(Zawgyi)
တစ္ခါ မဟုတ္ တစ္ခါ လည္ပင္းနာ အာသီးေရာင္ဖူးၾကမွာပါ ။ အာသီးဆိုတာ လည္ပင္းေနာက္နား တစ္ဖက္တစ္ခ်က္စီမွာ ရွိတာပါ ။ အဆိုပါ အာသီးဟာ ကူးစက္ေရာဂါပိုးေတြကို တိုက္ထုတ္တဲ့ေနရာမွာလည္း တစ္တပ္ တစ္အား ပါဝင္ပါတယ္ ။ ဒါေၾကာင့္ အာသီးေတြဟာ တစ္ခါတရံမွာ ျပင္းထန္စြာ ေရာင္ရမ္းလာပါတယ္ ။
အာသီးေရာင္ရင္ လည္ပင္းနာျခင္း ၊ အစာမ်ိဳခ်ရခက္ျခင္း ၊ ဖ်ားျခင္း စတာေတြ ျဖစ္တတ္ပါတယ္ ။ အာသီးေရာင္ျခင္းဟာ အသက္အ႐ြယ္မေ႐ြး ျဖစ္တတ္တယ္ဆိုေပမယ့္ ကေလးသူငယ္ေတြမွာ ပိုျဖစ္တတ္ပါတယ္ ။ လည္ပင္းနာျခင္းဟာ အာဂႏၲဳအနာျဖစ္တတ္ေပမယ့္ တစ္ခါတရံက်ရင္ ကူးစက္တတ္တဲ့ ဗိုင္းရပ္စ္ ပိုးမ်ား ၊ ဘတ္တီးရီးယားပိုးမ်ားေၾကာင့္ ျဖစ္တတ္ေသးတာမို႔ မေပါ့ဆသင့္ပါ ။
အာသီးေရာင္နာေနသူေတြ ဘယ္လို အစားအေသာက္မ်ား စားသုံးသင့္သလဲဆိုတာ ဒီေဆာင္းပါးမွာ ေျပာျပပါ့မယ္ ။ အာသီးေရာင္ရင္ လည္ပင္းနာတတ္လို႔ အစာမာေတြ မစားတာ အေကာင္းဆုံးပါ ။ အစာေပ်ာ့ေပ်ာ့နဲ႔ အရည္ဓာတ္မ်ားမ်ား စားေသာက္သင့္တယ္ ။ အထူးသျဖင့္ ကိုယ္ခံအားတက္ေစမယ့္ အစားအေသာက္မ်ား စားသုံးေပးသင့္တယ္ ။
ဗိုက္တာမင္ ေအပါတဲ့ သရက္သီး ၊ ေ႐ႊဖ႐ုံသီး ၊ ကန္စြန္းဥ ၊ မုန္လာဥဝါ စတာေတြကို ေဖ်ာ္ရည္အျဖစ္ ေသာက္ေပးႏိုင္တယ္။ ဒါ့အျပင္ ဗိုက္တာမင္ စီနဲ႔ Flavanoid တို႔ေပါႂကြယ္ဝတဲ့ ပန္းသီး ၊ ေရွာက္သီးနဲ႔သံပရာမ်ိဳးရင္းဝင္ ေတြကိုလည္း စားသုံးေပးပါ ။
ေနၾကာေစ့ ၊ ေနၾကာဆီ ၊ ဂ်ဳံဆီ ၊ ပဲဆီနဲ႔ ေထာပတ္ထဲပါတဲ့ ဗိုက္တာမင္အီး ကလည္း ေရာဂါပိုးေတြကို တိုက္ထုတ္ရာမွာ ကူညီေပးပါတယ္။ ဇင့္ဓာတ္ပါတဲ့ ပင္လယ္စာမ်ား ၊ အနီေရာင္ရွိ အသားမ်ား ၊ အဆီပါတဲ့ ငါးမ်ားကိုလည္း စားသုံးေပးသင့္ပါတယ္ ။ ေဆးလက္ဖက္ရည္ ခပ္ေႏြးေႏြးကိုလည္း ေသာက္သုံးေပးႏိုင္တယ္ ။
ႏြားႏို႔နဲ႔ အခ်ိဳဓာတ္မ်ား ၊ ကစီဓာတ္မ်ားသာ မ်ားၿပီး အာဟာရဓာတ္ပမာဏနည္းတဲ့ အစားအေသာက္မ်ားကို ေရွာင္ၾကဥ္ပါ။
Author :KTZWK
(Unicode)
