fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အသက်ရှည်ရန် အသီးအရွက်များများစားပါ

359
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/07/2017
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Unicode)

အသီးအရွက်များများစားသူများသည် အသက်ရှည်ကြပါသည်။ လုံးဝမစားသူများထက် အသက် သုံးနှစ်ခန့် ပိုရှည်ကြပါသည်။ အသီးအရွက် များများစားခြင်းကြောင့် သွေးထဲတွင် ကယ်ရော့တင်းနွိုက် ဟုခေါ်သော အာဟာရဓာတ် အများဆုံး ရရှိပြီး အသက်ရှည်သည့် အခွင့်အလမ်း ပိုများနိုင်ပါသည်။ ထို့ကြောင့် နေ့စဉ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို မျှတစွာ စားရန်လိုအပ်ပါသည်။

အရိုးကျန်းမာရေး
အသီးအရွက်စားသုံးခြင်းသည် အရိုးများ၏ ကြံ့ခိုင်ကျန်းမာရေးကို ကောင်းမွန်စေပါသည်။ အရိုးပါး၊ အရိုးပွရောဂါကို ကာကွယ်ပေးပါသည်။ ဟင်းသီးဟင်းရွက် (ဥပမာ- ချဉ်ပေါင်ရွက်၊ ဆူးပန်းရွက်၊ ကင်းပွန်းချဉ်ရွက်၊ တမာရွက်၊ ဥသျှစ်ရွက်၊ မြင်းခွာရွက်၊ ကင်းပုံရွက်နှင့် မုန်ညင်းရွက်) များတွင် အရိုးကျန်းမာရေးအတွက် ကောင်းမွန်သော ကယ်လ်စီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါသည်။ထို့အပြင် အစိမ်းရောင် ဟင်းသီးဟင်းရွက်များတွင် မဂ္ဂနီစီယမ်ဓာတ်ပါဝင်ပြီး အရိုးကျန်းမာရေးကို အထောက်အကူပြုပါသည်။ အသီးအရွက်များတွင် ပါဝင်သော ဗီတာမင်စီ၊ ဗီတာမင်အေနှင့် ဗီတာမင်ကေများသည်လည်း အရိုးတစ်သျှူးများ တည်ဆောက်ပြုပြင်ရာတွင် အရေးပါသည့် အာဟာရများ ဖြစ်ပါသည်။ အသီးအရွက်များတွင် ပါဝင်သော ပိုတက်စီယမ်ဓာတ်ဆားသည် အက်ဆစ်များကို ချေဖျက်ပေးခြင်းကြောင့် အရိုးထဲမှ ကယ်လ်စီယမ်ဓာတ်များ သွေးထဲသို့ ထွက်လာခြင်းမရှိ၍ အရိုးအတွက် ကောင်းမွန်ပါသည်။

မျက်စိကျန်းမာရေး
အသီးအရွက်များ မှန်မှန် စားသုံးခြင်းသည် မျက်စိကို ကျန်းမာစေပါသည်။ အစိမ်းရောင် ဟင်းသီးဟင်းရွက် (ဥပမာ- ကန်စွန်းရွက်၊ သရက်သီးမှည့်၊ အဝါရောင်သစ်သီး၊ သစ်ဥ (ဥပမာ- သင်္ဘောသီးမှည့်၊ သရက်သီးမှည့်၊ ရွှေဖရုံသီး၊ မုန်လာဥဝါ) များတွင် ကယ်ရိုတင်းနှင့် ကယ်ရော့တင်းနွိုက်ဆိုသော အာဟာရများ ကြွယ်ဝစွာ ပါဝင်ပါသည်။ဘီတာကယ်ရိုတင်းသည် ဓာတ်တိုးဆန့်ကျင်ခြင်း အာနိသင်ရှိပြီး ဗီတာမင်အေအဖြစ် ပြောင်းနိုင်ပါသည်။ ဗီတာမင်အေသည် မျက်စိ၏ ရှေ့ဖက်အပိုင်းကို ကျန်းမာစေပါသည်။ အပြင်တိမ်မဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။ အသီးအရွက် (ဥပမာ- ဆလတ်ရွက်၊ ကိုက်လန်) တွင် ပါဝင်သော ကယ်ရော့တင်းနွိုက်သည် မျက်စိ၏ အတွင်းပိုင်း ( အနောက်ပိုင်း) ကို ကျန်းမာစေပြီး၊ မျက်စိကွယ်ခြင်းကို ကာကွယ်ပေးပါသည်။

