fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ည

195
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/10/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ည

“ဒီည စိတ်အာရုံတွေပြန့်ကျဲနေတဲ့ည ဒီည

သံစဉ်တပုဒ်နဲ့ငါလွမ်းနေတဲ့ည ဒီည

ရင်ခွင်ကန္တာရ ခြောက်ခန်းနေတဲ့ညဒီည

အိမ်မက်ကိုထမ်းပြီးလျှောက် လှမ်းရွေ့လည်းမရပါ ဒီည

အလွမ်းတွေနဲ့ဒီည

ဖြတ်သန်းနေခဲ့ဒီည

ဇာတ်လမ်းတွေနဲ့ဒီည

မှတ်တမ်းတွေနဲ့ဒီည

ဓူဝံကြယ်ရှာဖွေဆဲ ငါလမ်းလွဲနေတဲ့ည ဒီည

စွန့်လွတ်ရင်းတွယ်ရာမဲ့ တခြမ်းပဲ့နေတဲ့ ပန်းချီကား”

အချိန်ကည၁၂နာရီထိုးဖို့၅မိနစ်ပဲလိုတော့သည်။ မန်းလေးပြည်သူ့ဆေးရုံကြီး ဖျားနာဆောင်၁တွင် ကျွန်တော်တို့အလုပ်သင်ဆရာဝန်တစုသည် ည၉နာရီခွဲ သမားတော်တွေRoundပြီးကစပီးဆေးလိုက်ထိုးနေတာခုထိမပြီးသေး။ မပြီးဆို ဒီညကောအရင်ညကော နှစ်ညဆက်တိုက် ဖျားနာဆောင်၁လူနာတင်ရက်ဖြစ်သောကြောင့် ရုံထဲတွင် ခုတင်အပိုများနဲ့ပါမလောက်သောကြောင့် ခုတင်ကြားထဲတွင် ခုံနှစ်ခုဆက်ကာလူနာများအတွက်နေရာချပေးထားတာတောင် နေရာလွတ်မရှိအောင် လူနာတွေပြည့်လျှံနေသည်။

ကျွန်တော်တင်မဟုတ် ကျွန်တော့်သူငယ်ချင်းတွေလည်း မပြီးကြသေး။ ည၁၂ခွဲကျော်မှ အကုန်ပြီးသွားပြီး မနက်ဆေးထိုးဖို့အတွက် ပြင်ဆင်စရာရှိတဲ့ဆေးတွေပြင်ကြရပြန်သည်။ သူငယ်ချင်းတဝက်က ရုံကိုပတ်ကြည့်ရသည်။ ထိုသို့ပြင်ဆင်နေစဉ် ဘယ်ကလွင့်ပျံလာမှန်းမသိသောသီချင်းသံကို အာရုံစိုက်မိသည်။သီချင်းစာသားလေးကလည်းကောင်းသည်။ ညဂျူတီဆင်းရသောအလုပ်သင်ဆရာဝန်များကိုပဲ ရည်ရွယ်ပြီးဆိုထားသလိုလို။

