(Zawgyi)
ေ႐ႊဖ႐ုံသီးကို အဂၤလိပ္လို Pumpkin လို႔ေခၚသည္။ ေ႐ႊဖ႐ုံသီးကို လူတိုင္းနီးပါး ျမင္ဖူးၾကမွာပါ။ ဘာလို႔လဲဆိုေတာ့ စင္ဒရဲလားကားထဲမွာ မင္းသမီးစင္ဒရဲလား နန္းေတာ္ထဲကိုသြားတဲ့လွည္းက ေ႐ႊဖ႐ုံသီးကို ေမွာ္အတတ္နဲ႔ဖန္ဆင္းၿပီး လွည္းအသြင္ေျပာင္းတဲ့ အခန္းကို ကေလးတိုင္း ၾကည့္ဖူးၾကမွာပါ။ေနာက္ၿပီး ႏိုင္ငံျခားႏိုင္ငံေတြမွာ ေဟာလိုဝင္းညေရာက္ရင္ ေ႐ႊဖ႐ုံသီးကိုသုံးၿပီး အလွဆင္တာမ်ိဴးေတြလည္း ႏိုင္ငံတကာသတင္းေတြမွာ ႏွစ္စဥ္ ေတြ႕ႏိုင္ပါတယ္။အမွန္တကယ္က ေ႐ႊဖ႐ုံသီးသည္ ေဆးဖက္ဝင္အသီး တစ္မ်ိဳး ျဖစ္ပါတယ္။ က်န္းမာေရးကိုလည္း မ်ားစြာ အေထာက္ကူ ေပးပါတယ္။ ေ႐ႊဖ႐ုံသီးကို ဟင္းခ်က္စားႏိုင္သလို ေ႐ႊဖ႐ုံသီးယို ဆႏြင္းမကင္း စတဲ့အခ်ိဳပြဲအျဖစ္နဲ႔လည္းသုံးေဆာင္ႏိုင္ပါတယ္။ ေ႐ႊဖ႐ုံသီးဆန္ျပဳတ္လည္း ခ်က္ေသာက္ႏိုင္ပါတယ္။
ေ႐ႊဖ႐ုံသီးတြင္ ဗီတာမင္ေအ၊ ဘီဝမ္း၊ ဘီတူး၊ ဘီစစ္၊ ဗီတာမင္စီ၊ ဗီတာမင္အီး၊ သံဓါတ္ ၊မက္ကနီဆီယမ္ဓါတ္၊ ကယ္လ္ဆီယမ္ဓါတ္၊ ေဖာလစ္အက္စစ္၊ ပ႐ိုတင္း၊ဂလူတမစ္အက္စစ္၊ ေဖာစေဖာရပ္စ္၊ကယ္႐ိုတင္း၊ဆယ္လူးလို႔စ္၊ ပိုတက္ဆီယမ္၊ ဘီတာကယ္႐ိုတင္း စတဲ့ အာဟာရဓါတ္မ်ိဴးစုံ ႂကြယ္ဝစြာပါဝင္ေသာ ေၾကာင့္ အာဟာရအလြန္ႂကြယ္ဝေသာ အသီးအႏွံျဖစ္သည္။
ေ႐ႊဖ႐ုံသီးဟာ ကယ္လိုရီပါဝင္မႈအေနနဲ႔က် ေလ်ာ့နည္းတာေၾကာင့္ အဆီမ်ားတဲ့ အစားအေသာက္ေတြ ေနရာမွာ အစားထိုးစားေပးႏိုင္ပါတယ္။ ကိုယ္အ ေလးခ်ိန္မတက္ေစဘဲနဲ႔ ဆာေလာင္မႈကို ေလ်ာ့က်ေစပါတယ္။ အဆာမခံဘဲ ဝိတ္ခ်လိုသူမ်ားအတြက္ အလြန္အသုံးဝင္ပါတယ္။ ေ႐ႊဖ႐ုံသီးမွာ ပါတဲ့ မဂၢနီဆီယမ္ဓါတ္ကလည္း အစာေၾကညက္ေစရန္ အေထာက္အကူ ေပးပါတယ္။ ေဖာစေဖာရပ္စ္နဲ႔ ကယ္လ္ဆီယံဓါတ္ကလည္း အ႐ိုးေတြကို ခိုင္မာေအာင္ ကူညီ ေပးပါတယ္။
