fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နေ့စဉ်လူမှုပုံစံအမှားမှ အသည်းရောဂါများ

110
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/08/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi )

ေန႔စဥ္ လူတို႔ရဲ႕ ျပဳမႈေနထိုင္ စားေသာက္ပုံအမွားကတစ္ဆင့္ အသည္းေရာဂါေတြ ရရွိလာပါတယ္။ လူသားေတြ အသက္ရွင္ ေနထိုင္ေရးအတြက္ သဘာဝမဟုတ္တဲ့ ဓာတ္ေျမၾသဇာသုံးကာ သီးပင္စားပင္ေတြ စိုက္ပ်ိဳးလာတယ္။ ပိုးမႊားအႏၲရာယ္ ရွိေနတယ္။ လူတို႔ပေယာဂၾကာင့္ မူးယစ္ေဆးဝါး၊ စိတ္ႂကြေဆး၊ ဘိန္း၊ ေဆးေျခာက္၊ အရက္မ်ိဳးစုံ၊ ဘီယာတို႔က အသည္းေရာဂါမ်ိဳးစုံ ခံစားရေစတယ္။ လူ႔ပေယာဂေၾကာင့္ စားေသာက္ကုန္ေတြမွာ ဆိုးေဆး၊ ဓာတုေဆးမႈန႔္ေတြ ေရာေႏွာကာ လူသားတို႔အသည္း ထိခိုက္ေစတယ္။ ဓာတုပိုးသတ္ေဆးမ်ား၊ ဓာတ္ေျမၾသဇာဆီက်ဲျခင္း၊ အ႐ြက္အားေဆး၊ အထားခံဖို႔ ေဖာ္မလင္စတဲ့ မသုံးသင့္တဲ့ ဓာတုေဆးမ်ား အသုံးျပဳလို႔ လူေတြရဲ႕ အသည္းဒုကၡေပးလာတယ္။
ေရာဂါျဖစ္မွရတဲ့ လကၡဏာေတြက ကိုယ္စိတ္ပင္ပန္းႏြမ္းနယ္ျခင္း၊ စိတ္ေထြျပားျခင္း၊ ေအာ္ဂလိဆန္ျခင္းမ်ား ျဖစ္ေလ့ရွိတယ္။ ကပ္ပါးပိုးေၾကာင့္ အသည္းေရာဂါမ်ား ရႏိုင္ပါတယ္။ အမီဘားဝမ္းကိုက္ပိုးေၾကာင့္ ဝမ္းကိုက္ပိုးအသည္းကို ေရာက္ရွိျခင္းျဖစ္ေစႏိုင္တယ္။ အမီဘားက အသည္းမွာျပည္တည္နာျခင္းျဖစ္တယ္။ လူနာရဲ႕အသည္းက ႀကီးလာၿပီး ညာဘက္နံေစာင္း ေအာင့္လာတယ္။ အဖ်ားတက္လာတယ္။ တက္လိုက္၊ က်လိုက္၊ တုန္ၿပီး ဖ်ားလို႔ ငွက္ဖ်ားနဲ႔ မွားတတ္တယ္။ ေရာဂါေပ်ာက္ကင္းေအာင္ ေဆးပတ္လည္မကုသပါက အသည္းထဲက ျပည္တည္နာေပါက္ၿပီး အဆုတ္၊ ႏွလုံးစတဲ့ အျခားအဂၤါအစိတ္အပိုင္း ေရာက္သြားလို႔ အသက္အႏၲရာယ္ျဖစ္ေစတယ္။

ငွက္ဖ်ားပိုးေၾကာင့္ အသည္းႀကီးႏိုင္တယ္။ ငွက္ဖ်ားပိုးက ခႏၶာကိုယ္ထဲ ဝင္ေရာက္တဲ့အခါ ပထမဆုံး တိုက္ခိုက္ခံရတဲ့ အဂၤါက အသည္းျဖစ္တယ္။ ခႏၶာကိုယ္ထဲ ဝင္ေရာက္တဲ့ ဘက္တီးရီးယားက အသည္းဆဲလ္ေတြ ေရာက္ရွိၿပီး ဘက္တီးရီးယားက အသည္းေရာင္ျခင္း ျဖစ္တယ္။ သံလုံးေကာင္စတဲ့ သန္ေကာင္ ကပ္ပါပိုးေၾကာင့္ သည္းေျခႁပြန္တစ္ေလွ်ာက္ ပိတ္ဆို႔ေက်ာက္တည္ႏိုင္တယ္။ အခ်ိဳ႕ေရာဂါရွင္တို႔ဟာ လက္ပတိုစပိုင္႐ိုးဆစ္ေၾကာင့္ အသားဝါအသည္းေရာင္ျဖစ္ၿပီး ေသြးဆိပ္တက္ျခင္းျဖစ္ကာ အသက္ဆုံးရႈံးႏိုင္တယ္။ ႂကြက္ေသးက ရရွိေစတယ္။

