ကြၽႏု္ပ္တို႔ရဲ႕ တစ္ေန႔တာ မနက္ခင္းကို ေကာ္ဖီ ၊ လက္ဖက္ရည္ အစရွိသည္တို႔ႏွင့္ စတင္ေလ့ ရွိပါတယ္။ တျခားသူေတာ့ မသိပါ။ စာေရးသူကေတာ့ ေကာ္ဖီ ၊ လက္ဖက္ရည္ တစ္ခုခု ေသာက္လိုက္မွပဲ အိပ္ခ်င္စိတ္ေတြ ေပ်ာက္ၿပီး လန္းဆန္းသြားတတ္ပါတယ္။ ဘာေၾကာင့္ ဒီလိုခံစားရလဲ။
တခ်ိဳ႕ ေျပာဆိုၾကတာလည္း ၾကားဖူးပါလိမ့္မယ္။ လက္ဖက္ရည္ ၊ ေကာ္ဖီ ေသာက္လို႔ ညအိပ္မေပ်ာ္ဘူးဆိုၿပီး ေျပာတဲ့သူေတြလည္း ရွိပါတယ္။ ဘာေၾကာင့္ဒီလိုေတြ ျဖစ္ရတာလဲ။ အေျဖကေတာ့ လက္ဖက္ရည္ ၊ ေကာ္ဖီေတြမွာ ပါတဲ့ ကဖင္းဓာတ္ဟာ အာ႐ုံေၾကာေတြကို လႈံေဆာ္ႏိုင္စြမ္း ရွိလို႔ပါ။
ကဖင္းဓာတ္ဟာ သင့္တင့္မွ်တ႐ုံ စားေသာက္တဲ့အခါ အာ႐ုံေၾကာေတြကို လႈံေဆာ္ႏိုင္႐ုံတင္မကပါဘူး။ မွတ္ဉာဏ္ကိုလည္း ပိုမိုအားေကာင္းေစပါတယ္။ ကင္ဆာေရာဂါေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ တခ်ိဳ႕ ေသာ အာ႐ုံေၾကာ ေရာဂါေတြ ျဖစ္ပြားမႈကိုလည္း နည္းပါးေစပါတယ္။ အသည္းေရာဂါေတြလည္း မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ ကဖင္းဓာတ္ လြန္ကဲတဲ့အခါမွာေတာ့ ေသြးေပါင္တက္ျခင္း ေသြးတိုးျခင္းေတြ ျဖစ္လာႏိုင္ၿပီး ႏွလုံးကို ဒုကၡေပးႏိုင္ပါတယ္။
ကဖင္းဓာတ္ပါတဲ့ အစားအစာေတြကေတာ့ လက္ဖက္ရည္ ၊ ေကာ္ဖီ ၊ အားျဖည့္ အခ်ိဳရည္မ်ား ႏွင့္ တခ်ိဳ႕ေသာ အဆီခ်ေဆးေတြမွာ ပါဝင္ပါတယ္။ လက္ဖက္ရည္နဲ႔ ေကာ္ဖီမွာဆို ေကာ္ဖီမွာ ကဖင္းဓာတ္ ပါဝင္မႈ ပိုမ်ားပါတယ္။ ဒါေၾကာင့္ ကဖင္းဓာတ္ လြန္ကဲျခင္းေတြကို ေကာ္ဖီမွာဆို ပိုျဖစ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။ လက္ဖက္ရည္ ေသာက္တယ္ဆိုရင္ေတာင္ တစ္ေန႔ကို ၅ ခြက္ထက္ေတာ့ မပိုသင့္ပါဘူး။ ၿပီးေတာ့ အိပ္မေပ်ာ္တတ္တဲ့သူေတြအတြက္ ေန႔လည္ ၂ နာရီေနာက္ပိုင္းမွာ မေသာက္တာ ေကာင္းပါတယ္။
လက္ဖက္ရည္မွာ ေကာင္းက်ိဳးေတြကေတာ့ ေကာ္ဖီထက္စာရင္ ကဖင္းဓာတ္နည္းတာ တစ္ခုတည္းတင္ မဟုတ္ပါဘူး။ လက္ဖက္အ႐ြက္မွာ ပါဝင္တဲ့ ဓာတ္တိုးဆန႔္က်င္သတၱိရွိတဲ့ ဓာတ္တစ္ခုျဖစ္တဲ့ Polyphenols ေၾကာင့္လည္း ပါပါတယ္။ အဲဒီဓာတ္ေပါင္းဟာ အာ႐ုံေၾကာပ်က္စီးမႈေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါမ်ားကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ၿပီးေတာ့ ကိုယ္အေလးခ်ိန္ကိုလည္း ထိန္းညႇိႏိုင္စြမ္းေတြ ရွိပါတယ္။
