(Zawgyi)
လန္းဆန္းတယ္ ၊ တက္ႂကြတယ္ ဆိုၿပီး ေၾကာ္ျငာကာ လူငယ္မ်ားအၾကား သုံးစြဲမႈမ်ားတဲ့ အားျဖည့္ အခ်ိဳရည္မ်ားနဲ႔ က်န္းမာေရးအေပၚ သက္ေရာက္မႈမ်ားကို သိသင့္ပါတယ္ ။
အားျဖည့္ အခ်ိဳရည္ဆိုၿပီး စတင္ထုတ္လုပ္ခဲ့တာကေတာ့ ၁၉၉၇ ခုႏွစ္က အေမရိကန္ႏိုင္ငံမွာပါ ။အခုဆိုရင္ အေမရိကန္ ႏိုင္ငံမွာ အားျဖည့္အခ်ိဳရည္မ်ားကို တစ္ႏွစ္လွ်င္ ေဒၚလာ ၅.၄ ဘီလီယမ္ဖိုး ေရာင္းခ်ေနရပါတယ္ ။ အထူးသျဖင့္ ၁၇ႏွစ္နဲ႔ ၃၅ ၾကား လူငယ္လူလတ္ပိုင္း အ႐ြယ္ေတြ ပိုမို ေသာက္သုံးၾကတာ ေတြ႕ရပါတယ္ ။
Energy Drinks အားျဖည့္အခ်ိဳရည္ေတြ ေသာက္လွ်င္ လန္းဆန္းတယ္ ၊ တက္ႂကြတယ္လို႔ ထင္ရျခင္းသည္ ၎တို႔တြင္ ပါဝင္သည့္ ကဖင္းဓာတ္ေၾကာင့္ ျဖစ္ပါတယ္ ။၂၄ ေအာင္စ အားျဖည့္အခ်ိဳရည္မွာ ကဖင္းဓာတ္ ၅၀၀ မီလီဂရမ္ထိ ပါဝင္တတ္ပါတယ္ ။ အဆိုပါ ပမာဏဟာ ေကာ္ဖီ ၄-၅ ခြက္နဲ႔လည္း ညီမွ်ပါတယ္ ။ အားျဖည့္ အခ်ိဳရည္ အမ်ိဳးအစားအလိုက္ ကြာျခားမႈေတာ့ ရွိႏိုင္ပါတယ္ ။ဒါ့အျပင္ guarana လို႔ေခၚတဲ့ ဘရာဇီးလ္ ကိုကိုး ၊ သၾကား ၊ ေတာ္ရင္း taurine ၊ ဂ်င္းစင္း ginseng ၊ glucuronolactone ၊ yohimbe ၊carnitine ၊ bitter orange ၊ ဗိုက္တာမင္ ဘီအုပ္စု စတာေတြလည္း ပါဝင္ပါေသးတယ္ ။
အားျဖည့္အခ်ိဳရည္ ေသာက္သုံးျခင္းျဖင့္ နဂိုထက္ ပိုမိုလန္းဆန္း တက္ႂကြတယ္ ဆိုတာကို ေလ့လာထားတာ အတိအက် မရွိပါ ။ အားျဖည့္အခ်ိဳရည္ အလြန္အကြၽံ ေသာက္သုံးမႈေၾကာင့္ ရင္တုန္ ၊ႏွလုံးခုန္မမွန္တာေတြ ၊ ႏွလုံးေရာဂါနဲ႔ ေသြးေၾကာေရာဂါေတြ ၊ေသြးေပါင္တက္ျခင္းမ်ား ၊ အစာအိမ္ေရာဂါမ်ား ၊ အူလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ား ၊ အစိုးရိမ္လြန္ကဲျခင္း စတဲ့ စိတ္ပိုင္းဆိုင္ရာေရာဂါမ်ား ၊ အိပ္မေပ်ာ္ျခင္းမ်ား ၊ အရည္ဓာတ္ဆုံးရႈံးျခင္းမ်ား ၊ ဆီးခ်ိဳေသြးခ်ိဳ ပမာဏမ်ားလာျခင္း စတာေတြ ျဖစ္တတ္ခံစားရတတ္ပါတယ္ ။
ဒါ့အျပင္ အားျဖည့္အခ်ိဳရည္နဲ႔ ဘီယာ အရက္မ်ား ၊ ေဆးေျခာက္ကဲ့သို႔ေသာ မူးယစ္ေဆးဝါးမ်ား ၊တခ်ိဳ႕ေသာ ေဆးဝါးမ်ားကို တြဲမသုံးသင့္ မေသာက္သင့္ပါ ။ အတူတူသုံးစြဲျခင္းျဖင့္ မိမိတို႔ ဘီယာအရက္မ်ား အလြန္အကြၽံေသာက္ထားမွန္း ၊ မူးယစ္ေဆးဝါးမ်ား အလြန္အကြၽံသုံးစြဲ ထားမိမွန္း မသိေအာင္ အားျဖည့္အခ်ိဳရည္က ျဖစ္ေစတဲ့အတြက္ မလိုလားအပ္တဲ့ က်န္းမာေရး ျပႆနာမ်ားကို ျဖစ္ေစႏိုင္တဲ့အျပင္ အခန႔္မသင့္ရင္ အသက္ေဘးပါ စိုးရိမ္ရတတ္ပါတယ္။
Author : ေခတ္သစ္ ဇီဝက
(Unicode)
