fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သွေးဖိအားလျော့ကျစေမည့် သဘာဝနည်းလမ်းများ

26
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/09/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

သွေးဖိအား သွေးပေါင်ချိန်မြင့်တက်ခြင်းသည် နှလုံးရောဂါအန္တရာယ် ဖြစ်နိုင်ပါသည်။ အမေရိကန်ရှိ လူသုံးယောက်တွင် တစ်ယောက်နှုန်းမျှ သွေးတိုးရောဂါခံစားနေရပြီး ကမ္ဘာတစ်ဝှမ်း လူသန်းတစ်ထောင်မှာ သွေးတိုးရောဂါ ခံစားနေရသည်။ သဘာဝနည်းလမ်းများနှင့် သွေးပေါင်ချိန်လျော့ကျအောင် လုပ်နိုင်သည်ဆိုသော အချက်သည် အားလုံးအတွက် သတင်းကောင်းတစ်ခု ဖြစ်ပါသည်။ ထို့ကြာင့် သွေးပေါင်ချိန်လျော့ကျစေမည့် သဘာဝနည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။

၁။ လမ်းလျှောက်ပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးပေါင်ချိန် လျော့ကျစေနိုင်သော အကောင်းဆုံး နည်းလမ်းဖြစ်သည်။ လေ့ကျင့်ခန်း မှန်မှန်လုပ်သည့်အခါ နှလုံးကျန်းမာပြီး သွေးစီးဆင်းမှု ကောင်းမွန်စေသောကြောင့် သွေးပေါင်ချိန်လည်း လျော့ကျစေပါသည်။ တစ်နေ့တာ မိနစ် ၃၀ လမ်းလျှောက်ခြင်းသည် သွေးပေါင်ချိန်ကို လျော့ကျစေပါသည်။

၂။ အငန်ဓာတ်များလျော့စားပါ။
“ဆားမပါသောဟင်းသည် ပေါ့ပျက်ပျက်ဖြစ်၏” ဆိုသည့်အတိုင်း ဆားမပါပါက မည်သည့်ဟင်းမျှ စားမကောင်းပါ။ ထို့ကြောင့် ဟင်းတွေ ပြင်ဆင်ချက်ပြုတ်သည့်အခါတိုင်း ဆားကိုသုံးကြပါသည်။ ဆား စားသုံးခြင်းသည် သွေးပေါင်ချိန် မြင့်မားခြင်း၊ နှလုံးရောဂါ၊ လေသင်တုန်းဖြတ်ခြင်းရောဂါများနှင့် ဆက်စပ်မှုရှိကြောင်း လေ့လာမှုများအရ သိရပါသည်။ သွေးတိုးရောဂါသည် တစ်ဝက်နီးပါးနှင့် ပုံမှန်အခြေအနေရှိသော လူလေးပုံတစ်ပုံမှာ ဆားနှင့် ဓာတ်မတည့်သလိုဖြစ်နေပါသည်။ သွေးဖိအားမြင့်တက်လာပြီဆိုလျှင် ဆားစားသုံးတာဖြတ်ဖို့ လိုပါသည်။ ဆားအစား အခြားဟင်းခတ်အမွှေးအကြိုင်များကို အစားထိုးပြီး ချက်ပြုတ်စားစေချင်ပါသည်။ ထို့ကြောင့် သွေးဖိအားလျော့ကျစေဖို့၊ သွေးပေါင်ချိန်လျော့ကျစေဖို့ဆိုလျှင် ဆားစားသုံးတာလျှော့ချဖို့ လိုပါသည်။

၃။ အရက်လျှော့သောက်ပါ။
အရက်အလွန်အကျွံသောက်ခြင်းသည် သွေးဖိအား၊ သွေးပေါင်ချိန်ကို မြင့်တက်စေပါသည်။ အရက်သောက်ခြင်းနှင့် သွေးပေါင်ချိန်မြင့်တက်ခြင်းသည် ၁၆ ရာခိုင်နှုန်း ဆက်စပ်မှုရှိပါသည်။ သို့သော် အချို့သုတေသနပညာရှင်းများက အရက်သောက်ခြင်းသည် နှလုံးရောဂါကို ကာကွယ်ပေးနိုင်သည်ဟု ဆိုကြသည်။ သို့သော် အရက်သောက်ခြင်းသည် အဆိုးအကောင်း ဒွန်တွဲနေပါသည်။ “တန်ဆေး၊ လွန်ဘေး” ဆိုသည့်အတိုင်း အရက်ကို အလွန်အကျွံသောက်လျှင် ဘေးဖြစ်နိုင်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်ဖို့ဆိုလျှင် အမျိုးသမီးများ တစ်နေ့ကို တစ်ခွက်နှုန်းနှင့် အမျိုးသားများ တစ်နေ့ကို နှစ်ခွက်သာ သောက်သုံးသင့်ပါသည်။ ထိုစံနှုန်းထက်ပိုပါက ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါသည်။

