fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကျွန်တော်တို့တစ်တွေ သကြားဓာတ် တကယ် လျော့စားသင့်နေပြီလား

87
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကျွန်တော်တို့တစ်တွေ ဘာကြောင့်စားနေကျ အစားအစာတွေထဲက သကြားဓာတ်ကို လျှော့ချသင့်တာလဲ
သကြားသည် ကျန်းမာရေးနှင့်ပတ်သက်ပြီး ဝံပုလွေဆိုး ကြီးတစ်ကောင်ကဲ့သို့ သတင်းဆိုးဖြင့်ကျော်ကြားလာခဲ့သည်။ Medical News Today မှ ပြီးခဲ့သောနှစ်က အိုမင်းရင့်ရော်ခြင်း၊ နှလုံး သွေးကြောကျဉ်းခြင်း၊ အဝလွန်ခြင်း၊ ကင်ဆာရောဂါများနှင့်စပ် လျဉ်း၍ များစွာသောလေ့လာမှုများကို သတင်းထုတ်ပြန်ကြေညာ ခဲ့သည်။ အဆိုပါသုတေသနစစ်တမ်းများအရ ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးပညာရှင်များသည် သကြားစားသုံးမှုကိုလျှော့ချရန် နှင့် အချို့ကဆိုလျှင် သကြားလုံးဝမသုံးစွဲရန် ပြောဆိုချက်များကို တွေ့ရှိရသည်။သို့သော်လည်းသကြားကကျွန်တော်တို့ကျန်းမာ ရေးကို တကယ်ပဲဆိုးရွားစေနိုင်တာလားဆိုတာကို စမ်းသပ်စစ်ဆေး ကြည့်ကြပါစို့။

သကြားသည် ကစီဓာတ်ပုံဆောင်ခဲဖြစ်ပြီး အစားအစာ များကိုချိုမြိန်စေသည်။ သကြားအမျိုးအစားများတွင် ဂလူးကို့စ်ဆေး သကြား၊ သစ်သီးသကြား၊ နို့သကြား၊ ဆန်/ပြောင်းသကြား၊ ကြံ၊ သကြားအစရှိသည့် စားပွဲတင်သကြားများပါဝင်သည်။ ဂလူးကို့စ် ဆေးသကြား၊ သစ်သီးသကြား၊ နို့သကြား စသည့်သကြားများသည် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အစားအစာများမှတစ်ဆင့် ဖြစ်ပေါ်လာသည်။ သို့သော်လည်းကျွနုပ်တို့သည်အစားအစာများမှရရှိသောသကြားများကိုကျွနုပ်တို့ကိုယ်တိုင်သော်လည်းကောင်း၊ အစားအစာများကိုထုတ်လုပ်သူများကလည်းကောင်း အစားအစာ များတွင်ချိုသောအရသာကို ပိုမိုရရှိစေရန်ထပ်ထည့်ပြီး စားသုံးနေ ကြသည်။ သကြားကိုထပ်ထည့်ပြီးစားသုံးနေကြသော စားစရာများ တွင် အချိုရည်၊ ကိတ်မုန့်၊ ချောကလက်၊ သစ်သီးဖျော်ရည်နှင့် အချိုပွဲများပါဝင်သည်။ Cola တစ်ဘူးတွင် သကြားပါဝင်မှုသည် လက်ဖက်ရည်ဇွန်းခုနစ်ဇွန်း၊ ချောကလက်တစ်တောင့် (ပုံမှန်အရွယ် အစား) တွင်သကြားပါဝင်မှုသည် လက်ဖက်ရည်ဇွန်းခြောက်ဇွန်းမျှ ပါဝင်သည်။

