fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

MERS (မားစ်)ရောဂါအန္တရာယ်

103
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2016
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

ယနေ့ကမ္ဘာပေါ်ရှိလူသားအားလုံး၏အသက်အန္တရာယ်ကိုခြိမ်း ခြောက်လျက်ရှိသော ကြောက်စရာကောင်းသည့်ရောဂါများသည် တစ်မျိုးပြီးတစ်မျိုး ဤကမ္ဘာကြီးသို့ ထူးဆန်းစွာရောက်လာနေကြ သည်။ လူ့အသက်ပေါင်းများစွာကိုနုတ်ယူသွားရုံသာမကလူသားတို့ကိုစိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနာကျင်မှုအမျိုးမျိုးကိုပေးနေ ပေသည်။ ထိုသို့ ဒုက္ခအမျိုးမျိုးပေးနေသောရောဂါဆိုးကြီးများ အနက် မားစ်ရောဂါသည် ယခုလက်ရှိကာလတွင် လူအများကို ကြောက်ရွံ့ထိတ်လန့်စေသောရောဂါဖြစ်နေပေသည်။

မားစ်ရောဂါဆိုတာဘာလဲ
Middle East Respiratory Syndrome (MERS) ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ် သည်။ ထိုရောဂါသည် Middel East Respiratory Syndrome Coronavirus ၊ သို့မဟုတ် MERS-CoVဟု ခေါ်သည့်ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်ရခြင်းဖြစ်ပါသည်။ ထိုဗိုင်းရပ်စ်ကို ၂၀၁၂ ခုနှစ် ဆော်ဒီအာရေဗျနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည်။ ၎င်းဗိုင်းရပ်စ်ပိုး သည် ယခင်ကတွေ့ရှိခဲ့သည့် အခြားသော Coronaviruses များ နှင့်ကွဲပြားသည်။ မားစ်ရောဂါပိုးသည် ဆားစ် (SARS) ရောဂါ ပိုးထက် ပြန့်ပွားမှုနှေးသော်လည်း H5N1
ရောဂါပိုးထက်ပြန့်ပွား မှုပိုမြန်သည်။
၂၀၁၄ ခုနှစ်၊ မေလတွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံပေါင်း ၁၇ နိုင်ငံ၌မားစ်ရောဂါဖြစ်ပွားမှု ၄၂၅ ခုကျော်ရှိခဲ့သည်။ ထိုအချိန်က မားစ်ရောဂါဖြစ်ပေါ်နေသောနိုင်ငံများမှာ အရှေ့အလယ်ပိုင်းဒေသ တွင် ယော်ဒန်မြစ်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ယီမင်နိုင်ငံ၊ ဥရောပတိုက် တွင် ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ အီတလီနှင့် အင်္ဂလန်နိုင်ငံ၊ အာဖရိက တိုက်တွင် အီဂျစ်နှင့် တူနီးရှားနိုင်ငံ၊ အာရှတိုက်တွင် မလေးရှား၊ ဖိလစ်ပိုင်နှင့် မြောက်အမေရိကတိုက်တွင် အမေရိကန်နိုင်ငံတို့ ဖြစ်သည်။
ယခု ၂၀၁၅ ခုနှစ်တွင် WHO ကထုတ်ပြန်ချက်အရ မားစ်ရောဂါသည် နိုင်ငံပေါင်း ၂၄ နိုင်ငံအထိဗိုင်းရပ်စ်ပြန့်ပွား လျက်ရှိသည်။ လူတို့တွင် ဗိုင်းရပ်စ်ပိုးဖြစ်ပွားနေမှုမှာ တစ်ထောင် ကျော်ခန့်ရှိပြီး မားစ်ရောဂါကြောင့် သေဆုံးသူလူပေါင်းလေးရာ ကျော်ရှိနေပြီဖြစ်သည်။မားစ်ရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံမှာ ဆော်ဒီအာရေဗျနိုင်ငံဖြစ်ပြီး ဒုတိယဖြစ်ပွားမှုအများဆုံးနိုင်ငံမှာ တောင်ကိုရီးယားနိုင်ငံဖြစ်သည်။