သွေးတိုးရောဂါကို ကာကွယ်ခြင်း
အသီးအရွက်အများအပြားတွင် ပိုတက်စီယမ်များစွာ ပါဝင်ပါသည်။ ဟင်းသီးဟင်းရွက်များကို နေ့စဉ်ပုံမှန်စားသုံးခြင်းဖြင့် သွေးတိုးရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်ပေးပါသည်။ နေ့စဉ် စားသုံးနေကျဖြစ်သော အသီးများ (ဥပမာ- ထောပတ်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီးနှင့် ခရမ်းချဉ်သီး) တွင် ပိုတက်စီယမ် အလုံအလောက် ပါရှိပါသည်။ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ နာနတ်သီး၊ ပန်းသီးနှင့် သစ်တော်သီးများတွင်လည်း ပိုတက်စီယမ် အနည်းငယ်ပါဝင်ပါသည်။ ပိုတက်စီယမ်ကြွယ်ဝသော အသီးအရွက်များကို နေ့စဉ်စားသုံးရန် လိုအပ်ပါသည်။

သွေးထဲမှ ကိုလက်စထရော အဆီဓာတ်ကို လျော့ချခြင်း
အခွံမခွာဘဲစားသော ပန်းသီးတွင် ပါဝင်သော အစာမျှင်များသည် သွေးထဲမှ ကိုလက်စထရောကို လျော့ချပေးပါသည်။ ကိုလက်စထရော အဆီဓာတ်လျော့ကျပါက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်သော အလားအလာကို လျော့နည်းစေပါသည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားသောက်ပေးရန် လိုအပ်ပါသည်။

ကင်ဆာအန္တရာယ်ကို လျော့ချခြင်း
အသီးအရွက်များများ စားသုံးခြင်းဖြင့် ကင်ဆာအမျိုးမျိုး ဖြစ်နိုင်သော အလားအလာကို လျော့နည်းစေပါသည်။ အနီရောင်ရှိသော အသားများကို မကြာခဏစားသုံးသူများတွင် အူမကြီးကင်ဆာရောဂါ ဖြစ်နိုင်ပါသည်။ ခရမ်းချဉ်သီး၊ ဖရဲသီ၊ မာလကာသီးနှင့် စပျစ်သီးများတွင် Lycopene ပါဝင်သောကြောင့် ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာနှင့် ဝှေးစေ့ကင်ဆာတို့ကို ကာကွယ်ပေးပါသည်။

ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးခြင်း
ခရမ်းလွန်ရောင်ခြည်နှင့် အနီရောင်အသီးများတွင် ပါဝင်သော Anthocyanis ဓာတ်ပေါင်းသည် အပင်များကို ခရမ်းလွန်ရောင်ခြည်၏ အန္တရာယ်မှ ကာကွယ်ပေးပါသည်။ ထို့အပြင် လူ၏ ခန္ဓာကိုယ်တွင် အင်တီအောက်စီဒင့် အာနိသင်၊ ကင်ဆာကာကွယ်ရေး အာနိသင်များကို ပေးပါသည်။