ေ႐ႊဖ႐ုံသီးမွာ အန္တီေအာက္ဆီးဒင့္ေတြျဖစ္တဲ့ ဗီတာမင္ စီ၊အီး ႏွင့္ ဘီတာကယ္႐ိုးတင္းဓါတ္ေတြ မ်ားစြာပါတာေၾကာင့္ အ႐ြယ္တင္ႏုပ်ိဴေစတဲ့အျပင္ မ်က္စိက်န္းမာေရး အာ႐ုံေၾကာက်န္းမာေရးကိုလည္းေကာင္းေစပါတယ္။ေ႐ႊဖ႐ုံသီးသည္ အူလမ္းေၾကာင္းနဲ႔ ေသြးတြင္းရွိအဆီဓါတ္ကို စုပ္ယူေပးႏိုင္သည့္အတြက္ ကိုယ္အတြင္းရွိမေကာင္းတဲ့အဆီ(ကိုလက္စေရာဓါတ္)ေတြကို ေလ်ာ့နည္းေစသည္။ ပိုတက္ဆီယမ္ဓါတ္ကလည္း ေသြးေပါင္ထိန္းညႇိရာမွာ အေထာက္အကူျပဳပါတယ္။ အဆီဓါတ္နည္းေစၿပီး ေသြးေပါင္ခ်ိန္ ပုံမွန္ျဖစ္ေစတဲ့အတြက္ ႏွလုံးေရာဂါေတြလည္း ျဖစ္ႏိုင္ေျခ နည္းသြားပါတယ္။
ေ႐ႊဖ႐ုံသီးစားေပးျခင္းျဖင့္ ဟင္း႐ြက္စားသလိုပဲ အူကိုလႈပ္ရွားမႈ(Peristalsis) ျဖစ္ေပၚေစႏိုင္တဲ့အတြက္ ဝမ္းခ်ဳပ္ျခင္းကင္းၿပီး ဝမ္းမွန္ေစပါတယ္။ အူမႀကီးကင္ဆာ ျဖစ္ပြားႏႈန္းလည္း ေလ်ာ့က်သြားေစပါတယ္။ဒါ့အျပင္ ေ႐ႊဖ႐ုံသီးဟာ အမ်ိဴးသားေတြမွာ အသက္ႀကီးလာလို႔ ဆီးက်ိတ္ႀကီးတာ ျဖစ္ႏိုင္ေျခကိုလည္း ေလ်ာ့နည္းေစပါတယ္။ ေ႐ႊဖ႐ုံသီးကို အဆီမ်ားၿပီး အဝလြန္ေနသူေတြ သက္ႀကီး႐ြယ္အိုေတြ ကင္ဆာေရာဂါရွိတဲ့သူေတြ မ်ားမ်ားစားေပးသင့္ပါတယ္။ သို႔ ေသာ္ ဗိုက္နာတတ္သူမ်ား ဝမ္းေဖာ ဝမ္းေရာင္ ဝမ္းေလွ်ာလြယ္တတ္သူမ်ား အေနနဲ႔ေတာ့ အမ်ားႀကီးမစားသင့္ေပ။
ေ႐ႊဖ႐ုံသီးစားမယ္ဆိုရင္ အခြံမခြာဘဲနဲ႔ ခ်က္ျပဳတ္စားတာ ပိုေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့အခြံမွာ ဘီတာကယ္႐ိုတင္းဓါတ္ေတြ မ်ားစြာပါလို႔ပါ။ သို႔ေသာ္ ပိုးသတ္ေဆး အႏၲရယ္ရွိႏိုင္တဲ့အတြက္ မခ်က္ခင္ ေရေသခ်ာေဆးဖို႔ လိုပါတယ္။ ေ႐ႊဖ႐ုံသီးက အသီးတစ္ခုတည္း အသုံးဝင္တာ မဟုတ္ပါဘူး။ အေစ့ကလည္း အသုံးဝင္ပါတယ္။ အေစ့မ်ားကို ေလွာ္ၿပီးစားလို႔ရပါတယ္။ ကေလးမ်ားကို တစ္ေန႔ ၆၀ဂရမ္ထိ ေကြၽးႏိုင္ပါတယ္။ အေစ့ေလွာ္မ်ားမ်ားစားျခင္း ျဖင့္ ဗိုက္ထဲရွိ သန္ေကာင္မ်ားကိုလည္း က်ေစပါတယ္။
Author : Dr. 528
(Unicode)
