(Zawgyi)
ယေန႔ေခတ္သည္ လ်င္ျမန္စြာ တိုးတက္ေနေသာေခတ္ျဖစ္သည့္အေလ်ာက္ တစ္ေနရာႏွင့္တစ္ေနရာကို အခ်ိန္တိုတိုနဲ႔ျမန္ဆန္စြာ ေရာက္ေအာင္သြားႏိုင္သည့္ ကားမ်ား၊ ဆိုင္ကယ္မ်ားကို အသုံးမ်ားလာၾကသည္။ ထို႔ျပင္ ဟန္းဖုန္း၊ အင္တာနက္မ်ားလည္း လက္လွမ္းမီေသာ ေဈးႏႈန္းမ်ားျဖင့္ေပၚထြက္လာရာ အင္တာနက္ကေန ေဈးဝယ္ျခင္း၊ ဂိမ္းေဆာ့ျခင္း၊ ေငြလႊဲျခင္းမ်ားကိုလည္း အိမ္မွာပဲေနၿပီး လုပ္ေဆာင္ႏိုင္ၾကေလသည္။
သို႔ေသာ္ အရာရာတိုင္းမွာအေကာင္းနဲ႔အဆိုးဒြန္တြဲေနသည္ျဖစ္ရာ ေခတ္မီတိုးတက္လာတာနဲ႔အမွ် ယေန႔ေခတ္လူသားမ်ားသည္လည္း ကိုယ္လက္လႈပ္ရွားမႈအားနည္းလာၾကသည္။ တခ်ိဳ႕ဆိုလွ်င္ အိမ္နဲ႔ေဈး ဘယ္ေလာက္နီးနီး ေျခက်င္လမ္းေလွ်ာက္ရမွာကို ဝန္ေလးၿပီး အေၾကာင္းအမ်ိဳးမ်ိဴးျပကာ ဆိုင္ကယ္နဲ႔သာ သြားတတ္ၾကသည္။
ယေန႔ေခတ္တြင္ လူအမ်ားစုသည္စားဝတ္ေနေရးအတြက္ အလုပ္မအားလပ္မႈေၾကာင့္ ကိုယ္လက္လႈပ္ရွားမႈနည္းပါးလာသည္။ ကိုယ္လက္လႈပ္ရွားမႈနည္းပါးျခင္းေၾကာင့္ အဝလြန္ေရာဂါ၊ ေသြးတိုးေရာဂါ ၊အ႐ိုးအဆစ္မ်ားေရာင္ရမ္းျခင္း၊ ႏွလုံးေသြးေၾကာက်ဥ္းျခင္း တို႔ကို ပိုမိုခံစားလာၾကရသည္။ ထို႔ေၾကာင့္ ကိုယ္လက္လႈပ္ရွားမႈတြင္ လမ္းေလွ်ာက္ျခင္းသည္ အလြယ္ဆုံးႏွင့္ ေငြေၾကးကုန္က်မႈမရွိေသာ နည္းျဖစ္သည့္အတြက္ လမ္းေလွ်ာက္သည့္အက်င့္ကို စြဲၿမဲဖို႔လိုသည္။
လူတစ္ေယာက္က်န္းမာသန္စြမ္းဖို႔ ေန႔စဥ္အနည္းဆုံးတစ္မိုင္ခန႔္ လမ္းေလွ်ာက္ေပးသင့္သည္။ လမ္းေလွ်ာက္ရာတြင္ တစ္နာရီလွ်င္ ႏွစ္မိုင္ႏႈန္းထက္ေလ်ာ့နည္းေသာႏႈန္းျဖင့္ ေလွ်ာက္ပါက ႏွလုံးထိခိုက္မႈအႏၲရာယ္မွ ၂၅%ေလွ်ာ့နည္းႏိုင္သလို သုံးမိုင္ႏႈန္း သို႔မဟုတ္ ဒီထက္ပိုေသာႏႈန္းျဖင့္ ေလွ်ာက္ပါက ၃၆%ထိ ႏွလုံးထိခိုက္မႈမွ ေလ်ာ့ေစႏိုင္ေၾကာင္း သုေတသနျပဳခ်က္မ်ားအရ သိရသည္။
လမ္းေလွ်ာက္ျခင္းျဖင့္ ရရွိေသာအက်ိဴးေက်းဇူးမ်ားကား မ်ားျပားလွေပသည္။ လမ္းေလွ်ာက္ျခင္းသည္ ေသြးတိုးက်ေစႏိုင္သည္။ ႏွလုံးေရာဂါကို ကာကြယ္ႏိုင္သည္။ အ႐ိုးမ်ား ႀကံ့ခိုင္သန္စြမ္းေစသည္။ အဝမလြန္ေအာင္ထိန္းႏိုင္သည္။ ႂကြက္သားမ်ားသန္စြမ္းဖ်တ္လတ္ေစသည္။ ေသြးထဲမွအဆီက်ေစသည္။ ေသြးတြင္းမွ သၾကားဓါတ္က်ေစသည္။ အာ႐ုံေၾကာမ်ားကို လန္းဆန္းရွင္သန္ေစသည္။
ကြၽန္ေတာ္ကေတာ့ ဆရာဝန္တစ္ေယာက္ျဖစ္လို႔ ေဆးခန္းလာျပေသာလူနာမ်ား နဲ႔ အေဖာ္လိုက္လာသူမ်ားကို လမ္းေလွ်ာက္ဖို႔ တိုက္တြန္းသလို ကြၽန္ေတာ္ကိုယ္တိုင္လည္း လူနာပါးတဲ့အခါက် ေဆးခန္းအျပင္ဘက္တြင္ ေခါက္တုံေခါက္ျပန္လမ္းေလွ်ာက္သည္။