လက္ပတိုစပိုင္႐ိုးဆစ္ဟာ ေခြး၊ ဝက္၊ ၾကက္၊ ငွက္တို႔ရဲ႕ေသြးနဲ႔ ေသးေတြမွာ ပါဝင္ႏိုင္ေသးတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေသြးထဲေရာက္ရွိခဲ့ရင္ အပူခ်ိန္ျမင့္မားျခင္း၊ ခ်မ္းတုန္ျခင္း၊ ဆီးႏွင့္အေရျပားဝါျခင္း၊ ခႏၶာကိုယ္ အစိတ္အပိုင္းေတြက ေသြးယိုစိမ့္ျခင္းတို႔ ျဖစ္တတ္တယ္။ အထင္ရွားဆုံးက ေရာဂါသည္ရဲ႕ မ်က္လုံးအိမ္အျဖဴမွာပါ။ ေသြးေျခဥလာျခင္းျဖစ္ပါတယ္။ ခႏၶာကိုယ္ ႂကြက္သားေတြ အထိမခံႏိုင္ေအာင္ နာက်င္ၿပီး အသည္းေရာင္ျခင္း၊ ႏွလုံးေရာင္ျခင္း၊ အစာအိမ္အူလမ္းေၾကာင္း ေရာင္ျခင္းျဖစ္ေစတယ္။ ထိေရာက္ေသခ်ာစြာ မကုသပါက ေသဆုံးႏိုင္တယ္။

သည္းေျခေက်ာက္ဟာ ေသြးအတြင္း ကိုလက္စထေရာ ျမင့္မားရာက သည္းေျခႁပြန္မွာ အဆီအခဲ ပိတ္ဆို႔ျခင္း၊ သန္ေကာင္ပိတ္ဆို႔ျခင္း၊ သည္းေျခရည္မထြက္ႏိုင္ပဲ ပိတ္ဆို႔ျခင္းတို႔ေၾကာင့္ ျဖစ္ေစတယ္။ ေဝဒနာ လုံးဝမျပဘဲ ေသတဲ့အထိ ေနႏိုင္တယ္။ ေဝဒနာလကၡဏာ လုံးဝမျပလို႔ ကုသဖို႔ မလိုဘူး။ မခံမရပ္ႏိုင္ ညာဖက္နံေစာင္းအေပၚနားက ေအာင့္ျခင္း၊ အသားဝါ၊ ဆီးဝါျခင္း၊ အဖ်ားႀကီးျခင္းတို႔မွာ သည္းေျခေက်ာက္ရဲ႕ လကၡဏာျဖစ္တယ္။ ေဆးေသာက္ပါက ခဏသာ သက္သာၿပီး ျပန္ျဖစ္တယ္။ ႐ုတ္တရက္ သည္းေျခအိတ္ေရာင္ျခင္း၊ သည္းေျခႁပြန္ပိတ္ျခင္းေၾကာင့္ ျဖစ္လာရတယ္။

နာတာရွည္ သည္းေျခအိတ္ေရာင္ျခင္းမွာ အစာအစားၿပီး၊ အစားေတြစားၿပီးပါက ဝမ္းဗိုက္ညာဘက္ အထက္ပိုင္း မခံမရပ္ႏိုင္ နာက်င္လာတယ္။ သည္းေျခေက်ာက္ရဲ႕ ဆိုးက်ိဳးက သည္းေျခအိတ္ျပည္တည္ျခင္း၊ ပန္ကရိယ ေရာင္ျခင္း၊ သည္းေျခအိတ္ႏွင့္ အူသိမ္ (သို႔) အူမႀကီးၾကားလမ္းေၾကာင္းလႊဲျဖစ္ေပၚျခင္း၊ အူလမ္းေၾကာင္းပိတ္ဆို႔ျခင္း၊ သည္းေျခအိတ္ကင္ဆာျဖစ္ျခင္းတို႔ ျဖစ္တယ္။

