fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ပန်းသီးအကြောင်းသိကောင်းစရာ

1.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/10/2017
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ကြၽန္ေတာ္တို႔ ငယ္ငယ္က ပန္းသီးစားဖို႔ မလြယ္ပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ ထိုေခတ္တုန္းက ပန္းသီးသည္ ေဈးေတာ္ေတာ္ႀကီးေသာ သစ္သီးအမ်ိဴးအစားထဲတြင္ပါသည္။ ကြၽန္ေတာ္သည္ မတၱရာဇာတိျဖစ္သည္။ ငယ္စဥ္က ၿခံထြက္ သရက္သီး၊ မာလကာသီး၊ သေဘၤာသီး ၊ ပိႏၷဲသီး၊ ငွက္ေပ်ာသီး စသည္ျဖင့္ အမ်ိဳးအမယ္စုံစားခဲ့ရသည္။ သို႔ေသာ္ ပန္းသီးကျဖင့္မပါခဲ့ ၊ အေဖမန္းေလး ကိုအေရာင္းအဝယ္ကိစၥျဖင့္သြားသည့္အခါ တကူးတက တတြတ္တြတ္ ပူဆာမွ သို႔မဟုတ္ ေနမေကာင္းျဖစ္သည့္အခါမွသာ ဝယ္ေကြၽးေသာအသီးျဖစ္သည္။ အေတာ္ကိန္းခန္းႀကီးေသာ အသီးပါ။

သို႔ေသာ္ယခုတြင္မူ ပန္းသီးသည္ လူတိုင္းလက္လွမ္းမွီစြာ စားႏိုင္ေသာ အသီးစာရင္းထဲသို႔ေရာက္ရွိခဲ့ၿပီး လူတိုင္းနီးပါးလည္း ႏွစ္ၿခိဳက္စြာ စားသုံးေနၾကသည္။စူပါမားကပ္ထဲမွာ(Supermarket)၊ ဖုဒ္စင္တာမွာ(Food Center)၊ ၃၅လမ္းေဈးမွာ၊ ကိုင္းတန္းေဈးက သစ္သီးတန္းမွာ၊ ဘူတာႀကီးနားက သစ္သီးတန္းေတြမွာ၊ အရပ္တကာ လွည့္ေရာင္းတဲ့ သံတြန္းလွည္းေလးေပၚမွာ……စတဲ့ေနရာမ်ားစြာမွာ ပန္းသီးနီနီ၊ ပန္းသီးနီညိဳမ်ားျပည့္သိပ္ ေမႊးထုံေနသည္။ ကေလးလူႀကီးလူတန္းစားမေ႐ြး ေမႊးေသာ၊ ခ်ိဳေသာ၊ အရသာရွိေသာ ပန္းသီးနီနီမ်ားကို ယခုေခတ္တြင္အားပါးတရ ၿမိန္ေရရွက္ေရ ေဖာေဖာသီသီစားသုံးေနၾကသည္။

ထို႔ေၾကာင့္ ပန္းသီးရဲ႕အေၾကာင္းကို သိေအာင္ေျပာျပလိုပါသည္။

ပန္းသီးရဲ႕႐ုကၡေဗဒနာမည္မွာ Malus Pumila ဟုေခၚပါသည္။ ျမန္မာျပည္ရဲ႕ ေတာင္ေပၚေဒသမ်ားတြင္ ပန္းသီးပင္မ်ားစိုက္ပ်ိဳးျဖစ္ထြန္းၾကသည္။ Topical Beauty, Winter Banana , Red Delicious စေသာပန္းသီးမ်ိဴးတို႔ကို ဒီမွာစိုက္ပ်ိဳးၾကသည္။ ပန္းသီးအမ်ိဳးအစား ေပါင္း ၇၀၀၀ ေက်ာ္ ရွိပါတယ္။ အၾကမ္းအားျဖင့္ အေရာင္ ၃ မ်ိဳးရွိပါတယ္။ အနီေရာင္၊ အစိမ္းေရာင္၊ အဝါေရာင္။