အလွမ်းတွေနဲ့ဒီည ဇာတ်လမ်းတွေနဲ့ဒီည မှတ်တမ်းတွေနဲ့ဒီညတဲ့

ဟုတ်သည်။ အလွမ်းတွေ များလွန်းသည်။ ဖျားနာဆောင်ထဲမှာ ရောဂါထဖောက်တဲ့လူနာတွေကို ကျွန်တော်တို့ဆရာဝန်တွေအသက်လုကြိုးစားရင်းနဲ့ပဲတညတညကွယ်လွန်ဆုံးပါးသွားတဲ့လူနာ(Expire)တယောက်မကရှိတတ်သည်။ လူနာတင်ရက် နှစ်ရက်ဆက်တိုက်ဆိုပိုများတတ်သည်။ အခုလည်းမနက်အတွက်ဆေးတွေပြင်ဆင်နေတုန်းရှိသေးတယ်။” House တွေ CPR လုပ်မယ်!!!(CPR=Cardiopulmonary Resuscitation)”လက်ထောက်ဆရာဝန်အစ်မတယောက်က အခန်းဝကနေအော်ပြီး အီးစီဂျီစက်တင်ထားတဲ့တွန်းလှည်းကို တဂျောင်းဂျောင်းနဲ့ သုတ်ခြေတင်တွန်းသွားသည်။ ဆေးပြင်နေတဲ့ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ရယ် အရေးပေါ်ဆေးသေတ္တာခေါ်(Emergency Box)ကိုယူပြီး အမှီလိုက်သွားရသည်။ ကိုးထပ်ဆောင် MU1 ရှိသောအထပ်ဓါတ်လှေကားပေါက်နားတွင် လူနာတင်တွန်းလှည်းတခုရှိနေသည်။ ယခုမှအရေးပေါ်ဌာနကနေရုံထဲသို့လွှတ်လိုက်သောလူနာဖြစ်နိုင်သည်။ ထိုတွန်းလှည်းပေါ်တွင် အသက်၅၀အရွယ် မိန်းမ၀၀ကြီးတယောက်က မလှုပ်မယှက်။ ဘေးမှာတော့ သားသမီးများဖြစ်ဟန်တူတော့ လူနာစောင့်၃ယောက်လောက်ကိုတွေ့ရသည်။ စောင်ထုပ်လေးတွေ၊ ခြင်းတောင်းလေးတွေ ကိုင်ထားကြသည်။ မျက်နှာလေးတွေတော့ သိပ်မကောင်းကြ။

လက်ထောက်ဆရာဝန်အစ်မက ခေါင်းရင်းဘက်မှနေပြီး လူနာရဲ့ခေါင်းကိုနောက်သို့လှန်ကာ လက်နှစ်ဖက်နဲ့ဆွဲပေးထားသည်။ ကျွန်တော်ကအရပ်ရှည်တော့ တွန်းလှည်းပေါ်ကမိန်းမကြီးရဲ့ရင်ဘတ်ကို လက်နှစ်ဖက်ဆန့်ပြီး အားနဲ့ပုံမှန်ဖိပေးရသည်။ ကျွန်တော့်သူငယ်ချင်းက မိန်းမကြီးရဲ့နှာခေါင်းကိုလေအိတ်တပ်ကာညှစ်ပေးရသည်။ နောက်သူငယ်ချင်းတယောက်က အီးစီဂျီကြိုးတွေကိုလူနာ့ကိုယ်မှာစနစ်တကျတပ်ပြီး စာရွက်တွင်ပေါ်လာသည့် လှိုင်းလေးတွေကိုကြည့်နေသည်။ ထိုစဉ် On Call ဟုခေါ်သည့်(ယနေ့ညဂျူတီကျဆရာဝန်များထဲမှ)အကြီးဆုံးဆရာဝန်အကိုရောက်လာသည်။ ညီလေးတို့ Atropine Adrenaline တွေစုပ်ထားလိုက်တော့ ဟုပြောသည်။ ရုံထဲတွင်လူနာအခြေအနေပတ်ကြည့်နေသောသူငယ်ချင်းများလည်းရောက်လာသည်။ ရင်ဘတ်ဖိခြင်း လေအိတ်ညှစ်ခြင်းကိုအလှည့်ကျဝိုင်းကူပေးသည်။ ကျွန်တော်တို့အားလုံးနီးပါးချွေးပြိုက်ပြိုက်ကျအောင် ရင်ဘတ်ဖိလိုက် လေအိတ်ညစ်လိုက် ဆေးထိုးလိုက်နဲ့ အသက်ကယ်သော်လည်း အီးစီဂျီမှာ မျဉ်းကအဖြောင့်တိုင်းတာတွေ့ရသည်။ လူနာရဲ့အသက်ကိုမကယ်နိုင်တော့။ လူနာရှင်မိသားစုကို တချက်ကြည့်မိသည်။ အမျိူးသမီးတယောက်ကနံရံကိုမှီပြီး ငိုနေသည်။ သားဖြစ်ဟန်တူသည့်အမျိူးသားများကတော့ ဆရာဝန်များ အလုပ်လုပ်နေသည်ကို ရီဝေစွာငေးကြည့်နေသည်။ သူတို့မျက်နှာတွင် ပူဆွေးသောကအလွမ်းများနဲ့ ပြည့်နှက်နေသည်။ တာဝန်ကျဆရာဝန်အကိုကတော့ လူနာရှင်များအား အကျိူးအကြောင်းရှင်းပြနေသည်။သူတို့ရဲ့အလွမ်းသည်မြင်ရသူများကိုပါကူးစက်ပြီးမျက်ရည်ဝဲစေသည်။