အသက္ႀကီးသူမ်ား၊ အမ်ိဳးသမီးမ်ား၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ား၊ ဝလြန္းသူမ်ား၊ ႐ုတ္တရက္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်သူမ်ား၊ သည္းေျခေက်ာက္ တည္ျခင္းမ်ိဳး႐ိုးလိုက္သူမ်ား၊ သည္းေျခရည္စီးဆင္းမႈ မေကာင္းျခင္း၊ ဥပမာ အစာအာဟာရကို ေသြးေၾကာမွ ရရွိသူေတြမွာ ေရာဂါျဖစ္ႏိုင္တယ္။

အသည္းေရာင္ေစတဲ့ ေရာဂါပိုးမႊားေတြမွာ အသည္းေရာင္ဗိုင္းရပ္စ္ေအ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ႔ ဆိုင္တိုမက္ကလိုဗိုင္းရပ္စ္တို႔ ျဖစ္တယ္။ အသည္းေရာင္ ဗိုင္းရပ္စ္ေအနဲ႔ အီး၊ အက္ဖ္တို႔ဟာေရႏွင့္ အစားအေသာက္ကတစ္ဆင့္ ကူးစက္ႏိုင္တယ္။ အျပင္းအထန္ အသားဝါ၊ ဆီးဝါ၊ ဖ်ားၿပီး ရက္သတၱပတ္ အနည္းငယ္အတြင္း အလိုအေလ်ာက္ ေပ်ာက္ကင္းႏိုင္ပါတယ္။

အသည္းေရာင္ ဘီ၊ စီ၊ ဒီနဲ႔ ဂ်ီတို႔ဟာ ေရာဂါရွိသူနဲ႔ လိင္ကြဲဆက္ဆံျခင္း၊ ေရာဂါရွိသူရဲ႕ ေသြးသြင္းမိျခင္း၊ ေရာဂါရွိသူရဲ႕ သြားပြတ္တံ၊ လက္သည္းညႇပ္၊ မုတ္ဆိတ္ရိတ္ဓား၊ ေရာဂါကုသေပးတဲ့ ဆရာဝန္၊ သူနာျပဳေတြမွာ ရွနာကတစ္ဆင့္၊ အပ္စူးတာကတစ္ဆင့္ ကူးစက္ႏိုင္ပါတယ္။ အသည္းေရာင္ ဘီဗိုင္းရပ္စ္မွာ ကာကြယ္ေဆးရွိတယ္။ ကေလးဘဝ ကာကြယ္ေဆး ငါးမ်ိဳးထိုးျခင္း (ဆုံဆို႔၊ ၾကက္ညႇာ၊ ေမးခိုင္၊ အသည္းေရာင္ဘီ၊ ဦးေႏွာက္အေျမႇးေရာင္) ေဆးငါးမ်ိဳးပါ ကာကြယ္ေဆးကို ႏွစ္လ ေလးလနဲ႔ ေျခာက္လအ႐ြယ္မွာ ထိုးေပးေလ့ရွိတယ္။ လူႀကီးေတြ အသည္းေရာင္ဘီ ကာကြယ္ေဆးကို တစ္လတစ္ႀကိမ္ သုံးလဆက္သုံးႀကိမ္ ထိုးသင့္တယ္။ ပထမအႀကိမ္ထိုးၿပီး ငါးႏွစ္မွာ အသည္းေရာင္ဘီ ကာကြယ္ေဆးထိုးျခင္းက ဘဝတစ္သက္တာ အသည္းေရာင္ဘီ ကာကြယ္ၿပီးျဖစ္တယ္။
အသည္းေရာင္စီမွာ ကုသေဆးရရွိေနပါၿပီ။ ေဆးဝါးအတြက္ ေငြကုန္က်မႈ မ်ားျပားလွပါတယ္။ ၂၀၁၇-၁၈ ခုႏွစ္မွာ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အစီအစဥ္နဲ႔ အသည္းဝါစီႏွင့္ အျခားေရာဂါ ဥပမာ အိပ္ခ်္အိုင္ဗီ (သို႔) အသည္းေရာင္စီ ကုသေဆးေပးေနပါတယ္။

