လတ်ဆတ်တာဟာ အကောင်းဆုံးပဲလို့ အများက လက်ခံကြတယ်။ ဟုတ်ပါသလား။ တကယ်တော့ သုံးသပ်ချက်တွေအရ လတ်ဆတ်တာနဲ့ အေးခဲထားတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေဟာ နှိုင်းယှဉ်ချက်အရ အကျိုးကျေးဇူးတွေ တစ်သတ်မတ်ထဲကို ကွာခြားမှုမရှိဘူးလို့ တွေ့ရတယ်။
သင်ဟာ အရည်ရွှမ်းတဲ့ စတော်ဘယ်ရီသီးတွေ (သို့) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့သွားတဲ့အခါ သင့်အနေနဲ့ အေးခဲထားတဲ့ အရောင်းကောင်းတာကို ရောက်ချင်မှရောက်လိမ့်မယ်။ အေးခဲထားတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ရေခဲပျော်အောင် ထားလိုက်တဲ့အခါမှာ အမြင်အားဖြင့် တစ်မျိုးကြီးဖြစ်နေတတ်တယ်။ သင့်အနေနဲ့ အေးခဲထားတဲ့ အစီအမံဟာ အာဟာရတန်ဖိုးအချို့ကို လျော့သွားစေနိုင်တယ်ဆိုတဲ့ အထင်မျိုးဖြစ်လာတတ်တယ်။
လတ်ဆတ်တာကလွဲလို့ သင့်အတွက်မကောင်းဘူးလို့ သင်တွက်လိမ့်မယ်။ တစ်ဖက်က ကြည့်ရင်လည်း အေးခဲထားတာဟာ အများအားဖြင့် ဈေးသက်သာပြီး တစ်နှစ်ပတ်လုံးရနိုင်တယ်။ လတ်ဆတ်တယ်ဆိုတာကလည်း နှိုင်းယှဉ်ပြောလို့ရတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အကူးအပြောင်း၊ အတင်အချ၊ ဖြတ်သန်းတာမျိုးလည်း ရှိတယ်။ ဆိုင်တွေမှာတင်ထားတဲ့ အချိန် (သို့) သင့်ရေခဲသေတ္တာထဲမှာ ရက်သတ္တပတ်အနည်းငယ် ကြာနေတာမျိုးလည်း ရှိနိုင်တယ်။
အေးခဲတာကို ကောင်းမွန်အောင် လူတွေကကြိုးပမ်းခဲ့ကြပေမယ့် Clarence ဆိုသူတစ်ယောက်က ၁၉၂၀ ခုနှစ်ဆန်းပိုင်းတွင် အမြန်အေးခဲတဲ့ နည်းပညာကို တွေ့ရှိခဲ့တယ်။ အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်က Inuits လူမျိုးတွေရဲ့ အတုကို ယူခဲ့တယ်။ ဒီလူမျိုးတို့ဟာ သူတို့ ဖမ်းလို့ရတဲ့ ငါးတွေကို မြန်မြန်ဆန်ဆန်ခဲအောင် လုပ်ကြတယ်။ ဆိုလိုတာက ကြီးမားတဲ့ ရေခဲတွေ ဖြစ်လာပြီး ဆဲလ်တွေကို ပျက်စီးပြီး အစာရဲ့အရသာကို မပျက်သွားခင်ပေါ့။
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ၇၀-၉၀ ရာခိုင်နှုန်းကြား ရေဖြစ်ကြတယ်။ သူတို့ကို ဆွတ်ခူးပြီးတဲ့အချိန်တွင် သူတို့ရဲ့ အစိုဓာတ် လျှင်မြန်စွာ ဆုံးရှုံးသွားကာ ပိုးမွှားတွေရဲ့ တိုက်ခိုက်မှုကို ခံရပြီး အင်ဇိုင်းတွေကြောင့် အရည်အသွေးကျသွားတယ်။ အခုကာလမှာ ပိုပြီး ဆန်းသစ်တဲ့ နည်းပညာတွေ သုံးနေပြီဖြစ်တယ်။ ဟင်းသီးဟင်းရွက်တွေကို လျှပ်တစ်ပြက် အေးခဲခြင်းမလုပ်ခင်၊ ရေနွေးဖျောတာမျိုးလိုပေ့ါ။ ဓာတုပစ္စည်းတွေလည်း မပါဘူး။
