တချို့သူတွေ မေးကြတယ်
“ဆရာ ထမင်းစားတဲ့အခါ မေးရိုးက ဂလုပ် ဂလုပ်နဲ့ အသံထွက်နေတာ”
“တစ်ခုခု စားနေ ဝါးနေရင် ပါးစောင်းကြွက်သားတွေ ညောင်းကိုက်နေတာ ၊
ဘာဖြစ်လို့ပါလဲ ဆရာ။”
ဘာဖြစ်တာလဲဆိုရင် နားထင်နဲ့ မေးရိုး ဆုံရာ အရိုးအဆစ်မှာ ၊
ကြွက်သားတွေမှာ ပြဿနာဖြစ်တာပါ ။
ဘာလက္ခဏာတွေ ပြသလဲ
-နားထင်နဲ့ မေးရိုးတစ်ဝိုက် နာမယ် ၊ကိုက်မယ်
-နားပတ်လည် ကိုက်တတ် ၊နာတတ်တယ်
-အစာစားရင် ထောက်ခနဲ ထောက်ခနဲ ဖြစ်စေ ၊ဂလုပ် ဂလုပ် ဖြစ်စေ အသံမြည်တာဖြစ်မယ်
-ပါးစပ် ကောင်းကောင်း မဟနိုင်တာ ဖြစ်မယ်
-ခေါင်းကိုက်တာလည်း ဖြစ်တတ်
ဘာတွေကြောင့် ဖြစ်တတ်သလဲ
၁) အရိုးအဆစ် ပြဿနာ
-မေးရိုးအဆစ် လွဲခြင်း
-အရိုးအဆစ်ရောင်နာ ရောဂါများ
-အရိုးကင်ဆာများ
-မေးရိုး အဆစ်ထဲ ပိုးဝင်ခြင်း
၂) ကြွက်သား ပြဿနာ
-သွားကြိတ်တတ်သူများ ၊အံကြိတ်တတ်သူများ
-တချို့သော စိတ်စွဲရောဂါများ
-စိတ်ဖိအားများတဲ့ အချိန်
၃) သွားရောဂါများ
-သွားပိုးစားခြင်း
-သွားကျန်းမာရေး ညံ့ဖျင်းသူတွေ
-သွားညီအောင် ကြိုးနဲ့ ညှိထားသူ တချို့မှာ
မိမိဘာသာ ဘာလုပ်ထားနိုင်သလဲ
-စိတ်ဖိအားလျော့ပါ
-အံ ခဏ ခဏ မကြိတ်မိအောင် သတိထားပါ
-ရေနွေးအိတ် ကပ်ပါ
-အကိုက်အခဲပျောက်ဆေး သောက်ပါ
-အကိုက်အခဲပျောက်ဆေး လိမ်းပါ
-အမာစာများ စားခြင်း ဝါးခြင်း ရှောင်ပါ
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသတိုင်ပင်မလဲ
– အရိုးအဆစ် ပြဿနာဖြစ်က
– နာတာ ကိုက်တာ မသက်သာက ၊ပိုဆိုးက ပြသင့်ပါတယ်။
Author : ခေတ်သစ် ဇီဝက