fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သစ်သီးစိမ်ရည်သောက်ရအောင်

222
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

Infused Water / Detox Water ဟု လူအများကြားတွင် ရေပန်း စားနေသော သစ်သီးစိမ်ရည်ဆိုသည်မှာ ရေသန့်တွင်သဘာဝအတိုင်းသစ်သီးဝလံများနှင့် ဆေးဖက်ဝင်အပင်များကိုစိမ်ထားပြီးသစ်သီးများ၏အနံ့အရသာပျော်ဝင်နေသောအရည်တစ်မျိုးဖြစ်ပါသည်။ထိုသို့သောသဘာဝအတိုင်းသစ်သီးဝလံများကိုစိမ်ပြီး သောက်သုံးရသည့်အတွက်ကျန်းမာရေးအတွက်လွန်စွာကောင်းမွန်သော သောက်သုံးရန်သင့်တော်သောအရည်လည်းဖြစ်ပါသည်။

ဘာလို့သစ်သီးတွေကို ရေစိမ်သောက်ကြတာလဲ
သစ်သီးများကိုရေစိမ်သောက်ရခြင်းသည် ဖျော်ရည်သောက် သကဲ့သို့အနံ့အရသာပါဝင်နေသောကြောင့် သောက်ရလွယ်ကူခြင်း၊ သောက်ပြီးလျှင်လည်း လျှာပေါ်တွင်အရသာကျန်နေခဲ့ခြင်းများ ကြောင့်ယခုနောက်ပိုင်းကာလတွင် ရေအစားသကြားဓာတ်မပါဝင် သောသစ်သီးစိမ်ရည်ကိုအသောက်များလာကြသည်။သစ်သီးအမျိုးမျိုးမှအနံ့အရသာအမျိုးမျိုးကိုပေးစွမ်းပါသည်။ အချို့သောသစ်သီး များသည် ချဉ်စူးစူးအရသာကိုဖြစ်စေပြီး အချို့သောသစ်သီးများ သည် ချိုမြိန်သောအရသာကိုပေးစွမ်းပါသည်။ သစ်သီးများကို ရေ ထဲတွင်စိမ်ခြင်းမှ ဖြစ်ပေါ်လာသောအနံ့များသည် ကျွန်တော်တို့ ထည့်သောသစ်သီးများပေါ်တွင်မူတည်ပါသည်။ ပန်းသီး၊ လိမ္မော် သီးကဲ့သို့သစ်သီးများသည် ကျွန်တော်တို့ပြုလုပ်သော သစ်သီးစိမ် ရည်ကိုရနံ့မွှေးပျံ့စေပါသည်။ စပျစ်သီးကို သစ်သီးစိမ်ရည်ထဲတွင် စိမ်ထားခြင်းသည် ရေကိုထူးခြားစွာအနံ့အရသာပြောင်းလဲမှုမဖြစ် ပေါ်စေပါ။
သရက်သီး၊ ပန်းသီးကဲ့သို့အသားထူသောအသီးများသည် ရေထဲတွင် လွယ်ကူစွာမပျော်သွားနိုင်သော သစ်သီးများဖြစ်သော ကြောင့် သေချာစွာစိတ်ခွဲ၍ထည့်သင့်ပါသည်။ဖရဲသီး၊လိမ္မော်သီးကဲ့သို့သောအသီးများသည် ရေထဲတွင်လျင်မြန်စွာပျော်သွားနိုင် သောအသီးများဖြစ်ပါသည်။ သံပရာသီး၊ လိမ္မော်သီးနှင့် ဂရိတ်ဖရု အသီးများသည်အနံ့အရသာသာမကအရောင်အဆင်းပါကောင်းမွန်စေသောသစ်သီးစိမ်ရည်ကိုပြုလုပ်၍ရသောသစ်သီးများဖြစ် သောကြောင့်သစ်သီးစိမ်ရည်လုပ်သောက်ရန်အကောင်းဆုံးသောသစ်သီးများဖြစ်ပါသည်။ကလေးသူငယ်များသည်အရောင်လှသောသစ်သီးစိမ်ရည်ကို များများသောက်လေ့ရှိကြပါသည်။