သကြားများကိုထပ်ထည့်၍စားသုံးနေခြင်းကို ကျန်းမာ ရေးနှင့်ပတ်သက်သောရောဂါများ၊ ပြဿနာများကိုဖြစ်စေသည့်အကြောင်းအရာဟုလည်း သတ်မှတ်နိုင်သည်။ ယခင်လက Open Heartဂျာနယ်တွင်ပါဝင်သော MNT လေ့လာချက်အရ သကြား များကိုထပ်ထည့်၍စားသုံးခြင်းသည်ဆိုဒီယမ်ကိုပိုများလာစေပြီး သွေးတက်ခြင်းကိုပိုမိုဖြစ်စေကြောင်းတွေ့ရှိရသည်။ ရောဂါထိန်း ချုပ်ကာကွယ်ရေးဗဟိုဌာန CDC ၏ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ တွင်လေ့လာတွေ့ရှိချက်အရသကြားပါဝင်မှုမြင့်တက်ခြင်းသည် နှလုံးသွေးကြောကျဉ်းရောဂါCVD ဖြစ်ပေါ်စေပြီး သေဆုံးမှုပိုမိုများပြားလာကြောင်းတွေ့ရှိရသည်။ ထို့ပြင် သကြားပါဝင်မှုများပြား ခြင်းသည် အဝလွန်ခြင်းကိုလည်းဖြစ်ပေါ်စေနိုင်သည်။ယခုအမေရိကန်ပြည်ထောင်စုတွင်အရွယ်ရောက်ရှိပြီးသောလူဦးရေ၏သုံးပုံတစ်ပုံသည် အဝလွန်ခြင်းရောဂါကိုခံစားနေကြရပြီး လွန်ခဲ့ သောအနှစ် ၃၀ နှင့်နှိုင်းယှဉ်လျှင် ကလေးများအဝလွန်ခြင်းနှုန်း သည် ကလေးငယ်အရွယ်တွင်နှစ်ဆနှင့် ဆယ်ကျော်သက်အရွယ် တွင် လေးဆပိုမိုများပြားလာသည်။ ၂၀၁၃ ခုနှစ် The American Journal of Clinical Nutrition တွင် ဖော်ပြထားသောလေ့လာ ချက်တွင် အချိုဓာတ်များသောဖျော်ရည်များသည် ကလေးငယ်များ နှင့် လူကြီးများ၏ကိုယ်အလေးချိန်ကိုမြင့်တက်စေကြောင်း၊WHO၏စာတမ်းများတွင်အချိုဓာတ်များသော ဖျော်ရည်များကိုပိုမိုသောက်သုံးလာခြင်းသည် အဝလွန်ရောဂါကိုပိုမိုဖြစ်စေသည့်အကြောင်းအရာများနှင့်ဆက်စပ်မှုရှိကြောင်းဖော်ပြထားသည်။

ကျွနု်ပ်တို့အားလုံး သကြားကိုစွဲနေကြပြီလား
“သကြားဆိုတာ ကျွန်တော်တို့စွဲလန်းနေပြီဖြစ်သော အဆိပ်တစ်မျိုး” ဟု California-San Francisco
တက္ကသိုလ်မှ ကလေးအထူးကု Endocrinologist ဖြစ်သူ၊ The Hidden Truth About Suger ဆိုသည့် စာအုပ်ကိုရေးသားသူ ဒေါက်တာ Robert Lustig ကပြောကြားခဲ့သည်။ ၂၀ဝ၈ ခုနှစ်တွင် Princeton University မှ သုတေသနပညာရှင်များက သကြားပါဝင်မှုများသော အစာများကိုစားလေ့ရှိသောြွကက်များ၏ သကြားစားသုံးမှုကိုလျှော့ ချချိန်တွင် ၎င်းကြွက်များ၏စားသောက်မှုပုံစံ၊ အစာအပေါ်တပ်မက် မှုပုံစံနှင့် စားသုံးခြင်းတွန့်ဆုတ်မှုပုံစံ စသည့်လက္ခဏာရပ်များကို တွေ့ရှိခဲ့သည်။
“ကျွန်တော်တို့ကိုယ်တိုင် သကြားကိုဖြတ်ဖို့လိုတယ်။ ကျွန်တော်တို့အသက်ရှည်စွာနေထိုင်ဖို့အတွက် အချိုကိုလျှော့စားဖို့လိုတယ်။ကျွန်တော်တို့ကသကြားကိုအဓိကတွဲဖက်စားသုံးရတဲ့အစားအစာလိုမစားဖို့လိုအပ်တယ်” ဟု ၂၀၁၃ ခုနှစ်တွင် ဒေါက်တာ Lustig က The Guardianသတင်းစာကို ပြောကြားခဲ့သည်။

