fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လမ်းပေါ်က ကလေးတွေ ရှူနေကြတဲ့ ကော်ဆိုတာ

121
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/10/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသားကျန်းမာရေး
1 min read
A A

ကော်ရှူခြင်းဟာ Inhalant abuse လို့ခေါ်တဲ့ ဆေးစွဲစေတဲ့ ရှူစရာတွေထဲက တစ်မျိုးပါ။ တခြား အမျိုးအစား အများကြီးရှိတယ်။ Tobacco (ဆေး) ဆေးလိပ်၊ Marijuana ဆေးခြောက် နဲ့ Cocaine (ကိုကိန်း) တွေလို မီးရှို့ပြီးရှူတာက တစ်မျိုး ၊ ဆေးကုရာမှာသုံးတဲ့ Nitrous oxide မေ့ဆေးလိုက တစ်မျိုးဖြစ်တယ်။ အကြမ်းခွဲပြောရရင် ဆေးသုံးနဲ့ ဆေးသုံးမဟုတ်တဲ့ လူသုံးပစ္စည်းကို တမင်တကာရှူကြတာမျိုးတွေ ဖြစ်တယ်။

တလွဲသုံးပြီး ရှူတဲ့ လူသုံးပစ္စည်းတွေကတော့

၁။ Aliphatic hydrocarbons ဆိုတဲ့ Petroleum products ဓါတ်ဆီ-ရေနံဆီလို ပစ္စည်းတွေမှာ Propane, Butane ဓါတ်တွေပါတယ်။
၂။ Aromatic hydrocarbons တွေထဲမှာ Toluene နဲ့ Xylene ဓါတ်တွေပါတယ်။
၃။ Ketones acetone ဆိုတာ လက်သည်းနီဖျက်ဆေးတွေမှာပါတယ်။
၄။ Haloalkanes ဆိုတာထဲမှာ Hydrofluorocarbons, Chlorofluorocarbon နဲ့ Trichloroethylene ဓါတ်တွေပါတယ်။
၅။ Nitrites ဆိုတာက Alkyl nitrites, Nitrous oxide ဓါတ်တွေဖြစ်တယ်။

Gasoline နဲ့ Paint thinner သုတ်ဆေးတွေ ကြတော့ ဒီအတိုင်းရှူတယ်။ တချို့က အငွေ့ကို ရှူဖို့ ပလပ်စတစ်အိတ်ကို သုံးတယ်။ Whipped cream aerosol cans ဗူး၊ Aerosol hairspray ၊ Non-stick frying spray ကြော်ချက်တဲ့ အခါ မကပ်စေတဲ့ စပရေး တွေကရတဲ့ Nitrous oxide gases ဓါတ်ငွေ့ကို Plastic bags ပလပ်စတစ်အိတ်မှာ ဖြန်းပြီး ရှူကြတယ်။ Propane နဲ့ Butane gases အငွေ့တွေကို ထည့်တဲ့ဗူးကနေ တိုက်ရိုက်ရှူတယ်။

များသောအားဖြင့် လူငယ်တွေနဲ့ ကလေးတွေက သုံးကြတယ်။ လမ်းပေါ်က ကလေးတွေ များတယ်။တစ်ခါတစ်လေ ရထားသံလမ်းဘေးမှာ ကော်ရှူနေကြတဲ့ ကလေးတစ်သိုက်ကို ဇီဝကတို့တွေ့နိုင်တယ် ။ ချွေးနံ့ပျောက်ဆေး၊ Hair spray ၊  Air fresheners အနံ့ကောင်းအောင် ဖြန်းဆေး ဆိုတာတွေက ဈေးမကြီးဘဲ အလွယ်ရလို့ ဆင်းရဲသားတွေက သုံးနိုင်ကြတယ်။

ကော်ကဲ့သို့သော အရာများ ရှူခြင်းဖြင့် ဘာတွေ အဆိပ်သင့်မလဲ

၁။ Methylene chloride အငွေ့ကနေ ကာဗွန်မိုနော့ဆိုက် အဆိပ်သင့်နိုင်တယ်။
၂။ Gasoline ဓါတ်ဆီကနေ ခဲဆိပ်သင့်နိုင်တယ်။
၃။ Carbon tetrachloride ကနေ အသည်းကို ထိခိုက်နိုင်တယ်။
၄။ Butane နဲ့ Propane ကနေ မီးလောင်နိုင်တယ်။
၅။ Benzene ကနေ ရိုးတွင်းခြင်ဆီ အားနည်းစေတယ်။
၆။ Toluene ကနေ Myelin ဆိုတဲ့ အာရုံကြောနေရာကို ထိခိုက်နိုင်တယ်။
၇။ Butane gas ဓါတ်ငွေ့ရှူရာကနေ မူးဝေမယ်၊ ဆဲလ်တွေသေမယ်၊ အသက်ရှူမဝ ဖြစ်မယ်၊ နှလုံးခုန်မမှန်ဖြစ်မယ်၊ Frostbite ရေခဲလောင်တာမျိုး ဖြစ်မယ်။

