fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အိပ်စက်ခြင်းနှင့် ကျန်းမာရေး (အပိုင်း ၂)

86
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/09/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ညပိုင္းအစားအေသာက္မ်ား သတိျပဳျခင္း
ညစာကို လူမြဲတစ္ဦးလိုစားပါ ဟူေသာ အဆိုရွိပါသည္။ ညေနစာ (ညစာ)ကို မ်ားစြာစားျခင္းသည္ က်န္းမာေရးႏွင့္ မညီၫြတ္ပါ။ အစာမေၾကျဖစ္တတ္ပါ သည္။ ညအိပ္ရာဝင္ခ်ိန္ႏွင့္ ေလးနာရီျခား၍ ညစာကို စားသင့္ပါသည္။ ညစာစားၿပီး ၁၅ မိနစ္ခန႔္ လမ္းေလွ်ာက္ေပးသင့္ပါသည္။ အစာေၾကညက္ေစရန္ ျဖစ္ပါသည္။

ညအိပ္ရာဝင္ခါနီး ေလးနာရီခန႔္အလိုမွစ၍ မစားသင့္ေသာ အစာမ်ားမွာ လက္ဖက္ရည္၊ ေကာ္ဖီ၊ အခ်ိဳရည္၊ ဆီေၾကာ္အစားအစာမ်ား၊ ပူစပ္ေသာ အစားအစာမ်ား၊ အခ်ိဳကဲေသာ အစားအစာမ်ား၊ အရက္မ်ား ျဖစ္ပါသည္။ ည ၈ နာရီေနာက္ပိုင္းတြင္ လက္ဖက္ရည္ ေကာ္ဖီ မေသာက္သင့္ပါ။ ကဖင္းဓာတ္ေၾကာင့္ ညပိုင္းအိပ္မေပ်ာ္ ျဖစ္တတ္ပါသည္။

နံနက္ သေဘာ၊ ည ငွက္ေပ်ာ ဆိုေသာ စကားရွိပါသည္။ ညပိုင္း အိပ္ရာဝင္ခါနီး၌ ဖီးၾကမ္းငွက္ေပ်ာသီး အမွည့္တစ္လုံး စားသင့္ပါသည္။ အဆာေျပစားၿပီး  ေကာင္းမြန္စြာ အိပ္ေပ်ာ္ေစႏိုင္ပါသည္။ နံနက္အိပ္ရာထခ်ိန္တြင္ ဝမ္းေပ်ာ့ေပ်ာ့ သြားေစပါသည္။ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါသည္။

ညပိုင္းတြင္ ဝမ္းဗိုက္အတြင္းအစာမရွိဘဲ မအိပ္သင့္ပါ။ အနည္းဆုံး ေရတစ္ခြက္ (သို႔မဟုတ္) ႏြားႏို႔ပူပူတစ္ခြက္ (သို႔မဟုတ္) ဆန္ျပဳတ္က်ဲက်ဲတြင္ ၾကက္သြန္နီဥႀကီးတစ္လုံး ထည့္ျပဳတ္ထားေသာ ဆန္ျပဳတ္ပူပူကို မအိပ္ခင္ နာရီဝက္ (သို႔မဟုတ္) တစ္နာရီခန႔္ ႀကိဳေသာက္ၿပီးမွ အိပ္သင့္ပါသည္။

အိပ္ရာမဝင္ခင္ ေရခ်ိဳးျခင္း
အိပ္ခါနီး ေရေႏြးျဖင့္ ေရခ်ိဳးျခင္းသည္ ေကာင္းမြန္စြာ အိပ္ေပ်ာ္ေစႏိုင္ပါသည္။ ေႏြရာသီတြင္ အိပ္ရာမဝင္မီ ေရခ်ိဳးၿပီးမွ အိပ္သင့္ပါသည္။

