(zawgyi)
ဗီတာမင္ဘီဖိုက္
ဗီတာမင္ဘီဖိုက္ဟာ ေရမွာေပ်ာ္ဝင္တဲ့ ဗီတာမင္ဘီ အုပ္စုဝင္ ဗီတာမင္တစ္မ်ိဳးပါ။ ေဆးပညာအေခၚအေဝၚအရ ပန္တိုသီးနစ္အက္စစ္ (Pantothenic Acid) လို႔ ဘီဖိုက္ကို ေခၚပါတယ္။ ထိုပန္တိုသီးနစ္အက္စစ္ဆိုတဲ့ အေခၚအေဝၚဟာ ဂရိဘာသာစကားကေန ဆင္းသက္လာတာပါ။ ဂရိဘာသာစကားမွာပန္တို(Panto)ဆိုတဲ့ အဓိပၸာယ္က Everywhere (ေနရာတိုင္းမွာ)ဆိုတဲ့ အဓိပၸာယ္ရပါတယ္။ ဆိုလိုခ်င္တာကေတာ့ ပန္တိုသီးနစ္အက္စစ္ကို အစားစာတိုင္းလိုလိုမွာ ေတြ႕ႏိုင္တယ္။ အစာစားတိုင္းမွာ ပန္တိုသီးနစ္အက္စစ္ ပါတယ္ေပါ့။ ဒီလိုအစားအစာ အားလုံးနီးပါးမွာ ပါဝင္တဲ့အတြက္ ဗီတာမင္ဘီဖိုက္ခ်ိဳ႕တဲ့ျခင္းကို ေတြ႕ရခဲပါတယ္။
ပန္တိုသီးနစ္အက္စစ္ ဟာ ကာဘိုဟိုက္ဒရိတ္(Carbohydrate)၊ အဆီ နဲ႔ ဆဲလ္ေတြရဲ႕ ဇီဝျဖစ္ပ်က္မႈလုပ္ငန္းေဆာင္႐ြက္ရာတြင္ အေရးပါတဲ့ေနရာကေန ပါဝင္ေဆာင္႐ြက္ေပးပါတယ္။ ဗီတာမင္ဘီဖိုက္အမ်ားဆုံးပါဝင္တဲ့ အစားစာေတြကေတာ့ ပန္းေဂၚဖီ၊ အမဲသား၊ ၾကက္ဆင္သား၊ ၾကက္သား၊ ဘဲသား၊ေထာပတ္သီး ၊ အတြင္းကလီစာေတြျဖစ္တဲ့ အသည္းအျမစ္၊ ကန္စြန္းဥ၊ ေျမပဲ၊ ေျပာင္းဖူး၊ ဘ႐ိုကိုလီ၊ခရမ္းခ်ဥ္သီး စသျဖင့္ ျဖစ္ပါတယ္။
အစားအစာ အားလုံးနီးပါးမွာ ပါဝင္လို႔ ဗီတာမင္ဘီဖိုက္ ခ်ိဳ႕တဲ့တာကို ေတြ႕ရခဲတယ္လို႔ ေျပာခဲ့ေသာ္လည္း ခ်က္ျပဳတ္နည္း မမွန္ပါက (ဆိုလိုတာက အပူခ်ိန္အမ်ားႀကီးနဲ႔ခ်က္ က်က္သည္ထက္ပိုခ်က္တာမ်ိဳးပါ) အစားစာေတြမွာပါတဲ့ ဗီတာမင္ဘီဖိုက္ဓါတ္ေတြ ဆုံးရႈံးႏိုင္ပါတယ္။ ဗီတာမင္ဘီဖိုက္ခ်ိဳ႕တဲ့ေသာလကၡဏာေတြကေတာ့ စိတ္ဓါတ္က်တာ၊ ႂကြက္တက္တာ ၊ေျခဖဝါးေတြထုံတာက်ဥ္တာ၊ ပ်ိဳ႕အန္တာ၊ ဗိုက္နာတာ စသျဖင့္ပါ။
တစ္ေန႔တာ ဗီတာမင္ဘီဖိုက္ လိုအပ္ခ်က္ကေတာ့
ေမြးကင္းစကေန ၆လသားထိ : 1.7 mg
၇လသားကေန တစ္ႏွစ္အထိ : 1.8 mg