လန်းဆန်းတယ် ၊ တက်ကြွတယ် ဆိုပြီး ကြော်ငြာကာ လူငယ်များအကြား သုံးစွဲမှုများတဲ့ အားဖြည့် အချိုရည်များနဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုများကို သိသင့်ပါတယ် ။
အားဖြည့် အချိုရည်ဆိုပြီး စတင်ထုတ်လုပ်ခဲ့တာကတော့ ၁၉၉၇ ခုနှစ်က အမေရိကန်နိုင်ငံမှာပါ ။အခုဆိုရင် အမေရိကန် နိုင်ငံမှာ အားဖြည့်အချိုရည်များကို တစ်နှစ်လျှင် ဒေါ်လာ ၅.၄ ဘီလီယမ်ဖိုး ရောင်းချနေရပါတယ် ။ အထူးသဖြင့် ၁၇နှစ်နဲ့ ၃၅ ကြား လူငယ်လူလတ်ပိုင်း အရွယ်တွေ ပိုမို သောက်သုံးကြတာ တွေ့ရပါတယ် ။
Energy Drinks အားဖြည့်အချိုရည်တွေ သောက်လျှင် လန်းဆန်းတယ် ၊ တက်ကြွတယ်လို့ ထင်ရခြင်းသည် ၎င်းတို့တွင် ပါဝင်သည့် ကဖင်းဓာတ်ကြောင့် ဖြစ်ပါတယ် ။၂၄ အောင်စ အားဖြည့်အချိုရည်မှာ ကဖင်းဓာတ် ၅၀၀ မီလီဂရမ်ထိ ပါဝင်တတ်ပါတယ် ။ အဆိုပါ ပမာဏဟာ ကော်ဖီ ၄-၅ ခွက်နဲ့လည်း ညီမျှပါတယ် ။ အားဖြည့် အချိုရည် အမျိုးအစားအလိုက် ကွာခြားမှုတော့ ရှိနိုင်ပါတယ် ။ဒါ့အပြင် guarana လို့ခေါ်တဲ့ ဘရာဇီးလ် ကိုကိုး ၊ သကြား ၊ တော်ရင်း taurine ၊ ဂျင်းစင်း ginseng ၊ glucuronolactone ၊ yohimbe ၊carnitine ၊ bitter orange ၊ ဗိုက်တာမင် ဘီအုပ်စု စတာတွေလည်း ပါဝင်ပါသေးတယ် ။
အားဖြည့်အချိုရည် သောက်သုံးခြင်းဖြင့် နဂိုထက် ပိုမိုလန်းဆန်း တက်ကြွတယ် ဆိုတာကို လေ့လာထားတာ အတိအကျ မရှိပါ ။ အားဖြည့်အချိုရည် အလွန်အကျွံ သောက်သုံးမှုကြောင့် ရင်တုန် ၊နှလုံးခုန်မမှန်တာတွေ ၊ နှလုံးရောဂါနဲ့ သွေးကြောရောဂါတွေ ၊သွေးပေါင်တက်ခြင်းများ ၊ အစာအိမ်ရောဂါများ ၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ၊ အစိုးရိမ်လွန်ကဲခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါများ ၊ အိပ်မပျော်ခြင်းများ ၊ အရည်ဓာတ်ဆုံးရှုံးခြင်းများ ၊ ဆီးချိုသွေးချို ပမာဏများလာခြင်း စတာတွေ ဖြစ်တတ်ခံစားရတတ်ပါတယ် ။
ဒါ့အပြင် အားဖြည့်အချိုရည်နဲ့ ဘီယာ အရက်များ ၊ ဆေးခြောက်ကဲ့သို့သော မူးယစ်ဆေးဝါးများ ၊တချို့သော ဆေးဝါးများကို တွဲမသုံးသင့် မသောက်သင့်ပါ ။ အတူတူသုံးစွဲခြင်းဖြင့် မိမိတို့ ဘီယာအရက်များ အလွန်အကျွံသောက်ထားမှန်း ၊ မူးယစ်ဆေးဝါးများ အလွန်အကျွံသုံးစွဲ ထားမိမှန်း မသိအောင် အားဖြည့်အချိုရည်က ဖြစ်စေတဲ့အတွက် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်တဲ့အပြင် အခန့်မသင့်ရင် အသက်ဘေးပါ စိုးရိမ်ရတတ်ပါတယ်။
Author : ခေတ်သစ် ဇီဝက