အိပ္ရာႏွင့္ အိပ္ခန္းပတ္ဝန္းက်င္
သန႔္ရွင္းၿပီး ေမွာင္ေနေသာ အိပ္ခန္းတြင္ ေကာင္းစြာ အိပ္ေပ်ာ္ေစႏိုင္ပါသည္။ ႐ုပ္ျမင္သံၾကား၊ ကြန္ပ်ဴတာ စသည္တို႔ကို အိပ္ခန္းတြင္း ရွိမေနသင့္ပါ။ ဖြင့္ထားလွ်င္ ပိတ္ပါ။ ဆူညံသံမ်ား ကင္းၿပီး ၿငိမ္သက္ေနေသာေနရာ ျဖစ္သင့္ပါသည္။ ေနရာက်ဥ္းၾကပ္၍ ေလလုံေသာ အခန္းတြင္း အိပ္စက္ျခင္းကို ေရွာင္ပါ။ သင့္ေလ်ာ္ေသာ အပူခ်ိန္ရွိ၍ ေလဝင္ေလထြက္ ေကာင္းေသာေနရာတြင္ အိပ္ပါ။

သက္ေတာင့္သက္သာရွိ၍ အိပ္ရာခင္းေၾကာင့္ ေက်ာမနာေစသင့္ပါ။ ေခါင္းမနာေစရန္ ေခါင္းအုံးအိအိျဖင့္ အိပ္စက္ျခင္းသည္ လွ်င္ျမန္စြာ အိပ္ေပ်ာ္ေစႏိုင္ပါသည္။အိပ္ေပ်ာ္ရန္ အဓိကအေရးႀကီးေသာ ေဟာ္မုန္းမွာ မယ္လတိုႏွင္ ျဖစ္ပါသည္။ အိပ္ရာမဝင္မီ မီးမွိန္မွိန္ထြန္းထားပါ။ မီးေရာင္ ထိန္လင္းေနလွ်င္ မယ္လတိုနင္ေဟာ္မုန္းထုတ္လုပ္မႈ အဆင့္ ၅၀ ရာခိုင္ႏႈန္းအထိ ေလ်ာ့နည္းေစႏိုင္ပါသည္။ အိပ္ခန္းကို အေမွာင္ခ်၍ အိပ္သင့္ပါသည္။

နံနက္ေစာေစာအိပ္ရာမွထျခင္း
နံနက္ေစာေစာ ေနေရာင္ျခည္သည္ ခႏၶာကိုယ္အတြက္ ဗီတာမင္ဒီ ရရွိေစရန္ ကူညီႏိုင္ပါသည္။ ေနပူစာလႈံရင္း လမ္းေလွ်ာက္၍ အသက္ရွဴေလ့က်င့္ခန္း  လုပ္သင့္ပါသည္။ တိုက္႐ိုက္ေနေရာင္ျခည္ကို ေန႔စဥ္ မိနစ္ ၂၀ ခန႔္ ထိသင့္ပါသည္။ ေနထြက္ဆဲ နံနက္ခင္း (သို႔မဟုတ္) ေနဝင္ေနဆဲ ညေနခင္းအတြင္း ထိေတြ႕ရန္ လိုပါသည္။ နံနက္ပိုင္း ၈ နာရီႏွင့္ ၈ နာရီခြဲမတိုင္မီ အခ်ိန္ႏွင့္ ညေနပိုင္း ၄ နာရီခြဲႏွင့္ ၅ နာရီေနာက္ပိုင္းအခ်ိန္ ထြက္ရွိေသာ ေနေရာင္ျခည္ကိုသာ ထိေတြ႕သင့္ပါသည္။ ေန႔လည္ပိုင္းႏွင့္ က်န္အခ်ိန္မ်ားတြင္ ေနေရာင္ျခည္၌ ခရမ္းလြန္ေရာင္ျခည္ အႏၲရာယ္ရွိႏိုင္ပါသည္။

လူ၏ခႏၶာကိုယ္သည္ ေဟာ္မုန္းမ်ား ပုံမွန္ထုတ္လုပ္ႏိုင္ရန္အတြက္ ေနေရာင္ျခည္ မွန္မွန္ရရွိရန္ လိုအပ္ပါသည္။ အိပ္ေပ်ာ္ေစရန္ လိုအပ္သည့္ မယ္လတို   နင္ေဟာ္မုန္းသည္ လူ႔ခႏၶာကိုယ္ႏွင့္ ေနေရာင္ျခည္ထိေတြ႕မႈရွိလွ်င္ ေန႔ဘက္တြင္ အထြက္နည္း၍ ညဘက္၌ အထြက္မ်ားပါသည္။ မယ္လတိုနင္ေဟာ္မုန္း ညဘက္တြင္ အထြက္မ်ားျခင္းျဖင့္ အိပ္မေပ်ာ္သည့္ ေရာဂါျဖစ္ျခင္းမွ ကင္းေဝးႏိုင္မည္ျဖစ္ပါသည္။