ကော်ကဲ့သို့သော ပစ္စည်းများ ရှူရင် လူ့ခန္ဓာကိုယ်ပေါ် ဘယ်လို အာနိသင် သက်ရောက်မလဲ

၁) ဦးနှောက်နဲ့ အာရုံကြော
-ဦးနှောက်နဲ့ အာရုံကြောတွေ အလုပ်လုပ်ရာမှာ နှောင့်နှေးစေတယ် ။
-ကော်ကို ကြာရှည်စွာ ရှူရင် လက်တုန် ခြေတုန်တတ်
-သတိလစ်ပြီး တက်နိုင်
-အမြင်အာရုံ ထိခိုက်နိုင် ၊အမြင်တွေ ဝါး ၊နှစ်ထပ်မြင်တတ်
-မှတ်ဉာဏ် အားနည်းကာ အာရုံစူးစိုက်မှုကျဆင်း ၊သတိမေ့တတ်
-လျှာလေး အာလေးဖြစ်ကာ စကား မပီတတ်
-ခေါင်းကိုက်တတ်
၂) စိတ်ပိုင်းဆိုင်ရာ
-ထင်ယောင် ထင်မှား ဖြစ်တတ် (အမြင်အာရုံဖြင့် လည်းကောင်း ၊အကြားအာရုံ ဖြင့်လည်းကောင်း )
-စိတ်ဓာတ်အကြွလွန်တာမျိုး ၊စိတ်ဓာတ်အကျလွန်တာမျိုး ဖြစ်တတ်
-ဆင်ခြင်ပိုင်းခြားနိုင်စွမ်းလျော့ကျလာတတ်
-စိုးရိမ်ကြောင့်ကြမှုများကာ ဂဏာမငြိမ်ဖြစ်တတ်
-သေကြောင်းကြံစည်သည်အထိ ဖြစ်တတ်
၃) အသက်ရှူလမ်းကြောင်း
-ကော်ရှူခြင်းဟာ အသက်ရှူလမ်းကြောင်းထဲ တိုက်ရိုက် ဝင်တဲ့အတွက် အဆုတ်ကို ထိခိုက်တတ် ၊ မောမယ် ၊ ချောင်းဆိုးမယ် ၊ ပြာနှမ်းတဲ့အထိ ဖြစ်တတ်
၄) နှလုံး
– နှလုံးခုန် မမှန်တတ်
-နှလုံးကောင်းကောင်းအလုပ်မလုပ်
-ရုတ်တရက် နှလုံးခုန်ရပ်ကာ အသက်သေတတ်
၅) အစာအိမ်နဲ့ အူလမ်းကြောင်း
-ဗိုက်အောင့် ၊ပျို့ အန်တတ်
၆) အသည်းနဲ့ ကျောက်ကပ် ၊ရိုးတွင်းခြင်ဆီ
-ဘယ်လောက်ကြာကြာ ဘယ်လောက်ပမာဏ ရှူခဲ့တယ်ပေါ်မူတည်ပြီး အသည်းခြောက်တာ ၊ ကျောက်ကပ် အလုပ် မလုပ်တော့တာ ၊ ရိုးတွင်းခြင်းဆီ ခန်းတာတွေဖြစ်တတ်
၇) ကြွက်သား
-ကော်ကို ကြာကြာရှူက ကြွက်သားတွေ အားနည်းက ချိ့လာမယ် ၊ သိမ်လာမယ်

ဘာကြောင့် လမ်းဘေးကလေးတွေ ရှူကြသလဲ ။

သူတို့ကို မေးကြည့်ရင် ဆာလောင်မှုတွေ သက်သာလို့ ၊သူတို့ လက်ရှိကမ္ဘာကို ခဏမျှ မေ့ဖျောက်ထားနိုင်ကာ အိပ်မက်ကမ္ဘာမှာ ပျော်နိုင်လို့ ၊သူတို့ရဲ့ အဆင်မပြေမှုများကို မေ့ကာ အတွေးရေယာဉ်ကြောထဲ မျောနေနိုင်လို့ လို့ ပြောကြတယ်။ ဒါပေမယ့် သူတို့လေးတွေ မသိတာက ထိုအရာတွေဟာ ခေတ္တမျှသာ ၊ကော်ရှူခြင်းဟာ မူးယစ်ဆေးသုံးသလိုပဲ စွဲတတ်တယ်ဆိုတာ ၊အခန့်မသင့်ရင် အသက်သေနိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် ဇီဝကတို့တတွေအနေနဲ့ တတ်နိုင်သမျှ သူတို့လေးတွေကိုအသိပညာပေးဖို့ ဝိုင်းဝန်းကြိုးစားဖို့လိုတယ်။

Author : ခေတ်သစ် ဇီဝက

Previous Post

အပြင်မှာထုတ်တာ ကလေးမရဖို့ ဘယ်လောက်စိတ်ချရသလဲ

Next Post

ဗီတာမင် D3

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗီတာမင် D3

ကိုယ်ဝန်လနုစဉ် သွေးဆင်းခြင်း

သားသားမီးမီးတို့နွင့္ ကိုယ်လိမ်းပေါင်ဒါ အန္တရာယ်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.