သစ်သီးစိမ်ရည်ကို ဘာကြောင့်သောက်သင့်တာလဲ
သစ်သီးစိမ်ရည်ကိုသောက်ခြင်းသည် ရေသောက်သကဲ့သို့ ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝစေရုံသာမက အရသာရော အရောင် ဆင်းပါကောင်းမွန်၍ သောက်သုံးရလွယ်ကူသော အရည်ဖြစ်ပါ သည်။ ထို့ပြင် ချိုမြိန်သည့်သစ်သီးအရသာပါဝင်သောအရည်ဖြစ် သောကြောင့် ဖျော်ရည်အစားထိုးသောက်သုံးနိုင်ပါသည်။ ထို့ပြင် ဖျော်ရည်တွင်ပါဝင်သောသကြားနှင့် ကယ်လိုရီများသည် သစ်သီး စိမ်ရည်တွင်မပါဝင်သောကြောင့် ကျန်းမာရေးနှင့်သင့်တော်သော အရည်ဖြစ်ပါသည်။
သစ်သီးစိမ်ရည်သည်သဘာဝအတိုင်းဖြစ်ပေါ်လာသော သစ်သီများနှင့်ရေသန့်ကိုသာတွဲစပ်ပြီး ဖြစ်ပေါ်လာသောကြောင့်ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးရုံသာမကဗီတာမင်ဓာတ်ဖြည့်စွမ်းပေးပါသည်။ထို့ပြင် ရေဓာတ်ကို ပြည့်ဝစေရုံသာမကအသားအရေကိုလည်း ကြည်လင်တောက်ပစေ ပါသည်။

သစ်သီးစိမ်ရည်လုပ်တဲ့အခါမှာ သစ်သီးတွေဘယ်လောက်ထည့် ရမလဲ
သစ်သီးစိမ်ရည်ပြုလုပ်ရာတွင် ဘယ်အသီးကိုဘယ်လောက် ထည့်ရမည်ဟူ၍ သတ်မှတ်ချက်မရှိပါ။ မိမိနှစ်သက်သောအရသာရှိသည့်အသီးကိုပိုထည့်၍သောက်သုံးနိုင်ပါသည်။သို့သော်ကျန်းမာရေးနှင့်ညီညွတ်၍ သောက်သုံးရန်အရသာကောင်းသောသစ်သီးစိမ်ရည်ကိုပြုလုပ်ရန် အောက်ပါအချက်များကိုသတိပြုလိုက် နာရပါမည်။
– သစ်သီးအခွံများကိုဖယ်ထုတ်၍ သစ်သီးစိမ်ရည်ကိုပြု လုပ်ရမည်။ ဥပမာ- ကျွန်တော်တို့သည် သံပရာသီးအရသာကိုနှစ်သက်သောကြောင့်သံပရာသီးကိုပိုထည့်ပြီးသစ်သီးစိမ်ရည်ကိုပြုလုပ်၍ရပါသည်။ သို့သော်သံပရာသီးအခွံကိုဖယ်ထုတ်ရန်လိုပါသည်။သစ်သီးအခွံများသည်ခါးသောအရသာကိုဖြစ်စေ သောကြောင့် သစ်သီးများကိုအခွံမဖယ်ဘဲ သစ်သီး စိမ်ရည်ပြုလုပ်ခြင်းသည် အရသာမကောင်းသော သစ်သီးစိမ်ရည်ကိုဖြစ်စေပါသည်။
– ဆေးမြစ်ပြင်းများကိုထည့်၍ သစ်သီးစိမ်ရည်ပြုလုပ် ခြင်းသည် ゞင်းဆေးမြစ်ပြင်းအားကြောင့် သစ်သီးစိမ် ရည်၏ အနံ့အရသာပြောင်းလဲသွားတတ်ရုံသာမက အာနိသင်လည်း ပြောင်းသွားတတ်သည်။ ထို့ပြင် ဆေး မြစ်များသည် သစ်သီးများနှင့် လွယ်ကူစွာရောစပ်ခြင်း မရှိပါ။

သစ်သီးစိမ်ရည်နှင့် သစ်သီးဖျော်ရည်
သစ်သီးများကိုဖျော်ရည်လုပ်သောက်ခြင်းထက် သစ်သီး စိမ်ရည်သောက်ခြင်းက ပို၍အကျိုးကျေးဇူးရှိလားဆိုသည့်အချက် မှာ စဉ်းစားစရာဖြစ်လာပါသည်။ အောက်ဖော်ပြပါအချက်များက သစ်သီးစိမ်ရည်သည်သစ်သီးဖျော်ရည်ထက်ပို၍ကျန်းမာရေးနှင့်ညီညွတ်ကြောင်း၊ သောက်သုံးရန်သင့်တော်ကြောင်း သက်သေပြနေ ပါသည်။