ပန္းသီးသည္ အာဟာရဓါတ္ႂကြယ္ဝစြာပါၿပီး တျခားသစ္သီးမ်ားထက္ပိုၿပီး ေရာဂါကုသေပးႏိုင္ေသာ သစ္သီးျဖစ္သည္။ စိတ္ဖိအားမ်ားကို ေလွ်ာ့က်ေစႏိုင္ၿပီး အာဟာရဓါတ္မ်ား ျဖည့္စြက္ေပးႏိုင္ေသာ သစ္သီးျဖစ္သည္။

ပန္းသီးပုံမွန္စားျခင္းျဖင့္ ဆံပင္ကို သန္စြမ္းေစပါတယ္။ သြားနဲ႔ သြားဖုံးကို သန္စြမ္း ေစပါတယ္။ ေရငတ္ ေျပေစႏိုင္ပါတယ္။ အပူကိုဖယ္ရွားေပးၿပီး စိတ္ကိုေအးၿငိမ္းေစတယ္။ အစာအိမ္ကိုက်န္းမာေစတယ္။ အရက္မူးေျပေစႏိုင္တယ္။ ေသြးေလကို ညီၫြတ္ေစတယ္။ ႏွလုံးေသြးေၾကာေရာဂါေတြကိုလည္း ကာကြယ္ေပးပါတယ္။ ညအိပ္မေပ်ာ္တတ္သူဆိုရင္ ပန္းသီးကို အနားမွာထားအိပ္ပါ။ ပန္းသီးရဲ႕ အနံ႔ေၾကာင့္ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။ ေသြးတြင္းအဆီဓါတ္ကိုလည္းက်ေစတယ္။

စိုးရိမ္ပူပန္မႈေလ်ာ့နည္းေစၿပီး စိတ္က်ေရာဂါျဖစ္ျခင္းမွလည္းကာကြယ္ေပးပါတယ္။ ပန္းသီးတြင္ ပါဝင္ေသာဓာတ္တစ္မ်ိဴးသည္ ခႏၶာကိုယ္အတြင္းရွိ ဆိုဒီယမ္ဓာတ္ကို ဖယ္ရွားေပးႏိုင္ေသာေၾကာင့္ ေသြးဖိအားကို က်ဆင္းေစပါတယ္။ ေနာက္ပန္းသီးတြင္ပါဝင္ေသာ ဆယ္လူးလို႔စ္သည္ အူလမ္းေၾကာင္းကို လႈံ႕ေဆာ္ၿပီး အူနံရံလႈိင္းထ လႈပ္ရွားျခင္း(Peristalsis)ျဖစ္ေစသည့္အတြက္ ဝမ္းခ်ဳပ္ျခင္းမွ ကင္းေဝးေစၿပီး အူမႀကီးကင္ဆာျဖစ္ပြားႏိုင္မႈကို ေလ်ာ့က်ေစသည္။

ပန္းသီးကို အၿမဲပုံမွန္စားသုံးေပးပါက အေရျပားေခ်ာ့ေမြ႕ေစၿပီး ပန္းႏုေရာင္သန္းကာ ႏုပ်ိဳေစႏိုင္သည္။ ဒီလိုေကာင္းက်ိဴးေတြမ်ားေတာ့ ဟုတ္မွဟုတ္ပါ့မလားဆရာလို႔ ေမးစရာရွိပါတယ္။သံသယမျဖစ္ပါနဲ႔ ။ အေနာက္တိုင္းမွာဆိုရင္  An Apple A Day Keep The Doctor Away ဆိုၿပီးစကားပုံေတာင္ရွိပါတယ္။ဆိုလိုတာက ပန္းသီးကိုတစ္ေန႔တစ္လုံး ေန႔တိုင္းစားမယ္ဆိုရင္ ဆရာဝန္နဲ႔ျပသရျခင္းမွ ကင္းရွင္းမယ္လို႔ဆိုထားတာပါ။

ပန္းသီးသည္ အသက္ႀကီးငယ္မေ႐ြး စားသုံးသင့္ေသာ အသီးျဖစ္သည္။ အထူးသျဖင့္ အသက္ႀကီးသူမ်ား ကေလးမ်ား နဲ႔ ေနမေကာင္းေသာလူနာမ်ား ပိုၿပီးစားသုံးသင့္သည္။ သို႔ေသာ္ ပန္းသီးတြင္ သၾကားဓာတ္ပါဝင္တာေၾကာင့္ ဆီးခ်ိဳေရာဂါရွိသူမ်ားကေတာ့ ခ်င့္ခ်ိန္စားသုံးသင့္ပါတယ္။