တခ်ိဳ႕ပိုက္ဆံရွိၿပီး အခ်ိန္အားတဲ့သူေတြကေတာ့ အားကစား႐ုံမ်ားသို႔ သြားၿပီး ေလ့က်င့္ၾကသည္။ သို႔ေသာ္ အခ်ိန္ အသက္အ႐ြယ္ ေငြေၾကးတတ္ႏိုင္မႈအေပၚမႈတည္ၿပီး အဆိုပါလူမ်ားလို လူအမ်ားစု လိုက္လုပ္ႏိုင္ဖို႔ ခက္ခဲႏိုင္ပါသည္။
လမ္းေလွ်ာက္ရသည္ကေတာ့ ခက္ခဲသည့္အလုပ္မဟုတ္ေခ်။ ဆိုင္ကယ္နဲ႔သြားရမည့္ေနရာကို လမ္းေလွ်ာက္သြားလို႔လည္းျဖစ္ပါက လမ္းေလွ်ာက္သြားလိုက္ပါ။ ဂိမ္းႏွိပ္တာ၊ ေဖ့ဘြတ္သုံးတာလုပ္မည့္အခ်ိန္ကို လမ္းေလွ်ာက္ျခင္းျဖင့္အစားထိုးလိုက္ပါ။
အဆုံးသတ္အေနနဲ႔ေျပာရရင္ လူအမ်ားစုသည္ ခလုတ္ထိမွ အမိတ ဆိုသလို ေနမေကာင္းတာခံစားရမွ က်န္းမာျခင္းရဲ႕တန္ဖိုးကို ေကာင္းေကာင္းနာလည္ၾကသည္။ က်န္းမာေရးမေကာင္းလွ်င္ ေငြအကုန္အက်မ်ားသည္။ အလုပ္အကိုင္ပ်က္သည္။ မိသားစုေတြစိတ္ညစ္ရသည္။ ထို႔ေၾကာင့္ က်န္းမာစဥ္ကပင္ လမ္းေလွ်ာက္ျခင္းကို မွန္မွန္လုပ္ေဆာင္ၾကပါလို႔ တိုက္တြန္းလိုက္ရပါသည္။
“ေစာေစာအိပ္လို႔၊ေစာေစာထလို႔ ေစာေစာလမ္းေလွ်ာက္ၾကပါစို႔”
Author : Dr 528
(Unicode)
ယနေ့ခေတ်သည် လျင်မြန်စွာ တိုးတက်နေသောခေတ်ဖြစ်သည့်အလျောက် တစ်နေရာနှင့်တစ်နေရာကို အချိန်တိုတိုနဲ့မြန်ဆန်စွာ ရောက်အောင်သွားနိုင်သည့် ကားများ၊ ဆိုင်ကယ်များကို အသုံးများလာကြသည်။ ထို့ပြင် ဟန်းဖုန်း၊ အင်တာနက်များလည်း လက်လှမ်းမီသော ဈေးနှုန်းများဖြင့်ပေါ်ထွက်လာရာ အင်တာနက်ကနေ ဈေးဝယ်ခြင်း၊ ဂိမ်းဆော့ခြင်း၊ ငွေလွှဲခြင်းများကိုလည်း အိမ်မှာပဲနေပြီး လုပ်ဆောင်နိုင်ကြလေသည်။
သို့သော် အရာရာတိုင်းမှာအကောင်းနဲ့အဆိုးဒွန်တွဲနေသည်ဖြစ်ရာ ခေတ်မီတိုးတက်လာတာနဲ့အမျှ ယနေ့ခေတ်လူသားများသည်လည်း ကိုယ်လက်လှုပ်ရှားမှုအားနည်းလာကြသည်။ တချို့ဆိုလျှင် အိမ်နဲ့ဈေး ဘယ်လောက်နီးနီး ခြေကျင်လမ်းလျှောက်ရမှာကို ဝန်လေးပြီး အကြောင်းအမျိုးမျိူးပြကာ ဆိုင်ကယ်နဲ့သာ သွားတတ်ကြသည်။
ယနေ့ခေတ်တွင် လူအများစုသည်စားဝတ်နေရေးအတွက် အလုပ်မအားလပ်မှုကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာသည်။ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းကြောင့် အဝလွန်ရောဂါ၊ သွေးတိုးရောဂါ ၊အရိုးအဆစ်များရောင်ရမ်းခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း တို့ကို ပိုမိုခံစားလာကြရသည်။ ထို့ကြောင့် ကိုယ်လက်လှုပ်ရှားမှုတွင် လမ်းလျှောက်ခြင်းသည် အလွယ်ဆုံးနှင့် ငွေကြေးကုန်ကျမှုမရှိသော နည်းဖြစ်သည့်အတွက် လမ်းလျှောက်သည့်အကျင့်ကို စွဲမြဲဖို့လိုသည်။