ထို့ပြင် “သင်တို့က သကြားကိုပိုမိုဝယ်ယူကြတာကို စားသောက်ကုန် လုပ်ငန်းတွေကသိလာတဲ့အခါ အဲဒီလုပ်ငန်းတွေက သကြားကို တွဲဖက်စားသုံးရတဲ့အစားအစာ လိုမျိုးထုတ်လုပ်လာကြတယ်” ဟု လည်းဆက်ပြောခဲ့သည်။

“ဒါဟာ သူတို့ရဲ့ငါးမျှားချိတ်ပဲ။ အကယ်၍ မသမာတဲ့ ထုတ်လုပ်သူတွေက ကောက်နှံနဲ့ပြုလုပ်ထားတဲ့မနက်စာတွေကိုပိုဝယ်လာအောင် မော်ဖင်းထည့်ပြီးပြုလုပ်ရောင်းချရင်သင်တို့ဘယ်လိုလုပ်ကြမလဲ၊ အဲဒီပုံစံမျိုးပဲအခုထုတ်လုပ်သူ တွေကအစားအစာတွေထဲမှာသကြားတွေကိုထည့်ပြီးထုတ်လုပ်ရောင်းချနေကြတယ်လေ” ဟု လည်း ဆက်လက်ပြောကြားခဲ့ပါသည်။

Gwyneth Paltrow သည် သူ၏လူသိများသော ဘလော့ Goop တွင် သူသကြားကိုလုံးဝဖြတ်ရန်ဆုံးဖြတ်ခဲ့သည့် အကြောင်းအရင်းများမှတစ်ခုသည် သူ၏သကြားကို စွဲလန်းမှုဖြစ် သည်ဟုဖော်ပြခဲ့သည်။
“အဓိကအချက်မှာ သကြားဓာတ်သည် တရားမဝင်မူးယစ် ဆေးဝါးများကဲ့သို့ ဦးနှောက်ထဲထိရောက်ရှိပြီး စွဲလန်းစေတတ် သည်” ဟုလည်း သူကရေးသားခဲ့သည်။ ထို့ပြင် “သကြားသည် အခြေခံအားဖြင့် အသက်သေဆုံးစေနိုင်သောအကျိုးဆက်များဖြစ် စေသည့် လူမှုရေးအရလက်ခံနိုင်သော တရားဝင်ဆေးဝါးမျိုးဖြစ် သည်” ဟုလည်းရေးသားခဲ့ပါသည်။ ကိန်းဂဏန်းတွက်ချက်မှုများ အရ ကျွနု်ပ်တို့သည်သကြားဓာတ်ကို နှစ်သက်သောလူမျိုးများဖြစ် ကြသည်။ CDC မှအစီရင်ခံစာတစ်ခု၏အဆိုအရ အမေရိကန် နိုင်ငံတွင် ၂၀ဝ၅ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်ကြားတွင် အရွယ်ရောက် သူများ၏နေ့စဉ်စုစုပေါင်းကယ်လိုရီစားသုံးမှု၁၃ရာခိုင်နှုန်းသည်သကြားများကိုထပ်ထည့်စားသုံးမှုကြောင့်ဖြစ်သည်။ ထို့အတူ ၂၀ဝ၅ ခုနှစ်နှင့် ၂၀ဝ၈ ခုနှစ်ကြားတွင် ကလေးငယ်များနှင့်ဆယ် ကျော်သက်များ၏နေ့စဉ်စုစုပေါင်း ကယ်လိုရီစားသုံးမှု ၁၆ ရာခိုင် နှုန်းသည် သကြားထပ်ထည့်စားသုံးမှုကြောင့်ပင်ဖြစ်သည်။
WHO မှသကြားစားသုံးခြင်းနှင့်စပ်လျဉ်း၍ ကျွန်တော် တို့၏နေ့စဉ်စုစုပေါင်းကယ်လိုရီစားသုံးမှုတွင် သဘာဝမှရရှိသောသကြားဓာတ်ပင်ဖြစ်စေ၊သကြားထည့်သွင်းထုတ်လုပ်ထားသောအစားအစာများမှရရှိသောသကြားဓာတ်ပင်ဖြစ်စေသကြားပါဝင် မှုသည် သကြားလုံးဝမပါဝင်သောရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထက် မပိုသင့်ကြောင်း အကြံပြုသတ်မှတ်ထားသည်။ သို့သော် အမေ ရိကန်နိုင်ငံရှိသကြားစားသုံးမှုသည် လက်ရှိ WHO မှအကြံပြု သတ်မှတ်ထားသည်ထက်ကျော်လွန်နေကြောင်းတွေ့ရှိရသည်။ ပြီး ခဲ့သည့်နှစ်တွင် Utah တက္ကသိုလ်မှ ပါမောက္ခ Wayne Potts နှင့် သူ၏လုပ်ဖော်ကိုင်ဖက်များ၏လေ့လာမှုကို MNT မှဖော်ပြ ချက်အရသတ်မှတ်ပမာဏထက်ပို၍သကြားကိုထည့်သွင်းစားသုံး ခြင်းသည်ကျန်းမာရေးကိုအန္တရာယ်ဖြစ်စေနိုင်ကြောင်းသိရှိရသည်။ ထို့ပြင်  ကြွက်များဖြင့်စမ်းသပ်ရာတွင် သက်တမ်းလျော့သွားသည်ကိုတွေ့ရှိခဲ့ကြောင်းလည်းဖော်ပြခဲ့သည်။