၁ႏွစ္ ကေန ၃ႏွစ္ထိ : 2 mg
၄ႏွစ္ကေန ၈ႏွစ္ထိ : 3 mg
၉ႏွစ္ကေန ၁၃ႏွစ္ထိ : 4 mg
၁၄ႏွစ္ကေန ၁၈ႏွစ္ထိ : 5 mg
၁၉ႏွစ္နဲ႔အထက္ဆိုရင္ : 5 mg
ကိုယ္ဝန္ေဆာင္ေတြဆိုရင္ : 6 mg
ႏို႔တိုက္မိခင္ေတြဆိုရင္ : 7 mg
ဗီတာမင္ဘီဆစ္
ဗီတာမင္ဘီဆစ္ကို ပိုင္ရီေဒါက္ဆင္း pyridoxine လို႔ ေဆးပညာလို ေခၚပါတယ္။ ဗီတာမင္ဘီဆစ္ဟာလည္း ေရမွာေပ်ာ္ဝင္တဲ့ ဗီတာမင္ ဘီအုပ္စုဝင္ ဗီတာမင္တစ္မ်ိဳးပါပဲ။ ဗီတာမင္ဘီဆစ္ဟာ အာ႐ုံေၾကာအခ်က္အလက္ေတြကို အာ႐ုံေၾကာတစ္ခုမွတစ္ခု စီးဆင္းေစတဲ့ေနရာမွာ အေရးပါပါတယ္။ ဒါ့အျပင္ ေသြးနီဥ ဖြဲ႕စည္းတည္ေဆာက္ဖို႔နဲ႔ အမိုင္ႏိုအက္စစ္ ဖြဲ႕စည္းတည္ေဆာက္ဖို႔အတြက္လည္း ဗီတာမင္ဘီစစ္ကို လိုအပ္ပါတယ္။
ဗီတာမင္ဘီဆစ္ ႂကြယ္ဝတဲ့အစားစာေတြကေတာ့ အမဲသား ၊ၾကက္သား၊ ငါး၊ အတြင္းကလီစာမ်ား၊စားေတာ္ပဲ၊ ပဲပုပ္၊ ေျမပဲစတာေတြပါ။ တစ္ေန႔တာ လိုအပ္ခ်က္ကေတာ့ ၂မီလီဂရမ္ပါ။ ဗီတာမင္ဘီဆစ္ခ်ိဳ႕တဲ့တာကို အရက္သမားေတြ၊ တီဘီေဆးေသာက္ေနတဲ့သူေတြမွာ အေတြ႕ရမ်ားပါတယ္။ ဗီတာမင္ဘီဆစ္ခ်ိဳ႕တဲ့ရင္ အေရျပားေတြ ေရာင္ရမ္းတာ၊ လွ်ာေရာင္တာ၊ ေျခဖ်ားလက္ဖ်ားထုံတာ၊ အတက္ေရာဂါျဖစ္တာ၊ စိတ္ဓါတ္က်တာ၊ပ်ိဳ႕အန္ခ်င္တာ စသျဖင့္ ျဖစ္ႏိုင္ေျခရွိပါတယ္။
ဗီတာမင္ဘီဆစ္ ခ်ိဳ႕တဲ့တာအတြက္ကေတာ့ ဒီေခတ္မွာ ဗီတာမင္ဘီဆစ္ ျဖည့္စြက္ေဆးျပားေတြ ေသာက္ႏိုင္ပါတယ္။ ဗီတာမင္ဘီဆစ္ ေဆးျပားေတြကို ကားမူးလို႔ ပ်ိဳ႕အန္တာအတြက္လည္း ေသာက္ၾကပါတယ္။ သို႔ေသာ္ ထိုျဖည့္စြက္ေဆးမ်ားကို လိုတာထက္ ပိုေသာက္မိပါက ဆိုးဆိုး႐ြား႐ြား ေဘးဥပါဒ္ေတာ့ မျဖစ္ႏိုင္ေပမယ့္ ရံဖန္ရံခါ ထုံတာ က်ဥ္တာ၊ လမ္းေကာင္းေကာင္း မေလွ်ာက္ႏိုင္တာ အလင္းေရာင္ကိုေကာင္းေကာင္းမၾကည့္ႏိုင္တာ စသျဖင့္ ျဖစ္တတ္ပါတယ္။
Author : Dr. 528
(Unicode)
ဗီတာမင်ဘီဖိုက်