လက္ဖက္မွာ ဖ႐ိုတိုက္ ဓာတ္ေတြလည္း ပါဝင္ပါတယ္။ ဒါေၾကာင့္ သြားႏွင့္ ခံတြင္းအတြက္လည္း ေကာင္းမြန္ေစပါတယ္။ ကိုယ္ခံအားကိုလည္း ပိုမို ေကာင္းမြန္ေစပါတယ္။ ကဖင္းဓာတ္လည္း သင့္တင့္စြာ ပါဝင္တဲ့အတြက္ ေလ့လာသင္ယူမႈေတြ ကိုလည္း ပိုမိုအားေကာင္းေစသလို အာ႐ုံစူးစိုက္ႏိုင္စြမ္းကိုလည္း ျမႇင့္မားေစပါတယ္။
တခ်ိဳ႕ ေလ့လာဆန္းစစ္မႈေတြ အရလည္း လက္ဖက္ရည္ရဲ႕ ေကာင္းမြန္တဲ့ အာနိသင္က ႏို႔ထည့္လိုက္တဲ့အခါ ပ်က္ျပယ္သြားတယ္လည္း ဆိုၾကပါေသးတယ္။ ဒါေပမယ့္ ႏို႔ထည့္လိုက္ျခင္းျဖင့္ ႏို႔မွ ရတဲ့ ကယ္ဆီယမ္ အာဟာရဓာတ္ေတြလည္း ရရွိႏိုင္မွာ ျဖစ္ပါတယ္။ အ႐ိုးႏွင့္ သြားမ်ားကို က်န္းမာႀကံ့ခိုင္ေစတဲ့ အက်ိဳးေက်းဇူးေတြ လည္း ရရွိမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ လက္ဖက္႐ြက္ မွာ အ႐ိုးပြ ေရာဂါျဖစ္ပြားမႈကို ေလ်ာ့နည္းႏိုင္စြမ္း ရွိတဲ့အတြက္ အမ်ိဳးသမီးမ်ားအေနနဲ႔လည္း ေသာက္သုံးသင့္ပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ လက္ဖက္ရည္က က်န္းမာေရး အေပၚ ေကာင္းက်ိဳးျပဳတာေတာ့ အမွန္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ဖက္ရည္ဆိုတာ အရသာတင္ ေကာင္းမြန္တာမဟုတ္ဘဲ က်န္းမာေရးအတြက္လည္း ေကာင္းမြန္ပါတယ္လို႔ ေျပာၾကားရင္း ဒီေဆာင္းပါးေလးကို နိဂုံးခ်ဳပ္အပ္ပါတယ္ရွင္။
Author : Dr. ေမ
လက်ဖက်ရည်က အရသာတင် ကောင်းတာလား
ကျွနု်ပ်တို့ရဲ့ တစ်နေ့တာ မနက်ခင်းကို ကော်ဖီ ၊ လက်ဖက်ရည် အစရှိသည်တို့နှင့် စတင်လေ့ ရှိပါတယ်။ တခြားသူတော့ မသိပါ။ စာရေးသူကတော့ ကော်ဖီ ၊ လက်ဖက်ရည် တစ်ခုခု သောက်လိုက်မှပဲ အိပ်ချင်စိတ်တွေ ပျောက်ပြီး လန်းဆန်းသွားတတ်ပါတယ်။ ဘာကြောင့် ဒီလိုခံစားရလဲ။
တချို့ ပြောဆိုကြတာလည်း ကြားဖူးပါလိမ့်မယ်။ လက်ဖက်ရည် ၊ ကော်ဖီ သောက်လို့ ညအိပ်မပျော်ဘူးဆိုပြီး ပြောတဲ့သူတွေလည်း ရှိပါတယ်။ ဘာကြောင့်ဒီလိုတွေ ဖြစ်ရတာလဲ။ အဖြေကတော့ လက်ဖက်ရည် ၊ ကော်ဖီတွေမှာ ပါတဲ့ ကဖင်းဓာတ်ဟာ အာရုံကြောတွေကို လှုံဆော်နိုင်စွမ်း ရှိလို့ပါ။
ကဖင်းဓာတ်ဟာ သင့်တင့်မျှတရုံ စားသောက်တဲ့အခါ အာရုံကြောတွေကို လှုံဆော်နိုင်ရုံတင်မကပါဘူး။ မှတ်ဉာဏ်ကိုလည်း ပိုမိုအားကောင်းစေပါတယ်။ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တချို့ သော အာရုံကြော ရောဂါတွေ ဖြစ်ပွားမှုကိုလည်း နည်းပါးစေပါတယ်။ အသည်းရောဂါတွေလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကဖင်းဓာတ် လွန်ကဲတဲ့အခါမှာတော့ သွေးပေါင်တက်ခြင်း သွေးတိုးခြင်းတွေ ဖြစ်လာနိုင်ပြီး နှလုံးကို ဒုက္ခပေးနိုင်ပါတယ်။
