အခုခေတ်မှာ Miss ပြိုင်ပွဲ Man Hunt Myanmar ပြိုင်ပွဲစတဲ့ အလှအပပြိုင်ပွဲတွေများလာတဲ့အလျောက် အရပ်ရှည်ရှည် ဘော်ဒီလှလှပုံစံဟာ လူငယ်မိန်းကလေးတွေ ယောက်ျားလေးတွေအားကျတဲ့ပုံစံတစ်ခုဖြစ်လာပါတယ်။
မိန်းကလေးအများစုကအရပ်ရှည်ရှည် ဘော်ဒီလှလှ အီမိုကေနဲ့ယောက်ျားလေးတွေကမှ စတိုင်လ်ကျတယ်လို့ယူဆကြသလို ယောက်ျားလေးလူငယ် အများစုကလည်း ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် မိန်းကလေးတွေကို ပိုမိုသဘောကျလာကြပါတယ်။ ရွှေဘိုမင်းကြိုက် ပေါင်တံရှည် ဆိုတဲ့စကားအတိုင်း မိန်းမသားတို့ရဲ့အလှတရားထဲမှာ သွယ်လျလှပတဲ့ ခြေတံရှည်လေးတွေဟာလည်း တစ်ခုအပါအဝင်ပါပဲ။
ဒီတော့ခြုံပြောရရင် မိန်းကလေး ယောကျ်ားလေး အတော်များများ အရပ်ရှည်တာကိုသဘောကျလာသလို မိမိကိုယ်တိုင်လည်း အရပ်ရှည်ချင်လာကြပါတယ်။ အရပ်ရှည်တာ၊ ပုတာဟာမျိူးရိုးဗီဇနဲ့လည်းဆိုင်နိုင်သလို မိမိရဲ့စားသောက်နေထိုင်မှုနဲ့လည်း ဆိုင်နိုင်ပါတယ်။ တချို့ဆိုအစက ပုပေမယ့် အစားသောက်တွေကို မျှတအောင်စား၊ အားဆေးတွေသောက်၊ အားကစားလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ခြင်းဖြင့် အတော်အတန် အရပ်ရှည်လာတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ပထမဆုံးအနေနဲ့ အစားသောက်နဲ့ အားဆေးအကြောင်းကို အရင်ပြောချင်ပါတယ်။
လူအတော်များများက အရပ်ရှည်ဖို့အတွက်ဆိုရင် အရိုးတွေကြီးထွားဖွံ့ဖြိုးဖို့ ကယ်လ်ဆီယံဓာတ် လိုတယ်ဆိုတာလောက်ပဲ သိကြပါတယ်။ ဒါကြောင့် နွားနို့သောက်ရင် ကယ်လ်ဆီယံဓါတ်တွေ အများကြီးရပြီး အရပ်ရှည်မယ်လို့ ပြောလေ့ရှိပါတယ်။ တကယ်တော့ ကယ်လ်ဆီယံဓာတ်က အရိုးအဆစ်ခိုင်မာစေဖို့ကိုပဲ အဓိကကူညီပေးတာပါ။ အရပ်ရှည်ဖို့အတွက်က အဓိကကျတာက ပရိုတင်းဓာတ်ပါ။
ပရိုတင်းဆိုတာ တစ်နည်းအားဖြင့်ပြောရင် အမိုင်နိုအက်စစ်ပါ။ အသားဓာတ်လို့လည်း ခေါ်ပါတယ်။ခန္ဓာကိုယ်ရှိဆဲလ် အတော်များများကို အမိုင်နိုအက်စစ်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးဖို့ဆိုရင် ပရိုတင်းဓာတ် လိုပါတယ်။ သုတေသန ပြုချက်တစ်ခုအရ လူတစ်ယောက်ဟာ အမိုင်နိုအက်စစ်ကို သင့်တော်တဲ့ ပမာဏာစားသောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပြီး အရပ်လည်း ရှည်လာနိုင်ပါတယ်တဲ့။ အမိုင်နိုအက်စစ် အမျိူးပေါင်း နှစ်ဆယ်လောက် ရှိပါတယ်။ အဲ့ထဲမှာမှ Arginine (L Arginine) ကို လူသိများကြပါတယ်။
ဘာလို့လဲဆိုတော့ အာဂျနင်း(Arginine)ဟာ ကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်တွေအသစ်အသစ်ဖြစ်ဖို့၊ ဒဏ်ရာအနာတွေ ကျက်ဖို့၊ ကိုယ်တွင်းရှိ အဆိပ်အတောက်ဖြစ်စေတဲ့ အမိုးနီးယားဓာတ်တွေကိုဖယ်ဖို့၊ ဟော်မုန်းတွေ ထွက်ဖို့၊ သွေးပေါင်ကို ချိန်ညှိဖို့ စတာတွေအတွက်လည်း အရေးပါတဲ့နေရာကနေ ဆောင်ရွက်ပေးရသော အမိုင်နိုအက်စစ် တစ်မျိူးဖြစ်ပါတယ်။
ဒါ့အပြင် အာဂျနင်း(Arginine) အမိုင်နိုအက်စစ်ဟာ ကြီးထွားဟော်မုန်း(Human Growth Hormone)ထုတ်တဲ့ ပစ်ကျူထရီဂလင်း(Pituitary gland)ကိုလှုံ့ဆော်ပေးပြီး ကြီးထွားဟော်မုန်းများများ ထွက်စေလို့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပေးပါတယ်။ ဒီအချက်တွေကြောင့် အာဂျနင်း အမိုင်နိုအက်စစ်(Arginine Amino Acid)ကို တချို့အားဆေးတွေမှာထည့်သလို အရပ်ရှည်ဆေးတွေမှာလည်း ထည့်သွင်းဖော်စပ်ထားကြပါတယ်။
