်သည်။ အရောင် မှိုင်းမှိုင်းအဝတ်အစားများသည် အရောင်တောက်တောက်အဝတ် စားများထက်ကာကွယ်မှုပိုမိုပေးနိုင်ပြီး ခြောက်သွေ့မှုရှိသောအဝတ်အထည်များသည်စွတ်စိုသောအဝတ်အထည်များထက် ပို၍ ကာကွယ်မှုပေးနိုင်သည်။ အနားပြန့်ကားနေသောဦးထုပ်များသည် အရိပ်ပိုမိုရရှိပြီး ဦးခေါင်း၊ မျက်နှာနှင့်လည်ပင်းများကို ကာကွယ် ရန် အကောင်းဆုံးဖြစ်သည်။ အပူရှိန်ကြောင့် ဘောင်းဘီရှည်၊ အကျႌ လက်ရှည်များကိုမဝတ်သင့်သော်လည်း တီရှပ်များဝတ်ဆင်ခြင်း၊ အရိပ်အောက်တွင်နေထိုင်ခြင်းနှင့် အမြဲလိုလိုပင် Sunscreen လိမ်း သင့်သည်။

Sunscreen

Sunscreen များသည် နေ၏ရောင်ခြည်များကို အရေ ပြားမှစုပ်ယူခြင်း၊ ရောင်ပြန်ဟပ်ခြင်း၊ သို့မဟုတ် ပြန့်ကျဲခြင်းများကို ကာကွယ်ပေးသည်။ Sunscreen များ၏ကောင်းမွန်မှုကို Sun Protection Factor (SPF)ပါဝင်မှုနှုန်းထားဖြင့် သတ်မှတ်လေ့ရှိ သည်။ SPF နံပါတ်များသည် သင် Sunscreen ကို တစ်ကြိမ်လိမ်းပြီး နောက်တစ်ကြိမ်ပြန်မလိမ်းမီကာလအတွင်းသင့်အားနေရောင် အောက်တွင်နေလောင်မခံဘဲ မည်မျှနေနိုင်သည်ကိုဖော်ပြပေး သည်။ ဥပမာအားဖြင့် သင်သည် မိနစ် ၂၀ ခန့်နေရောင်အောက် တွင်နေပြီးလျှင် သင့်အရေပြားစ၍နေလောင်တတ်သည်။ သင် သည် SPF 15 ပါဝင်သော Sunscreenကိုလိမ်းထားပါကသင့်အားနေလောင်ခြင်းကိုမိနစ်သုံးရာ၊သို့မဟုတ်ငါးနာရီမျှကာကွယ် ပေးနိုင်သည်။ တွက်ချက်ပုံမှာ SPF 15_20မိနစ် = ၃၀ဝ မိနစ် ဖြစ်သည်။ အသားအရေပါးသောလူတစ်ယောက်သည် ဆယ်မိနစ် ကြာတွင် နေလောင်လေ့ရှိသည်။ ထို့ကြောင့် SPF 15 ပါဝင်သော Sunscreen များသည် အသားအရေပါးသောလူအတွက်ဆိုလျှင် နှစ်နာရီခွဲ (SPF 15_10 မိနစ်=၁၅၀ မိနစ်) မျှကာကွယ်ပေးနိုင် သည်။

SPF 15 ထက်ပိုများသော Sunscreen များသည် ပါးလွှာသောအသားအရေပိုင်ရှင်များ၊ အမြင့်ပိုင်းဒေသများတွင် နေထိုင်သူများနှင့် နေရောင်အောက်တွင်သွားလာလှုပ်ရှားနေသူ များနှင့်ပိုမိုကိုက်ညီသည်။ နေရောင်ခြည်ကို ပိုမိုကာကွယ်နိုင်ရန် Sunscreen များကို နေရောင်ထဲသို့မထွက်မီ အနည်းဆုံးမိနစ်၃၀ခန့်တွင်လိမ်းသင့်သည်။ထို့ပြင် ရေကူးပြီးချိန်နှင့်ချွေးများစွာထွက် ပီးချိန်တွင် ှကညျခမနနည ကိုနောက်တစ်ကြိမ်ထပ်လိမ်းသင့်သည်။ ကုသမှုခံယူနေသူဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီး သင့်အသား အရေနှင့်ကိုက်ညီသောဆေးဝါးများကိုသာသုံးစွဲသင့်ပါသည်။ အချို့သောပဋိဇီဝဆေးများ၊ သန္ဓေတားဆေးများ၊ ဆီးရွှင်ဆေးများ၊ဓာတ်မတည့်၍ဖြစ်သောရောဂါကုသဆေးများ၊စိတ်ကျရောဂါကု ဆေးများသည် နေရောင်ခြည်များကြောင့် အရေပြားထိခိုက်ခြင်းကို ပိုမိုဖြစ်ပေါ်စေတတ်သည်။Sunscreen နှင့် ဓာတ်မတည့်သူများလည်းရှိတတ်သည်။    ထိုသူတို့သည် အခြားသော Sunscreenတံဆိပ်များကို ပြောင်းလဲသုံးစွဲခြင်း၊သို့မဟုတ်အရေပြားရောဂါအထူးကုများနှင့်တိုင်ပင်၍  မိမိနှင့်ကိုက်ညီသော Sunscreen များကိုအသုံးပြုရန်လိုအပ်ပါ သည်။

သင်သည် မည်သည့်အသားအရေကို ပိုင်ဆိုင်သူပင်ဖြစ် စေကာမူ နေရောင်အောက်သို့သွားလျှင် အနည်းဆုံး SPF 15 ပါ ဝင်သည့် Sunscreen ကို လိမ်းသွားသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်း သည် ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ပေးနိုင်ပြီးအရေပြားကင်ဆာရောဂါနှင့်အခြားအမျိုးမျိုးသောနေလောင်ခြင်းကြောင့် ဖြစ် နိုင်သည့်ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါသည်။
သို့ဖြစ်ပါ၍ ပူပြင်းခြောက်သွေ့သောနွေရာသီတွင် အရေ ပြားကို ခရမ်းလွန်ရောင်ခြည် A ၊ B နှင့် နေရောင်ခြည်တွင်ပါဝင် သည့် အခြားသောအန္တရာယ်ရှိသည့်ရောင်ခြည်များမှ ထိုခိုက်မှု ကင်းဝေးစေရန် ဂရုစိုက်ထိန်းသိမ်းကာကွယ်ခြင်းဖြင့် နေလောင် ခြင်းမှဖြစ်တတ်သောရောဂါများမဖြစ်ပွားစေရန် မိမိတို့၏အသား ရေများကို အထူးဂရုစိုက်နေထိုင်သင့်ပါသည်။

 

Author – ဒေါက်တာထက်ဝေ

Previous Post

နေ့ရက်တိုင်းအတွက်ရေဘယ်လောက်သောက်သင့်ပါသလဲ

Next Post

အာဟာရမျှတအောင်စားသုံးနိုင်စေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အာဟာရမျှတအောင်စားသုံးနိုင်စေဖို့

မိုးရာသီအတွင်းကျန်းမာစေဖို့

သစ်သီးစိမ်ရည်သောက်ရအောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.