ကဖင်းဓာတ်ပါတဲ့ အစားအစာတွေကတော့ လက်ဖက်ရည် ၊ ကော်ဖီ ၊ အားဖြည့် အချိုရည်များ နှင့် တချို့သော အဆီချဆေးတွေမှာ ပါဝင်ပါတယ်။ လက်ဖက်ရည်နဲ့ ကော်ဖီမှာဆို ကော်ဖီမှာ ကဖင်းဓာတ် ပါဝင်မှု ပိုများပါတယ်။ ဒါကြောင့် ကဖင်းဓာတ် လွန်ကဲခြင်းတွေကို ကော်ဖီမှာဆို ပိုဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ လက်ဖက်ရည် သောက်တယ်ဆိုရင်တောင် တစ်နေ့ကို ၅ ခွက်ထက်တော့ မပိုသင့်ပါဘူး။ ပြီးတော့ အိပ်မပျော်တတ်တဲ့သူတွေအတွက် နေ့လည် ၂ နာရီနောက်ပိုင်းမှာ မသောက်တာ ကောင်းပါတယ်။
လက်ဖက်ရည်မှာ ကောင်းကျိုးတွေကတော့ ကော်ဖီထက်စာရင် ကဖင်းဓာတ်နည်းတာ တစ်ခုတည်းတင် မဟုတ်ပါဘူး။ လက်ဖက်အရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဓာတ်တစ်ခုဖြစ်တဲ့ Polyphenols ကြောင့်လည်း ပါပါတယ်။ အဲဒီဓာတ်ပေါင်းဟာ အာရုံကြောပျက်စီးမှုကြောင့် ဖြစ်တတ်တဲ့ ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိနိုင်စွမ်းတွေ ရှိပါတယ်။
လက်ဖက်မှာ ဖရိုတိုက် ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် သွားနှင့် ခံတွင်းအတွက်လည်း ကောင်းမွန်စေပါတယ်။ ကိုယ်ခံအားကိုလည်း ပိုမို ကောင်းမွန်စေပါတယ်။ ကဖင်းဓာတ်လည်း သင့်တင့်စွာ ပါဝင်တဲ့အတွက် လေ့လာသင်ယူမှုတွေ ကိုလည်း ပိုမိုအားကောင်းစေသလို အာရုံစူးစိုက်နိုင်စွမ်းကိုလည်း မြှင့်မားစေပါတယ်။
တချို့ လေ့လာဆန်းစစ်မှုတွေ အရလည်း လက်ဖက်ရည်ရဲ့ ကောင်းမွန်တဲ့ အာနိသင်က နို့ထည့်လိုက်တဲ့အခါ ပျက်ပြယ်သွားတယ်လည်း ဆိုကြပါသေးတယ်။ ဒါပေမယ့် နို့ထည့်လိုက်ခြင်းဖြင့် နို့မှ ရတဲ့ ကယ်ဆီယမ် အာဟာရဓာတ်တွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ အရိုးနှင့် သွားများကို ကျန်းမာကြံ့ခိုင်စေတဲ့ အကျိုးကျေးဇူးတွေ လည်း ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ဖက်ရွက် မှာ အရိုးပွ ရောဂါဖြစ်ပွားမှုကို လျော့နည်းနိုင်စွမ်း ရှိတဲ့အတွက် အမျိုးသမီးများအနေနဲ့လည်း သောက်သုံးသင့်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ဖက်ရည်က ကျန်းမာရေး အပေါ် ကောင်းကျိုးပြုတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ဖက်ရည်ဆိုတာ အရသာတင် ကောင်းမွန်တာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်လို့ ပြောကြားရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်အပ်ပါတယ်ရှင်။
Author : Dr. မေ