fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကိုယ့် အသည်းလေး ဝနေပြီလား

185
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/07/2016
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

ကိုယ့်အသည်းလေး ဝနေပြီလား ဆိုလို့ ဆင်ခန္ဓာ ဝက်ကိုယ်လုံးနဲ့ ခင်သန္တာသက်ချိုပြုံးကို ပြေးမြင်မိကြမယ် ထင်ပါရဲ့။ တကယ်တော့ ကျွန်တော်ပြောချင်တာက ကျနော်တို့ရဲ့ ကလီစာတွေထဲက အသည်းကိုပါ။

အဲ့ဒီအသည်းလေး အဆီဖုံးလို့ ဝလာတာ၊ အသည်း အဆီဖုံးတဲ့ရောဂါဖြစ်လာတာကို ပြောချင်တာပါ။ အသည်းဆိုလို့ ကြက်အသည်း၊ ဝက်အသည်းတွေတော့ စားဖူး၊ မြင်ဖူးမယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ လူ့အသည်းဟာလည်း အမွှာနှစ်ခုရှိပြီး လူ့အင်္ဂါ အစိတ်အပိုင်းတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ သူ့ရဲ့တည်နေရာက ကျနော်တို့ရဲ့ ဝမ်းဗိုက်ညာဘက် အပေါ်ခြမ်းမှာရှိပါတယ်။ သူက ကျနော်တို့ အသက်ရှင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါပဲ။ သူနာမည်ကကို Liver ဆိုတော့ ရှင်သန်သူလို့ တိုက်ရိုက်ဘာသာပြန်ရင်တောင် ရမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူပျက်စီးရင် အသက်ဆုံးရှုံးတတ်လို့ပါပဲ။ သူ့လုပ်ဆောင်ချက်တွေကတော့ အများကြီးပါပဲ။ လုပ်ဆောင်ချက်ပေါင်း ၅၀၀ လောက်ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အဓိကတာဝန်ကတော့ ကျနော်တို့ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကနေ အာဟာရတွေ၊ ဓာတုပစ္စည်းတွေ သယ်ဆောင်လာတဲ့သွေးတွေကို စစ်ထုတ်ပေးရတဲ့ တာဝန်ပါပဲ။ အဲ့ဒီ သွေးထဲမှာပါလာတဲ့အဆိပ်တွေ၊ ဆေးတွေကိုအန္တရယ်မရှိအောင် သန့်စင်ပေးရပါတယ်။ နောင်ပြီး အစာချေဖို့၊ အဆီတွေဖြိုခွဲဖို့ သည်းချေရည်ကိုလည်း ထုတ်ပေးရပါသေးတယ်။အခုကျနော်ပြောပြမယ့်အသည်းအဆီဖုံးတဲ့ ရောဂါဆိုတာက ပြန်ပြီးကောင်းနိုင်တဲ့ရောဂါတစ်ခုဖြစ်ပြီး အသည်းဆဲလ်တွေထဲကို အဆီတွေစုပုံလာရာကနေ ဖြစ်လာတာပါ။ ဒီရောဂါဖြစ်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် အစီက ကတော့ အရက် အလွန်အကျွံ သောက်တာကြောင့် နဲ့ အဝလွန်တာကြောင့် ဖြစ်တာပါပဲ။ အရက်အလွန်အကျွံ သောက်တဲ့ အခါမှာ အသည်းထဲမှာ အရက်နဲ့ ဇီဝဓာတ်ပြုမှုတွေဖြစ်ပြီး Aldehydes လို့ ခေါ်တဲ့ အဆိပ်အတောက်တွေ ထွက်လာတာကြောင့် အသည်းအဆီဖုံးရောဂါကို ဖြစ်စေတာပါ။ဆီးချို၊ သွေးတိုး၊အဝလွန်တာ၊အစားအသောက်နဲ့ နေထိုင်မှုပုံစံကြောင့် သွေးတွင်း အဆီများနေတဲ့ အခြေအနေတွေမှာ အရက်မသောက်လည်း အသည်းအဆီဖုံးရောဂါ ဖြစ်တက်ပါတယ်။ အူရောင်တဲ့ ရောဂါတွေ၊ HIVပိုး၊ အသည်းရောင်အသားဝါစီပိုး ကူးစက်ခံရတဲ့ အခြေအနေမျိုးတွေမှာလည်း အသည်းအဆီဖုံးရောဂါ ဖြစ်တတ်ပါတယ်။ ဒီ အသည်းအဆီဖုံးတဲ့ ရောဂါက အဆီလောင်ကျွမ်းမှုဖြစ်စဉ်ရဲ့ လွှမ်းမိုးမှုနဲ့ ဆက်နွယ်နေတဲ့ ထခြားရောဂါတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ဒီအဆီလောင်ကျွမ်းမှုဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်ခဲ့ရင် အသည်းမှာအဆီတွေစုပုံပြီးတော့အသည်းအဆီဖုံးရောဂါ ဖြစ်လာပါတယ်။အရက်သောက်တာကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါနဲ့ အရက်မသောက်ဘဲဖြစ်တဲ့ အသည်းအဆီဖုံးရောဂါကိုတော့ သူ့ရဲ့ ရောဂါရာဇဝင်နဲ့သာ ခွဲခြားနိုင်မှာဖြစ်ပြီး အဆီဖုံးနေတဲ့ အသည်းဆဲလ်တွေကို ကြည့်ရင်တော့ ခွဲခြားရခက်လောက်အောင် တူနေတက်ပါတယ်။ အသည်းမှာ အဆီတွေစုပုံနေတာနဲ့ အတူ အသည်းတဖြည်းဖြည်းရောင်တာလည်း တွဲဖြစ်တက်ပါတယ်။ Steatohepatitis လို့ ခေါ်ပါတယ်။ အသည်းရောင်တာ ပိုဆိုးလာတဲ့အခါမှာ အသည်းဆဲလ်တွေက ဘောလုံးတစ်လုံးလို ပြည့်ဖောင်းလာပြီး ပျက်စီးကုန်ကြပါတယ်။ အသည်းဆဲလ်ပျက်စီးတာနဲ့ အသည်းရောင်တာတွေက Stellate cellsလို့ခေါ်တဲ့ ဆဲလ်တစ်မျိုးကို နိုးကြွစေပြီး အသည်းအမျှင်မာဖုံးတာ (hepatic fibrosis) ကို ဖြစ်စေပါတယ်။ အသည်းအမျှင်မာ ဖုံးတာများလာပြီး တဖြည်းဖြည်းပိုဆိုးလာရင် အမျှင်မာတွေက အသည်းကို ဆွဲကျုံ့လိုက်သလို ဖြစ်တာမို့အသည်းမာခြောက်တဲ့ ရောဂါ(Cirrhosis) ဖြစ်လာပါတယ်။ဒီအသည်းခြောက်တာကအဆီပမာဏနဲ့အသည်းရောင်တဲ့အခြေအနေပေါ်မူတည်ပြီးဆိုးရွားမှုနှုန်း မြင့်လာပါတယ်။ဒီအခြေအနေမှာအရက်ဆက်သောက်တယ်ဆိုရင်တော့အသည်းပျက်စီးပြီးအသက်အန္တရယ်ဖြစ်နိုင်ပါတယ်။ သွေးစစ်ကြည့်ရင် အသည်းဓာတ်ကူအင်ဇိုင်း (ALT,AST) တက်နေတက်ပါတယ်။ ALTက AST ထက် ၂ဆ များနေတက်ပါတယ်။ တီဗွီဓာတ်မှန်ရိုက်ကြည့်ရင်လည်း အသည်းအဆီဖုံးတာကို တွေ့နိုင်ပါတယ်။ CT, MRI လည်း ရိုက်ကြည့်နိုင်ပါတယ်။ အသည်းကနေ အသားစယူပြီး စစ်ဆေးကြည့်တာမျိုးလည်း လုပ်နိုင်ပါတယ်။ အသည်း အဆီဖုံးနေပြီဆိုရင် အရက်ဖြတ်ရပါမယ်။ အဆီများတဲ့ အစားအစာတွေ ရှောင် ရပါမယ်။ တိရစ္ဆာန်အဆီ လုံးဝမစားသင့်ပါဘူး။ ငါးကြီးဆီကိုတော့ စားနိုင်ပါတယ်။ ဆီကြော်တွေ မစားသင့်ပါဘူး။ အသည်း အဆီဖုံးရောဂါဖြစ်နေတဲ့သူရဲ့ ၁၀ရာခိုင်နှုန်းဟာ အသည်းဆဲလ်ကင်ဆာ Hepatocellular Carcinoma အဖြစ်ကို ကူးပြောင်းသွားနိုင်ပါတယ်။ အရက်သောက်လို့ဖြစ်တဲ့သူမှာ အရက်မသောက်တဲ့သူထက် ပိုပြီး ဖြစ်နိုင်ခြေရှိပါတယ်။ ဖြစ်နေတဲ့အရွယ်အစား၊ အဆင့်၊ ထိခိုက်မှုအပေါ်မှာ မူတည်ပြီးတော့ အသည်းကင်ဆာရဲ့ကုသမှုနဲ့ ပျောက်ကင်းနိုင်ခြေ ကွာခြားနိုင်ပါတယ်။ အသည်းအစားထိုးတာ၊ ခွဲစိတ်တာ၊ ဆေးသွင်းတာ၊ ဓာတ်ကင်တာမျိုးနဲ့ ကုသလို့ရပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောရရင် ကျွန်တော်တို့မြန်မာနိုင်ငံလို အရက်သေစာ၊ အဆီ၊ ဆီကြော်မုန့်တွေ အစားများတဲ့နိုင်ငံမှာ ဒီအသည်း အဆီဖုံးတဲ့ ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာနေတာမို့ အရင်ကမသိလို့ စားခဲ့၊ သောက်ခဲ့မိရင် အခုလိုသိပြီးနောက်မှာ အစားအသောက်ကို ဆင်ခြေကြလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ကိုယ့် အသက်ကို သမျှောရင်၊ ကျန်းမာစေချင်ရင် ကိုယ့်ရဲ့အသည်းလေးကို ၀ မလာအောင်ဂရုတစိုက်နဲ့ အမြတ်တနိုး ထိန်းသိမ်းကြပါလို့ ပြောကြားရင်း ကျနော့်ရဲ့ “ကိုယ့်အသည်းလေး ၀ နေပြီလား” ဆိုတဲ့ ဆောင်းပါးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါရစေဗျာ။ ။
AUTHOR – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)

#Health Care Journal Vol:-7, No -27

Previous Post

ဇီကာ (Zika) ဗိုင်းရပ်

Next Post

မရှိမဖြစ်ရေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မရှိမဖြစ်ရေ

ဦးနှောက်အားကောင်းစေရန်

ဘဝအပေါ်ပျော်ရွှင်ကျေနပ်မှု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.