fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဘယ်လိုလူတွေ မသန်စွမ်းဖြစ်နိုင်ပါသလဲ

174
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/07/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကျွနု်ပ်တို့ နေစဉ် သွားလာလှုပ်ရှားနေတဲ့ လူနေမှုဘဝထဲမှာ မသန်စွမ်းသူတော်တော်များများကို တွေ့ဖူးကြပါလိမ့်မယ်။ မသန်စွမ်းဆိုတာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကြောင့် လူတစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်ဆောင်နိုင်တာ၊ အမြင်အကြား အစရှိတဲ့ အာရုံခံစွမ်းတွေ ချို့ယွင်းသွားတဲ့ အခြေအနေကို ခေါ်ပါတယ်။ မသန်စွမ်းဆိုတဲ့နေရာမှာလည်း ပုံသဏ္ဍန်မျိုးစုံ ရှိတတ်ပါတယ်။ ကိုယ်လက်အင်္ဂါမပြည့်စုံတာ ၊ ပြည့်စုံသော်ငြား မသန်စွမ်းတာ ၊ အမြင်အာရုံချိုတဲ့တာ ၊ အကြားအာရုံချိုတဲ့တာ တွေ ရှိသလို ဉာဏ်ပညာချိုတဲ့တာတွေ စိတ်မကျန်းမာတွေအထိ ကွဲကွဲပြားပြားရှိနေပါတယ်။

ဘာကြောင့် မသန်စွမ်းဖြစ်ရတာလဲ ။ လူတိုင်းတော့ ပြည့်စုံကျန်းမာသော ဘဝကိုလိုချင်သည်သာ။ အချို့ မသန်စွမ်းမှုများဟာ မွေးရာပါ မသန်စွမ်းအနေဖြင့် မွေးဖွားလာကြပြီး အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဘဝကို ရောက်ရှိသွားရခြင်းဖြစ်တယ်။ အချို့သောမွေးရာပါ မသန်စွမ်းအနေနဲ့ ကြီးပြင်းလာကြသူတွေဟာ မိသားစုထဲမှာ နှိမ့်ချဆက်ဆံခံရခြင်းတွေ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ ခွဲခြားဆက်ဆံခြင်းတွေ ခံစားရတတ်ပါတယ်။ ထိုကလေးတွေဟာ မိမိကိုယ်မိမိ သိမ်ငယ်စိတ်တွေဝင်ပြီး လူမှုအသိုင်းအဝိုင်းနဲ့ ကင်းဝေးသွားတာမျိုးတွေ ပညာကို ဆုံးခန်းတိုင်အောင် မသင်တော့ဘဲ လမ်းပေါ်မှာတင် ဘဝကို ကုန်ဆုံးသွားတာတွေ ဖြစ်သွားတတ်ပါတယ်။

အချို့မိဘတွေကတော့ မိမိကလေး ဉာဏ်ရည်မမှီ ဖွံဖြိုးမှု နှေးကွေးလွန်းတဲ့ မသန်စွမ်းလေးဖြစ်တယ်လို့ ရှင်းပြလိုက်တာနဲ့ကို ဆေးရုံမှာ ကလေးကို စွန့်ပစ်ခဲ့တဲ့ မိဘတွေလည်း စာရေးသူအနေနဲ့ များစွာတွေ့ဖူးပါတယ်။ စာနာနားလည်စိတ်အပြည့်အဝရှိတဲ့ အသိုင်းအဝိုင်းမှာ မွေးဖွားလာတဲ့ မသန်စွမ်းသူများအဖို့တော့ စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် ဘဝကို ရုန်းကန်ရင်း အောင်မြင်မှုတွေ ရရှိသွားတာတွေလည်း အများကြီးပင်။ ဘဝတကွေ့မှာ ကံဆိုးမိုးမှောင်ကျပြီး မသန်စွမ်းဖြစ်သွားရသူတွေလည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလျှက်ရှိနေပါတယ်။