၄။ ပိုတက်စီယမ်ဓာတ် ကြွယ်ဝသော အစားအစာများစားပါ။
ပိုတက်စီယမ်ဓာတ်သည် အလွန်အရေးပါသော သတ္တုဓာတ်ဖြစ်သည်။ ခန္ဓာကိုယ်တွင်ရှိသော ဆိုဒီယမ်ဓာတ်၊ အငန်ဓာတ်များကို ချေဖျက်ပေးနိုင်ပါသည်။ သွေးဖိအားမြင့်တက်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။ နေ့စဉ်စားသုံးသော အငန်ဓာတ် (ဆိုဒီယမ်)ဓာတ်များကို ပြေပျက်စေနိုင်ရန်အတွက် ပိုတက်စီယမ်ဓာတ် ကြွယ်ဝသောအစားအစာများ စားသုံးပေးဖို့ လိုပါသည်။

၅။ စိတ်ဖိစီးမှုလျော့ချနိုင်အောင်ကြိုးစားပါ။
စိတ်ဖိစီးသောကရောက်သည့်အခါ နှလုံးခုန်နှုန်းများ မြန်လာကာ သွေးကြောများတင်းကြပ်လာပြီး သွေးပေါင်ချိန်တက်နိုင်ပါသည်။ စိတ်ဖိစီးမှုများလာသည့်အခါ အရက်သောက်ခြင်း၊ တွေ့ကရာ စားသောက်ခြင်းများကြောင့် ကျန်းမာရေးနှင့် မညီညွတ်ပဲ သွေးပေါင်ချိန်လည်း တက်လာနိုင်ပါသည်။
စိတ်ဖိစီးမှုလျော့ကျသည့်အခါ သွေးပေါင်ချိန်လည်း လျော့ကျလာနိုင်ပါသည်။ သွေးပေါင်ချိန် လျော့ကျနိုင်စေရန်အတွက် စိတ်ဖိစီးမှု လျှော့ချနိုင်အောင် ကြိုးစားပါ။ နှစ်သက်တဲ့ သီချင်းလေးတွေ နားထောင်ပေးပါ။

၆။ ချောကလက်စားပေးပါ။
ချောကလက် အများအပြားစားခြင်းသည် ကျန်းမာရေးကို အထောက်အကူမပြုနိုင်ပါ။ အနည်းငယ်စားသုံးခြင်းကသာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်။ အမည်းရောင် ချောကလက်ကို သင့်တင့်အောင်စားသုံးပေးပါက သွေးပေါင်ချိန်ကို လျော့ကျစေပါသည်။

၇။ အလေးချိန်လျော့ချပေးပါ။
အရမ်းဝနေသောသူများသည် ကျန်းမာရေးနှင့် ညီညွတ်စေရန် ခန္ဓာကိုယ်အလေးချိန်လျှော့ချပေးဖို့ လိုအပ်ပါသည်။ အဝလွန်သည့်အခါ ကျန်းမာရေးပြဿနာ အများကြီးဖြစ်လာနိုင်သည်။ အဝလွန်သောအခါ သွေးတိုးရောဂါနှင့် အခြားသော ကျန်းမာရေးရောဂါများ ဖြစ်လာနိုင်ပါသည်။

