fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

Vitamin D အကြောင်းသိကောင်းစရာ

613
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/10/2017
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ဗီတာမင္ဒီဟာ အဆီမွာေပ်ာ္တဲ့ Fat soluble Vitamin တစ္မ်ိဳးပါ။ အဆီမ်ားတဲ့ငါးမ်ား(ေဆာ္လမြန္၊ဆာဒင္း၊တူနာ)၊ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းမ်ား၊ ငါးႀကီးဆီ၊ ေကြကာစတဲ့အစားအစာမ်ားသည္ ဗီတာမင္ဒီ ႂကြယ္ဝေသာ အစားအစာမ်ား ျဖစ္သည္။

တစ္ခုထူးျခားတာက ဗီတာမင္ဒီကို အစားေသာက္ကေနပဲ ရႏိုင္တာမဟုတ္ဘဲ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ကလည္း ထုတ္လုပ္ေပးႏိုင္ပါတယ္။ တစ္ေန႔ကို ၁၀မိနစ္ကေန ၁၅မိနစ္ေလာက္ ေနေရာင္ျခည္ႏုႏုနဲ႔ မိမိရဲ႕အေရျပားနဲ႔ ထိေတြ႕ျခင္းျဖင့္ တစ္ေန႔တာလိုအပ္တဲ့ ဗီတာမင္ဒီ ပမာဏကို ရရွိေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဗီတာမင္ဒီကို ဆန္းရႈိင္း ဗီတာမင္(Sunshine vitamin)ဟုလည္း ေခၚသည္။

ဗီတာမင္ဒီရဲ႕ လုပ္ေဆာင္ခ်က္ေတြကေတာ့ ခႏၶာကိုယ္ရွိ အ႐ိုးေတြသန္မာဖို႔အတြက္ လိုေသာ ကယ္လ္စီယံ ပမာဏကို ထိန္းညႇိေပးပါတယ္။ အစားအစာေတြထဲမွာပါေသာ ကယ္လ္စီယံဓါတ္မ်ားကို အူေတြကစုပ္ယူတဲ့ေနရာမွာ ကူညီေပးပါတယ္။ ဗီတာမင္ဒီရဲ႕ ေကာင္းက်ိဳးေတြကေတာ့ စိတ္ဓါတ္ တက္ႂကြေစပါတယ္။ ႏွလုံးကို က်န္းမာေစပါတယ္။ တစ္ကိုယ္လုံး ေညာင္းညာႏုံးခ်ည့္မႈ သက္သာေစပါတယ္။ အ႐ိုးေတြကို သန္စြမ္းေစပါတယ္။

ထို႔အျပင္ ဗီတာမင္ဒီဟာ ခုခံအားစနစ္မွာ အေရးပါပါတယ္။ ဒါေၾကာင့္ ဗီတာမင္ဒီ ခ်ိဳ႕တဲ့ပါက အ႐ိုးေပ်ာ့ေရာဂါ၊ ဆီးႀကိတ္ကင္ဆာ၊ ရင္သားကင္ဆာ၊ အူမႀကီးကင္ဆာ၊ ဆီးခ်ိဳေရာဂါစတဲ့ ေရာဂါမ်ားျဖစ္ႏိုင္ေခ်မ်ားလာႏိုင္ပါတယ္။ ဗီတာမင္ဒီ နည္းေနသူေတြက တုပ္ေကြးပိုျဖစ္တယ္လို႔ ေလ့လာမႈတခ်ိဳ႕က ဆိုပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အခု အိတ္ဝမ္းအင္ဝမ္း ျဖစ္ေတာ့ ဗီတာမင္ဒီေသာက္ဖို႔ ႏႈိးေဆာ္လာၾကတဲ့ပို႔စ္ေတြ ေဖ့ဘြတ္မွာအမ်ားအျပား ထြက္ေပၚလာပါတယ္။

အဲဒါေတြကိုဖတ္ၿပီး လူေတြ ဗီတာမင္ဒီေဆးကို လိုက္ဝယ္ေသာက္ၾကရာ ဗီတာမင္ဒီမွာ ေရာင္းမေလာက္ကာ ပစၥည္းျပတ္တဲ့ထိကို ျဖစ္ရပါတယ္။ သို႔ေသာ္ Vitamin D က အေပၚမွာ ေျပာခဲ့တဲ့အတိုင္း fat soluble vitamin (အဆီမွာေပ်ာ္ဝင္တဲ့ ဗီတာမင္) မို႔လိုတာထက္ပို မေသာက္သင့္ပါဘူး။ မသိပဲလိုက္ေသာက္ေနရင္ အထူးသျဖင့္ ကေလးေတြမွာ overdose ျဖစ္ႏိုင္ပါတယ္။