Author: ဟိန္းဇာနည္ ေဆး ၂, Healthcare Journal, vol 8,no 32 (25.8.17)

ညပိုင်းအစားအသောက်များ သတိပြုခြင်း
ညစာကို လူမွဲတစ်ဦးလိုစားပါ ဟူသော အဆိုရှိပါသည်။ ညနေစာ (ညစာ)ကို များစွာစားခြင်းသည် ကျန်းမာရေးနှင့် မညီညွတ်ပါ။ အစာမကြေဖြစ်တတ်ပါသည်။ ညအိပ်ရာဝင်ချိန်နှင့် လေးနာရီခြား၍ ညစာကို စားသင့်ပါသည်။ ညစာစားပြီး ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးသင့်ပါသည်။ အစာကြေညက်စေရန် ဖြစ်ပါသည်။

ညအိပ်ရာဝင်ခါနီး လေးနာရီခန့်အလိုမှစ၍ မစားသင့်သော အစာများမှာ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်၊ ဆီကြော်အစားအစာများ၊ ပူစပ်သော အစားအစာများ၊ အချိုကဲသော အစားအစာများ၊ အရက်များ ဖြစ်ပါသည်။ ည ၈ နာရီနောက်ပိုင်းတွင် လက်ဖက်ရည် ကော်ဖီ မသောက်သင့်ပါ။ ကဖင်းဓာတ်ကြောင့် ညပိုင်းအိပ်မပျော် ဖြစ်တတ်ပါသည်။

နံနက် သဘော၊ ည ငှက်ပျော ဆိုသော စကားရှိပါသည်။ ညပိုင်း အိပ်ရာဝင်ခါနီး၌ ဖီးကြမ်းငှက်ပျောသီး အမှည့်တစ်လုံး စားသင့်ပါသည်။ အဆာပြေစားပြီး ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါသည်။ နံနက်အိပ်ရာထချိန်တွင် ဝမ်းပျော့ပျော့ သွားစေပါသည်။ ဝမ်းချုပ်ခြင်းကို သက်သာစေပါသည်။

ညပိုင်းတွင် ဝမ်းဗိုက်အတွင်းအစာမရှိဘဲ မအိပ်သင့်ပါ။ အနည်းဆုံး ရေတစ်ခွက် (သို့မဟုတ်) နွားနို့ပူပူတစ်ခွက် (သို့မဟုတ်) ဆန်ပြုတ်ကျဲကျဲတွင် ကြက်သွန်နီဥကြီးတစ်လုံး ထည့်ပြုတ်ထားသော ဆန်ပြုတ်ပူပူကို မအိပ်ခင် နာရီဝက် (သို့မဟုတ်) တစ်နာရီခန့် ကြိုသောက်ပြီးမှ အိပ်သင့်ပါသည်။

အိပ်ရာမဝင်ခင် ရေချိုးခြင်း
အိပ်ခါနီး ရေနွေးဖြင့် ရေချိုးခြင်းသည် ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါသည်။ နွေရာသီတွင် အိပ်ရာမဝင်မီ ရေချိုးပြီးမှ အိပ်သင့်ပါသည်။

အိပ်ရာနှင့် အိပ်ခန်းပတ်ဝန်းကျင်
သန့်ရှင်းပြီး မှောင်နေသော အိပ်ခန်းတွင် ကောင်းစွာ အိပ်ပျော်စေနိုင်ပါသည်။ ရုပ်မြင်သံကြား၊ ကွန်ပျူတာ စသည်တို့ကို အိပ်ခန်းတွင်း ရှိမနေသင့်ပါ။ ဖွင့်ထားလျှင် ပိတ်ပါ။ ဆူညံသံများ ကင်းပြီး ငြိမ်သက်နေသောနေရာ ဖြစ်သင့်ပါသည်။ နေရာကျဉ်းကြပ်၍ လေလုံသော အခန်းတွင်း အိပ်စက်ခြင်းကို ရှောင်ပါ။ သင့်လျော်သော အပူချိန်ရှိ၍ လေဝင်လေထွက် ကောင်းသောနေရာတွင် အိပ်ပါ။

