အိမ်မွေးလေးတွေကတဆင့် ကူးစက်တတ်တဲ့ရောဂါများ အကြောင်းကို ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြပါ့မယ် ။
Salmonella ဝမ်းကိုက်ရောဂါ
အဓိကကတော့ အိမ်မွေးလေးတွေရဲ့ မစင်ကို ကိုင်တွယ်ပြီး လက်သေချာ မဆေးကြောလို့ ဖြစ်တာပါ။ မြွေ ၊ လိပ် ၊ lizards တို့ရဲ့ အညစ်အကြေးတွေကနေလည်း ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာကတော့ ဝမ်းပျက်မယ် ၊ဝမ်းကိုက်မယ်ပေါ့။ ဘယ်လို ကာကွယ်လို့ရလဲ ဆိုရင် တိရိစ္ဆာန် မစင်တွေကို ၂၄ နာရီ အတွင်း ရှင်းလင်းပါ။ တကယ်လို့ သင်ဟာ ကိုယ်ဝန်ဆောင်၊ ဒါမှမဟုတ် ကိုယ်ခံအားနည်းနေက တခြား အိမ်သားတစ်ယောက်ကို ရှင်းခိုင်းပါ။ သင်ကိုယ်တိုင် မလုပ်ပါနဲ့။ တိရိစ္ဆာန် အညစ်အကြေးတွေ ရှင်းလင်းပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ ။
သန်ကောင် တုတ်ကောင်များ
အိမ်မွေးတွေရဲ့ မစင်ကနေပဲ ကူးစက်ခံရတာပါ။ ရောဂါလက္ခဏာကတော့ အရေပြားတွေ ယားမယ် ၊ဝမ်းက လေထိုးသလို ၊ဝမ်းကိုက်သလို အောင့်မယ် ဝမ်းပျက်နိုင်တယ်။ ဘယ်လို ကာကွယ်လို့ရလဲ ဆိုရင် တိရိစ္ဆာန် မစင်တွေကို ၂၄ နာရီအတွင်း ရှင်းလင်းပါ ။တကယ်လို့ သင်ဟာ ကိုယ်ဝန်ဆောင် ၊ ဒါမှမဟုတ် ကိုယ်ခံအားနည်းနေက တခြား အိမ်သားတစ်ယောက်ကို ရှင်းခိုင်းပါ။ သင်ကိုယ်တိုင် မလုပ်ပါနဲ့။ တိရိစ္ဆာန် အညစ်အကြေးတွေ ရှင်းလင်းပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ။ အိမ်မွေးလေးတွေ သန်းမတွယ်အောင်လည်း သေချာ ကုသပေးပါ။ သန်ကောင်ကျဆေးတွေကို တိုက်ကျွေးပါ ။ ကောင်းစွာမကျက်သော အသားငါးများနဲ့ သားစိမ်း ငါးစိမ်းတွေကို မကျွေးပါနဲ့ ။
Ringworm မှိုရောဂါ
အဆိုပါ မှိုရောဂါကို ခွေးတွေ ကြောင်တွေ အပြင် မြင်းတွေကတဆင့်လည်း ကူးစက်ခံရနိုင်တယ်။ အိမ်မွေးလေးတွေရဲ့ ကိုယ်ပေါ်မှာရှိတဲ့ မှို အရေပြား
ယားနာကို ကိုင်တွယ်မိရာကနေ ကူးစက်ခံရတာပါ။ မှိုရောဂါဖြစ်ရင် အရေပြားဟာ ယားပြီး အနီကွင်းတွေ ထလာမယ်။ ဦးရေပြားမှိုစွဲရင် ဆံပင်ကျွတ်ကာ ထိပ်ပြောင်နိုင်တယ်။ လက်သည်းမှာလည်း မှိုစွဲနိုင်တယ်။
ဘယ်လို ကာကွယ်ရမလဲဆိုရင် အိမ်မွေးလေးတွေရှိ အရေပြားယားနာကို လက်အိတ်မပါဘဲ မကိုင်နဲ့။ တိရိစ္ဆာန်ကုနဲ့ သေချာကုသပါ။ လက်ကို ဆပ်ပြာနဲ့
သေချာ ဆေးကြောပါ။ သင့်ရဲ့ အသားအရေကို မခြောက်သွေ့အောင် ထားပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ ။
Psitticosis ကြက်တူရွေး အဖျားရောဂါ
ကြက်တူရွေး အဖျားရောဂါလို့ ဆိုပေမယ့် တခြား အိမ်မွေးငှက်တွေကနေလည်း ကူးစက်ခံရနိုင်တယ်။ ရောဂါပိုးရှိတဲ့ ငှက်တွေရဲ့ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အရာတွေရယ် ၊ မစင်တွေရယ်ကို ရှူမိ ၊ကိုင်မိလို့ ကူးစက်ခံရတာပါ။
ရောဂါလက္ခဏာကတော့ ဖျားမယ် ၊ ချောင်းဆိုးမယ် ၊ နမိုးနီးယား လက္ခဏာနဲ့ ဆင်တူတယ်။ အိမ်မွေးငှက်တွေရဲ့ မစင်ကို သေချာ သန့်ရှင်းပါ။ ငှက်လှောင်အိမ်ကို လေဝင်လေထွက်ကောင်းတဲ့ နေရာမှာထားပါ။ သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်ကိုသေချာ ဆေးကြောပါ။ အိမ်မွေးငှက်တွေ နေမကောင်းတာနဲ့ တိရိစ္ဆာန်ကု ဆရာတွေနဲ့ သေချာ ပြသပါ။
Author : ခေတ်သစ် ဇီဝက