အရသာ
သစ်သီးစိမ်ရည်နှင့် သစ်သီးဖျော်ရည်သည် အရသာတူ ညီမှုရှိလျှင်တောင်မှ ကွာခြားချက်များပါသည်။ သစ်သီးစိမ်ရည်သည်၁၅မိနစ်ခန့်သစ်သီးများကိုရေစိမ်ပြီးနောက်သစ်သီးများမှသဘာဝအတိုင်းဖြစ်ပေါ်လာသော အရောင်အရသာများကိုရရှိပြီး သောက်သုံးနိုင်ပါသည်။ အသီးဖျော်ရည်များမှာမူ ဓာတုဆေးများ၊ အချိုများပါဝင်နေပါပြီး ၁၅ မိနစ်ကြာတွင် ရေသက်သက်၊ အသီး များသက်သက်ဖြစ်နေတတ်ပါသည်။

အရောင်အဆင်း
သစ်သီးဖျော်ရည်များထက် သစ်သီးစိမ်ရည်များ၏ အရောင်အဆင်းက ပိုမိုကောင်းမွန်ပါသည်။ ဤအချက်သည် အရေးကြီးပါသည်။ အရောင်အဆင်းကောင်းမှသာ အမြင်အရ သောက်ချင်စိတ်ကို ပိုမိုတိုးပွားလာစေမည်ဖြစ်ပါသည်။ကျွန်တော်တို့သောက်သုံးမည့်အရည်များသည် အရောင်အဆင်းကောင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သောအရည်များဖြစ်မှသာလျှငကျွန်တော်တို့သည်ထိုအရည်များကိုပိုမိုသောက်သုံးမည်ဖြစ်ပြီး ခန္ဓာကိုယ် တွင် ရေဓာတ်ပြည့်ဝနေမည်ဖြစ်ပါသည်။

ကယ်လိုရီ
လတ်ဆတ်သောသစ်သီးဖျော်ရည်များသည် အာဟာရ ဖြစ်စေသော်လည်း ကယ်လိုရီများနှင့် သကြားဓာတ်များပါဝင်နေပါ သည်။ သို့သော် သစ်သီးစိမ်ရည်သည် သစ်သီးများအပျက်အစီးမရှိ ဘဲ၊ တကယ်စားသုံးခြင်းမဟုတ်ဘဲ ၎င်းသစ်သီးများမှ အာနိသင်များ ကိုရရှိသည့်အတွက် ကယ်လိုရီပါဝင်မှုနည်းပါးသည်။ ထို့ပြင် သစ် သီးစိမ်ရည်ပြုလုပ်ရာတွင် ပါဝင်သောသစ်သီးများသည် လတ်ဆတ် သောအသီးဖျော်ရည်တစ်ခွက်၊စမူသီးတစ်ခွက်ပြုလုပ်ခြင်းတွင်ပါဝင်သောသစ်သီးပမာဏထက်နည်းသောကြောင့်သစ်သီးတွင်ပါဝင်နေသောကယ်လိုရီများသည်လည်သစ်သီးစိမ်ရည်တွင်လျော့နည်းပါသည်။ ဥပမာ- လိမ္မော်သီးဖျော်ရည်တစ်ခွက်ပြုလုပ်မည် ဆိုလျှင် လိမ္မော်သီးလေးလုံးခန့်အသုံးပြုပြီး ゞင်းလိမ္မော်သီးလေး လုံးတွင် ကယ်လိုရီ ၂၄၀ ကျော်ပါဝင်နေပါသည်။ သစ်သီးစိမ်ရည် တွင်မူ လိမ္မော်သီးသုံးစိတ်ဖြင့်သာပြုလုပ်၍ရပြီး ကယ်လိုရီပမာဏ သည်လည်း အများဆုံး ၃၁ ကယ်လိုရီသာပါဝင်ပါသည်။