ရွှေဖရုံသီးကို အင်္ဂလိပ်လို Pumpkin လို့ခေါ်သည်။ ရွှေဖရုံသီးကို လူတိုင်းနီးပါး မြင်ဖူးကြမှာပါ။ ဘာလို့လဲဆိုတော့ စင်ဒရဲလားကားထဲမှာ မင်းသမီးစင်ဒရဲလား နန်းတော်ထဲကိုသွားတဲ့လှည်းက ရွှေဖရုံသီးကို မှော်အတတ်နဲ့ဖန်ဆင်းပြီး လှည်းအသွင်ပြောင်းတဲ့ အခန်းကို ကလေးတိုင်း ကြည့်ဖူးကြမှာပါ။နောက်ပြီး နိုင်ငံခြားနိုင်ငံတွေမှာ ဟောလိုဝင်းညရောက်ရင် ရွှေဖရုံသီးကိုသုံးပြီး အလှဆင်တာမျိူးတွေလည်း နိုင်ငံတကာသတင်းတွေမှာ နှစ်စဉ် တွေ့နိုင်ပါတယ်။အမှန်တကယ်က ရွှေဖရုံသီးသည် ဆေးဖက်ဝင်အသီး တစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးကိုလည်း များစွာ အထောက်ကူ ပေးပါတယ်။ ရွှေဖရုံသီးကို ဟင်းချက်စားနိုင်သလို ရွှေဖရုံသီးယို ဆနွင်းမကင်း စတဲ့အချိုပွဲအဖြစ်နဲ့လည်းသုံးဆောင်နိုင်ပါတယ်။ ရွှေဖရုံသီးဆန်ပြုတ်လည်း ချက်သောက်နိုင်ပါတယ်။
ရွှေဖရုံသီးတွင် ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး၊ ဘီစစ်၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ သံဓါတ် ၊မက်ကနီဆီယမ်ဓါတ်၊ ကယ်လ်ဆီယမ်ဓါတ်၊ ဖောလစ်အက်စစ်၊ ပရိုတင်း၊ဂလူတမစ်အက်စစ်၊ ဖောစဖောရပ်စ်၊ကယ်ရိုတင်း၊ဆယ်လူးလို့စ်၊ ပိုတက်ဆီယမ်၊ ဘီတာကယ်ရိုတင်း စတဲ့ အာဟာရဓါတ်မျိူးစုံ ကြွယ်ဝစွာပါဝင်သော ကြောင့် အာဟာရအလွန်ကြွယ်ဝသော အသီးအနှံဖြစ်သည်။
ရွှေဖရုံသီးဟာ ကယ်လိုရီပါဝင်မှုအနေနဲ့ကျ လျော့နည်းတာကြောင့် အဆီများတဲ့ အစားအသောက်တွေ နေရာမှာ အစားထိုးစားပေးနိုင်ပါတယ်။ ကိုယ်အ လေးချိန်မတက်စေဘဲနဲ့ ဆာလောင်မှုကို လျော့ကျစေပါတယ်။ အဆာမခံဘဲ ဝိတ်ချလိုသူများအတွက် အလွန်အသုံးဝင်ပါတယ်။ ရွှေဖရုံသီးမှာ ပါတဲ့ မဂ္ဂနီဆီယမ်ဓါတ်ကလည်း အစာကြေညက်စေရန် အထောက်အကူ ပေးပါတယ်။ ဖောစဖောရပ်စ်နဲ့ ကယ်လ်ဆီယံဓါတ်ကလည်း အရိုးတွေကို ခိုင်မာအောင် ကူညီ ပေးပါတယ်။
