(Zawgyi)
`ဆရာမရယ္ တံေထြးအၿမဲတမ္းထြက္ေနလို႔ ဘယ္လိုလုပ္ရမလဲ ဘာေၾကာင့္ျဖစ္လဲ ´ လို႔ ေမးေလ့ရွိပါတယ္။
ကြၽႏုပ္တို႔သည္ ေရာဂါပိုးမႊားကာကြယ္ရန္ႏွင့္အစာေခ်ဖ်က္မႈ ေကာင္းေစရန္ တံေထြးထြက္ေလ့ရွိပါတယ္။ မိမိစားခ်င္ေသာ အရသာရွိေသာအစာမ်ား စားရလွ်င္၊ မစားခင္ တံေထြးပုံမွန္ထက္ ပိုထြက္တတ္ပါတယ္။ အကယ္၍ တံေထြးပိုထြက္ျခင္းက အၿမဲလိုလိုျဖစ္ေနရင္ေတာ့ က်န္းမာေရးျပႆနာရွိျခင္းေတြ ျဖစ္ႏိုင္ပါတယ္။
တံေထြးသည္ အစာေခ်ဖ်က္မူျဖစ္စဥ္မွာ မျဖစ္မေနလိုအပ္ပါတယ္။ အစာမ်ား မ်ိဳခ်ရာမွာ ေခ်ာေမြ႕ေစပါတယ္။ သြားႏွင့္ခံတြင္းကို ကာကြယ္ေပးပါတယ္။ ပုံမွန္အားျဖင့္ တစ္ေန႔ကို တံေထြး တစ္လီတာႏွင့္ ႏွစ္လီတာခန႔္ထြက္ပါတယ္။
တံေထြးအမ်ားႀကီးထြက္ျခင္းသည္ ေရာဂါေၾကာင့္လည္းျဖစ္ႏိုင္သလို တျခားေသာအေၾကာင္းအရာမ်ားေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ ေရာဂါမ်ားကေတာ့ သြားအတုမ်ားရွိျခင္း ၊ေမး႐ိုးအဆစ္တြင္နာက်င္ျခင္းႏွင့္ ခံတြင္းအနာမ်ားရွိျခင္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ထို႔အျပင္ အစာအိမ္အခ်ဥ္ျပန္ျခင္း၊ အူသိမ္ေရာင္ျခင္း၊ ပိုးဝင္ျခင္း၊ အစာအိမ္ေရာင္ျခင္း၊ ကာလသားေရာဂါရွိျခင္း၊ အသက္ရႈလမ္းေၾကာင္းေရာဂါမ်ား ၊ေခြး႐ူးေရာဂါႏွင့္ နာက်င္ကိုက္ခဲေသာေဝဒနာမ်ားရွိျခင္း စသည္တို႔ေၾကာင့္ျဖစ္ႏိုင္ပါတယ္။ မ်က္ႏွာအာ႐ုံေၾကာမ်ားထိခိုက္လွ်င္လည္း တံေထြးမ်ားပိုမိုထြက္ႏိုင္ပါတယ္။ ဥပမာ Bell`s palsy
အစာအဆိပ္မိျခင္း၊ အဆိပ္ရွိေသာအေကာင္ကိုက္ျခင္းေၾကာင့္ တံေထြးပိုမိုထြက္ေစပါတယ္။ အခ်ိဳ႕ေဆးဝါးမ်ားသည္လည္း တံေထြးပိုမိုထြက္ေစပါတယ္။ (ဥပမာ Ketamine)
ေရာဂါေၾကာင့္မဟုတ္လည္း ထြက္ေစေသာအေၾကာင္းရင္းမ်ားရွိပါတယ္။ မိမိစားခ်င္ေသာ အစားအေသာက္မ်ား ေတြးျခင္း ၊ျမင္ျခင္း၊ အနံ႔ရျခင္းႏွင့္ ျမည္းစမ္းရျခင္း၊ စိတ္လႈပ္ရွားျခင္း၊ ပါးစပ္ထဲတြင္ေခ်ာေမြ႕ေသာအရာဝါးေနျခင္း ၊ ပီေကဝါးျခင္းႏွင့္ ကိုယ္ဝန္ေဆာင္ေနျခင္း စသည့္အေၾကာင္းမ်ားေၾကာင့္ တံေထြးပိုမိုထြက္ေစပါတယ္။ စိတ္လႈပ္ရွားျခင္း ႏွင့္အစားအေသာက္ေၾကာင့္ တံေထြးထြက္ျခင္းက ကုသစရာမလိုပါ။ မိမိသည္ ေရာဂါမ်ားေၾကာင့္မဟုတ္ဘဲသိသိသာသာ အလိုလိုေနရင္းတံေထြးထြက္ေနပါက သဘာဝနည္းျဖင့္ သက္သာေအာင္လုပ္ၾကည့္ပါ။