ဒီလိုေျပာလိုက္ရင္က် တစ္ေန႔တာ ဗီတာမင္ဒီပမာဏ ဘယ္ေလာက္ရွိသင့္ၿပီးေတာ့ ဘယ္ေလာက္ပမာဏရွိရင္ overdose ျဖစ္တယ္(လြန္ကဲတယ္)လို႔ေျပာလဲ ဆိုတဲ့ေမးခြန္း ေမးစရာရွိလာပါမယ္။

ဒီေမးခြန္း ေျဖဖို႔ဆိုတာ မလြယ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ေန႔တာ ဗီတာမင္ဒီ ဘယ္ေလာက္ပမာဏရသင့္ၿပီး ဘယ္ေလာက္ပမာဏရွိရင္ လြန္ကဲတယ္ေျပာဖို႔ဆိုတာက အသက္အ႐ြယ္၊ လူမ်ိဴး၊ စားေသာက္ေနတဲ့ အစားေသာက္ေတြေပၚရယ္ ကမာၻ ရဲ႕ ဘယ္ေနရာမွာေနလဲ စတဲ့ အခ်က္အလက္ေတြေပၚမႈတည္ေနပါတယ္။

အၾကမ္းအားျဖင့္တစ္ေန႔တာ ဗီတာမင္ဒီ လိုအပ္ခ်က္ကေတာ့ 400 IU ကေန 800IU ပါ။ တခ်ိဳ႕လူေတြမွာ ဒီထက္ပိုလိုတာလည္း ျဖစ္ႏိုင္ပါတယ္။

ဗီတာမင္ဒီ လြန္ကဲပါက ျဖစ္ႏိုင္ေသာ ဆိုးက်ိဴးမ်ားကေတာ့

ဗီတာမင္ဒီမ်ားလာပါက ခႏၶာကိုယ္ထဲရွိ ကယ္လ္ဆီယံေတြပါ မ်ားလာၿပီး အဲ့မ်ားလာတဲ့ ကယ္လ္ဆီယံေတြက အ႐ိုးေတြေပၚမွာ အနည္က်ပါတယ္။ အဲ့အခါမွာ အ႐ိုးေပၚကို ဖိအားတစ္ခု သက္ေရာက္တဲ့အတြက္ အ႐ိုးအဆစ္ေတြနာတာ အခ်ိန္ၾကာလာရင္ က်ိဴးႏိုင္တာ စသျဖင့္ ျဖစ္ႏိုင္ပါတယ္။ ဗီတာမင္ဒီသည္ သိုင္း႐ြက္ရဲ႕ လုပ္ငန္းတာဝန္အေပၚမွာလည္း သက္ေရာက္မႈ ရွိတဲ့အတြက္ ဗီတာမင္ဒီမ်ားလာပါက သိုင္း႐ြက္ေဟာ္မုန္းနည္းသြားတာမ်ိဴး(Hypothyroidism) ျဖစ္ေစႏိုင္ၿပီး ႏွလုံးခုန္စည္းခ်က္မမွန္တာ၊ ေႏွးတာစသျဖင့္ ႏွလုံးနဲ႔ဆိုင္တဲ့ ေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။

ဗီတာမင္ဒီ လြန္ကဲပါက စိတ္ေရာကိုယ္ပါ ေကာင္းေကာင္းအနားယူခဲ့ရင္ေတာင္မွ ပင္ပန္းတာ ေပ်ာက္မသြားဘဲ အၿမဲတမ္းလိုလိုကို လန္းဆန္းမႈမရွိတာ၊ အားမရွိတာမ်ိဴးလည္း ခံစားရတတ္ပါတယ္။ ဒီလိုျဖစ္တာဟာ အစားေသာက္ပ်က္တာနဲ႔လည္း တြဲျဖစ္ႏိုင္ၿပီး ေနာက္ပိုင္းမွာ ေတာ္ေတာ္ ပိန္သြားႏိုင္ပါတယ္။ဗီတာမင္ဒီ လြန္ကဲပါက ဆီးသြားမ်ားတာ၊ ေရ႐ုတ္တရက္ အလြန္ငတ္တာစတဲ့ လကၡဏာေတြလည္းခံစားရႏိုင္ပါတယ္။