တစ်ခါ မဟုတ် တစ်ခါ လည်ပင်းနာ အာသီးရောင်ဖူးကြမှာပါ ။ အာသီးဆိုတာ လည်ပင်းနောက်နား တစ်ဖက်တစ်ချက်စီမှာ ရှိတာပါ ။ အဆိုပါ အာသီးဟာ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်တဲ့နေရာမှာလည်း တစ်တပ် တစ်အား ပါဝင်ပါတယ် ။ ဒါကြောင့် အာသီးတွေဟာ တစ်ခါတရံမှာ ပြင်းထန်စွာ ရောင်ရမ်းလာပါတယ် ။
အာသီးရောင်ရင် လည်ပင်းနာခြင်း ၊ အစာမျိုချရခက်ခြင်း ၊ ဖျားခြင်း စတာတွေ ဖြစ်တတ်ပါတယ် ။ အာသီးရောင်ခြင်းဟာ အသက်အရွယ်မရွေး ဖြစ်တတ်တယ်ဆိုပေမယ့် ကလေးသူငယ်တွေမှာ ပိုဖြစ်တတ်ပါတယ် ။ လည်ပင်းနာခြင်းဟာ အာဂန္တုအနာဖြစ်တတ်ပေမယ့် တစ်ခါတရံကျရင် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ် ပိုးများ ၊ ဘတ်တီးရီးယားပိုးများကြောင့် ဖြစ်တတ်သေးတာမို့ မပေါ့ဆသင့်ပါ ။
အာသီးရောင်နာနေသူတွေ ဘယ်လို အစားအသောက်များ စားသုံးသင့်သလဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပါ့မယ် ။ အာသီးရောင်ရင် လည်ပင်းနာတတ်လို့ အစာမာတွေ မစားတာ အကောင်းဆုံးပါ ။ အစာပျော့ပျော့နဲ့ အရည်ဓာတ်များများ စားသောက်သင့်တယ် ။ အထူးသဖြင့် ကိုယ်ခံအားတက်စေမယ့် အစားအသောက်များ စားသုံးပေးသင့်တယ် ။
ဗိုက်တာမင် အေပါတဲ့ သရက်သီး ၊ ရွှေဖရုံသီး ၊ ကန်စွန်းဥ ၊ မုန်လာဥဝါ စတာတွေကို ဖျော်ရည်အဖြစ် သောက်ပေးနိုင်တယ်။ ဒါ့အပြင် ဗိုက်တာမင် စီနဲ့ Flavanoid တို့ပေါကြွယ်ဝတဲ့ ပန်းသီး ၊ ရှောက်သီးနဲ့သံပရာမျိုးရင်းဝင် တွေကိုလည်း စားသုံးပေးပါ ။
နေကြာစေ့ ၊ နေကြာဆီ ၊ ဂျုံဆီ ၊ ပဲဆီနဲ့ ထောပတ်ထဲပါတဲ့ ဗိုက်တာမင်အီး ကလည်း ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ ကူညီပေးပါတယ်။ ဇင့်ဓာတ်ပါတဲ့ ပင်လယ်စာများ ၊ အနီရောင်ရှိ အသားများ ၊ အဆီပါတဲ့ ငါးများကိုလည်း စားသုံးပေးသင့်ပါတယ် ။ ဆေးလက်ဖက်ရည် ခပ်နွေးနွေးကိုလည်း သောက်သုံးပေးနိုင်တယ် ။
နွားနို့နဲ့ အချိုဓာတ်များ ၊ ကစီဓာတ်များသာ များပြီး အာဟာရဓာတ်ပမာဏနည်းတဲ့ အစားအသောက်များကို ရှောင်ကြဉ်ပါ။
Author :KTZWK