(၁)သစ္ႀကံပိုးေခါက္ကို ေရေႏြးစိမ္ေသာက္ပါ။ ပိုးမႊားကာကြယ္ၿပီး တံေထြးအထြက္ေလ်ာ့ပါတယ္။
(၂)ေလးညႇင္းပြင့္သည္လည္း တံေထြးဂလင္းမွတံေထြးထြက္ျခင္းကို ေလ်ာ့ေစသည့္အျပင္ ခံတြင္းအတြင္းရွိပိုးမႊားမ်ားေသေစႏိုင္ပါတယ္။
(၃)ဒိန္ခ်ဥ္ သည္ အစာေခ်ဖ်က္မႈ အားေကာင္းေစတဲ့အတြက္ တံေထြးအထြက္နည္းေစပါတယ္။ အစာစားၿပီးတိုင္း ဒိန္ခ်ဥ္ေသာက္ပါ။
(၄)ေရမ်ားမ်ားေသာက္ပါ။
(၅)ခ်င္းသည္ တံေထြးထြက္မ်ားျခင္းကို သက္သာေစၿပီး ပါးစပ္ထဲရွိအနာမ်ားေရာင္ရမ္းျခင္းသက္သာေစပါတယ္။
(၆)ပူစီနံအ႐ြက္ကို ပါးစပ္ထဲမိနစ္အနည္းငယ္ငုံထားျခင္းက ခံတြင္းနံ႔ဆိုးသက္သာၿပီး တံေထြးထြက္ျခင္းေလ်ာ့ေစပါတယ္။
(၇)င႐ုတ္ေကာင္းအမဲေစ့ ၂ေစ့ ၃ေစ့အမႈန႔္ေထာင္းၿပီး ပ်ားရည္တစ္ဇြန္းေသာက္ပါက တံေထြးထြက္ျခင္းေလ်ာ့ေစပါတယ္။
ေဖာ္ျပပါနည္းမ်ားျဖင့္ မသက္သာလွ်င္ တံေထြးပိုမိုထြက္ေစေသာအေၾကာင္းရင္မ်ားကို ဆရာဝန္နဲ႔တိုင္ပင္ကုသပါ။
Author : Dr.ျပည့္ရွင္း
(Unicode)
`ဆရာမရယ် တံထွေးအမြဲတမ်းထွက်နေလို့ ဘယ်လိုလုပ်ရမလဲ ဘာကြောင့်ဖြစ်လဲ ´ လို့ မေးလေ့ရှိပါတယ်။
ကျွနုပ်တို့သည် ရောဂါပိုးမွှားကာကွယ်ရန်နှင့်အစာချေဖျက်မှု ကောင်းစေရန် တံထွေးထွက်လေ့ရှိပါတယ်။ မိမိစားချင်သော အရသာရှိသောအစာများ စားရလျှင်၊ မစားခင် တံထွေးပုံမှန်ထက် ပိုထွက်တတ်ပါတယ်။ အကယ်၍ တံထွေးပိုထွက်ခြင်းက အမြဲလိုလိုဖြစ်နေရင်တော့ ကျန်းမာရေးပြဿနာရှိခြင်းတွေ ဖြစ်နိုင်ပါတယ်။
တံထွေးသည် အစာချေဖျက်မူဖြစ်စဉ်မှာ မဖြစ်မနေလိုအပ်ပါတယ်။ အစာများ မျိုချရာမှာ ချောမွေ့စေပါတယ်။ သွားနှင့်ခံတွင်းကို ကာကွယ်ပေးပါတယ်။ ပုံမှန်အားဖြင့် တစ်နေ့ကို တံထွေး တစ်လီတာနှင့် နှစ်လီတာခန့်ထွက်ပါတယ်။
တံထွေးအများကြီးထွက်ခြင်းသည် ရောဂါကြောင့်လည်းဖြစ်နိုင်သလို တခြားသောအကြောင်းအရာများကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရောဂါများကတော့ သွားအတုများရှိခြင်း ၊မေးရိုးအဆစ်တွင်နာကျင်ခြင်းနှင့် ခံတွင်းအနာများရှိခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ထို့အပြင် အစာအိမ်အချဉ်ပြန်ခြင်း၊ အူသိမ်ရောင်ခြင်း၊ ပိုးဝင်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ ကာလသားရောဂါရှိခြင်း၊ အသက်ရှုလမ်းကြောင်းရောဂါများ ၊ခွေးရူးရောဂါနှင့် နာကျင်ကိုက်ခဲသောဝေဒနာများရှိခြင်း စသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။ မျက်နှာအာရုံကြောများထိခိုက်လျှင်လည်း တံထွေးများပိုမိုထွက်နိုင်ပါတယ်။ ဥပမာ Bell`s palsy
အစာအဆိပ်မိခြင်း၊ အဆိပ်ရှိသောအကောင်ကိုက်ခြင်းကြောင့် တံထွေးပိုမိုထွက်စေပါတယ်။ အချို့ဆေးဝါးများသည်လည်း တံထွေးပိုမိုထွက်စေပါတယ်။ (ဥပမာ Ketamine)
ရောဂါကြောင့်မဟုတ်လည်း ထွက်စေသောအကြောင်းရင်းများရှိပါတယ်။ မိမိစားချင်သော အစားအသောက်များ တွေးခြင်း ၊မြင်ခြင်း၊ အနံ့ရခြင်းနှင့် မြည်းစမ်းရခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ပါးစပ်ထဲတွင်ချောမွေ့သောအရာဝါးနေခြင်း ၊ ပီကေဝါးခြင်းနှင့် ကိုယ်ဝန်ဆောင်နေခြင်း စသည့်အကြောင်းများကြောင့် တံထွေးပိုမိုထွက်စေပါတယ်။ စိတ်လှုပ်ရှားခြင်း နှင့်အစားအသောက်ကြောင့် တံထွေးထွက်ခြင်းက ကုသစရာမလိုပါ။ မိမိသည် ရောဂါများကြောင့်မဟုတ်ဘဲသိသိသာသာ အလိုလိုနေရင်းတံထွေးထွက်နေပါက သဘာဝနည်းဖြင့် သက်သာအောင်လုပ်ကြည့်ပါ။
(၁)သစ်ကြံပိုးခေါက်ကို ရေနွေးစိမ်သောက်ပါ။ ပိုးမွှားကာကွယ်ပြီး တံထွေးအထွက်လျော့ပါတယ်။
(၂)လေးညှင်းပွင့်သည်လည်း တံထွေးဂလင်းမှတံထွေးထွက်ခြင်းကို လျော့စေသည့်အပြင် ခံတွင်းအတွင်းရှိပိုးမွှားများသေစေနိုင်ပါတယ်။
(၃)ဒိန်ချဉ် သည် အစာချေဖျက်မှု အားကောင်းစေတဲ့အတွက် တံထွေးအထွက်နည်းစေပါတယ်။ အစာစားပြီးတိုင်း ဒိန်ချဉ်သောက်ပါ။
(၄)ရေများများသောက်ပါ။
(၅)ချင်းသည် တံထွေးထွက်များခြင်းကို သက်သာစေပြီး ပါးစပ်ထဲရှိအနာများရောင်ရမ်းခြင်းသက်သာစေပါတယ်။
(၆)ပူစီနံအရွက်ကို ပါးစပ်ထဲမိနစ်အနည်းငယ်ငုံထားခြင်းက ခံတွင်းနံ့ဆိုးသက်သာပြီး တံထွေးထွက်ခြင်းလျော့စေပါတယ်။
(၇)ငရုတ်ကောင်းအမဲစေ့ ၂စေ့ ၃စေ့အမှုန့်ထောင်းပြီး ပျားရည်တစ်ဇွန်းသောက်ပါက တံထွေးထွက်ခြင်းလျော့စေပါတယ်။
ဖော်ပြပါနည်းများဖြင့် မသက်သာလျှင် တံထွေးပိုမိုထွက်စေသောအကြောင်းရင်များကို ဆရာဝန်နဲ့တိုင်ပင်ကုသပါ။
Author : Dr.ပြည့်ရှင်း