ဗီတာမင်ဘီဖိုက်ဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဘီ အုပ်စုဝင် ဗီတာမင်တစ်မျိုးပါ။ ဆေးပညာအခေါ်အဝေါ်အရ ပန်တိုသီးနစ်အက်စစ် (Pantothenic Acid) လို့ ဘီဖိုက်ကို ခေါ်ပါတယ်။ ထိုပန်တိုသီးနစ်အက်စစ်ဆိုတဲ့ အခေါ်အဝေါ်ဟာ ဂရိဘာသာစကားကနေ ဆင်းသက်လာတာပါ။ ဂရိဘာသာစကားမှာပန်တို(Panto)ဆိုတဲ့ အဓိပ္ပာယ်က Everywhere (နေရာတိုင်းမှာ)ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဆိုလိုချင်တာကတော့ ပန်တိုသီးနစ်အက်စစ်ကို အစားစာတိုင်းလိုလိုမှာ တွေ့နိုင်တယ်။ အစာစားတိုင်းမှာ ပန်တိုသီးနစ်အက်စစ် ပါတယ်ပေါ့။ ဒီလိုအစားအစာ အားလုံးနီးပါးမှာ ပါဝင်တဲ့အတွက် ဗီတာမင်ဘီဖိုက်ချို့တဲ့ခြင်းကို တွေ့ရခဲပါတယ်။
ပန်တိုသီးနစ်အက်စစ် ဟာ ကာဘိုဟိုက်ဒရိတ်(Carbohydrate)၊ အဆီ နဲ့ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုလုပ်ငန်းဆောင်ရွက်ရာတွင် အရေးပါတဲ့နေရာကနေ ပါဝင်ဆောင်ရွက်ပေးပါတယ်။ ဗီတာမင်ဘီဖိုက်အများဆုံးပါဝင်တဲ့ အစားစာတွေကတော့ ပန်းဂေါ်ဖီ၊ အမဲသား၊ ကြက်ဆင်သား၊ ကြက်သား၊ ဘဲသား၊ထောပတ်သီး ၊ အတွင်းကလီစာတွေဖြစ်တဲ့ အသည်းအမြစ်၊ ကန်စွန်းဥ၊ မြေပဲ၊ ပြောင်းဖူး၊ ဘရိုကိုလီ၊ခရမ်းချဉ်သီး စသဖြင့် ဖြစ်ပါတယ်။
အစားအစာ အားလုံးနီးပါးမှာ ပါဝင်လို့ ဗီတာမင်ဘီဖိုက် ချို့တဲ့တာကို တွေ့ရခဲတယ်လို့ ပြောခဲ့သော်လည်း ချက်ပြုတ်နည်း မမှန်ပါက (ဆိုလိုတာက အပူချိန်အများကြီးနဲ့ချက် ကျက်သည်ထက်ပိုချက်တာမျိုးပါ) အစားစာတွေမှာပါတဲ့ ဗီတာမင်ဘီဖိုက်ဓါတ်တွေ ဆုံးရှုံးနိုင်ပါတယ်။ ဗီတာမင်ဘီဖိုက်ချို့တဲ့သောလက္ခဏာတွေကတော့ စိတ်ဓါတ်ကျတာ၊ ကြွက်တက်တာ ၊ခြေဖဝါးတွေထုံတာကျဉ်တာ၊ ပျို့အန်တာ၊ ဗိုက်နာတာ စသဖြင့်ပါ။
တစ်နေ့တာ ဗီတာမင်ဘီဖိုက် လိုအပ်ချက်ကတော့
မွေးကင်းစကနေ ၆လသားထိ : 1.7 mg