အာဂျနင်း အမိုင်နိုအက်စစ်ဟာ အားဆေးသောက်မှ ရနိုင်တာမဟုတ်ပါဘူး။ အသား၊ ငါး၊နို့ထွက်ပစ္စည်း၊ ပဲအမျိူးမျိူး တွေကို လုံလောက်စွာ စားခြင်းဖြင့်လည်း ရနိုင်ပါတယ်။ သို့သော် ယနေ့ခေတ်မှာ စားဝတ်နေရေးအတွက် အပြင်ထွက် ရုန်းကန်လှုပ်ရှားနေရတဲ့အတွက် အသား၊ ငါး၊ ပဲ၊ ဟင်းသီးဟင်းရွက်တွေကို ညီညွတ်သင့်တင့် မျှတအောင် နေ့တိုင်းစားဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။
အဲ့လို မစားဖြစ်ဘူးဆိုရင်တော့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် Dietary Supplement ဆေး တွေ သောက်ဖို့လိုပါတယ်။ အာဂျနင်း အမိုင်နိုအက်စစ်ပါတဲ့ Supplement တွေကတော့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို မြန်စေတဲ့အတွက် အရပ်ရှည်ပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးလိုသူတွေကြားမှာ အသုံးများသလို နာမည်လည်းကြီးပါတယ်။
ဆေးဘက်ဆိုင်ရာ ပညာရှင်အများစုကလည်း Growth Hormone ကြီးထွားဟော်မုန်းသီးသန့် ပါတဲ့ဆေးတွေထက် L Arginine ပါတဲ့ဆေးတွေကို ပိုမိုထောက်ခံလာကြပါတယ်။ ဘာလို့လဲဆိုတော့ ဟော်မုန်းဆေးတွေက ဘေးထွက်ဆိုးကျိူးများလို့ပါ။ L Arginine ပါတဲ့ဆေးတွေကကျ ဟော်မုန်းမဟုတ်ဘဲ ဘဘာဝ အမိုင်နိုအက်စစ်ကိုပဲ ထည့်သွင်းထားတာဖြစ်တဲ့အတွက် ဟော်မုန်းဆေးတွေနဲ့စာရင် ကျန်းမာရေးအတွက်ပိုကောင်းပါတယ်။
ဒါပေမယ့် အရပ်ရှည်ဖို့အတွက်က ဆေး နဲ့ အစားအစာကိုပဲ အားကိုးလို့မရပါဘူး။ အနေအထိုင်ပုံစံနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကလည်း အတိုင်းအတာ တစ်ခုထိအရေးပါပါတယ်။ ထိုင်တဲ့အခါမှာ ခါးဆန့်ပြီးထိုင်ပေးပါ။ အိပ်တဲ့အခါမှာလည်း ခါးရိုးကို ဆန့်ဆန့်ထားပါ။ ပက်လက်အနေအထား ခါးဆန့်ပြီး အိပ်သင့်တယ်။ ကုတင်ခြေရင်းကို ခြေဖျားနဲ့ မကြာခဏဆန့်ပြီး ထိပေးပါ။ အိပ်ရေး၀၀ အိပ်ဖို့လည်းလိုပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းက ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုပေါ် သက်ရောက်စေတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပြီး ၂နာရီအကြာမှာ ပစ်ကျူထရီက ကြီးထွားဟော်မုန်းတွေ စတင်ထွက်လာတယ်။ တစ်ရက်ကို ပျမ်းမျှ (၈)နာရီလောက် အိပ်စက်ခြင်းက အရပ်ရှည်ခြင်းကို အားပေးတယ်။
နောက်ဆုံးအချက် အနေနဲ့ကတော့ အားကစားလေ့ကျင့်ခန်းတွေကို ပြောချင်ပါတယ်။ အဲ့ဒါတွေကတော့ အများသိပြီးတဲ့ အားကစားနည်းတွေပါပဲ။ ဘားကွင်းဆွဲတာ၊ ရေကူးတာ၊ ကြက်တောင်ရိုက်တာ၊ ဘောလီဘောကစားတာ၊ အေရိုးဗစ်စသဖြင့် မျိူးစုံရှိတဲ့ထဲက ကိုယ်နဲ့အဆင်ပြေမယ့် တစ်ခုခုကို လိုက်စားဖို့လိုပါတယ်။
နိဂုံးချူပ်အနေနဲ့ ပြောရရင် အရပ်ပုလို့စိတ်မညစ်ပါနဲ့။ စိတ်ညစ်နေမယ့်အစား Something is better than Nothing ဆိုသလို အစားသောက်၊ အားဆေး၊ အနေအထိုင်၊ အားကစားလေ့ကျင့်ခန်း သုံးမျိူးကိုလုပ်ပါ။ ဘာမှမလုပ်တာထက်စာရင် ထူးခြားလာနိုင်ပါတယ်။
Author : ရင်အေးပန်း(ဝိဘဇ္ဇဝါဒီ )