ေရာဂါကူးစက္ပါက အစားအေသာက္ပ်က္ျခင္း၊ ပ်ိဳ႕ျခင္း၊ အန္ျခင္း၊ အားနည္းျခင္း၊ ပင္ပန္းႏုံးေခြျခင္း၊ အစာမေၾက၊ ေလပြ၊ ဝမ္းပ်က္ျခင္း၊ သုံးပတ္ထက္ၾကာ အသားဝါျခင္း၊ ဖ်ားျခင္း၊ ညာဖက္ နံေစာင္းအေပၚက ေအာင့္ျခင္း ျဖစ္တတ္တယ္။ အဆစ္နာျခင္း၊ ကိုယ္ခႏၶာမွ အနီစက္ေပၚလာျခင္း ျဖစ္တတ္ၿပီး၊ အသားဝါမႈမ်ားရင္ ခႏၶာကိုယ္ယားယံျခင္းျဖင့္ ငုတ္လွ်ိဳသြားႏိုင္တယ္။ အခ်ိန္တစ္ခုအၾကာမွာ အသည္းအဆီဖုံးျခင္း၊ နာတာရွည္ အသည္းေရာင္ျခင္း၊ အသည္းမွာ အမာ႐ြတ္တင္ျခင္း၊ အသည္းႂကြတ္ဆပ္ျခင္း အသည္းကင္ဆာေရာဂါတို႔ ျဖစ္ႏိုင္ပါတယ္။

အသည္းေရာင္ေရာဂါကို ပိုဆိုးဝါးေစတဲ့အရာေတြက မူးယစ္ေဆးဝါး၊ အရက္၊ ကြမ္း၊ ေဆးလိပ္၊ စိတ္ႂကြေဆး တို႔ျဖစ္တယ္။ အသည္းေရာင္စီမွာ ေအနဲ႔ ဘီလို ကာကြယ္ေဆးမရွိ၊ ကုသေဆးရွိၿပီး ၂၄ ပတ္မွ ၄၈ ပတ္ထိ ကုသဖို႔လိုတယ္။ ကိုယ္ခႏၶာစြမ္းအားစနစ္ ျမႇင့္တင္ေပးတဲ့ေဆးနဲ႔ စီပိုးကုသေဆးကို ေပါင္းစပ္ကုသေပးတယ္။ ေရာဂါရွိသူနဲ႔ လိင္တူလိင္ကြဲ ဆက္ဆံရင္ အစြပ္သုံးျခင္း၊ မသန႔္ေသာ ေသြး၊ ေဆးထိုးအပ္ သြားစိုက္သြားျပဳျပင္ျခင္း ျပဳလုပ္ျခင္း၊ ေဆးမင္ေၾကာင္ထိုးျခင္း စနစ္တက် ကာကြယ္တဲ့ လက္အိတ္၊ ႏွာေခါင္းစည္းမ်ား အသုံးျပဳျခင္းတို႔နဲ႔ အသည္းေရာင္ဗိုင္းရပ္စ္မ်ား ကူးစက္ျခင္းမွ ကာကြယ္ႏိုင္ပါတယ္။ မသန႔္တဲ့အစာေတြ ဆင္ျခင္ရမယ္။

Author: Dr.လြင္သန႔္, Healthcare Journal, vol 8,no 24 (30.6.17)

(Unicode )

နေ့စဉ် လူတို့ရဲ့ ပြုမှုနေထိုင် စားသောက်ပုံအမှားကတစ်ဆင့် အသည်းရောဂါတွေ ရရှိလာပါတယ်။ လူသားတွေ အသက်ရှင် နေထိုင်ရေးအတွက် သဘာဝမဟုတ်တဲ့ ဓာတ်မြေသြဇာသုံးကာ သီးပင်စားပင်တွေ စိုက်ပျိုးလာတယ်။ ပိုးမွှားအန္တရာယ် ရှိနေတယ်။ လူတို့ပယောဂကြာင့် မူးယစ်ဆေးဝါး၊ စိတ်ကြွဆေး၊ ဘိန်း၊ ဆေးခြောက်၊ အရက်မျိုးစုံ၊ ဘီယာတို့က အသည်းရောဂါမျိုးစုံ ခံစားရစေတယ်။ လူ့ပယောဂကြောင့် စားသောက်ကုန်တွေမှာ ဆိုးဆေး၊ ဓာတုဆေးမှုန့်တွေ ရောနှောကာ လူသားတို့အသည်း ထိခိုက်စေတယ်။ ဓာတုပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာဆီကျဲခြင်း၊ အရွက်အားဆေး၊ အထားခံဖို့ ဖော်မလင်စတဲ့ မသုံးသင့်တဲ့ ဓာတုဆေးများ အသုံးပြုလို့ လူတွေရဲ့ အသည်းဒုက္ခပေးလာတယ်။