ပန္းသီးစားသုံးရာတြင္ လူအမ်ားက ပန္းသီးအခြံပါ မခြာဘဲစားၾကသည္။ အခြံသည္လည္း ေဆးဖက္ဝင္သည္။ သို႔ေသာ္ ယခုေခတ္တြင္ ပိုးသတ္ေဆးမ်ားကိုအသုံးမ်ားလာသည့္အတြက္ အခြံမႏြာဘဲစားမည္ဆိုပါက ေရျဖင့္ ေသေသခ်ာခ်ာ သန႔္စင္ေအာင္ေဆးသင့္သည္။ ေရေသခ်ာမေဆးဘဲလုံးဝမစားသင့္။ တခ်ိဳ႕ကလည္း ပန္းသီးကို ေဖ်ာ္ရည္လုပ္ ေသာက္ၾကသည္။ တခ်ိဳ႕တခ်ိဳ႕က်ေတာ့ ဟင္းခ်က္စားတာမ်ိဴးလည္း လုပ္ၾကသည္။ ဟင္းခ်က္စားမည္ဆိုလွ်င္ေတာ့ ပန္းသီးကို အၾကာႀကီးမခ်က္ပါနဲ႔။ ဟင္းသီးဟင္း႐ြက္ သစ္သီးဝလံေတြက မီးနဲ႔အၾကာႀကီးေတြ႕ရင္ ပါဝင္ေသာအာဟာရတန္ဖိုးေတြ ဆုံးရႈံးႏိုင္လို႔ပါ။

ေနာက္ပန္းသီးကိုရက္ရွည္သိမ္းဆည္းမည္ဆိုလွ်င္ ငါးရက္မွ ခုႏွစ္ရက္အထိေရခဲေသတၱာထဲတြင္သိမ္းထားႏိုင္သည္။ အဆုံးသတ္အေနနဲ႔ပန္းသီးစားၿပီးပါက သြားႏွင့္ခံတြင္းသန႔္ရွင္းေအာင္ ပလုတ္က်င္းတာ သြားတိုက္တာေတြလုပ္ေပးပါလို႔အႀကံေပးခ်င္ပါတယ္။အဲ့လိုမလုပ္ပါက ပန္းသီးစားႂကြင္းစားက်န္မ်ားက သင့္သြားမ်ားကို အက္စစ္ေပါက္ကာ ထိခိုင္ေစႏိုင္လို႔ပါ။

Author : Dr. 528

(Unicode)

ကျွန်တော်တို့ ငယ်ငယ်က ပန်းသီးစားဖို့ မလွယ်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုခေတ်တုန်းက ပန်းသီးသည် ဈေးတော်တော်ကြီးသော သစ်သီးအမျိူးအစားထဲတွင်ပါသည်။ ကျွန်တော်သည် မတ္တရာဇာတိဖြစ်သည်။ ငယ်စဉ်က ခြံထွက် သရက်သီး၊ မာလကာသီး၊ သင်္ဘောသီး ၊ ပိန္နဲသီး၊ ငှက်ပျောသီး စသည်ဖြင့် အမျိုးအမယ်စုံစားခဲ့ရသည်။ သို့သော် ပန်းသီးကဖြင့်မပါခဲ့ ၊ အဖေမန်းလေး ကိုအရောင်းအဝယ်ကိစ္စဖြင့်သွားသည့်အခါ တကူးတက တတွတ်တွတ် ပူဆာမှ သို့မဟုတ် နေမကောင်းဖြစ်သည့်အခါမှသာ ဝယ်ကျွေးသောအသီးဖြစ်သည်။ အတော်ကိန်းခန်းကြီးသော အသီးပါ။