မားစ်ရောဂါပိုး (MERS-COV) ဘယ်ကစတင်ခဲ့လဲ
မားစ်ရောဂါပိုးသည် အာရေဗျပန်နီဆူလာဒေသတွင်းရှိ တိရစ္ဆာန်များမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူသားများအပြင်မားစ်ရောဂါပိုးများကို နိုင်ငံအနှံ့အပြားရှိကုလားအုတ်များတွင်တွေ့ရှိရပြီးထိုကုလားအုတ်များမှတစ်ဆင့်လူသားများကိုကူးစက်ခြင်းဖြစ်နိုင်သည်။မည်သို့ပင်ဆိုစေကာမူကုလားအုတ်များအပြင်မည်သည့်တိရစ္ဆာန်များသည်မားစ်ရောဂါပိုးပြန့်ပွားမှုတွင်ပါဝင်နေသည်ကိုလေ့လာဆန်းစစ်ရန် လိုအပ်နေပါသေးသည်။
ရောဂါလက္ခဏာအခြေအနေများ
မားစ်ရောဂါပိုးကူးစက်ခံရသောလူအတော်များများသည် ဆိုးရွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာကို ခံစားရသည့်အပြင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူကျပ် ခြင်း စသည့်ဝေဒနာများကိုခံစားရသည်။
မားစ်ရောဂါဖြစ်သောလူဆယ်ယောက်တွင် သုံးလေး ယောက်လောက်သည် အသက်သေဆုံးလျက်ရှိသည်။မားစ်ရောဂါပိုးကူးစက်ခံရသူသည် စစချင်းတွင် ရောဂါလက္ခဏာမပြသောအနေ အထား၊သို့မဟုတ်သာမန်အအေးမိ၊ နှာစေးစသောရောဂါလက္ခဏာသာရှိတတ်ပြီးတဖြည်းဖြည်းချင်းဆိုးရွားသောအသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါများဖြစ်ပေါ်လာပြီး နောက်ဆုံးတွင်အသက် သေဆုံးသည်အထိဖြစ်လေ့ရှိသည်။ အဆုတ်ရောင်ရောဂါကဲ့သို့ ရောဂါလက္ခဏာသည် မားစ်ရောဂါလက္ခဏာဖြစ်နိုင်သည်။ သို့သော် အဆုတ်ရောင်ရောဂါလက္ခာတိုင်းတော့ မားစ်ရောဂါလက္ခဏာဟု သတ်မှတ်၍မရ။ ဝမ်းပျက်၊ ဝမ်းလျှော စသည့် အစာအိမ်နှင့် အူ လမ်းကြောင်းရောဂါလက္ခဏာသည်လည်း မားစ်ရောဂါကိုဖြစ်စေ သည့်လက္ခဏာရပ်များဖြစ်နိုင်သည်။မားစ်ရောဂါပိုးများသည်သက် ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများနှင့် ဆီးချို၊ သွေးချိုရောဂါ၊ အဆုတ်ရောဂါ၊ ကင်ဆာရောဂါစသည့်ရောဂါပြင်းရှိသူများကိုကူး စက်ခံရပါက သာမန်လူမားစ်ရောဂါကူးစက်ခံရမှုထက်ပို၍ပြင်း ထန်သောရောဂါဝေဒနာကိုခံစားရလေ့ရှိသည်။

မားစ်ရောဂါပိုးတွေ ဘယ်လိုပြန့်ပွားနေလဲ
မားစ်ရောဂါပိုးသည် အခြားသော Coronaviruses များကဲ့သို့ အသက်ရှူထုတ်ခြင်းမှတစ်ဆင့် ကူးစက်ပါသည်။ ဥပမာ- ရောဂါပိုးရှိသူ ချောင်းဆိုးနေသောနေရာအနီးရှိလူများအားလုံးကို ကူးစက်နိုင်သည်။ သို့သော်လည်း လက်ရှိအချိန်ထိ မားစ်ရောဂါ ပိုးမည်သို့ပြန့်ပွားနေသည်ကို တိတိကျကျမသိရှိကြသေးပါ။
မားစ်ရောဂါပိုးသည် ရောဂါရှိသူနှင့်အတူနေထိုင်ခြင်း၊ အကာအကွယ်မဲ့ပြုစုစောင့်ရှောက်ခြင်းမှတစ်ဆင့်အလွယ်တကူကူးစက်လေ့ရှိသည်။ထို့ပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးသော ဆေးရုံများတွင်လည်း အခြားသောသူများကို ကူးစက်ပြန့်နှံ့လျက်ရှိ သည်။