 

အလွမ်းတွေပဲများတာလားဆိုတော့မဟုတ် ဇာတ်လမ်းတွေလည်းတော်တော်များသည်။ ဆယ်တန်းမှာစိတ်ဖိစီးမှုများပြီး ဘာမီတွန်တဘူးလုံး သောက်လာကာ ဆေးရုံရောက်လာသူများ ရည်စားသို့မဟုတ် ယောက်ျားနဲ့ရန်ဖြစ်ပြီး ဒေါသထွက်ကာ အဆိပ်(ကြွက်သတ်ဆေး)သောက်လာသောမိန်းမများလည်းရှိသည်။ ထိုသူများသည် ဆေးသောက်တာ အဆိပ်သောက်တာမျိူးလုပ်ခဲ့ပေမယ့် တကယ်သေချင်လို့တော့မဟုတ် ထိုကြောင့်ဆေးရုံသို့ရောက်လာပြီး လိုအပ်တာတွေလုပ်ပြီး ဆရာဝန်ကြီးကစိတ်ချရပါပြီဆိုသည့်တိုင်အောင် သေမှာကြောက်သဖြင့် ဗိုက်ကလေးနည်းနည်းအောင့်တာကအစ ခဏဆိုသလို စိုးရိမ်တကြီးအရေးပေါ်ပုံစံမျိူးနဲ့လာခေါ်ကြသည်။

နောက်ပြီး အရက်သမားများ အကြောင်းတခုခုကြောင့်ဆေးရုံတက်ရသည့်အခါ အရက်မသောက်ရခြင်းကြောင့် ကြောင်သွားကာ ဆေးရုံ အဆောင်ထဲမှာလျှောက်သွားပြီး တချို့ကျ ထိန်းမရနိုင်အောင်ဖြစ်လို့ လုံခြုံရေး သို့မဟုတ် တခြားလူနာစောင့်များကိုအကူအညီတောင်းပြီး ချူပ်ကာအတင်းစိတ်ငြိမ်ဆေးထိုးပေးရတာမျိူးတွေလည်း ရှိသည်။

နောက်ပြီး လက်မှာစိုက်ထားတဲ့ ဆေးသွင်းပိုက် နှာခေါင်းပိုက် မနည်းထည့်ထားပြီး အဆင်ပြေခါမှ လူနာကမနေတတ်ဘူးဆိုပြီး လူနာစောင့်က သူ့သဘောနဲ့သူဖြုတ်လိုက်သောကြောင့် ဆရာမတွေကိုအကူအညီတောင်းပြီး ပြန်တပ်ခိုင်းရတာမျိူး ပြန်မဖြုတ်အောင်လည်း ချော့တမျိူး ခြောက်တမျိူးလူနာစောင့်ကိုပြောရတာမျိူးတွေလည်းရှိသည်။

တချို့လူနာတွေ ကျတော့လည်း ဆရာဝန်ကြီးတွေရဲ့ခွင့်ပြုချက်မရဘဲ ဆေးရုံကနေဇွတ်အတင်းခိုးဆင်း(Abscond) တဲ့ဇာတ်လမ်းတွေလည်းရှိသည်။

တချို့အလုပ်သင်ဆရာဝန် သူငယ်ချင်းအချို့ဆိုရင်လည်း ဘီပိုး စီပိုး အိတ်အိုင်ဗွီရှိတဲ့လူနာကို ဆေးထိုးပေးရင်းနဲ့ အပ်စူးလို့တအားကြောက်ပြီး ငိုရင်းကနေ မေ့လဲသွားတာမျိူး(အထူးသဖြင့်မိန်းကလေးများ) နောက်ပြီး သူငယ်ချင်းတယောက်ဆိုရင် အသည်းက အဆိပ်မဖြေနိုင်လို့ အဆိပ်တွေဦးနှောက်ထဲရောက်ပြီး ကယောင်ချောက်ချားဖြစ်နေတဲ့လူနာ(Hepatic Encephalopathy with B positive pt)က ရုတ်တရက်သူ့လက်ကိုကိုက်ထားလို့ မနည်းဘေးကလူတွေကိုအကူအညီတောင်းကာ လူနာပါးစပ်ထဲကထုတ်ရသည်။ ထို့နောက်ဆေးသောက်ရသည်။ ကြောက်စရာပါ ကျွန်တော်တို့အလုပ်သင် ဆရာဝန်များသည်လည်း ငယ်ရွယ်သူ ပုထုဇဉ်များသာဖြစ်သောကြောင့် အေ ဘီ စီ စတဲ့ရောဂါကူးစက်မှာတော့ ကျွန်တော်တို့လည်းကြောက်သည်။ သို့သော်ဝေဒနာခံစားနေရသည့်လူနာများကို တွေ့သည့်အခါမှာတော့ ကျွန်တော်တို့ရဲ့ကြောက်စိတ်တွေဟာ လွင့်ပါးပျောက်ကွယ်သွားပြီး ငါတို့အတွက် ဒီရောဂါတွေဟာ မကူးနိုင်လောက်ပါဘူးဆိုတဲ့ အသိစွဲကပ်သွားတဲ့အထိ ပေတေနေခဲ့ကြပါသည်။