သို့သော်ယခုတွင်မူ ပန်းသီးသည် လူတိုင်းလက်လှမ်းမှီစွာ စားနိုင်သော အသီးစာရင်းထဲသို့ရောက်ရှိခဲ့ပြီး လူတိုင်းနီးပါးလည်း နှစ်ခြိုက်စွာ စားသုံးနေကြသည်။စူပါမားကပ်ထဲမှာ(Supermarket)၊ ဖုဒ်စင်တာမှာ(Food Center)၊ ၃၅လမ်းဈေးမှာ၊ ကိုင်းတန်းဈေးက သစ်သီးတန်းမှာ၊ ဘူတာကြီးနားက သစ်သီးတန်းတွေမှာ၊ အရပ်တကာ လှည့်ရောင်းတဲ့ သံတွန်းလှည်းလေးပေါ်မှာ……စတဲ့နေရာများစွာမှာ ပန်းသီးနီနီ၊ ပန်းသီးနီညိုများပြည့်သိပ် မွှေးထုံနေသည်။ ကလေးလူကြီးလူတန်းစားမရွေး မွှေးသော၊ ချိုသော၊ အရသာရှိသော ပန်းသီးနီနီများကို ယခုခေတ်တွင်အားပါးတရ မြိန်ရေရှက်ရေ ဖောဖောသီသီစားသုံးနေကြသည်။

ထို့ကြောင့် ပန်းသီးရဲ့အကြောင်းကို သိအောင်ပြောပြလိုပါသည်။

ပန်းသီးရဲ့ရုက္ခဗေဒနာမည်မှာ Malus Pumila ဟုခေါ်ပါသည်။ မြန်မာပြည်ရဲ့ တောင်ပေါ်ဒေသများတွင် ပန်းသီးပင်များစိုက်ပျိုးဖြစ်ထွန်းကြသည်။ Topical Beauty, Winter Banana , Red Delicious စသောပန်းသီးမျိူးတို့ကို ဒီမှာစိုက်ပျိုးကြသည်။ ပန်းသီးအမျိုးအစား ပေါင်း ၇၀၀၀ ကျော် ရှိပါတယ်။ အကြမ်းအားဖြင့် အရောင် ၃ မျိုးရှိပါတယ်။ အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်။

ပန်းသီးသည် အာဟာရဓါတ်ကြွယ်ဝစွာပါပြီး တခြားသစ်သီးများထက်ပိုပြီး ရောဂါကုသပေးနိုင်သော သစ်သီးဖြစ်သည်။ စိတ်ဖိအားများကို လျှော့ကျစေနိုင်ပြီး အာဟာရဓါတ်များ ဖြည့်စွက်ပေးနိုင်သော သစ်သီးဖြစ်သည်။

ပန်းသီးပုံမှန်စားခြင်းဖြင့် ဆံပင်ကို သန်စွမ်းစေပါတယ်။ သွားနဲ့ သွားဖုံးကို သန်စွမ်း စေပါတယ်။ ရေငတ် ပြေစေနိုင်ပါတယ်။ အပူကိုဖယ်ရှားပေးပြီး စိတ်ကိုအေးငြိမ်းစေတယ်။ အစာအိမ်ကိုကျန်းမာစေတယ်။ အရက်မူးပြေစေနိုင်တယ်။ သွေးလေကို ညီညွတ်စေတယ်။ နှလုံးသွေးကြောရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ ညအိပ်မပျော်တတ်သူဆိုရင် ပန်းသီးကို အနားမှာထားအိပ်ပါ။ ပန်းသီးရဲ့ အနံ့ကြောင့် အိပ်ပျော်စေနိုင်ပါတယ်။ သွေးတွင်းအဆီဓါတ်ကိုလည်းကျစေတယ်။

စိုးရိမ်ပူပန်မှုလျော့နည်းစေပြီး စိတ်ကျရောဂါဖြစ်ခြင်းမှလည်းကာကွယ်ပေးပါတယ်။ ပန်းသီးတွင် ပါဝင်သောဓာတ်တစ်မျိူးသည် ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်ဓာတ်ကို ဖယ်ရှားပေးနိုင်သောကြောင့် သွေးဖိအားကို ကျဆင်းစေပါတယ်။ နောက်ပန်းသီးတွင်ပါဝင်သော ဆယ်လူးလို့စ်သည် အူလမ်းကြောင်းကို လှုံ့ဆော်ပြီး အူနံရံလှိုင်းထ လှုပ်ရှားခြင်း(Peristalsis)ဖြစ်စေသည့်အတွက် ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေပြီး အူမကြီးကင်ဆာဖြစ်ပွားနိုင်မှုကို လျော့ကျစေသည်။