ကျွန်တော်တို့၏ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများမှ သကြား ဓာတ်ကို ဘယ်လိုလျှော့ချကြမလဲ
ပြီးခဲ့သောနှစ်တွင် WHO မှအကြံပြုသတ်မှတ်ထားသော သကြားဓာတ်ပါဝင်နှုန်းကို အပျက်သဘောဆောင်သော ဂယက် ရိုက်ခက်မှုများဖြစ်ပေါ်လာမှုကြောင့် ၎င်းသတ်မှတ်ချက်ကို ပြန် လည်ပြင်ဆင်ရေးဆွဲခဲ့သည်။WHO မှပြန်လည်ပြင်ဆင်ခဲ့သော လမ်းညွှန်ချက်မူကြမ်းတွင် နေ့စဉ်စုစုပေါင်း သကြားစားသုံးမှုကို၁၀ရာခိုင်နှုန်းစားသုံးနိုင်ရာမှ၅ရာခိုင်နှုန်းသာစားသုံးသင့်ကြောင်း ပြောင်းလဲသတ်မှတ်ခဲ့သည်။
၎င်းလမ်းညွှန်၏ရည်ရွယ်ချက်မှာ သကြားဓာတ်မပါဝင် သောစားသုံးမှုများသည် ကလေးငယ်များနှင့် အရွယ်ရောက်သူများ အတွက် ကြိုတင်အသိပေးခြင်းမရှိဘဲ ဖြစ်လာတတ်သောရောဂါများ ကိုလျှော့ချပေးနိုင်ရန်ဖြစ်သည်ဟု WHO ကရှင်းပြခဲ့သည်။ ထို့ပြင် ကိုယ်အလေးချိန်တက်ခြင်းနှင့် သွားများယိုယွင်းပျက်စီးခြင်း စသည့်ရောဂါများကိုကာကွယ်ရန်နှင့် ထိန်းသိမ်းရန်အတွက်လည်း အဓိကရည်ရွယ်သည်။ ထို့ပြင် အာဟာရပညာရှင်များ၊ ကျန်းမာရေး ဆိုင်ရာကျွမ်းကျင်ပညာရှင်များသာမက Gwynethကဲ့သို့ထင်ပေါ် ကျော်ကြားသူများပါသကြားဓာတ်မပါဝင်သောစားသုံးမှုဟူ၍ ခေါင်းစဉ်တပ်ထားသောရထားတွဲကြီးပေါ်တွင် လိုက်ပါပြီးဖြစ်သည်။ သို့သော် ကျွန်တော်တို့စားသုံးနေသောအစားအစာများတွင် သကြား ကိုလုံးဝမပါဘဲစားသုံးခြင်းမှာ ဖြစ်နိုင်ပါ့မလား။ ပြီးခဲ့သည့်နှစ်က The Daily Mail တွင် ယူကေနိုင်ငံ Birmingham တက္ကသိုလ် မှ ဇီဝဓာတုပညာရှင် Leah Fitzsimmons ပြောကြားခဲ့သည်မှာ “သင်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲက သကြားဓာတ်ကို ဖြတ်တောက်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ သစ် သီး၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းနဲ့ နို့ထွက်ပစ္စည်းအစားထိုး ပစ္စည်း၊ ဥအမျိုးမျိုး၊ အရက်နဲ့အခွံမာသီးတွေမှာပါဝင်နေတဲ့ သကြား ဓာတ်ကိုပဲစားသုံးနေတာဟာ အသားနဲ့အဆီတွေကိုစားသုံးနေတာ ထက်တော့ ကယ်လိုရီကိုလျော့စေပြီး ပိုကျန်းမာစေနိုင်ပါတယ်”။ ထို့ကြောင့် လူအများစုသည် သကြားအစား အချိုအရသာတုများကို ပြောင်းလဲစားသုံးလာကြသည်ဟု မနှစ်က MNT ကအစီရင်ခံ တင်ပြမှုအရသိရသော်လည်း ၎င်းချိုသောအရာများသည် ဆီးချို ရောဂါနှင့် အဝလွန်ရောဂါတို့ကို ဖြစ်စေနိုင်ပါသည်။
Nature ဂျာနယ်တွင်ဖော်ပြခဲ့သော လေ့လာမှုတစ်ခုအရ ဆေးသကြား၊ ကြံသကြားနှင့် မုံလာသကြားစသည့် အချိုအရသာ တုများသည် အစာလမ်းကြောင်းထဲသို့ ဗက်တီးရီးယားပိုးများဖြင့် ဝင်ရောက်ကာ အဝလွန်ရောဂါ၊ ဆီးချိုရောဂါများနှင့်ဆက်စပ် မှုရှိသောရောဂါများကို ပိုမိုဖြစ်လာနိုင်သည်။ ဘာတွေဆက်ဖြစ်လာ နိုင်သေးလဲဆိုပါက ကာလကြာရှည်စွာအချိုအရသာတုများကို စားသုံးခြင်းသည် ကိုယ်အလေးအချိန်မြင့်တက်ခြင်း၊ ဗိုက်ပူခြင်း၊ သွေးအတွင်းအချိုဓာတ်မြင့်တက်ခြင်းနှင့် Glycosylated hemoglobin Level ကိုတိုးလာစေနိုင်သည်။ စာရေးသူရေးသားသည် မှာ အာဟာရပြည့်ဝရန်စားသုံးမှုဆိုရာတွင် အချိုအရသာတုများကို ပိုမိုစားသုံးမှုကြောင့် အဝလွန်ရောဂါနှင့် ဆီးချိုရောဂါများဖြစ်ရခြင်း ကို ပိုမိုသိသာထင်ရှားစေသည်။ ကျွန်တော်တို့တွေ့ရှိချက်များအရ အချိုအရသာတုများသည် ရောဂါများကိုသာအဓိကဖြစ်စေပြီး သူတို့အချင်းချင်းပင် ဒုက္ခပေးလျက်ရှိသည်။

