fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အချိန်ကြာမြင့်စွာ အိပ်စက်ခြင်း၏ ဆိုးကျိုးများ

204
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/08/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

လူတိုင္းလူတိုင္း အိပ္စက္ရတာကို ႏွစ္သက္ၾကပါတယ္။ တစ္ေန႔တာလုံး အလုပ္လုပ္ၿပီးတဲ့ေနာက္ အိပ္ရာထက္မွာ အိပ္စက္ရတာထက္ ပိုေကာင္းတဲ့ အရာမရွိပါဘူး။ လူတိုင္း အိပ္စက္အနားယူဖို႔ လိုအပ္ပါတယ္။ အိပ္စက္ျခင္းဟာ ကြၽန္မတို႔အားလုံးအတြက္ အေကာင္းဆုံးပါပဲ။ လူတစ္ေယာက္အတြက္ အိပ္စက္ခ်ိန္ မလုံေလာက္တဲ့အခါ ျပႆနာအမ်ားႀကီး ျဖစ္လာႏိုင္ပါတယ္။ အိပ္မေပ်ာ္ျခင္း၊ အိပ္မရျခင္းေတြကို ေျဖရွင္းဖို႔အတြက္ ကုသနည္းေတြ၊ ေဆးဝါးကုသျခင္းေတြ၊ အိမ္တြင္းကုထုံးေတြနဲ႔ ကုသေနၾကတာေတြ ၾကားဖူးၾကမွာပါ။
ဒါေပမယ့္ ဆိုးက်ိဳးေတြက ဘာေတြလဲ၊ အလြန္အကြၽံအိပ္ရင္ ဘာေတြျဖစ္ႏိုင္လဲ၊ အလြန္အကြၽံအိပ္ရင္ ျပႆနာေတြ ျဖစ္ႏိုင္လား၊ အလြန္အကြၽံအိပ္တာဟာ ျပႆနာေတြ ျဖစ္ႏိုင္ပါတယ္။ အလြန္အကြၽံအိပ္ရင္ ခႏၶာကိုယ္အတြက္ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းတဲ့ ေဘးထြက္ဆိုးက်ိဳးေတြ ရွိတယ္ဆိုတာကို လူအမ်ားစုက မသိရွိၾကပါဘူး။

အလြန္အကြၽံအိပ္စက္ရျခင္း အေၾကာင္းမ်ား
တစ္စုံတစ္ေယာက္ဟာ အခ်ိန္အေတာ္ၾကာ အိပ္စက္ေနၿပီဆို ပ်င္းလို႔ အိပ္စက္တယ္လို႔ပဲ အမ်ားစုက ထင္ၾကပါတယ္။ အအိပ္လြန္ျခင္းဟာ က်န္းမာေရးအေျခအေနေၾကာင့္ ျဖစ္ႏိုင္တယ္ ဆိုတာကို သူတို႔ မသိၾကဘူး။ အအိပ္လြန္ေရာဂါဟာ လူကို ပင္ပန္းႏြမ္းနယ္ေစတယ္။ ေနာက္ၿပီး အရင္ေန႔ညက အခ်ိန္ ဘယ္ေလာက္မ်ားမ်ား အိပ္စက္ၿပီးၿပီဆိုတာကို သတိမျပဳမိေလာက္ေအာင္ အိပ္ေရးမဝဘူးလို႔ ခံစားရေစပါတယ္။ ဒါ့ျပင္ တခ်ိဳ႕လူေတြမွာ စိုးရိမ္ပူပန္မႈေတြ ခံစားရေစပါတယ္။ ေနာက္ၿပီး အားအင္ကုန္ခမ္းမႈနဲ႔ မွတ္ဉာဏ္ျပႆနာေတြပါ ခံစားရေစႏိုင္ပါတယ္။