လူတစ်ယောက်ကျန်းမာသန်စွမ်းဖို့ နေ့စဉ်အနည်းဆုံးတစ်မိုင်ခန့် လမ်းလျှောက်ပေးသင့်သည်။ လမ်းလျှောက်ရာတွင် တစ်နာရီလျှင် နှစ်မိုင်နှုန်းထက်လျော့နည်းသောနှုန်းဖြင့် လျှောက်ပါက နှလုံးထိခိုက်မှုအန္တရာယ်မှ ၂၅%လျှော့နည်းနိုင်သလို သုံးမိုင်နှုန်း သို့မဟုတ် ဒီထက်ပိုသောနှုန်းဖြင့် လျှောက်ပါက ၃၆%ထိ နှလုံးထိခိုက်မှုမှ လျော့စေနိုင်ကြောင်း သုတေသနပြုချက်များအရ သိရသည်။
လမ်းလျှောက်ခြင်းဖြင့် ရရှိသောအကျိူးကျေးဇူးများကား များပြားလှပေသည်။ လမ်းလျှောက်ခြင်းသည် သွေးတိုးကျစေနိုင်သည်။ နှလုံးရောဂါကို ကာကွယ်နိုင်သည်။ အရိုးများ ကြံ့ခိုင်သန်စွမ်းစေသည်။ အဝမလွန်အောင်ထိန်းနိုင်သည်။ ကြွက်သားများသန်စွမ်းဖျတ်လတ်စေသည်။ သွေးထဲမှအဆီကျစေသည်။ သွေးတွင်းမှ သကြားဓါတ်ကျစေသည်။ အာရုံကြောများကို လန်းဆန်းရှင်သန်စေသည်။
ကျွန်တော်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်လို့ ဆေးခန်းလာပြသောလူနာများ နဲ့ အဖော်လိုက်လာသူများကို လမ်းလျှောက်ဖို့ တိုက်တွန်းသလို ကျွန်တော်ကိုယ်တိုင်လည်း လူနာပါးတဲ့အခါကျ ဆေးခန်းအပြင်ဘက်တွင် ခေါက်တုံခေါက်ပြန်လမ်းလျှောက်သည်။
တချို့ပိုက်ဆံရှိပြီး အချိန်အားတဲ့သူတွေကတော့ အားကစားရုံများသို့ သွားပြီး လေ့ကျင့်ကြသည်။ သို့သော် အချိန် အသက်အရွယ် ငွေကြေးတတ်နိုင်မှုအပေါ်မှုတည်ပြီး အဆိုပါလူများလို လူအများစု လိုက်လုပ်နိုင်ဖို့ ခက်ခဲနိုင်ပါသည်။
လမ်းလျှောက်ရသည်ကတော့ ခက်ခဲသည့်အလုပ်မဟုတ်ချေ။ ဆိုင်ကယ်နဲ့သွားရမည့်နေရာကို လမ်းလျှောက်သွားလို့လည်းဖြစ်ပါက လမ်းလျှောက်သွားလိုက်ပါ။ ဂိမ်းနှိပ်တာ၊ ဖေ့ဘွတ်သုံးတာလုပ်မည့်အချိန်ကို လမ်းလျှောက်ခြင်းဖြင့်အစားထိုးလိုက်ပါ။
အဆုံးသတ်အနေနဲ့ပြောရရင် လူအများစုသည် ခလုတ်ထိမှ အမိတ ဆိုသလို နေမကောင်းတာခံစားရမှ ကျန်းမာခြင်းရဲ့တန်ဖိုးကို ကောင်းကောင်းနာလည်ကြသည်။ ကျန်းမာရေးမကောင်းလျှင် ငွေအကုန်အကျများသည်။ အလုပ်အကိုင်ပျက်သည်။ မိသားစုတွေစိတ်ညစ်ရသည်။ ထို့ကြောင့် ကျန်းမာစဉ်ကပင် လမ်းလျှောက်ခြင်းကို မှန်မှန်လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။
“စောစောအိပ်လို့၊စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့”
Author : Dr 528