ပြင်ဆင်ပြုလုပ်ခြင်း
သစ်သီးဖျော်ရည်တစ်ခွက်ပြုလုပ်ရန် အသီးဖျော်စက်ကို အသုံးပြုရန်လိုအပ်ပြီး ထိုဖျော်စက်ကိုသန့်ရှင်းစွာ ဆေးကြောရန်မှာ အနည်းငယ်ခက်ခဲပါသည်။ သို့သော် သစ်သီးစိမ်ရည်သည် မိမိရေခဲ သေတ္တာထဲတွင်မည်သည့်အသီးရှိသည်ကိုကြည့်လိုက်ပြီးထိုအသီးကိုဆေးကြောပြီးအနည်းငယ်စိတ်ခွဲ၍ ရေဘူးထဲတွင်ထည့်ထားပြီးလျှင်လွယ်ကူစွာစတင်သောက်သုံးနိုင်ပြီး ရေဘူးကိုဆေးကြောရန်မှာလည်းလွယ်ကူသောကြောင့် သန့်ရှင်း၍ကျန်းမာရေးနှင့်လည်း ညီညွတ်ပါသည်။

ရေဓာတ်ပြည့်ဝစေမှု
ရေဓာတ်ပြည့်ဝနေခြင်းသည်ကျန်းမာခြင်းသုခကိုပြည့်ဝ စေပါသည်။ သစ်သီးစိမ်ရည်သည်လည်း ရေဓာတ်ပြည့်ဝမှုကိုလွယ်ကူစွာပေးစွမ်းပါသည်။သစ်သီးဖျော်ရည်သည်လည်း ရေဓာတ် ပြည့်ဝစေသော်လည်း၎င်းသည်တစ်ကြိမ်သောက်ပြီးလျှင် နောက်တစ်ကြိမ်ချက်ချင်းသောက်လေ့မရှိပါ။ သို့သော် သစ်သီးစိမ်ရည်မှာ မူ တစ်နေ့လုံးရေအစားထိုးသောက်သုံးနိုင်သည့်အရည်ဖြစ်သည့် အတွက် ပို၍ရေဓာတ်ပြည့်ဝမှုကိုပေးစွမ်းနိုင်ပါသည်။

သစ်သီးစိမ်ရည်ကို သောက်လျှင် ဘယ်လိုအကျိုးကျေးဇူးများရနိုင်လဲ
သစ်သီးစိမ်ရည်သည်အရသာကောင်းမွန်ခြင်း၊ ကယ်လိုရီ မပါဝင်ခြင်းစသည့် အကျိုးကျေးဇူးများအပြင် အခြားသောကျန်း မာရေးနှင့်ညီညွတ်သည့်အကျိုးကျေးဇူးများစွာရှိပါသေးသည်။
– စိတ်ရွှင်လန်းခြင်း။
– ခန္ဓာကိုယ်အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း။
– အမြဲသောက်သုံးနေသောကြောင့် အစားအစာများအလွယ် တကူမစားမိခြင်း။
– သဘာဝအတိုင်း ခန္ဓာကိုယ်ရှိအဆီများကိုဖယ်ရှားပေးခြင်း။
– အစာချေစနစ်ကိုအားကောင်းစေခြင်း။
– ချွေးထွက်များချိန်တွင် ခန္ဓာကိုယ်အတွင်းအင်္ဂါများကိုမထိ ခိုက်အောင်ကာကွယ်ပေးခြင်း။
– အားကစားလုပ်ချိန်တွင် ြွကက်သားအားနည်းမှုကိုလျှော့ချ ပေးခြင်း။
– နာလန်ထချိန်တွင် အားအင်လျင်မြန်စွာဖြည့်တင်းပေးခြင်း။
– မူးဝေမောပန်းမှုကိုကာကွယ်ပေးခြင်းအစရှိသည့် အခြား သောကောင်းကျိုးများစွာရှိပါသည်။