ေနာက္ထပ္အလြန္အကြၽံ အိပ္စက္ရျခင္း အေၾကာင္းကေတာ့ အိပ္ေနစဥ္ အသက္ရႈၾကပ္တဲ့ ေရာဂါေၾကာင့္ပါ။ ဒီေရာဂါေဝဒနာ ခံစားေနရတဲ့သူေတြဟာ သူတို႔အိပ္ေနစဥ္မွာ အသက္ရႈခဏခဏ ရပ္သြားတာမ်ိဳးပါပဲ။ ဒါေၾကာင့္ သူတို႔ေတြဟာ ပိုၿပီးေတာ့ အိပ္စက္ျဖစ္သြားပါတယ္။

က်န္းမာေရးအေျခအေနေၾကာင့္ အခ်ိန္ၾကာျမင့္စြာ အိပ္စက္တာမ်ိဳးက လူတိုင္း မဟုတ္ပါဘူး။ လူအမ်ားစုကေတာ့ အရင္ေန႔ေတြက အိပ္ေရးမဝတာေၾကာင့္ ပုံမွန္မဟုတ္ဘဲ အခ်ိန္ပိုအိပ္စက္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ လုံေလာက္ေအာင္ အနားမယူရတဲ့အခါ တစ္ညကို အိပ္ခ်ိန္ ၇ နာရီကေန ၉ နာရီအထိ မအိပ္ရတဲ့ အခါမ်ိဳးမွာ တစ္ေန႔တာလုံး ပင္ပန္းႏြမ္းနယ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ ေနာက္ေန႔ အိပ္တဲ့အခါမွာ နာရီအနည္းငယ္ပိုၿပီး အိပ္ျဖစ္ပါလိမ့္မယ္။ တကယ္ေတာ့ အဲ့လို နာရီပိုအိပ္မိတာေတြဟာ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြျဖစ္တဲ့ ပင္ပန္းႏြမ္းနယ္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ ေလးလံထိုင္းမႈိင္းျခင္းေတြကို ခံစားရေစပါတယ္။ ရာသီဥတုကလည္း သင့္ရဲ႕ အိပ္စက္မႈပုံစံကို သက္ေရာက္မႈ ရွိႏိုင္ပါတယ္။ မိုး႐ြာတဲ့ေန႔ေတြမွာ ဘာကိုမွ လုပ္ခ်င္စိတ္မရွိဘဲ အိပ္ရာထဲ လွဲေနခ်င္မိတတ္ပါတယ္။ ေဆာင္းတြင္းအခါမ်ိဳးမွာလည္း ေႏြးေထြးတဲ့ အိပ္ရာထဲမွာပဲ လွဲေနခ်င္မိတတ္ပါတယ္။ ဒီလိုပ်င္းရိတဲ့စိတ္ဟာလည္း ပိုၿပီး အခ်ိန္ၾကာၾကာအိပ္စက္မိေစတတ္ပါတယ္။ အခ်ိန္ၾကာျမင့္စြာ အိပ္စက္ျခင္းဟာ ဆိုးက်ိဳးေတြ ျဖစ္ေစႏိုင္တယ္ဆိုတာကိုေတာ့ သင္သတိျပဳသင့္ပါတယ္။