၇လသားကနေ တစ်နှစ်အထိ : 1.8 mg
၁နှစ် ကနေ ၃နှစ်ထိ : 2 mg
၄နှစ်ကနေ ၈နှစ်ထိ : 3 mg
၉နှစ်ကနေ ၁၃နှစ်ထိ : 4 mg
၁၄နှစ်ကနေ ၁၈နှစ်ထိ : 5 mg
၁၉နှစ်နဲ့အထက်ဆိုရင် : 5 mg
ကိုယ်ဝန်ဆောင်တွေဆိုရင် : 6 mg
နို့တိုက်မိခင်တွေဆိုရင် : 7 mg
ဗီတာမင်ဘီဆစ်
ဗီတာမင်ဘီဆစ်ကို ပိုင်ရီဒေါက်ဆင်း pyridoxine လို့ ဆေးပညာလို ခေါ်ပါတယ်။ ဗီတာမင်ဘီဆစ်ဟာလည်း ရေမှာပျော်ဝင်တဲ့ ဗီတာမင် ဘီအုပ်စုဝင် ဗီတာမင်တစ်မျိုးပါပဲ။ ဗီတာမင်ဘီဆစ်ဟာ အာရုံကြောအချက်အလက်တွေကို အာရုံကြောတစ်ခုမှတစ်ခု စီးဆင်းစေတဲ့နေရာမှာ အရေးပါပါတယ်။ ဒါ့အပြင် သွေးနီဥ ဖွဲ့စည်းတည်ဆောက်ဖို့နဲ့ အမိုင်နိုအက်စစ် ဖွဲ့စည်းတည်ဆောက်ဖို့အတွက်လည်း ဗီတာမင်ဘီစစ်ကို လိုအပ်ပါတယ်။
ဗီတာမင်ဘီဆစ် ကြွယ်ဝတဲ့အစားစာတွေကတော့ အမဲသား ၊ကြက်သား၊ ငါး၊ အတွင်းကလီစာများ၊စားတော်ပဲ၊ ပဲပုပ်၊ မြေပဲစတာတွေပါ။ တစ်နေ့တာ လိုအပ်ချက်ကတော့ ၂မီလီဂရမ်ပါ။ ဗီတာမင်ဘီဆစ်ချို့တဲ့တာကို အရက်သမားတွေ၊ တီဘီဆေးသောက်နေတဲ့သူတွေမှာ အတွေ့ရများပါတယ်။ ဗီတာမင်ဘီဆစ်ချို့တဲ့ရင် အရေပြားတွေ ရောင်ရမ်းတာ၊ လျှာရောင်တာ၊ ခြေဖျားလက်ဖျားထုံတာ၊ အတက်ရောဂါဖြစ်တာ၊ စိတ်ဓါတ်ကျတာ၊ပျို့အန်ချင်တာ စသဖြင့် ဖြစ်နိုင်ခြေရှိပါတယ်။
ဗီတာမင်ဘီဆစ် ချို့တဲ့တာအတွက်ကတော့ ဒီခေတ်မှာ ဗီတာမင်ဘီဆစ် ဖြည့်စွက်ဆေးပြားတွေ သောက်နိုင်ပါတယ်။ ဗီတာမင်ဘီဆစ် ဆေးပြားတွေကို ကားမူးလို့ ပျို့အန်တာအတွက်လည်း သောက်ကြပါတယ်။ သို့သော် ထိုဖြည့်စွက်ဆေးများကို လိုတာထက် ပိုသောက်မိပါက ဆိုးဆိုးရွားရွား ဘေးဥပါဒ်တော့ မဖြစ်နိုင်ပေမယ့် ရံဖန်ရံခါ ထုံတာ ကျဉ်တာ၊ လမ်းကောင်းကောင်း မလျှောက်နိုင်တာ အလင်းရောင်ကိုကောင်းကောင်းမကြည့်နိုင်တာ စသဖြင့် ဖြစ်တတ်ပါတယ်။
Author : Dr. 528