ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရသော ခန္ဓာကိုယ်ပေါ်မှ ရောဂါအချို့ကို ဦးဏှောက်စွမ်းအင်ဖြင့် ကုသနိုင်ပါသည်။ ရောဂါအချို့မှာ နှလုံးရောဂါ၊ မောပန်းခြင်း၊ ဓါတ်မတည့်ခြင်း၊ ကြွက်သားဒဏ်ရာနှင့် ပြတ်ရှဒဏ်ရာ၊ အညိုအမည်းဒဏ်ရာဖြစ်ပါသည်။ ထိုရောဂါများဖြစ်လာပါက ဦးဏှောက်စွမ်းအင် (စိတ်စွမ်းအင်) နှင် ကုသနိုင်ရန် အကြံပြုရေးသားအပ်ပါသည်။
နှလုံးရောဂါ
နှလုံးရောဂါရှိပါက အကောင်းမြင်တတ်အောင် နေထိုင်ရပါမည်။ အကောင်းမြင်တတ်သောသူများသည် အဆိုးမြင်တတ်သောသူများထက် နှလုံးသွေးကြောရောဂါကြောင့် သေဆုံးနှုန်းသည် များစွာလျော့နည်းနိုင်ပါသည်။ အဆိုးမြင်ခြင်းကို ဖြတ်တောက်ပစ်လိုက်ပါက နှလုံးရောဂါဝေဒနာသည် သက်သာသွားနိုင်ပါသည်။ အကောင်းမြင်မှုများစေရန် ဝမ်းသာစရာ၊ ပျော်ရွှင်စရာများပေါ်တွင် အာရုံစိုက်ထားရပါမည်။ ထို့ကြောင့် မိမိ၏ မိသားစု၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများနှင့် ပတ်သက်၍ စိတ်ချမ်းသာမှုများ၊ ပျော်ရွှင်မှုများကို တွေးတောနေရပါမည်။
မောပန်းခြင်း
မောပန်းနေပါက သီချင်းနားထောင်ခြင်းဖြင့် သက်သာနိုင်ပါသည်။ သီချင်းအသံသည် အနားယူသော တုန့်ပြန်မှုကို ပိုမိုကောင်းမွန်းစေပြီး အလုပ်တာဝန်များကို ကောင်းစွာ စီမံဆောင်ရွက်နိုင်ပါသည်။ အလုပ်များကို အာရုံပိုစိုက်နိုင်စေရန် အလုပ်စားပွဲတွင် သီချင်းနားထောင်နိုင်ပါသည်။ မိမိ၏ လုပ်ကိုင်နိုင်သော စွမ်းရည်များကျဆင်းလာပါကလည်း သီချင်းနားထောင်သင့်ပါသည်။ မိမိနှင့် သင့်တော်သော ကြိုက်နှစ်သက်ရာ သီချင်းများကို ရွေးချယ်နားထောင်နိုင်ပါသည်။
ဓါတ်မတည့်ခြင်း
ရယ်မောခြင်းသည် မိမိတို့၏ အာရုံကြောစနစ်က ဓါတ်မတည့်မှု ပစ္စည်းများ သယ်ဆောင်ထားခြင်းမှ ကာကွယ်ပေးပါသည်။ ရယ်မောစရာ၊ ပျော်ရွှင်စရာ ဟာသရုပ်ရှင်၊ ဗီဒီယို၊ ကာတွန်းများကို ကြည့်ရှုခြင်း၊ ဖတ်ရှုခြင်းဖြင့် ဓါတ်မတည့်မှုများ လျော့နည်းသွားတတ်ပါသည်။ ထို့ကြောင့် ဓါတ်မတည့်သော အခြေအနေများတွင် ရယ်မောနိုင်အောင် ကြိုးစားရပါမည်။
ကြွက်သားဒဏ်ရာ
ကြွက်သားဒဏ်ရာရခဲ့ပါက ဒဏ်ရာရသော ကြွက်သားကို နေ့စဉ် ၁၅ မိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်နေသည်ဟု မြင်ယောင်ကြည့်ရပါမည်။ လေ့ကျင့်ခန်းပြုလုပ်နေသည်ဟု မြင်ယောင်ကြည့်ယုံနှင့် ကြွက်သားများကို တည်ဆောက်နိုင်ပြီး အနာကျက်မြန်စေပါသည်။ ထို့ကြောင့် လက်မောင်း ကြွက်သားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အလေးမခြင်း ပြုလုပ်ခြင်းများကို မြင်ယောင်ကြည့်ခြင်းဖြင့် ကြွက်သားဒဏ်ရာများ သက်သာနိုင်ပါသည်။
ပြတ်ရှဒဏ်ရာ၊ အညိုအမည်းဒဏ်ရာ
မိမိတွင် ပြတ်ရှဒဏ်ရာ၊ အညိုအမည်းဒဏ်ရာတစ်ခုခုရရှိပါက ပရဟိတစိတ်ကို မွေးမြူရပါမည်။ မိမိဒဏ်ရာရရှိချိန်တွင် စိတ်ကောင်းနှလုံးကောင်းကို မွေးမြူပြီး အလှူဒါနတစ်ခုခုပြုလုပ်ခြင်း၊ သူတစ်ပါးကို ကူညီလုပ်ကိုင်ပေးခြင်းဖြင့် အနာကျက်ခြင်းသည်ပိုု၍ မြန်နိုင်ပါသည်။
အကြံပြုချက်
လူတစ်ဦးတွင် သဘာဝအတိုင်းရှိသော စွမ်းအား (Super Natural Power) များရှိပါသည်။ ဦးနှောက်စွမ်းအင် (စိတ်စွမ်းအင်) ကောင်းပါက ခနဓာကိုယ်တွင်ရှိသော ခုခံစွမ်းအားရောဂါတိုက်ထုတ်နိုင်စွမ်းသည် အလွန်ကောင်းလာနိုင်ပါသည်။ ထို့ကြောင့် အကောင်းမြင်စိတ်မွေးခြင်း၊ သီချင်းနားထောင်ခြင်း၊ ရယ်မောခြင်း၊ မြင်ယောင်ကြည့်ခြင်းနှင့် ကူညီခြင်းများဆောင်ရွက်ဖို့ အကြံပြုအပ်ပါတယ်။
Author – ဒေါက်တာကောင်းစံ
Credit to
Health Care Journal (Vol -7, No 33)