အကြံပြုချက်
အသက်ရှည်ရန်အတွက် ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားရန် လိုအပ်ပါသည်။ သို့ရာတွင် ၎င်းတို့၌ ပိုးသတ်ဆေးအကြောင်း အကြွင်းအကျန်များ ပါရှိတတ်၍ သေချာစွာ ဆေးကြောပြီး စားပေးရပါမည်။ အမှည့်လွန်သော အသီးများကို မစားသင့်ပါ။ အရောင်ဆိုးထားသော ဟင်းသီးဟင်းရွက်များကိုလည်း ရှောင်ကြဉ်ရပါမည်။ အချိန်မတိုင်မီ မှည့်အောင်ပြုလုပ်ထားသော အသီးများကို မစားရပါ။ ကျန်းမာရေးနှင့် မညီညွတ်သော၊ လတ်ဆတ်မှုမရှိသော ပေါချောင်ကောင်း ဟင်းသီးဟင်းရွက်များကိုလည်း ရှောင်ကြဉ်သင့်ကြောင်း အကြံပြုအပ်ပါသည်။

 

Author: Dr. ကောင်းစံ, Healthcare Journal ,vol 8,no 23 (23.6.17)

(Zawgyi)

အသီးအ႐ြက္မ်ားမ်ားစားသူမ်ားသည္ အသက္ရွည္ၾကပါသည္။ လုံးဝမစားသူမ်ားထက္ အသက္ သုံးႏွစ္ခန႔္ ပိုရွည္ၾကပါသည္။ အသီးအ႐ြက္ မ်ားမ်ားစားျခင္းေၾကာင့္ ေသြးထဲတြင္ ကယ္ေရာ့တင္းႏြိဳက္ ဟုေခၚေသာ အာဟာရဓာတ္ အမ်ားဆုံး ရရွိၿပီး အသက္ရွည္သည့္ အခြင့္အလမ္း ပိုမ်ားႏိုင္ပါသည္။ ထို႔ေၾကာင့္ ေန႔စဥ္သစ္သီးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို မွ်တစြာ စားရန္လိုအပ္ပါသည္။

အ႐ိုးက်န္းမာေရး
အသီးအ႐ြက္စားသုံးျခင္းသည္ အ႐ိုးမ်ား၏ ႀကံ့ခိုင္က်န္းမာေရးကို ေကာင္းမြန္ေစပါသည္။ အ႐ိုးပါး၊ အ႐ိုးပြေရာဂါကို ကာကြယ္ေပးပါသည္။ ဟင္းသီးဟင္း႐ြက္ (ဥပမာ- ခ်ဥ္ေပါင္႐ြက္၊ ဆူးပန္း႐ြက္၊ ကင္းပြန္းခ်ဥ္႐ြက္၊ တမာ႐ြက္၊ ဥသွ်စ္႐ြက္၊ ျမင္းခြာ႐ြက္၊ ကင္းပုံ႐ြက္ႏွင့္ မုန္ညင္း႐ြက္) မ်ားတြင္ အ႐ိုးက်န္းမာေရးအတြက္ ေကာင္းမြန္ေသာ ကယ္လ္စီယမ္ဓာတ္ ႂကြယ္ဝစြာ ပါဝင္ပါသည္။ထို႔အျပင္ အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္မ်ားတြင္ မဂၢနီစီယမ္ဓာတ္ပါဝင္ၿပီး အ႐ိုးက်န္းမာေရးကို အေထာက္အကူျပဳပါသည္။ အသီးအ႐ြက္မ်ားတြင္ ပါဝင္ေသာ ဗီတာမင္စီ၊ ဗီတာမင္ေအႏွင့္ ဗီတာမင္ေကမ်ားသည္လည္း အ႐ိုးတစ္သွ်ဴးမ်ား တည္ေဆာက္ျပဳျပင္ရာတြင္ အေရးပါသည့္ အာဟာရမ်ား ျဖစ္ပါသည္။ အသီးအ႐ြက္မ်ားတြင္ ပါဝင္ေသာ ပိုတက္စီယမ္ဓာတ္ဆားသည္ အက္ဆစ္မ်ားကို ေခ်ဖ်က္ေပးျခင္းေၾကာင့္ အ႐ိုးထဲမွ ကယ္လ္စီယမ္ဓာတ္မ်ား ေသြးထဲသို႔ ထြက္လာျခင္းမရွိ၍ အ႐ိုးအတြက္ ေကာင္းမြန္ပါသည္။