ရောဂါဖြစ်မှရတဲ့ လက္ခဏာတွေက ကိုယ်စိတ်ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ထွေပြားခြင်း၊ အော်ဂလိဆန်ခြင်းများ ဖြစ်လေ့ရှိတယ်။ ကပ်ပါးပိုးကြောင့် အသည်းရောဂါများ ရနိုင်ပါတယ်။ အမီဘားဝမ်းကိုက်ပိုးကြောင့် ဝမ်းကိုက်ပိုးအသည်းကို ရောက်ရှိခြင်းဖြစ်စေနိုင်တယ်။ အမီဘားက အသည်းမှာပြည်တည်နာခြင်းဖြစ်တယ်။ လူနာရဲ့အသည်းက ကြီးလာပြီး ညာဘက်နံစောင်း အောင့်လာတယ်။ အဖျားတက်လာတယ်။ တက်လိုက်၊ ကျလိုက်၊ တုန်ပြီး ဖျားလို့ ငှက်ဖျားနဲ့ မှားတတ်တယ်။ ရောဂါပျောက်ကင်းအောင် ဆေးပတ်လည်မကုသပါက အသည်းထဲက ပြည်တည်နာပေါက်ပြီး အဆုတ်၊ နှလုံးစတဲ့ အခြားအင်္ဂါအစိတ်အပိုင်း ရောက်သွားလို့ အသက်အန္တရာယ်ဖြစ်စေတယ်။

ငှက်ဖျားပိုးကြောင့် အသည်းကြီးနိုင်တယ်။ ငှက်ဖျားပိုးက ခန္ဓာကိုယ်ထဲ ဝင်ရောက်တဲ့အခါ ပထမဆုံး တိုက်ခိုက်ခံရတဲ့ အင်္ဂါက အသည်းဖြစ်တယ်။ ခန္ဓာကိုယ်ထဲ ဝင်ရောက်တဲ့ ဘက်တီးရီးယားက အသည်းဆဲလ်တွေ ရောက်ရှိပြီး ဘက်တီးရီးယားက အသည်းရောင်ခြင်း ဖြစ်တယ်။ သံလုံးကောင်စတဲ့ သန်ကောင် ကပ်ပါပိုးကြောင့် သည်းခြေပြွန်တစ်လျှောက် ပိတ်ဆို့ကျောက်တည်နိုင်တယ်။ အချို့ရောဂါရှင်တို့ဟာ လက်ပတိုစပိုင်ရိုးဆစ်ကြောင့် အသားဝါအသည်းရောင်ဖြစ်ပြီး သွေးဆိပ်တက်ခြင်းဖြစ်ကာ အသက်ဆုံးရှုံးနိုင်တယ်။ ကြွက်သေးက ရရှိစေတယ်။

လက်ပတိုစပိုင်ရိုးဆစ်ဟာ ခွေး၊ ဝက်၊ ကြက်၊ ငှက်တို့ရဲ့သွေးနဲ့ သေးတွေမှာ ပါဝင်နိုင်သေးတယ်။ အကြောင်းအမျိုးမျိုးနဲ့ သွေးထဲရောက်ရှိခဲ့ရင် အပူချိန်မြင့်မားခြင်း၊ ချမ်းတုန်ခြင်း၊ ဆီးနှင့်အရေပြားဝါခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက သွေးယိုစိမ့်ခြင်းတို့ ဖြစ်တတ်တယ်။ အထင်ရှားဆုံးက ရောဂါသည်ရဲ့ မျက်လုံးအိမ်အဖြူမှာပါ။ သွေးခြေဥလာခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ် ကြွက်သားတွေ အထိမခံနိုင်အောင် နာကျင်ပြီး အသည်းရောင်ခြင်း၊ နှလုံးရောင်ခြင်း၊ အစာအိမ်အူလမ်းကြောင်း ရောင်ခြင်းဖြစ်စေတယ်။ ထိရောက်သေချာစွာ မကုသပါက သေဆုံးနိုင်တယ်။