သက်တောင့်သက်သာရှိ၍ အိပ်ရာခင်းကြောင့် ကျောမနာစေသင့်ပါ။ ခေါင်းမနာစေရန် ခေါင်းအုံးအိအိဖြင့် အိပ်စက်ခြင်းသည် လျှင်မြန်စွာ အိပ်ပျော်စေနိုင်ပါသည်။
အိပ်ပျော်ရန် အဓိကအရေးကြီးသော ဟော်မုန်းမှာ မယ်လတိုနှင် ဖြစ်ပါသည်။ အိပ်ရာမဝင်မီ မီးမှိန်မှိန်ထွန်းထားပါ။ မီးရောင် ထိန်လင်းနေလျှင် မယ်လတိုနင်ဟော်မုန်းထုတ်လုပ်မှု အဆင့် ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းစေနိုင်ပါသည်။ အိပ်ခန်းကို အမှောင်ချ၍ အိပ်သင့်ပါသည်။

နံနက်စောစောအိပ်ရာမှထခြင်း
နံနက်စောစော နေရောင်ခြည်သည် ခန္ဓာကိုယ်အတွက် ဗီတာမင်ဒီ ရရှိစေရန် ကူညီနိုင်ပါသည်။ နေပူစာလှုံရင်း လမ်းလျှောက်၍ အသက်ရှူလေ့ကျင့်ခန်း လုပ်သင့်ပါသည်။ တိုက်ရိုက်နေရောင်ခြည်ကို နေ့စဉ် မိနစ် ၂၀ ခန့် ထိသင့်ပါသည်။ နေထွက်ဆဲ နံနက်ခင်း (သို့မဟုတ်) နေဝင်နေဆဲ ညနေခင်းအတွင်း ထိတွေ့ရန် လိုပါသည်။ နံနက်ပိုင်း ၈ နာရီနှင့် ၈ နာရီခွဲမတိုင်မီ အချိန်နှင့် ညနေပိုင်း ၄ နာရီခွဲနှင့် ၅ နာရီနောက်ပိုင်းအချိန် ထွက်ရှိသော နေရောင်ခြည်ကိုသာ ထိတွေ့သင့်ပါသည်။ နေ့လည်ပိုင်းနှင့် ကျန်အချိန်များတွင် နေရောင်ခြည်၌ ခရမ်းလွန်ရောင်ခြည် အန္တရာယ်ရှိနိုင်ပါသည်။

လူ၏ခန္ဓာကိုယ်သည် ဟော်မုန်းများ ပုံမှန်ထုတ်လုပ်နိုင်ရန်အတွက် နေရောင်ခြည် မှန်မှန်ရရှိရန် လိုအပ်ပါသည်။ အိပ်ပျော်စေရန် လိုအပ်သည့် မယ်လတိုနင်ဟော်မုန်းသည် လူ့ခန္ဓာကိုယ်နှင့် နေရောင်ခြည်ထိတွေ့မှုရှိလျှင် နေ့ဘက်တွင် အထွက်နည်း၍ ညဘက်၌ အထွက်များပါသည်။ မယ်လတိုနင်ဟော်မုန်း ညဘက်တွင် အထွက်များခြင်းဖြင့် အိပ်မပျော်သည့် ရောဂါဖြစ်ခြင်းမှ ကင်းဝေးနိုင်မည်ဖြစ်ပါသည်။

 

Author: ဟိန်းဇာနည် ဆေး ၂, Healthcare Journal, vol 8,no 32 (25.8.17)

 

Previous Post

အိပ်စက်ခြင်းနှင့် ကျန်းမာရေး (အပိုင်း ၁)

Next Post

ကီဂယ်လ် လေ့ကျင့်ခန်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
600

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကီဂယ်လ် လေ့ကျင့်ခန်း

ရောဂါနှစ်ထပ်ကွမ်း

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအဆိပ်သင့်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.