မှတ်တမ်းတွေကတော့ပြောမနေနဲ့တော့ အထူးသဖြင့် မိုးရာသီသွေးလွန်တုပ်ကွေးကာလဆိုရင် သွေးလွန်တုပ်ကွေးဖြစ်သူတွေများလွန်းသဖြင့် သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတယောက်တိုင်းမှာ Hourly Monitoring (Blood Pressure ,Pulse Rate,SPO2,Urine Output)စတာတွေကို တနာရီခြားတခါ တိုင်းကြည့်ပြီးမှတ်တမ်းယူရသည်။ ကိုယ်က ၁၅ယောက်လောက်ကိုလိုက်ယူပြီးရင်တနာရီပြည့်သွားပြီးမို့ အစလူနာကပြန်စရပြန်သည်။ဒီလိုနဲ့ပဲ တညလုံးနားချိန်တောင်မရှိဘဲ မိုးလင်းသွားရတဲ့ညတွေများသည်။မြွေကိုက်ခံရတဲ့လူနာတွေလာပါကလည်း ထိုသို့ပင်။

အလုပ်သင်ဆရာဝန်တယောက်ရဲ့ ဂျူတီညသည် အသက်လုပွဲတွေနဲ့။

အလုပ်သင်ဆရာဝန်တယောက်ရဲ့ ဂျူတီညသည် အထီးကျန်ကြောက်ရွံ့မှုတွေနဲ့။

အလုပ်သင်ဆရာဝန်တယောက်ရဲ့ ဂျူတီညသည် လူနာကောင်းဖို့ ဂရုဏာဒေါသတွေနဲ့။

အလုပ်သင်ဆရာဝန်တယောက်ရဲ့ ဂျူတီညသည် နောက်မနက်၈နာရီထိုးရင်တောင် အိပ်ပြန်ချိန် ရေရေရာရာ မသိမှုတွေနဲ့။

အလုပ်သင်ဆရာဝန်တယောက်ရဲ့ ဂျူတီညသည် အလွမ်းတွေ ဇာတ်လမ်းတွေ မှတ်တမ်းတွေနဲ့။

မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ဟာဆရာဝန်ဖြစ်နေတဲ့အတွက်တော့ လူနာကောင်းဖို့ကိုပဲရှေးရှုကာ ပိုကြိုးစားပေးဆပ်နေမည်သာ။

လမ်း၃၀ မန်းလေးပြည်သူ့ဆေးရုံကြီး ဖျားနာကုသဆောင်(၁)မှ အလုပ်သင်ဆရာဝန်တယောက်ရဲ့ ဂျူတီညတွေကို ချစ်သူကောင်မလေးတယောက်… သိရှိခံစားနိုင်ပါစေ။

Author : Dr. 528

စာကြွင်း။ ။သီချင်းနာမည်က Underground အဆိုတော် Htet Paing ရဲ့ This Night သီချင်းပါ။လွန်ခဲ့တဲ့၃နှစ်လောက်ကထွက်ခဲ့တာထင်ပါတယ်။

Previous Post

သားအိမ်ထဲက အလုံးကြီး

Next Post

ပန်းသီးအကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
604

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပန်းသီးအကြောင်းသိကောင်းစရာ

ရေသောက်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူ ပြုခြင်းအကြောင်း

အပြင်မှာထုတ်တာ ကလေးမရဖို့ ဘယ်လောက်စိတ်ချရသလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.