သည်းခြေကျောက်ဟာ သွေးအတွင်း ကိုလက်စထရော မြင့်မားရာက သည်းခြေပြွန်မှာ အဆီအခဲ ပိတ်ဆို့ခြင်း၊ သန်ကောင်ပိတ်ဆို့ခြင်း၊ သည်းခြေရည်မထွက်နိုင်ပဲ ပိတ်ဆို့ခြင်းတို့ကြောင့် ဖြစ်စေတယ်။ ဝေဒနာ လုံးဝမပြဘဲ သေတဲ့အထိ နေနိုင်တယ်။ ဝေဒနာလက္ခဏာ လုံးဝမပြလို့ ကုသဖို့ မလိုဘူး။ မခံမရပ်နိုင် ညာဖက်နံစောင်းအပေါ်နားက အောင့်ခြင်း၊ အသားဝါ၊ ဆီးဝါခြင်း၊ အဖျားကြီးခြင်းတို့မှာ သည်းခြေကျောက်ရဲ့ လက္ခဏာဖြစ်တယ်။ ဆေးသောက်ပါက ခဏသာ သက်သာပြီး ပြန်ဖြစ်တယ်။ ရုတ်တရက် သည်းခြေအိတ်ရောင်ခြင်း၊ သည်းခြေပြွန်ပိတ်ခြင်းကြောင့် ဖြစ်လာရတယ်။

နာတာရှည် သည်းခြေအိတ်ရောင်ခြင်းမှာ အစာအစားပြီး၊ အစားတွေစားပြီးပါက ဝမ်းဗိုက်ညာဘက် အထက်ပိုင်း မခံမရပ်နိုင် နာကျင်လာတယ်။ သည်းခြေကျောက်ရဲ့ ဆိုးကျိုးက သည်းခြေအိတ်ပြည်တည်ခြင်း၊ ပန်ကရိယ ရောင်ခြင်း၊ သည်းခြေအိတ်နှင့် အူသိမ် (သို့) အူမကြီးကြားလမ်းကြောင်းလွှဲဖြစ်ပေါ်ခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ သည်းခြေအိတ်ကင်ဆာဖြစ်ခြင်းတို့ ဖြစ်တယ်။

အသက်ကြီးသူများ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ဝလွန်းသူများ၊ ရုတ်တရက် ကိုယ်အလေးချိန်လျော့ချသူများ၊ သည်းခြေကျောက် တည်ခြင်းမျိုးရိုးလိုက်သူများ၊ သည်းခြေရည်စီးဆင်းမှု မကောင်းခြင်း၊ ဥပမာ အစာအာဟာရကို သွေးကြောမှ ရရှိသူတွေမှာ ရောဂါဖြစ်နိုင်တယ်။

အသည်းရောင်စေတဲ့ ရောဂါပိုးမွှားတွေမှာ အသည်းရောင်ဗိုင်းရပ်စ်အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ဆိုင်တိုမက်ကလိုဗိုင်းရပ်စ်တို့ ဖြစ်တယ်။ အသည်းရောင် ဗိုင်းရပ်စ်အေနဲ့ အီး၊ အက်ဖ်တို့ဟာရေနှင့် အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တယ်။ အပြင်းအထန် အသားဝါ၊ ဆီးဝါ၊ ဖျားပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း အလိုအလျောက် ပျောက်ကင်းနိုင်ပါတယ်။