အခ်ိန္ၾကာျမင့္စြာ အိပ္စက္ျခင္း၏ ဆိုးက်ိဳးမ်ား

အေမရိကန္ သုေတသနပညာရွင္ေတြရဲ႕ ေလ့လာခ်က္အရ တစ္ညကို အိပ္ခ်ိန္ ၉ နာရီထက္ ပိုၿပီးအိပ္တဲ့သူ (သို႔မဟုတ္) အိပ္ခ်ိန္ ၅ နာရီေအာက္ ေလ်ာ့နည္းတဲ့သူေတြဟာ ဆီးခ်ိဳျဖစ္ႏိုင္ေခ် ၅၀% ရွိတယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္ၾကာျမင့္စြာ အိပ္စက္ျခင္းဟာ ဆီးခ်ိဳျဖစ္ႏိုင္ေခ် ရွိပါတယ္။
တစ္ညကို အိပ္ခ်ိန္ ၉ နာရီထက္ေက်ာ္လြန္ၿပီး အိပ္တဲ့သူေတြဟာ အအိပ္လြန္ေရာဂါႏွင့္ စိတ္က်ေရာဂါကို ခံစားရႏိုင္ပါတယ္။
အခ်ိန္ၾကာျမင့္စြာ အိပ္စက္တဲ့အခါ ခႏၶာကိုယ္ လႈပ္ရွားမႈနည္းပါးတဲ့အတြက္ ကယ္လိုရီေလာင္ကြၽမ္းမႈ နည္းပါးၿပီး အဝလြန္ႏိုင္ပါတယ္။ အဝလြန္လာတာနဲ႔အမွ် အျခားက်န္းမာေရး ျပႆနာေတြလည္း ျဖစ္လာႏိုင္ပါတယ္။
အခ်ိန္ၾကာျမင့္စြာ အိပ္စက္တဲ့အခါ ဦးေႏွာက္အာ႐ုံေၾကာ လႈပ္ရွားမႈ နည္းပါးၿပီး ေခါင္းကိုက္ေဝဒနာ ခံစားရႏိုင္ပါတယ္။
ဘယ္ေလာက္ပဲ ေဈးႀကီးႀကီး ေမြ႕ရာနဲ႔ အိပ္အိပ္၊ ဘယ္လိုပဲ ႏူးညံ့တဲ့ ေမြ႕ရာနဲ႔ အိပ္အိပ္ အခ်ိန္ၾကာၾကာ အိပ္စက္တဲ့အခါမွာေတာ့ ေနာက္ေၾကာနာက်င္ျခင္းေဝဒနာကိုလည္း ခံစားရႏိုင္ပါတယ္။
အခ်ိန္ၾကာျမင့္စြာ အိပ္စက္ျခင္းက ႏွလုံးေရာဂါျဖစ္ႏိုင္ေျခ ၃၈% ထိရွိတယ္လို႔လည္း သိရပါတယ္။
တစ္ညကို ၉ နာရီထက္ ေက်ာ္လြန္အိပ္စက္သူေတြဟာ အိပ္စက္ခ်ိန္ ၇ နာရီ၊ ၈ နာရီအိပ္စက္တဲ့ သူေတြထက္ ေသဆုံးႏႈန္း ပိုမ်ားတာကိုလည္း သိရပါတယ္။
ဒါ့ေၾကာင့္မို႔လို အခ်ိန္ၾကာျမင့္စြာ အိပ္စက္ျခင္းဟာ က်န္းမာေရးအတြက္ ဆိုးက်ိဳးေတြ ျဖစ္ေပၚေစႏိုင္တယ္ဆိုတာ သတိေပးေရးသားလိုက္ရပါတယ္။

Author: ၿဖိဳးသူဇာ, Healthcare Journal, vol 8,no 25 (7.7.17)

(Unicode)

လူတိုင်းလူတိုင်း အိပ်စက်ရတာကို နှစ်သက်ကြပါတယ်။ တစ်နေ့တာလုံး အလုပ်လုပ်ပြီးတဲ့နောက် အိပ်ရာထက်မှာ အိပ်စက်ရတာထက် ပိုကောင်းတဲ့ အရာမရှိပါဘူး။ လူတိုင်း အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ အိပ်စက်ခြင်းဟာ ကျွန်မတို့အားလုံးအတွက် အကောင်းဆုံးပါပဲ။ လူတစ်ယောက်အတွက် အိပ်စက်ချိန် မလုံလောက်တဲ့အခါ ပြဿနာအများကြီး ဖြစ်လာနိုင်ပါတယ်။ အိပ်မပျော်ခြင်း၊ အိပ်မရခြင်းတွေကို ဖြေရှင်းဖို့အတွက် ကုသနည်းတွေ၊ ဆေးဝါးကုသခြင်းတွေ၊ အိမ်တွင်းကုထုံးတွေနဲ့ ကုသနေကြတာတွေ ကြားဖူးကြမှာပါ။
ဒါပေမယ့် ဆိုးကျိုးတွေက ဘာတွေလဲ၊ အလွန်အကျွံအိပ်ရင် ဘာတွေဖြစ်နိုင်လဲ၊ အလွန်အကျွံအိပ်ရင် ပြဿနာတွေ ဖြစ်နိုင်လား၊ အလွန်အကျွံအိပ်တာဟာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ အလွန်အကျွံအိပ်ရင် ခန္ဓာကိုယ်အတွက် မနှစ်မြို့ဖွယ်ကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုတာကို လူအများစုက မသိရှိကြပါဘူး။

