ဖရဲသီးကိုအင်္ဂလိပ်လို “watermelon” လို့ခေါ်ပါတယ်။ စားလိုက်လျှင် အင်မတန် အရည်ရွှမ်းကာ ရေဆာပြေစေသော အသီးဖြစ်သောကြောင့် အင်္ဂလိပ်လို “watermelon” လိုခေါ်ခြင်း ဖြစ်မယ်လို့ ထင်ပါတယ်။
ဖရဲသီးကို အသက်ကြီးငယ်မရွေး စားသုံးကြသည်။ အထူးသဖြင့် အပူကြီးသူ၊ ကျောက်တည်တတ်သူ၊အလှအပကြိုက်သူများ ပိုစားသုံးသင့်သည်။ ဖရဲသီးတွင် ရေဓာတ် ၉၀ရာခိုင်နှုန်းကျော် ပါဝင်တဲ့အတွက် စားလိုက်လျှင် အရည်ရွှမ်းကာ ချိုအေးသောအရသာကို ပေးစွမ်းသည်။ ဖရဲသီးရဲ့ လှပစိမ်းစိုသော အရောင်အဆင်းကလည်း စားလိုက်ရရင် လန်းဆန်းသွားနိုင်မယ့် စိတ်ခံစားမှုကို ပေးစွမ်းနိုင်သည်။ တချို့ဆိုင်တွေဆိုလျှင် ဖရဲသီးအတွင်းသားများ နီရဲနေကြောင်းကိုပါ ခွဲပြီးပြထားကြသည်။ ပူအိုက်သော ရာသီတွင် ရင်အေးသွားအောင် စားချင်စဖွယ် ကောင်းလှသည်။
ဖရဲသီးထဲတွင် ကာဘိုဟိုက်ဒရိတ်ဓာတ်၊ ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး၊ ဘီတွဲ၊ စီ၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ် နဲ့ဇင့်ဓာတ်တို့ ပြည့်ဝစွာ ပါဝင်ပါတယ်။
ဖရဲသီးကိုစားခြင်းဖြင့် ကိုယ်ထဲမှ အပူတွေကို ကျစေနိုင်သည်။ ရေငတ်ပြေစေသည်။ ဇင့်ဓာတ်နဲ့ဗီတာမင်စီပါသောကြောင့် ခုခံအားကို ကောင်းစေသည်။ အရေပြားကို အစိုဓာတ် ပေးစွမ်းနိုင်သည်။နေ့စဉ် ပုံမှန်စားသုံးသင့်သော အသီးထဲတွင် ပါဝင်သည်။ အားကစား လုပ်ပြီးချိန်တွင် ခံစားရသည့် ကြွက်သားတောင့်တင်း နာကျင်မှုများကို သက်သာစေရန် ဖရဲသီးဖျော်ရည် တစ်ခွက်သောက်ခြင်းဖြင့်သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ် အလှအပကို ထိန်းသိမ်းချင်သူများအနေနဲ့လည်း ဖရဲသီးကို ပုံမှန်စားသုံးပါက ကိုယ်အလေးချိန် မြင့်တက်မှုကို ထိန်းချူပ်နိုင်ပြီး သွေးကြောအတွင်း ရှိ အဆီ စုပုံမှုများကိုလဲ လျော့နည်းစေနိုင်တဲ့အတွက် ပုံမှန်စားသင့်ပါတယ်။
ဒါ့အပြင် ဖရဲသီးက ကျားခွန်အားတိုးအောင် တစ်ဖက်တစ်လမ်းကနေလည်း အထောက်အကူပြုတဲ့အတွက် အာနည်းတဲ့ အမျိူးသားများလည်း ဖရဲသီးကို ပုံမှန် စားသုံးသင့်ပါတယ်။ ဖရဲသီးကို ဒီအတိုင်းခွဲစားသလို ဖျော်ရည်လုပ်ပြီးလည်း သောက်ကြပါတယ်။ သို့သော် ဆီးချိုရောဂါရှိသူများအနေနဲ့တော့ ဖရဲသီးကို မစားသင့်ပါဘူး။ ဖရဲသီးကို အသီးတစ်ခုအဖြစ်စားသုံးရုံသာမက ခုနောက်ပိုင်းတွင် စားပွဲအလှဆင်ရန် ပုံဖော်ရာတွေမှာလဲ ကမ္ဘာတစ်ဝန်း အသုံးပြုလာကြပါတယ်။
Author : Dr. 528