မသန်စွမ်းဖြစ်ပွားမှုတွေဟာ လုပ်ငန်းခွင် မတော်တဆဖြစ်ပွားမှုတွေ ၊ ယာဉ်မတော်တဆဖြစ်ပွားမှုတွေ ကြောင့် အဖြစ်များတယ်လို့ လူတော်တော်များများ သိထားကြပေမယ့် အဓိကဖြစ်ပွားစေတဲ့ တရားခံကတော့ နာတာရှည်ရောဂါကြောင့်ပဲ ဖြစ်ပါတယ် ။ အဆစ်ရောင်ရမ်းရောဂါ( သွေးလေးဖက်နာ) ဟာ မသန်စွမ်းခြင်းကို ဖြစ်ပွားစေတဲ့ အဓိက တရားခံပါပဲ။ အဆစ်ရောင်ရမ်းရောဂါ ခံစားနေရသူ ၃ ပုံ ၁ပုံဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်ဘဲ မသန်စွမ်းဘဝကို ရောက်ရှိသွားနိုင်ပါတယ်။

မသန်စွမ်းခြင်းကို ဖြစ်စေတဲ့ နောက်ရောဂါတွေကတော့ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်ခြင်းတွေပဲ ဖြစ်ပါတယ်။ ကင်ဆာရောဂါကိုယ်တိုင်က အာရုံကြောတွေကို ဖိပြီး မသန်စွမ်းဖြစ်နိုင်သလို ခွဲစိတ်ကုသမှုတွေ ၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ပုံမှန်လှုပ်ရှားမှု မပြုနိုင်တော့တာတွေ ရှိလာနိုင်ပါတယ်။ စိတ်ကျရောဂါနဲ့ အခြားစိတ်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

ဆီးချိုရောဂါ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲတွေ အနေနဲ့ လည်း အမြင်အာရုံ ချို့ယွင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကျယ်လောင်တဲ့ အသံတွေကို အချိန်ကြာကြာနားထောင်တာ ၊ နားပိုးဝင်တာတွေကြောင့်လည်း အကြားအာရုံကို ချို့ယွင်းစေနိုင်ပါတယ်။ မသန်စွမ်းလူတွေဟာ မိမိကျင်လည်ရာဝန်းကျင်ကနေ အပြင်ကို ထွက်ရမှာတွေကို စိုးရွံတတ်ကြပါတယ်။ အထူးသဖြင့် မွေးရာပါ သန်စွမ်းပြီး အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်သွားရတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ခြားနားသွားတဲ့ ပတ်ဝန်းကျင်အနေအထားတွေ ကလည်း သူတို့ကို အခက်တွေ့စေမှာ အမှန်ပါ။

ဒီအခြေအနေရောက်လာပေမယ့်လည်း ဘဝကို လက်မလျော့ဘဲ ဇွဲနဲ့ ဆက်ကြိုးစားလို့ အောင်မြင်မှုကို ရရှိသွားတဲ့ လူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ စုစုပေါင်းရဲ့ ၂.၃% ခန့်ဟာ မသန်စွမ်းမှုတွေကို ခံစားရလျှက်ရှိပါတယ်။ ထိုအထဲက ၆၈.၂% ခန့်ဟာ ကိုယ်လက်အင်္ဂါ မပြည့်စုံတာ မသန်စွမ်းတာဖြစ်ပြီး ၁၃.၃% ဟာ အမြင်အာရုံမသန်စွမ်းခြင်း ၁၀.၄% ဟာ အကြားအာရုံမသန်စွမ်းခြင်း ၈.၁% ဟာ ဉာဏ်ပညာချို့ယွင်းခြင်းတွေ ခံစားနေရပါတယ်။ ဒီပမာဏဟာ မနည်းလှပါဘူး။

အဓိကကတော့ ရောဂါဖြစ်လျှင် စနစ်တကျ ကုသမှုမရှိခြင်းတွေ ၊ လုပ်ငန်းခွင် လုံခြုံမှု နည်းပါးခြင်းတွေ ၊ စည်းကမ်းမဲ့ခြင်းတွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါတစ်ခုဖြစ်ရင် စနစ်တကျ ဆေးကုသဖို့ တိုက်တွန်းရင်း စည်းကမ်းလိုက်နာပြီး ဘေးကင်းလုံခြုံတဲ့ ဘဝကို ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Author : Dr.မေ

Previous Post

အာသီးေရာင္တယ္ဆိုတာ

Next Post

အဖျားရောဂါနဲ့ အစားအသောက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
605

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဖျားရောဂါနဲ့ အစားအသောက်

အစာမစားရင် ကမ္ဘာခြားလိမ့်မယ်

ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေမှာ ဘာတွေလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.