၈။ ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါအတွက် ထိခိုက်နိုင်သည့်အပြင် စီးကရက်သောက်ရာမှထွက်လာသော အခိုးအငွေ့များကြောင့် အခိုက်အတန့်အားဖြင့် သွေးပေါင်ချိန်မြင့်တက်လာနိုင်ပါသည်။ ဆေးရွက်ကြီးတွင်ပါဝင်သော ဓာတုပစ္စည်းများက သွေးကြောများကို ပျက်စီးစေပါသည်။ ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါနှင့် သွေးပေါင်ချိန်မြင့်မားခြင်း၊ အန္တရာယ်ဖြစ်နိုင်သောကြောင့် ဆေးလိပ်ဖြတ်သင့်ပါသည်။

၉။ တရားထိုင်ပါ။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
တရားထိုင်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ဖိစီးမှုများကို အမှန်တကယ် လျော့ကျစေပါသည်။ တရားထိုင်သည့်အခါ အသက်ရှူလေ့ကျင့်ခန်းလုပ်သည့်အခါ နှလုံးခုန်နှုန်းမှန်စေပြီး သွေးဖိအား သွေးပေါင်ချိန်များလည်း လျော့ကျစေနိုင်ပါသည်။ ဦးနှောက်သွေးကြောလှုပ်ရှားမှုများကိုလည်း ကောင်းမွန်စေပါသည်။

၁၀။ ကယ်လ်စီယမ်ကြွက်ဝသော အစားအစာစားပါ။
ကယ်လ်စီယမ်ဓာတ်လျော့နည်းသည့်သူများသည် သွေးဖိအား သွေးပေါင်ချိန်မြင့်မားတတ်ပါသည်။ အရွယ်ရောက်ပြီးသူများမှာ တစ်နေ့ကို ကယ်လ်စီယမ် 1000 mg လိုအပ်ပါသည်။ အသက် ၅၀ကျော် အမျိုးသမီးများနှင့် အသက် ၇၀ကျော် အမျိုးသားများမှာ တစ်နေ့ကို ကယ်လ်စီယမ် 1200 mg လိုအပ်ပါတယ်။
နို့နှင့်နို့ထွက်ပစ္စည်း၊ အစိမ်းရောင်ရှိသောအရွက်၊ ပဲအမျိုးမျိုး၊ ငါးသေတ္တာနှင့် ပဲပုပ်၊ တို့ဟူးများတွင် ကယ်လ်စီယမ်ဓာတ်ကြွယ်ဝပါသည်။

၁၁။ သဘာဝမှရသော ဆေးဘက်ဝင်ပစ္စည်းများ
ကြက်သွန်ဖြူ၊ ငါးကြီးဆီနှင့် ခေါင်ရမ်းပန်းများသည် သွေးပေါင်ချိန် လျော့ကျစေပါသည်။ ခေါင်ရမ်းပန်းကို ရေနွေးကြမ်းထဲတွင်ခပ်ပြီး သောက်သုံးပေးနိုင်ပါသည်။

၁၂။ မဂ္ဂစီယမ်ကြွယ်ဝသော အစားအစာများ စားသုံးပေးပါ။
မဂ္ဂစီယမ်ဓာတ်သည်လည်း ကျန်းမာရေးအတွက် အရေးပါသော သတ္တုဓာတ်တစ်မျိုးဖြစ်သည်။ မဂ္ဂစီယမ်ဓာတ်သည် သွေးဖိအားကို ပုံမှန်ဖြစ်စေပါသည်။ မဂ္ဂစီယမ်ဓာတ် ကြွယ်ဝသော အစားအစာများမှာ နို့ထွက်ပစ္စည်း၊ ပဲတောင့်ရှည်၊ ကြက်သားနှင့် အသားငါးများ၊ ဂျုံစပါး စသည်တို့ဖြစ်သည်။

Author: ဖြိုးသူဇာ, Healthcare Journal, vol 8,no 31 ( 18.8.17)

Previous Post

အတက်ရောဂါအကြောင်း သိကောင်းစရာ

Next Post

လန်းဆန်းတက်ကြွ နုပျိုချင်ရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
600

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လန်းဆန်းတက်ကြွ နုပျိုချင်ရင်

တော်တော်စိတ်ဒုက္ခပေးတဲ့ အရေပြားရောဂါတွေ အရေပြားအပေါ်ယံလွှာထဲက အရည်အိတ်လေး ( အပိုင်း ၁)

ကိုယ်ဝန်တားနည်း - တားဆေး ဘယ်လိုရွေးမလဲ(အပိုင်း ၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.