မ်က္စိက်န္းမာေရး
အသီးအ႐ြက္မ်ား မွန္မွန္ စားသုံးျခင္းသည္ မ်က္စိကို က်န္းမာေစပါသည္။ အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္ (ဥပမာ- ကန္စြန္း႐ြက္၊ သရက္သီးမွည့္၊ အဝါေရာင္သစ္သီး၊ သစ္ဥ (ဥပမာ- သေဘၤာသီးမွည့္၊ သရက္သီးမွည့္၊ ေ႐ႊဖ႐ုံသီး၊ မုန္လာဥဝါ) မ်ားတြင္ ကယ္႐ိုတင္းႏွင့္ ကယ္ေရာ့တင္းႏြိဳက္ဆိုေသာ အာဟာရမ်ား ႂကြယ္ဝစြာ ပါဝင္ပါသည္။ဘီတာကယ္႐ိုတင္းသည္ ဓာတ္တိုးဆန႔္က်င္ျခင္း အာနိသင္ရွိၿပီး ဗီတာမင္ေအအျဖစ္ ေျပာင္းႏိုင္ပါသည္။ ဗီတာမင္ေအသည္ မ်က္စိ၏ ေရွ႕ဖက္အပိုင္းကို က်န္းမာေစပါသည္။ အျပင္တိမ္မျဖစ္ေအာင္လည္း ကာကြယ္ေပးပါသည္။ အသီးအ႐ြက္ (ဥပမာ- ဆလတ္႐ြက္၊ ကိုက္လန္) တြင္ ပါဝင္ေသာ ကယ္ေရာ့တင္းႏြိဳက္သည္ မ်က္စိ၏ အတြင္းပိုင္း ( အေနာက္ပိုင္း) ကို က်န္းမာေစၿပီး၊ မ်က္စိကြယ္ျခင္းကို ကာကြယ္ေပးပါသည္။

ေသြးတိုးေရာဂါကို ကာကြယ္ျခင္း
အသီးအ႐ြက္အမ်ားအျပားတြင္ ပိုတက္စီယမ္မ်ားစြာ ပါဝင္ပါသည္။ ဟင္းသီးဟင္း႐ြက္မ်ားကို ေန႔စဥ္ပုံမွန္စားသုံးျခင္းျဖင့္ ေသြးတိုးေရာဂါႏွင့္ ေလျဖတ္ျခင္းကို ကာကြယ္ေပးပါသည္။ ေန႔စဥ္ စားသုံးေနက်ျဖစ္ေသာ အသီးမ်ား (ဥပမာ- ေထာပတ္သီး၊ ငွက္ေပ်ာသီး၊ သေဘၤာသီးႏွင့္ ခရမ္းခ်ဥ္သီး) တြင္ ပိုတက္စီယမ္ အလုံအေလာက္ ပါရွိပါသည္။ လိေမၼာ္သီး၊ စေတာ္ဘယ္ရီသီး၊ နာနတ္သီး၊ ပန္းသီးႏွင့္ သစ္ေတာ္သီးမ်ားတြင္လည္း ပိုတက္စီယမ္ အနည္းငယ္ပါဝင္ပါသည္။ ပိုတက္စီယမ္ႂကြယ္ဝေသာ အသီးအ႐ြက္မ်ားကို ေန႔စဥ္စားသုံးရန္ လိုအပ္ပါသည္။

ေသြးထဲမွ ကိုလက္စထေရာ အဆီဓာတ္ကို ေလ်ာ့ခ်ျခင္း
အခြံမခြာဘဲစားေသာ ပန္းသီးတြင္ ပါဝင္ေသာ အစာမွ်င္မ်ားသည္ ေသြးထဲမွ ကိုလက္စထေရာကို ေလ်ာ့ခ်ေပးပါသည္။ ကိုလက္စထေရာ အဆီဓာတ္ေလ်ာ့က်ပါက ႏွလုံးေသြးေၾကာက်ဥ္းေရာဂါျဖစ္ႏိုင္ေသာ အလားအလာကို ေလ်ာ့နည္းေစပါသည္။ ထို႔ေၾကာင့္ ဟင္းသီးဟင္း႐ြက္မ်ားကို ေန႔စဥ္စားေသာက္ေပးရန္ လိုအပ္ပါသည္။