ကုသရန်ဆေးရှိပြီလား
ယခုလက်ရှိအချိန်ထိ မားစ်ရောဂါပျောက်ကင်းအောင် ကုသနိုင်သောဆေးမရှိသေးပါ။ သို့သော် အမေရိကန်အမျိုးသားကျန်းမာရေးတက္ကသိုလ်များကမားစ်ရောဂါကိုကုသနိုင်သောဆေးကိုရှာဖွေဖော်ထုတ်လျက်ရှိသည်။

ကုသနည်းတွေ ရှိနေပြီလား
မားစ်ရောဂါကူးစက်ခံရခြင်းအတွက် သေချာသောကုသရန် နည်းလမ်းမရှိသေးပါ။ တစ်ဦးတစ်ယောက်ချင်းစီဖြစ်ပေါ်သောလက္ခဏာပေါ်မူတည်၍နာကျင်မှုဝေဒနာသက်သာရန်ကုသပေး နိုင်သည်။ ပြင်းထန်သောရောဂါလက္ခဏာခံစားနေသူများဆိုပါကခန္ဓာကိုယ်အတွက်အဓိကအရေးကြီးသောအတွင်းကလီစာအစိတ်အပိုင်းများကိုဦးစားပေးကုသသောကုသနည်းကိုသာအသုံးပြုနေ ကြရသည်။

မိမိကိုယ်ကို မားစ်ရောဂါအန္တရာယ်ကဘယ်လိုကာကွယ်ကြမလဲ
CDCကမားစ်ရောဂါအန္တရာယ်မှကာကွယ်ရန် နေ့စဉ်လုပ် ဆောင်သင့်သည့်အမူအကျင့်များကို အောက်ပါအတိုင်းအကြံပြုပေး ထားသည်။
– မိမိတို့၏လက်များကို စက္ကန့် ၂၀ လျှင် တစ်ကြိမ်ဆေးကြော သန့်စင်ရမည်။ ကလေးငယ်များကို ထိုနည်းတူပင် ဆေး ကြောသန့်စင်ပေးရမည်။အကယ်၍ လက်ဆေးရန်ဆပ်ပြာ ကိုအလွယ်တကူမရရှိနိုင်ပါက အရက်ပြန်ပါဝင်သော Hand Sanitizer များဖြင့် ဆေးကြောသန့်စင်ရမည်။
– ချောင်းဆိုးတိုင်း၊ နှာချေတိုင်း တစ်ရှူးကိုအသုံးပြု၍ ပါးစပ်၊ နှာခေါင်းများကိုအုပ်ထားရမည်။ ပြီးလျှင် အမှိုက်ပုံးထဲကို ထိုတစ်ရှူးများကိုလွှင့်ပစ်ရမည်။
– လက်မဆေးဘဲ မျက်စိ၊ နှာခေါင်းနှင့်ပါးစပ်များကိုကိုင်တွယ် ခြင်းများကိုရှောင်ရမည်။
– ဖျားနေသောသူများကို နမ်းခြင်းနှင့် ပန်းကန်၊ ခွက်များကို ခွဲဝေသုံးစွဲခြင်းကိုရှောင်ရမည်။
– မကြာခဏထိတွေ့လေ့ရှိသောအရာများ၊ (ဥပမာ- တံခါး လက်ကိုင်များ) ကို ပိုးသတ်ဆေးဖြင့်မကြာခဏသန့်ရှင်း ရမည်။
ထို့ပြင် မားစ်ရောဂါကိုကာကွယ်ရန် အောက်ပါအချက် များကိုလည်းလိုက်နာရမည်။
– လယ်တော၊ ကျီ၊ ဈေးနှင့်တိရစ္ဆာန်များရှိသောနေရာများကို သွားပါက ထိုတိရစ္ဆာန်များကိုမကိုင်မီရော ကိုင်ပြီးသည့် အချိန်မှာပါ လက်ကိုဆေးကြောသန့်စင်ရမည်။
– ဖျားနာနေသောတိရစ္ဆာန်များအနားကို မသွားသင့်ပါ။ နှာခေါင်းအုပ်များကိုအသုံးပြုရမည်။ သန့်ရှင်း၍သက် သောင့်သက်သာရှိသောအကျႌလက်ရှည်များကိုသာ ဝတ် သင့်သည်။
– အသားစိမ်း၊ ငါးစိမ်းများကလည်း မားစ်ရောဂါပိုးကို လူသား တို့ထံကူးစက်စေနိုင်သောကြောင့် မကျက်သေးသောအသား များစားသုံးခြင်းကို ရှောင်ရမည်။
– အသားငါးနှင့် နို့တို့သည် လူတို့အတွက်အာဟာရဖြစ်စေ သော်လည်း အသားများ၊ နို့များကို ကောင်းစွာကျက်သည် အထိချက်ပြုတ်ပြီးမှသာ စားသောက်သင့်ပါသည်။