သကြားသည် ကျန်းမာမျှတတဲ့အစားအစာဖြစ်နိုင်သည်
ကျန်းမာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်အချို့က သကြားကို အပြီးသတ်စွန့်လွတ်ခြင်းအစား သကြားတွင်အကျိုးကျေးဇူးများရှိ သည့်အတွက်ကျန်းမာမျှတတဲ့ အစားအစာအဖြစ်စားသုံးနိုင်သည် ဟုယူဆကြသည်။
ကယ်လိုရီအားလုံး၏အရင်းအမြစ်ဖြစ်သော သကြားကို ကျန်းမာရေးနှင့်ညီညွတ်မျှတစွာစားသုံးနိုင်သည်ဟု ယူကေနိုင်ငံ Sugar Nutrition ဒါရိုက်တာ Alison Boyd က MNT ကိုပြော ကြားခဲ့သည်။ ထို့ပြင်သကြားကို အာဟာရဖြစ်စေသောအစားအစာ များတွင်ထည့်သွင်းစားသုံးခြင်းဖြင့် အရသာပိုမိုကောင်းလာစေပြီး ကျန်းမာမျှတသော အစာအဟာရများ စားချင်စိတ်ကိုမြှင့်တင်ပေး နိုင်သည်။ အချို့သုတေသနပညာရှင်များက ကျွနု်ပ်တို့၏ခန္ဓာကိုယ် သည် သကြားဓာတ်ကိုလိုအပ်သည်။ “သကြားဟာ ကျွနု်ပ်တို့ ခန္ဓာကိုယ်အတွက် စိတ်ကြိုက်လောင်စာတစ်ခုပါပဲ” ဟု New Haven ရှိ ယေးလ်တက္ကသိုလ်မှ ကာကွယ်တားဆီးရေးသုတေသန စင်တာ၏ဒါရိုက်တာ ဒေါက်တာ David Katz က CNNသို့ ပြော ကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့အစားအစာတွေမှာ သကြားဟာ အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နေပါတယ်။ အဆုံးသတ်မှာ ပျော် ရွှင်သောရှင်သန်နေထိုင်နေခြင်းအတွက် ကျန်းမာဖို့လိုတဲ့ အဓိက အချက်က ဘယ်အရာဖြစ်နိုင်သလဲ”။ The American Heart Association (AHA) က အကြံပြုတင်ပြထားသည်မှာ အမျိုး သမီးများသည် တစ်နေ့တွင်တစ်ရာကယ်လိုရီ (သကြားလက်ဖက် ရည်ဇွန်းခြောက်ဇွန်း)၊ အမျိုးသားများသည် တစ်နေ့တွင် ၁၅၀ ကယ်လိုရီ (သကြားလက်ဖက်ရည်ဇွန်းကိုးဇွန်း) ထက်ပို၍မစားသုံး သင့်ပါ။ လူ၏ကိုယ်ခန္ဓာရှိလုပ်ဆောင်ချက်များအတွက်လည်း ၎င်း ပမာဏထက်ပို၍ သကြားဓာတ်များမလိုအပ်ပါ။ အစားအစာများ တွင် သကြားကိုထည့်သွင်းစားသုံးခြင်းသည် ကယ်လိုရီပမာဏကို ပိုလာစေပြီး အာဟာရလည်းမဖြစ်စေပါ။ သို့သော် AHA သည် သကြားကိုလုံးဝထည့်သွင်းမစားသုံးရဟူ၍ အကြံပြုသတ်မှတ်ထား ခြင်းမျိုးမရှိပါ။

သကြားစားသုံးခြင်းကိုလျှော့ချရန် သိကောင်းစရာများ
သကြားဓာတ်သည် ကျန်းမာရေးကိုညီညွတ်မျှတအောင် လုပ်ဆောင်ခြင်းတွင် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး CDC
မှအစီရင်ခံ တင်ပြချက်တွင်ပါဝင်သည့် ဒေါက်တာ Katz ပြောသော “ကျွန်တော် တို့တစ်တွေက သကြားကိုအရမ်းစားကြတယ်” ဟူသည့်အချက်ကို ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအားလုံးနီးပါးက သဘောတူလက်ခံကြသည်။
သို့ပါ၍ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ အကြံပြုလမ်းညွှန်ချက်များအတိုင်း သကြားစားသုံးမှုကိုလျှော့ချ သင့်သည်။ AHA မှ သကြားစားသုံးမှုလျှော့ချခြင်းနှင့်ပတ်သက်၍ သိကောင်းစရာအချက်များကိုဖော်ပြထားသည်။ သင်ပုံမှန်စား သောက်လေ့ရှိသော လက်ဖက်ရည်၊ ကော်ဖီ၊ သီးနှံနှင့်ကိတ်များတွင်ထပ်ထည့်ပြီးစားလေ့ရှိသောသကြားပမာဏကို လျှော့ချရန်အချိုများသောဖျော်ရည်များအစား အချိုဓာတ်မပါဝင်သော၊ သို့မဟုတ် ကယ်လိုရီနည်းသောဖျော်ရည်များကို အစားထိုးသောက် သုံးရန်၊ အစားအသောက်တံဆိပ်များကို တစ်ခုနှင့်တစ်ခုနှိုင်းယှဉ် ပြီး သကြားဓာတ်အနည်းဆုံးသာပါဝင်သော အစားအစာများကိုသာ ရွေးချယ်စားသုံးရန်၊ကိတ်မုန့်ဖုတ်သည့်အခါတွင် ပြုလုပ်နည်းအဆင့်ဆင့်တွင်ဖော်ပြထားသော သကြားပမာဏထက်သုံးပုံတစ် ပုံကိုလျှော့ထည့်ရန်။ ချက်ပြုတ်နည်းများတွင် သကြားအစား သစ် ကြံပိုး၊ ချင်း၊ ဗာဒံသီး၊ သို့မဟုတ် ရှလကာရည်စသည့် အချဉ်အစပ် အရသာများဖြင့်အစားထိုးချက်ပြုတ်ရန် သီးနှံနှင့်အုတ်ဂျုံမှုန့်တွင် ပါဝင်သည့်သကြားကို သစ်သီးများဖြင့်အစားထိုးရန်။