ရွှေဖရုံသီးမှာ အန်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဗီတာမင် စီ၊အီး နှင့် ဘီတာကယ်ရိုးတင်းဓါတ်တွေ များစွာပါတာကြောင့် အရွယ်တင်နုပျိူစေတဲ့အပြင် မျက်စိကျန်းမာရေး အာရုံကြောကျန်းမာရေးကိုလည်းကောင်းစေပါတယ်။ရွှေဖရုံသီးသည် အူလမ်းကြောင်းနဲ့ သွေးတွင်းရှိအဆီဓါတ်ကို စုပ်ယူပေးနိုင်သည့်အတွက် ကိုယ်အတွင်းရှိမကောင်းတဲ့အဆီ(ကိုလက်စရောဓါတ်)တွေကို လျော့နည်းစေသည်။ ပိုတက်ဆီယမ်ဓါတ်ကလည်း သွေးပေါင်ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ အဆီဓါတ်နည်းစေပြီး သွေးပေါင်ချိန် ပုံမှန်ဖြစ်စေတဲ့အတွက် နှလုံးရောဂါတွေလည်း ဖြစ်နိုင်ခြေ နည်းသွားပါတယ်။
ရွှေဖရုံသီးစားပေးခြင်းဖြင့် ဟင်းရွက်စားသလိုပဲ အူကိုလှုပ်ရှားမှု(Peristalsis) ဖြစ်ပေါ်စေနိုင်တဲ့အတွက် ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းမှန်စေပါတယ်။ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းလည်း လျော့ကျသွားစေပါတယ်။ဒါ့အပြင် ရွှေဖရုံသီးဟာ အမျိူးသားတွေမှာ အသက်ကြီးလာလို့ ဆီးကျိတ်ကြီးတာ ဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။ ရွှေဖရုံသီးကို အဆီများပြီး အဝလွန်နေသူတွေ သက်ကြီးရွယ်အိုတွေ ကင်ဆာရောဂါရှိတဲ့သူတွေ များများစားပေးသင့်ပါတယ်။ သို့ သော် ဗိုက်နာတတ်သူများ ဝမ်းဖော ဝမ်းရောင် ဝမ်းလျှောလွယ်တတ်သူများ အနေနဲ့တော့ အများကြီးမစားသင့်ပေ။
ရွှေဖရုံသီးစားမယ်ဆိုရင် အခွံမခွာဘဲနဲ့ ချက်ပြုတ်စားတာ ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့အခွံမှာ ဘီတာကယ်ရိုတင်းဓါတ်တွေ များစွာပါလို့ပါ။ သို့သော် ပိုးသတ်ဆေး အန္တရယ်ရှိနိုင်တဲ့အတွက် မချက်ခင် ရေသေချာဆေးဖို့ လိုပါတယ်။ ရွှေဖရုံသီးက အသီးတစ်ခုတည်း အသုံးဝင်တာ မဟုတ်ပါဘူး။ အစေ့ကလည်း အသုံးဝင်ပါတယ်။ အစေ့များကို လှော်ပြီးစားလို့ရပါတယ်။ ကလေးများကို တစ်နေ့ ၆၀ဂရမ်ထိ ကျွေးနိုင်ပါတယ်။ အစေ့လှော်များများစားခြင်း ဖြင့် ဗိုက်ထဲရှိ သန်ကောင်များကိုလည်း ကျစေပါတယ်။
Author : Dr. 528