လူသိအများဆုံးသစ်သီးစိမ်ရည်ငါးမျိုး
သစ်သီးစိမ်ရည်ပြုလုပ်ရာတွင် နှစ်သက်ရာသစ်သီးအရွက် များကို ထည့်သွင်းပြုလုပ်လေ့ရှိသော်လည်း အချို့သောသစ်သီး၊ အရွက်နှင့် ဆေးမြစ်ပင်များသည် လူသိသိပ်မများပါ။ သံပရာသီး၊ ရှောက်သီး၊ စတော်ဘယ်ရီသီး၊ပန်းသီးနှင့်လိမ္မော်သီးတို့သည်သစ်သီးစိမ်ရည်ပြုလုပ်ရာတွင်ပါဝင်တတ်သောအသီးများဖြစ်ပြီး သခွား သီး၊ ပူစီနံရွက်၊ ပင်စိမ်းရွက်၊ သစ်ကြံပိုးခေါက်နှင့် ချင်းတို့သည် သစ်သီးစိမ်ရည်ပြုလုပ်ရာတွင်ပါဝင်တတ်သော အရွက်နှင့်ဆေးမြစ် ပင်များဖြစ်ကြပါသည်။
လူအတော်များများ ပြုလုပ်သောက်သုံးလေ့ရှိသော သစ်သီး စိမ်ရည်ငါးမျိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ရှောက်သီးနှင့်ပူစီနံရွက်ရောစိမ်ထားသော သစ်သီးစိမ်ရည်
သစ်သီးစိမ်ရည်အကြောင်းလူသိများလာချိန်တွင် သောက် သုံးမှုအများဆုံးသစ်သီးစိမ်ရည်မှာ ရှောက်သီးနှင့်ပူစီနံရွက်ရောစိမ်ထားသောသစ်သီးစိမ်ရည်ဖြစ်ပါသည်။ ရှောက်သီးနှင့်ပူစီနံရွက်ရောစိမ်ထားသောသစ်သီးစိမ်ရည်သည်ရိုးရှင်းပြီးအရသာရှိသောအရည်လည်းဖြစ်ပါသည်။ ၎င်းသစ်သီးစိမ်ရည်တွင်ပါဝင်ပစ္စည်း ရှောက်သီးနှင့်ပူစီနံရွက်နှစ်မျိုးသာပါဝင်သော်လည်း ရှောက်သီး၏အချိုအချဉ်အရသာသည် ကောင်းမွန်သောအရသာကိုပေးစွမ်းနိုင် ရုံသာမက ဗီတာမင်စီဓာတ်လည်းပါဝင်ပါသည်။ ပူစီနံရွက်သည်လန်းဆန်းမှုကိုဖြစ်စေသောအရသာကိုပေးစွမ်းပါသည်။ထို့ပြင် ရှောက်သီးနှင့်ပူစီနံရွက်ရောစိမ်ထားသောသစ်သီးစိမ်ရည်ကို ဝိတ် ချရန်သောက်သုံးခြင်းသည် လွယ်ကူ၍ငွေကုန်ကြေးကျနည်းသော ထိရောက်မှုများသည့်နည်းလမ်းတစ်ခုလည်းဖြစ်ပေသည်။

၂။ ပန်းသီးနှင့်သစ်ဂျပိုးခေါက်ရောစိမ်ထားသော သစ်သီးစိမ်ရည်
ပန်းသီးနှင့်သစ်ဂျပိုးခေါက်ရောစိမ်ထားသောသစ်သီးစိမ် ရည်သည် ပန်းသီး၏ချိုသောအရသာနှင့် သစ်ဂျပိုးခေါက်အနံ့တို့ ပေါင်းစပ်ပါဝင်နေသောကြောင့် အနံ့အရသာနှင့်ပြည့်စုံသော သစ် သီးစိမ်ရည်ဖြစ်ပါသည်။ ၎င်းပန်းသီးနှင့် သစ်ဂျပိုးခေါက်ရောစိမ် ထားသောသစ်သီးစိမ်ရည်သည် Metabolism ဟုခေါ်သောကိုယ် ခန္ဓာအတွင်း ဓာတုဗေဒနည်းအတိုင်းဓာတ်ပြောင်းလဲဖွဲ့စည်းခြင်းကို အားကောင်းစေသောကြောင့် ကျန်းမာရေးကောင်းစေသည်။

၃။ သရက်သီးနှင့်ချင်းရောစိမ်ထားသော သစ်သီးစိမ်ရည်
သရက်သီးနှင့်ချင်းသည် ကိုယ်ခန္ဓာအတွင်း Metabolism ကိုအားကောင်းအောင်ပြုလုပ်ပေးပါသည်။ ချင်းသည် နေမကောင်းဖြစ်ခြင်းကိုကာကွယ်ပေးနိုင်ခြင်း၊နာကျင်ကိုက်ခဲမှုအမျိုးမျိုးကိုလည်းသက်သာစေရုံသာမက ကိုယ်ဝန်ဆောင်သည်များ အော့အန်ခြင်းနှင့် နှလုံးအမောဖောက်ခြင်းကိုလည်း သက်သာစေ ပါသည်။ ထို့ကြောင့် သရက်သီးနှင့်ချင်းရောစိမ်ထားသော သစ်သီး စိမ်ရည်ကို လူအများစုပြုလုပ်သောက်သုံးလေ့ရှိပြီး ကိုယ်ခန္ဓာတွင်းရှိ Metabolism ကို လွန်စွာအားကောင်းစေသောသစ်သီးများဖြစ်ပါ သည်။