ကင္ဆာအႏၲရာယ္ကို ေလ်ာ့ခ်ျခင္း
အသီးအ႐ြက္မ်ားမ်ား စားသုံးျခင္းျဖင့္ ကင္ဆာအမ်ိဳးမ်ိဳး ျဖစ္ႏိုင္ေသာ အလားအလာကို ေလ်ာ့နည္းေစပါသည္။ အနီေရာင္ရွိေသာ အသားမ်ားကို မၾကာခဏစားသုံးသူမ်ားတြင္ အူမႀကီးကင္ဆာေရာဂါ ျဖစ္ႏိုင္ပါသည္။ ခရမ္းခ်ဥ္သီး၊ ဖရဲသီ၊ မာလကာသီးႏွင့္ စပ်စ္သီးမ်ားတြင္ Lycopene ပါဝင္ေသာေၾကာင့္ ဆီးက်ိတ္ကင္ဆာ၊ အသည္းကင္ဆာႏွင့္ ေဝွးေစ့ကင္ဆာတို႔ကို ကာကြယ္ေပးပါသည္။

ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ေပးျခင္း
ခရမ္းလြန္ေရာင္ျခည္ႏွင့္ အနီေရာင္အသီးမ်ားတြင္ ပါဝင္ေသာ Anthocyanis ဓာတ္ေပါင္းသည္ အပင္မ်ားကို ခရမ္းလြန္ေရာင္ျခည္၏ အႏၲရာယ္မွ ကာကြယ္ေပးပါသည္။ ထို႔အျပင္ လူ၏ ခႏၶာကိုယ္တြင္ အင္တီေအာက္စီဒင့္ အာနိသင္၊ ကင္ဆာကာကြယ္ေရး အာနိသင္မ်ားကို ေပးပါသည္။

အႀကံျပဳခ်က္
အသက္ရွည္ရန္အတြက္ ဟင္းသီးဟင္း႐ြက္မ်ားကို ေန႔စဥ္စားရန္ လိုအပ္ပါသည္။ သို႔ရာတြင္ ၎တို႔၌ ပိုးသတ္ေဆးအေၾကာင္း အႂကြင္းအက်န္မ်ား ပါရွိတတ္၍ ေသခ်ာစြာ ေဆးေၾကာၿပီး စားေပးရပါမည္။ အမွည့္လြန္ေသာ အသီးမ်ားကို မစားသင့္ပါ။ အေရာင္ဆိုးထားေသာ ဟင္းသီးဟင္း႐ြက္မ်ားကိုလည္း ေရွာင္ၾကဥ္ရပါမည္။ အခ်ိန္မတိုင္မီ မွည့္ေအာင္ျပဳလုပ္ထားေသာ အသီးမ်ားကို မစားရပါ။ က်န္းမာေရးႏွင့္ မညီၫြတ္ေသာ၊ လတ္ဆတ္မႈမရွိေသာ ေပါေခ်ာင္ေကာင္း ဟင္းသီးဟင္း႐ြက္မ်ားကိုလည္း ေရွာင္ၾကဥ္သင့္ေၾကာင္း အႀကံျပဳအပ္ပါသည္။

Author: Dr. ေကာင္းစံ, Healthcare Journal ,vol 8,no 23 (23.6.17)

Previous Post

ဆီးချိုအနာ ကြောက်စရာ

Next Post

ကဖင်းဓာတ်နဲ့ ကျန်းမာရေးအယူအဆများ (၂)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကဖင်းဓာတ်နဲ့ ကျန်းမာရေးအယူအဆများ (၂)

ကိုယ်ဝန်ဆောင် အဆင့်များ

သားကြောဖျက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.