လူတိုင်း သကြားစားသုံးမှုကိုလျှော့ချရန် ပိုမိုလိုအပ်လာသည်
လူတိုင်းလူတိုင်း မိမိကိုယ်တိုင် သကြားစားသုံးမှုလျှော့ချ ရန်လိုအပ်ပြီး ပါမောက္ခ Wayne Potts ၏ MNT သို့ပြောကြား ချက်အတိုင်း သကြားစားသုံးမှုလျှော့ချရန် မိမိကိုယ်တိုင်အားပေးမှု များက ပိုမိုလိုအပ်ပါသည်။ ဒေါက်တာ Boydက စားသောက်ကုန် လုပ်ငန်းများသည် အများပြည်သူများကြားတွင် သကြားလုံးဝမပါ ဝင်သောအစားအစာများနှင့် သကြားလုံးဝထပ်မထည့်ထားသော အစားအစာများကိုသာ ထုတ်လုပ်ရောင်းချပေးသင့်သည်ဟုထုတ် ဖော်ပြောဆိုခဲ့သည်။“အချိုရည်များကအရမ်းကောင်းတဲ့ဥပမာ ဖြစ်တယ်။ဘာကြောင့်လဲဆိုရင်အခုခါမှာကယ်လိုရီနည်းတဲ့၊ဒါမှမဟုတ်သကြားမပါဝင်တဲ့အချိုရည်တွေဟာ ဈေးကွက်မှာရရှိ နိုင်မှုဟာ ၆၀ ရာခိုင်နှုန်းကျော်နေပြီ” ဟု သူကဆက်လက်ပြောကြား ခဲ့သည်။
ထို့ပြင်အစားအစာများတွင်သကြားဓာတ်နည်းခြင်းသည် ကယ်လိုရီနည်းသွားသည့်အခြေအနေကို ဖြစ်ချင်မှလည်းဖြစ်ပေ မည်ဟု သူကဆက်လက်ပြောခဲ့သည်။ “အချို့ကိစ္စရပ်တွေမှာဆိုရင် ပြန်လည်ပြင်ဆင်လိုက်တဲ့ချက်ပြုတ်နည်းတွေမှာမူလထက်ကယ်လိုရီပိုများနေတတ်တာတွေကို တွေ့ရတယ်။သုတေသနစစ်တမ်း တွေအရသကြားဓာတ်များတဲ့အစားအစာတွေမှာအဆီဓာတ်နည်း နေတတ်ပြီးအပြန်အလှန်အားဖြင့်အဆီဓာတ်များတဲ့အစားအစာ တွေမှာသကြားဓာတ်နည်းနေတတ်တယ်” ဟုလည်း ဆက်လက် ပြောကြားခဲ့ပါသည်။ အဓိကအားဖြင့် သကြားဓာတ်သည် သစ်သီး များ၊ ဟင်းသီးဟင်းရွက်များနှင့် နို့ထွက်ပစ္စည်းများတွင် သဘာဝ အတိုင်းပါဝင်နေပြီး သဘာဝအတိုင်းမပြုပြင်ဘဲ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများအဖြစ်စားသုံးနိုင်သည်။ အစားအစာ များကို ဟန်ချက်ညီမျှစွာစားသုံးသင့်သည်မှာ လူတိုင်းလူတိုင်း မမေ့ သင့်သော ကျန်းမာရေးအတွက်အရေးပါသည့် အဓိကအချက်ပင် ဖြစ်သည်။

Author – ဒေါက်တာထက်ဝေ

Previous Post

အယ်နီညိုနှင့်ကျန်းမာရေး

Next Post

ကျန်းမာရေးအတွက် လမ်းလျှောက်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျန်းမာရေးအတွက် လမ်းလျှောက်ပါ

ကန်စွန်းရွက်

MERS (မားစ်)ရောဂါအန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.