သင့်အနေနဲ့ အေးခဲထားတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ အာဟာရဓာတ် ဆုံးရှုံးသွားမယ်လို့ စိုးရိမ်ရင် လတ်ဆတ်တာတွေလည်း ဆုံးရှုံးတယ်ဆိုတာကို သင်အမှတ်ရဖို့ လိုတယ်။ ပဲစေ့အစိမ်းတွေဟာ ဆွတ်ခူးပြီး၊ ပထမ ၂၄ နဲ့ ၄၈ နာရီအကြာတွင် သူတို့မှာပါတဲ့ ဗီတာမင်စီ တစ်ဝက်ကျော်လောက် ဆုံးရှုံးသွားတယ်။ကယ်လီဖိုးနီးယား တက္ကသိုလ်တွင် Ali Bouzari နဲ့ လုပ်ဖော်ကိုင်ဘက်တွေ ပြုလုပ်ခဲ့တဲ့ သုံးသပ်ချက်တွင် လတ်ဆတ်တာ အေးခဲထားတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ရှစ်မျိုးတို့ရဲ့ အာဟာရဓာတ်ကို နှိုင်းယှဉ်ကြည့်တဲ့အခါ လတ်ဆတ်တာနဲ့ အေးခဲတဲ့အကြား တစ်သမတ်ထဲ ကွဲပြားမှုတွေမရှိတာကို တွေ့ခဲ့ရတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ရှစ်မျိုးတွေကတော့ ဘရိုကော့လီ၊ ဒေါက်ခွ၊ မုန်လာဥဝါ၊ ပဲစေ့၊ ပဲသီးတောင့်စိမ်း၊ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးတို့ဖြစ်တယ်။
အေးခဲထားတဲ့ ပြောင်း၊ ပဲသီးတောင့်စိမ်းနဲ့ ဘလူးသယ်ရီတို့ဟာ အလားတူ လတ်ဆတ်တာတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ဗီတာမင်စီဓာတ် ပါဝင်မှု ပိုမြင့်တာကို တွေ့ရတယ်။ အေးခဲထားတဲ့ ဘရိုကော့လီတွင် လတ်ဆတ်တာထက် riboflavin (ဗီတာမင်ဘီတစ်မျိုး)ပိုများပေမယ့် လတ်ဆတ်တဲ့ပဲစေ့တွေကတော့ အေးခဲတာထက် ပိုများတာကို တွေ့ရတယ်။
နောက်စာတမ်းတစ်ခုကတော့ သုတေသန ပညာရှင်တွေက ဖိုင်ဘာနဲ့ မက်ဂ်နီစီယံ၊ ကယ်လ်စီယမ်၊ ဇင့်နဲ့ သံဓာတ်စတဲ့ သတ္တုဓာတ်အဆင့်တွေကို ကြည့်တဲ့အခါတွင် အထက်က ဖော်ပြခဲ့တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ရှစ်မျိုးတို့ကို အေးခဲထားတာနဲ့ လတ်ဆတ်တာတွေအကြား ကြီးမားတဲ့ ကွာဟမှုကို မတွေ့ရဘူး။ အေးခဲထားတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ကြိုက်ကြတဲ့ ပရိသတ်တွေက ဘယ်လို ပြောသလဲဆိုရင်၊ အေးခဲထားရင် ပုပ်သိုးသွားတာကို ရပ်တန့်စေတယ်တဲ့။ ဒီအတိုင်းထားရင် သတ္တုဓာတ်နဲ့ ဗီတာမင် ဓာတ်တွေကို အမြဲထိန်းသိမ်းထားနိုင်စွမ်းရှိတယ်။ လတ်ဆတ်တဲ့ အစားအသောက်ရဲ့ အရသာကိုပဲ လိုလားတယ်ဆိုတဲ့ ကိစ္စတွေကတော့ ဓမ္မဓိဌာန်မကျလှဘူး။
ဒီလိုပြောကြစတမ်းဆိုရင်တော့ အေးခဲထားတဲ့ ပဲစေ့တွေဟာ ဦးခေါင်းပေါ်က သေးငယ်တဲ့အရောင်အဖုတွေအတွက် လတ်ဆတ်တဲ့ ပဲစေ့တွေထက် အသုံးဝင်မှာပါ။
Author: မောင်ချမ်းသာ, Healthcare Journal, vol 8,no 24 (30.6.17)