အလွန်အကျွံအိပ်စက်ရခြင်း အကြောင်းများ
တစ်စုံတစ်ယောက်ဟာ အချိန်အတော်ကြာ အိပ်စက်နေပြီဆို ပျင်းလို့ အိပ်စက်တယ်လို့ပဲ အများစုက ထင်ကြပါတယ်။ အအိပ်လွန်ခြင်းဟာ ကျန်းမာရေးအခြေအနေကြောင့် ဖြစ်နိုင်တယ် ဆိုတာကို သူတို့ မသိကြဘူး။ အအိပ်လွန်ရောဂါဟာ လူကို ပင်ပန်းနွမ်းနယ်စေတယ်။ နောက်ပြီး အရင်နေ့ညက အချိန် ဘယ်လောက်များများ အိပ်စက်ပြီးပြီဆိုတာကို သတိမပြုမိလောက်အောင် အိပ်ရေးမဝဘူးလို့ ခံစားရစေပါတယ်။ ဒါ့ပြင် တချို့လူတွေမှာ စိုးရိမ်ပူပန်မှုတွေ ခံစားရစေပါတယ်။ နောက်ပြီး အားအင်ကုန်ခမ်းမှုနဲ့ မှတ်ဉာဏ်ပြဿနာတွေပါ ခံစားရစေနိုင်ပါတယ်။

နောက်ထပ်အလွန်အကျွံ အိပ်စက်ရခြင်း အကြောင်းကတော့ အိပ်နေစဉ် အသက်ရှုကြပ်တဲ့ ရောဂါကြောင့်ပါ။ ဒီရောဂါဝေဒနာ ခံစားနေရတဲ့သူတွေဟာ သူတို့အိပ်နေစဉ်မှာ အသက်ရှုခဏခဏ ရပ်သွားတာမျိုးပါပဲ။ ဒါကြောင့် သူတို့တွေဟာ ပိုပြီးတော့ အိပ်စက်ဖြစ်သွားပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် အချိန်ကြာမြင့်စွာ အိပ်စက်တာမျိုးက လူတိုင်း မဟုတ်ပါဘူး။ လူအများစုကတော့ အရင်နေ့တွေက အိပ်ရေးမဝတာကြောင့် ပုံမှန်မဟုတ်ဘဲ အချိန်ပိုအိပ်စက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လုံလောက်အောင် အနားမယူရတဲ့အခါ တစ်ညကို အိပ်ချိန် ၇ နာရီကနေ ၉ နာရီအထိ မအိပ်ရတဲ့ အခါမျိုးမှာ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်။ ဒါကြောင့် နောက်နေ့ အိပ်တဲ့အခါမှာ နာရီအနည်းငယ်ပိုပြီး အိပ်ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အဲ့လို နာရီပိုအိပ်မိတာတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ လေးလံထိုင်းမှိုင်းခြင်းတွေကို ခံစားရစေပါတယ်။ ရာသီဥတုကလည်း သင့်ရဲ့ အိပ်စက်မှုပုံစံကို သက်ရောက်မှု ရှိနိုင်ပါတယ်။ မိုးရွာတဲ့နေ့တွေမှာ ဘာကိုမှ လုပ်ချင်စိတ်မရှိဘဲ အိပ်ရာထဲ လှဲနေချင်မိတတ်ပါတယ်။ ဆောင်းတွင်းအခါမျိုးမှာလည်း နွေးထွေးတဲ့ အိပ်ရာထဲမှာပဲ လှဲနေချင်မိတတ်ပါတယ်။ ဒီလိုပျင်းရိတဲ့စိတ်ဟာလည်း ပိုပြီး အချိန်ကြာကြာအိပ်စက်မိစေတတ်ပါတယ်။ အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းဟာ ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သင်သတိပြုသင့်ပါတယ်။