မားစ်ရောဂါကူးစက်ခံရပြီလို့ထင်ရင် ဘာတွေလုပ်ကြမလဲ
အကယ်၍ သင်သည် မားစ်ရောဂါဖြစ်ပွားမှုများသောနေရာ ဒေသသို့သွားရောက်ပြီး ၁၄ ရက်အကြာတွင် ချောင်းဆိုးခြင်း၊သို့မဟုတ်အသက်ရှူကျပ်ခြင်းစသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဝေဒနာခံစားလာရပါက နီးစပ်ရာဆရာဝန်ထံသွား ရောက်၍ မိမိသည် မည်သည့်ဒေသသို့ မည်သည့်အချိန်တွင် သွား ရောက်ခဲ့သည်၊မည်သို့သောသူများနှင့်ဆက်သွယ်ခဲ့ရသည်စသည် ဖြင့်ပွင့်လင်းစွာပြောဆို၍ကျန်းမာရေးစစ်ဆေးမှုများကိုချက်ချင်း ပြုလုပ်သင့်ပါသည်။သာမန်ဖျားနာခြင်းသာဖြစ်လျှင်လည်းအဖျား ရောဂါပိုးများမပြန့်ပွားစေရန်အလုပ်၊သို့မဟုတ် ကျောင်းသွားခြင်း၊လမ်းထွက်ခြင်းများကိုရှောင်ကြဉ်၍မိမိနေအိမ်တွင်သာ ကောင်း စွာအနားယူသင့်ပါသည်။
ယနေ့ကမ္ဘာကြီးတွင် မားစ်ရောဂါပိုးကူးစက်ခံရသူများ၏ ၃၆ ရာခိုင်နှုန်းသည် အသက်သေဆုံးနေကြရသည်။ကုလားအုတ်များသည်မားစ်ရောဂါပိုးစတင်ဖြစ်စေသောအဓိကနေရာဖြစ်သော် လည်းလက်ရှိအချိန်တွင်လူအချင်းချင်းကူးစက်မှုကြောင့်သာကမ္ဘာတစ်ဝန်းတွင်ပျံ့နှံ့လာခြင်းဖြစ်သည်။ ရောဂါပိုးရှိသူကိုအကာအကွယ်မဲ့ပြုစုစောင့်ရှောက်ခြင်း၊ ရောဂါဖြစ်နေသူနှင့်နီးကပ်စွာနေလျှင် ရောဂါပိုးကူးစက်ရန်မလွယ်ကူသော်လည်း ကုရာနတ္ထိဆေးမရှိဖြစ် နေသေးသော မားစ်ရောဂါကာကွယ်နိုင်ရန်မှာ မိမိနှင့်မိမိပတ်ဝန်း ကျင်ကိုကိုယ်တိုင်စောင့်ရှောက်ခြင်းနှင့်မားစ်ရောဂါအကြောင်းဗဟုသုတများကိုဖြန့်ဝေပေးခြင်းဖြင့်ကာကွယ်ရန်မှာ အကောင်းဆုံး နည်းလမ်းပင်ဖြစ်ပေတော့သည်။

AUTHOR – ဒေါက်တာထက်ဝေ

Previous Post

ကန်စွန်းရွက်

Next Post

ဇီကာ (Zika) ဗိုင်းရပ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဇီကာ (Zika) ဗိုင်းရပ်

ကိုယ့် အသည်းလေး ဝနေပြီလား

မရှိမဖြစ်ရေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.