၄။ အခွံပွလိမ္မော်သီးနှင့်စတော်ဘယ်ရီရောစိမ်ထားသော သစ်သီး စိမ်ရည်
အခွံပွလိမ္မော်သီးနှင့် စတော်ဘယ်ရီရောစိမ်ထားသော သစ်သီးစိမ်ရည်တွင်ပါဝင်သော လိမ္မော်သီးနှင စတော်ဘယ်ရီသီး တို့သည် ဗီတာမင်စီဓာတ်များစွာပါဝင်ပြီး ကိုယ်ခန္ဓာအတွင်းရှိ Metabolism ကို လွန်စွာအားကောင်းစေသောသစ်သီးများဖြစ်ပါ သည်။

၅။ ရှောက်သီးနှင့်သခွားသီးရောစိမ်ထားသော သစ်သီးစိမ်ရည်
ရှောက်သီးနှင့်သခွားသီးရောစိမ်ထားသော သစ်သီးစိမ် ရည်သည် အရသာကောင်းမွန်၍ ပါဝင်ပစ္စည်းများသည်အလွယ်တကူရရှိနိုင်သောသစ်သီးနှင့်ဟင်းသီးဟင်းရွက်များပင်ဖြစ်ပါသည်။ ရှောက်သီးနှင့်သခွားသီးသည်ခန္ဓာကိုယ်တွင်းရှိစနစ်များ ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန်ထောက်ပံ့ပေးပြီးကျွန်တော်တို့အားစိတ်ရွှင်လန်းမှုကိုလည်း ဖြစ်စေပါသည်။ ရှောက်သီးနှင့်သခွားသီးရောစိမ်ထားသောသစ်သီးစိမ်ရည်သည်လည်း ဝိတ်ချရာတွင် သောက်သုံးသင့်သော သစ်သီးစိမ်ရည်အဖြစ်လူသိများပြီး အမှန် တကယ်ပင် ထိရောက်သောနည်းလမ်းလည်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော်တို့သည် ရေကိုပုံမှန်သောက် နေရင်းနှင့်ပင် သောက်နေကျရေထဲတွင် သစ်သီး၊ အရွက်နှင့် ဆေးဖက်ဝင်အပင်များကိုစိမ်၍သောက်သုံးခြင်းသည်ကျွန်တော်တို့၏ခန္ဓာကိုယ်ခုခံအားစနစ်ကိုပို၍အားကောင်းစေ ရုံသာမက ခန္ဓာကိုယ် တွင်းရှိအဆိပ်အတောက်များကိုဖယ်ရှားပေးပြီး သတ္တုဓာတ်များကို လည်းပေးစွမ်းပါသည်။သစ်သီးစိမ်ရည်သည်ရိုးရှင်းပြီးအာဟာရများစွာလည်းပါဝင်ကာ ပြုလုပ်ရလည်းလွယ်ကူပါသည်။ ရေကရား ထဲတွင် နှစ်သက်ရာသစ်သီး၊ အရွက်အမျိုးမျိုးကိုရောစပ်ကာရေ စိမ်ထားပြီး ကျန်းမာရေးအတွက်သော်လည်းကောင်း၊ ရေအဖြစ် သော်လည်းကောင်း ရေခဲသေတ္တာထဲတွင်ထည့်ကာခန္ဓာကိုယ်ရေဓာတ်ပြည့်ဝအောင်အကြိမ်အရေအတွက်များများသောက်သုံးခြင်း ဖြင့်မိမိတို့၏ကျန်းမာရေးကိုဂရုစိုက်စောင့်ရှောက်သင့်ပါသည်။

Author – ဒေါက်တာထက်ဝေ

Previous Post

မိုးရာသီအတွင်းကျန်းမာစေဖို့

Next Post

အယ်နီညိုနှင့်ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အယ်နီညိုနှင့်ကျန်းမာရေး

ကျွန်တော်တို့တစ်တွေ သကြားဓာတ် တကယ် လျော့စားသင့်နေပြီလား

ကျန်းမာရေးအတွက် လမ်းလျှောက်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.