အခ်ဳပ္အားျဖင့္ ေျပာရရင္ တန္ေဆးလြန္ေဘး ျဖစ္တဲ့အတြက္ မိဘမ်ား စာဖတ္ပရိတ္သတ္မ်ားအေနနဲ႔ ဗီတာမင္ဒီဟာ တုပ္ေကြးကာကြယ္ေပးတယ္ဆိုတိုင္း ၾကားဖူးနားဝနဲ႔ ဆရာဝန္ကိုတိုင္ပင္ျခင္းမရွိဘဲ ရမ္းတိုက္တာ ေသာက္တာမ်ိဴးေတြကို မလုပ္ၾကဖို႔ အႀကံေပးခ်င္ပါတယ္။

Author : Dr. 528

(Unicode)

ဗီတာမင်ဒီဟာ အဆီမှာပျော်တဲ့ Fat soluble Vitamin တစ်မျိုးပါ။ အဆီများတဲ့ငါးများ(ဆော်လမွန်၊ဆာဒင်း၊တူနာ)၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ ငါးကြီးဆီ၊ ကွေကာစတဲ့အစားအစာများသည် ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများ ဖြစ်သည်။

တစ်ခုထူးခြားတာက ဗီတာမင်ဒီကို အစားသောက်ကနေပဲ ရနိုင်တာမဟုတ်ဘဲ ကျွန်တော်တို့ ခန္ဓာကိုယ်ကလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၁၀မိနစ်ကနေ ၁၅မိနစ်လောက် နေရောင်ခြည်နုနုနဲ့ မိမိရဲ့အရေပြားနဲ့ ထိတွေ့ခြင်းဖြင့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်ဒီ ပမာဏကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီကို ဆန်းရှိုင်း ဗီတာမင်(Sunshine vitamin)ဟုလည်း ခေါ်သည်။

ဗီတာမင်ဒီရဲ့ လုပ်ဆောင်ချက်တွေကတော့ ခန္ဓာကိုယ်ရှိ အရိုးတွေသန်မာဖို့အတွက် လိုသော ကယ်လ်စီယံ ပမာဏကို ထိန်းညှိပေးပါတယ်။ အစားအစာတွေထဲမှာပါသော ကယ်လ်စီယံဓါတ်များကို အူတွေကစုပ်ယူတဲ့နေရာမှာ ကူညီပေးပါတယ်။ ဗီတာမင်ဒီရဲ့ ကောင်းကျိုးတွေကတော့ စိတ်ဓါတ် တက်ကြွစေပါတယ်။ နှလုံးကို ကျန်းမာစေပါတယ်။ တစ်ကိုယ်လုံး ညောင်းညာနုံးချည့်မှု သက်သာစေပါတယ်။ အရိုးတွေကို သန်စွမ်းစေပါတယ်။

ထို့အပြင် ဗီတာမင်ဒီဟာ ခုခံအားစနစ်မှာ အရေးပါပါတယ်။ ဒါကြောင့် ဗီတာမင်ဒီ ချို့တဲ့ပါက အရိုးပျော့ရောဂါ၊ ဆီးကြိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးချိုရောဂါစတဲ့ ရောဂါများဖြစ်နိုင်ချေများလာနိုင်ပါတယ်။ ဗီတာမင်ဒီ နည်းနေသူတွေက တုပ်ကွေးပိုဖြစ်တယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အခု အိတ်ဝမ်းအင်ဝမ်း ဖြစ်တော့ ဗီတာမင်ဒီသောက်ဖို့ နှိုးဆော်လာကြတဲ့ပို့စ်တွေ ဖေ့ဘွတ်မှာအများအပြား ထွက်ပေါ်လာပါတယ်။

အဲဒါတွေကိုဖတ်ပြီး လူတွေ ဗီတာမင်ဒီဆေးကို လိုက်ဝယ်သောက်ကြရာ ဗီတာမင်ဒီမှာ ရောင်းမလောက်ကာ ပစ္စည်းပြတ်တဲ့ထိကို ဖြစ်ရပါတယ်။ သို့သော် Vitamin D က အပေါ်မှာ ပြောခဲ့တဲ့အတိုင်း fat soluble vitamin (အဆီမှာပျော်ဝင်တဲ့ ဗီတာမင်) မို့လိုတာထက်ပို မသောက်သင့်ပါဘူး။ မသိပဲလိုက်သောက်နေရင် အထူးသဖြင့် ကလေးတွေမှာ overdose ဖြစ်နိုင်ပါတယ်။