အသည်းရောင် ဘီ၊ စီ၊ ဒီနဲ့ ဂျီတို့ဟာ ရောဂါရှိသူနဲ့ လိင်ကွဲဆက်ဆံခြင်း၊ ရောဂါရှိသူရဲ့ သွေးသွင်းမိခြင်း၊ ရောဂါရှိသူရဲ့ သွားပွတ်တံ၊ လက်သည်းညှပ်၊ မုတ်ဆိတ်ရိတ်ဓား၊ ရောဂါကုသပေးတဲ့ ဆရာဝန်၊ သူနာပြုတွေမှာ ရှနာကတစ်ဆင့်၊ အပ်စူးတာကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် ဘီဗိုင်းရပ်စ်မှာ ကာကွယ်ဆေးရှိတယ်။ ကလေးဘဝ ကာကွယ်ဆေး ငါးမျိုးထိုးခြင်း (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင်) ဆေးငါးမျိုးပါ ကာကွယ်ဆေးကို နှစ်လ လေးလနဲ့ ခြောက်လအရွယ်မှာ ထိုးပေးလေ့ရှိတယ်။ လူကြီးတွေ အသည်းရောင်ဘီ ကာကွယ်ဆေးကို တစ်လတစ်ကြိမ် သုံးလဆက်သုံးကြိမ် ထိုးသင့်တယ်။ ပထမအကြိမ်ထိုးပြီး ငါးနှစ်မှာ အသည်းရောင်ဘီ ကာကွယ်ဆေးထိုးခြင်းက ဘဝတစ်သက်တာ အသည်းရောင်ဘီ ကာကွယ်ပြီးဖြစ်တယ်။
အသည်းရောင်စီမှာ ကုသဆေးရရှိနေပါပြီ။ ဆေးဝါးအတွက် ငွေကုန်ကျမှု များပြားလှပါတယ်။ ၂၀၁၇-၁၈ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ အသည်းဝါစီနှင့် အခြားရောဂါ ဥပမာ အိပ်ချ်အိုင်ဗီ (သို့) အသည်းရောင်စီ ကုသဆေးပေးနေပါတယ်။

ရောဂါကူးစက်ပါက အစားအသောက်ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အားနည်းခြင်း၊ ပင်ပန်းနုံးခွေခြင်း၊ အစာမကြေ၊ လေပွ၊ ဝမ်းပျက်ခြင်း၊ သုံးပတ်ထက်ကြာ အသားဝါခြင်း၊ ဖျားခြင်း၊ ညာဖက် နံစောင်းအပေါ်က အောင့်ခြင်း ဖြစ်တတ်တယ်။ အဆစ်နာခြင်း၊ ကိုယ်ခန္ဓာမှ အနီစက်ပေါ်လာခြင်း ဖြစ်တတ်ပြီး၊ အသားဝါမှုများရင် ခန္ဓာကိုယ်ယားယံခြင်းဖြင့် ငုတ်လျှိုသွားနိုင်တယ်။ အချိန်တစ်ခုအကြာမှာ အသည်းအဆီဖုံးခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းမှာ အမာရွတ်တင်ခြင်း၊ အသည်းကြွတ်ဆပ်ခြင်း အသည်းကင်ဆာရောဂါတို့ ဖြစ်နိုင်ပါတယ်။

အသည်းရောင်ရောဂါကို ပိုဆိုးဝါးစေတဲ့အရာတွေက မူးယစ်ဆေးဝါး၊ အရက်၊ ကွမ်း၊ ဆေးလိပ်၊ စိတ်ကြွဆေး တို့ဖြစ်တယ်။ အသည်းရောင်စီမှာ အေနဲ့ ဘီလို ကာကွယ်ဆေးမရှိ၊ ကုသဆေးရှိပြီး ၂၄ ပတ်မှ ၄၈ ပတ်ထိ ကုသဖို့လိုတယ်။ ကိုယ်ခန္ဓာစွမ်းအားစနစ် မြှင့်တင်ပေးတဲ့ဆေးနဲ့ စီပိုးကုသဆေးကို ပေါင်းစပ်ကုသပေးတယ်။ ရောဂါရှိသူနဲ့ လိင်တူလိင်ကွဲ ဆက်ဆံရင် အစွပ်သုံးခြင်း၊ မသန့်သော သွေး၊ ဆေးထိုးအပ် သွားစိုက်သွားပြုပြင်ခြင်း ပြုလုပ်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း စနစ်တကျ ကာကွယ်တဲ့ လက်အိတ်၊ နှာခေါင်းစည်းများ အသုံးပြုခြင်းတို့နဲ့ အသည်းရောင်ဗိုင်းရပ်စ်များ ကူးစက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ မသန့်တဲ့အစာတွေ ဆင်ခြင်ရမယ်။

Author: Dr.လွင်သန့်, Healthcare Journal, vol 8,no 24 (30.6.17)

 

Previous Post

အစာစားပြီးပြီးချင်း ရှောင်ကြဉ်ရမည့် အချက်များ

Next Post

ကိုယ့်ခါးကိုယ်ကြည့်၊ ကျန်းမာရေးသတိ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
610

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ့်ခါးကိုယ်ကြည့်၊ ကျန်းမာရေးသတိ

စိတ်ခိုင်လျှင် သိပ်မယိုင်ပါ

ကယ္ပယ္အိတ္နာ ျပႆနာမ်ား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.