အချိန်ကြာမြင့်စွာ အိပ်စက်ခြင်း၏ ဆိုးကျိုးများ

  1.  အမေရိကန် သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ တစ်ညကို အိပ်ချိန် ၉ နာရီထက် ပိုပြီးအိပ်တဲ့သူ (သို့မဟုတ်) အိပ်ချိန် ၅ နာရီအောက် လျော့နည်းတဲ့သူတွေဟာ ဆီးချိုဖြစ်နိုင်ချေ ၅၀% ရှိတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းဟာ ဆီးချိုဖြစ်နိုင်ချေ ရှိပါတယ်။
  2. တစ်ညကို အိပ်ချိန် ၉ နာရီထက်ကျော်လွန်ပြီး အိပ်တဲ့သူတွေဟာ အအိပ်လွန်ရောဂါနှင့် စိတ်ကျရောဂါကို ခံစားရနိုင်ပါတယ်။
  3. အချိန်ကြာမြင့်စွာ အိပ်စက်တဲ့အခါ ခန္ဓာကိုယ် လှုပ်ရှားမှုနည်းပါးတဲ့အတွက် ကယ်လိုရီလောင်ကျွမ်းမှု နည်းပါးပြီး အဝလွန်နိုင်ပါတယ်။ အဝလွန်လာတာနဲ့အမျှ အခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။
  4. အချိန်ကြာမြင့်စွာ အိပ်စက်တဲ့အခါ ဦးနှောက်အာရုံကြော လှုပ်ရှားမှု နည်းပါးပြီး ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပါတယ်။
  5. ဘယ်လောက်ပဲ ဈေးကြီးကြီး မွေ့ရာနဲ့ အိပ်အိပ်၊ ဘယ်လိုပဲ နူးညံ့တဲ့ မွေ့ရာနဲ့ အိပ်အိပ် အချိန်ကြာကြာ အိပ်စက်တဲ့အခါမှာတော့ နောက်ကြောနာကျင်ခြင်းဝေဒနာကိုလည်း ခံစားရနိုင်ပါတယ်။
  6. အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေ ၃၈% ထိရှိတယ်လို့လည်း သိရပါတယ်။
  7. တစ်ညကို ၉ နာရီထက် ကျော်လွန်အိပ်စက်သူတွေဟာ အိပ်စက်ချိန် ၇ နာရီ၊ ၈ နာရီအိပ်စက်တဲ့ သူတွေထက် သေဆုံးနှုန်း ပိုများတာကိုလည်း သိရပါတယ်။
    ဒါ့ကြောင့်မို့လို အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ သတိပေးရေးသားလိုက်ရပါတယ်။

Author: ဖြိုးသူဇာ, Healthcare Journal, vol 8,no 25 (7.7.17)

Previous Post

ကိုယ်ဝန်ဆောင်စဉ် ဒါတွေစားပါ

Next Post

ကလေးယူမယ့် အိမ်ထောင်သည်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
597

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးယူမယ့် အိမ်ထောင်သည်များ

Woman is clutching her chest, acute pain possible heart attack

နှလုံးပိုးဝင်ရောင်ရမ်းခြင်း

Leptospirosis(လက်ပ်တိုစပိုင်ရိုးဆစ်)သို့မဟုတ် Weil’s disease

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.