ဒီလိုပြောလိုက်ရင်ကျ တစ်နေ့တာ ဗီတာမင်ဒီပမာဏ ဘယ်လောက်ရှိသင့်ပြီးတော့ ဘယ်လောက်ပမာဏရှိရင် overdose ဖြစ်တယ်(လွန်ကဲတယ်)လို့ပြောလဲ ဆိုတဲ့မေးခွန်း မေးစရာရှိလာပါမယ်။

ဒီမေးခွန်း ဖြေဖို့ဆိုတာ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်နေ့တာ ဗီတာမင်ဒီ ဘယ်လောက်ပမာဏရသင့်ပြီး ဘယ်လောက်ပမာဏရှိရင် လွန်ကဲတယ်ပြောဖို့ဆိုတာက အသက်အရွယ်၊ လူမျိူး၊ စားသောက်နေတဲ့ အစားသောက်တွေပေါ်ရယ် ကမ္ဘာ ရဲ့ ဘယ်နေရာမှာနေလဲ စတဲ့ အချက်အလက်တွေပေါ်မှုတည်နေပါတယ်။

အကြမ်းအားဖြင့်တစ်နေ့တာ ဗီတာမင်ဒီ လိုအပ်ချက်ကတော့ 400 IU ကနေ 800IU ပါ။ တချို့လူတွေမှာ ဒီထက်ပိုလိုတာလည်း ဖြစ်နိုင်ပါတယ်။

ဗီတာမင်ဒီ လွန်ကဲပါက ဖြစ်နိုင်သော ဆိုးကျိူးများကတော့

ဗီတာမင်ဒီများလာပါက ခန္ဓာကိုယ်ထဲရှိ ကယ်လ်ဆီယံတွေပါ များလာပြီး အဲ့များလာတဲ့ ကယ်လ်ဆီယံတွေက အရိုးတွေပေါ်မှာ အနည်ကျပါတယ်။ အဲ့အခါမှာ အရိုးပေါ်ကို ဖိအားတစ်ခု သက်ရောက်တဲ့အတွက် အရိုးအဆစ်တွေနာတာ အချိန်ကြာလာရင် ကျိူးနိုင်တာ စသဖြင့် ဖြစ်နိုင်ပါတယ်။ ဗီတာမင်ဒီသည် သိုင်းရွက်ရဲ့ လုပ်ငန်းတာဝန်အပေါ်မှာလည်း သက်ရောက်မှု ရှိတဲ့အတွက် ဗီတာမင်ဒီများလာပါက သိုင်းရွက်ဟော်မုန်းနည်းသွားတာမျိူး(Hypothyroidism) ဖြစ်စေနိုင်ပြီး နှလုံးခုန်စည်းချက်မမှန်တာ၊ နှေးတာစသဖြင့် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

ဗီတာမင်ဒီ လွန်ကဲပါက စိတ်ရောကိုယ်ပါ ကောင်းကောင်းအနားယူခဲ့ရင်တောင်မှ ပင်ပန်းတာ ပျောက်မသွားဘဲ အမြဲတမ်းလိုလိုကို လန်းဆန်းမှုမရှိတာ၊ အားမရှိတာမျိူးလည်း ခံစားရတတ်ပါတယ်။ ဒီလိုဖြစ်တာဟာ အစားသောက်ပျက်တာနဲ့လည်း တွဲဖြစ်နိုင်ပြီး နောက်ပိုင်းမှာ တော်တော် ပိန်သွားနိုင်ပါတယ်။ဗီတာမင်ဒီ လွန်ကဲပါက ဆီးသွားများတာ၊ ရေရုတ်တရက် အလွန်ငတ်တာစတဲ့ လက္ခဏာတွေလည်းခံစားရနိုင်ပါတယ်။

အချုပ်အားဖြင့် ပြောရရင် တန်ဆေးလွန်ဘေး ဖြစ်တဲ့အတွက် မိဘများ စာဖတ်ပရိတ်သတ်များအနေနဲ့ ဗီတာမင်ဒီဟာ တုပ်ကွေးကာကွယ်ပေးတယ်ဆိုတိုင်း ကြားဖူးနားဝနဲ့ ဆရာဝန်ကိုတိုင်ပင်ခြင်းမရှိဘဲ ရမ်းတိုက်တာ သောက်တာမျိူးတွေကို မလုပ်ကြဖို့ အကြံပေးချင်ပါတယ်။

Author : Dr. 528

 

 

 

Previous Post

လေတက်ခြင်း

Next Post

အစာမကြေဖြစ်နေတာ ကြာလာရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
605

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာမကြေဖြစ်နေတာ ကြာလာရင်

ကျောကုန်းပေါ်မှာပေါက်တဲ့ ဝက်ခြံ

ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု (အပိုင်း ၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.