ပန်းသီးကို အမြဲပုံမှန်စားသုံးပေးပါက အရေပြားချော့မွေ့စေပြီး ပန်းနုရောင်သန်းကာ နုပျိုစေနိုင်သည်။ ဒီလိုကောင်းကျိူးတွေများတော့ ဟုတ်မှဟုတ်ပါ့မလားဆရာလို့ မေးစရာရှိပါတယ်။သံသယမဖြစ်ပါနဲ့ ။ အနောက်တိုင်းမှာဆိုရင်  An Apple A Day Keep The Doctor Away ဆိုပြီးစကားပုံတောင်ရှိပါတယ်။ဆိုလိုတာက ပန်းသီးကိုတစ်နေ့တစ်လုံး နေ့တိုင်းစားမယ်ဆိုရင် ဆရာဝန်နဲ့ပြသရခြင်းမှ ကင်းရှင်းမယ်လို့ဆိုထားတာပါ။

ပန်းသီးသည် အသက်ကြီးငယ်မရွေး စားသုံးသင့်သော အသီးဖြစ်သည်။ အထူးသဖြင့် အသက်ကြီးသူများ ကလေးများ နဲ့ နေမကောင်းသောလူနာများ ပိုပြီးစားသုံးသင့်သည်။ သို့သော် ပန်းသီးတွင် သကြားဓာတ်ပါဝင်တာကြောင့် ဆီးချိုရောဂါရှိသူများကတော့ ချင့်ချိန်စားသုံးသင့်ပါတယ်။

ပန်းသီးစားသုံးရာတွင် လူအများက ပန်းသီးအခွံပါ မခွာဘဲစားကြသည်။ အခွံသည်လည်း ဆေးဖက်ဝင်သည်။ သို့သော် ယခုခေတ်တွင် ပိုးသတ်ဆေးများကိုအသုံးများလာသည့်အတွက် အခွံမနွာဘဲစားမည်ဆိုပါက ရေဖြင့် သေသေချာချာ သန့်စင်အောင်ဆေးသင့်သည်။ ရေသေချာမဆေးဘဲလုံးဝမစားသင့်။ တချို့ကလည်း ပန်းသီးကို ဖျော်ရည်လုပ် သောက်ကြသည်။ တချို့တချို့ကျတော့ ဟင်းချက်စားတာမျိူးလည်း လုပ်ကြသည်။ ဟင်းချက်စားမည်ဆိုလျှင်တော့ ပန်းသီးကို အကြာကြီးမချက်ပါနဲ့။ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေက မီးနဲ့အကြာကြီးတွေ့ရင် ပါဝင်သောအာဟာရတန်ဖိုးတွေ ဆုံးရှုံးနိုင်လို့ပါ။

နောက်ပန်းသီးကိုရက်ရှည်သိမ်းဆည်းမည်ဆိုလျှင် ငါးရက်မှ ခုနှစ်ရက်အထိရေခဲသေတ္တာထဲတွင်သိမ်းထားနိုင်သည်။ အဆုံးသတ်အနေနဲ့ပန်းသီးစားပြီးပါက သွားနှင့်ခံတွင်းသန့်ရှင်းအောင် ပလုတ်ကျင်းတာ သွားတိုက်တာတွေလုပ်ပေးပါလို့အကြံပေးချင်ပါတယ်။အဲ့လိုမလုပ်ပါက ပန်းသီးစားကြွင်းစားကျန်များက သင့်သွားများကို အက်စစ်ပေါက်ကာ ထိခိုင်စေနိုင်လို့ပါ။

Author : Dr. 528

 

Previous Post

ည

Next Post

ရေသောက်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူ ပြုခြင်းအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေသောက်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူ ပြုခြင်းအကြောင်း

အပြင်မှာထုတ်တာ ကလေးမရဖို့ ဘယ်လောက်စိတ်ချရသလဲ

လမ်းပေါ်က ကလေးတွေ ရှူနေကြတဲ့ ကော်ဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.