(Zawgyi)
ယခုလိုရာသီးမ်ိဳးက ဟင္းသီးဟင္း႐ြက္မ်ား လႈိင္လႈိင္ေပါမ်ားခ်ိန္လည္း ျဖစ္ပါတယ္။ ဘူးသီး ၊ ႐ုံးပေတသီး၊ ေဂၚသခြားသီးစသည္ျဖင့္ မ်ိဳးစုံ ေပါမ်ားသည္ကို ေဈးထဲတြင္ ေတြ႕ရပါလိမ့္မယ္။ ထိုအထဲမွာ ႐ုံးပေတသီးရဲ႕ က်န္းမာေရးအတြက္ အက်ိဳးရွိပုံေလးကို ေရးသားေပးပါမယ္။ ႐ုံးပေတသီးတြင္ ဗီတာမင္စုံလင္စြာပါဝင္ၿပီး စားသင့္ေသာ အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္တစ္မ်ိဳး ျဖစ္ပါတယ္။
(၁)အာဟာရတန္ဖိုး
႐ုံးပေတသီးတြင္ ကယ္လိုရီနည္းၿပီး အာဟာမ်ိဳးစုံ ပါဝင္ပါတယ္။ အမွ်င္ဓာတ္ ၊ဗီတာမင္ေအ၊ စီႏွင့္ ေဖာလစ္အက္ဆစ္ဓာတ္ စသည္ျဖင့္ ေပါမ်ားစြာ ပါဝင္ပါတယ္။ ဗီတာမင္ေက၊ ဘီ၊ သံဓာတ္၊ ပိုတက္ဆီယမ္၊ ဇင့္၊ ကယ္လ္စီယမ္ႏွင့္ မက္ဂနီစီယမ္မ်ားလည္း အမ်ားအျပား ပါဝင္ပါတယ္။ ႐ုံးပေတသီးတြင္ အာဟာရစုံလင္ၿပီး ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ားစြာပါဝင္ေသာ ဟင္းသီးဟင္း႐ြက္မ်ားထဲမွာ တစ္မ်ိဳးပဲ ျဖစ္ပါတယ္။
(၂)က်နိးမာေရးတန္ဖိုးမ်ား
-ေသြးအားနည္းေရာဂါ
႐ုံးပေတသီးသည္ ေသြးနီဥဆဲလ္ ထုတ္လုပ္မႈကို အားေပးေသာေၾကာင့္ ေသြးအားနည္းျခင္းကို ကာကြယ္ေပးပါတယ္။
-ကင္ဆာကာကြယ္မႈ
႐ုံးပေတသီးတြင္ ဓာတ္တိုးဆန႔္က်င္ပစၥည္း အမ်ားအျပား ပါဝင္ေသာေၾကာင့္ ကိုယ္ခံအားကို ျမႇင့္တင္ၿပီး ဓာတ္တိုးပစၥည္းမ်ားမွ ကာကြယ္ကာ မူမမွန္ဆဲလ္ပြားမႈကိုလည္း ကာကြယ္ပါတယ္။
-ရင္ၾကပ္ရာဂါ
႐ုံးပေတသီးတြင္ ဗီတာမင္စီႏွင့္ ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ား ပါဝင္ျခင္းေၾကာင့္ ရင္ၾကပ္ပန္းနာျဖစ္ပြားမႈကို ထိေရာက္စြာ သက္သာေစပါတယ္။
-အ႐ိုးသန္မာမႈ
႐ုံးပေတသီးတြင္ ေဖာလစ္ဓာတ္ပါဝင္လို႔ အ႐ိုးမ်ားသန္မာေစၿပီး အ႐ိုးပြျခင္းကို ကာကြယ္မႈ ေပးပါတယ္။
-အဆီက်ျခင္း
႐ုံးပေတသီးရွိ ေပ်ာ္ဝင္လြယ္ေသာ အမွ်င္ဓာတ္မ်ားသည္ ေသြးတြင္းအဆီဓာတ္မ်ားကို ေလ်ာ့ခ်ေပးၿပီး ႏွလုံးေသြးေၾကာက်ဥ္းေရာဂါႏွင့္ ႏွလုံးေရာဂါမ်ားကို ကာကြယ္မႈ ေပးပါတယ္။
-ဝမ္းခ်ဳပ္ျခင္း
႐ုံးပေတသီးတြင္ အမွ်င္ဓာတ္ႏွင့္ သဘာဝဝမ္းေပ်ာ့ေစေသာအစြမ္းပါၿပီး အူထဲရွိ အဆိပ္အေတာက္မ်ားဖယ္ရွားရွင္းလင္းကာ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးပါတယ္။ ပုံမွန္စားသုံးလွ်င္ အူမႀကီးကင္ဆာျဖစ္ပြားမႈကို ကာကြယ္ေပးပါတယ္။
-ဆီးခ်ိဳေရာဂါ
႐ုံးပေတသီးတြင္ အင္ဆူလင္ကဲ့သို႔ အစြမ္းသတၱိ ပါဝင္ေသာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ ေလ်ာ့ခ်ေပးေသာေၾကာင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါ သက္သာေစပါတယ္။ ေန႔စဥ္ ၆ ေတာင့္မွ ၈ ေတာင့္ စားေပးျခင္းျဖင့္ သိသာစြာ အခ်ိဳဓာတ္ ထိန္းလာႏိုင္ပါလိမ့္မယ္။
-ကိုယ္ခံအားျမႇင့္တင္မႈ
႐ုံးပေတသီးတြင္ ပါဝင္ေသာဗီတာမင္စီႏွင့္ ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ားသည္ ကိုယ္ခံစြမ္းအားျမႇင့္ေစၿပီး အေအးမိႏွာေစးျခင္းမွအစ ေရာဂါပိုးဝင္ေရာက္မႈကို တိုက္ထုတ္ေပးပါတယ္။
-ကိုယ္ဝန္ေဆာင္
ေဖာလိတ္ဓာတ္ ပါဝင္ေသာေၾကာင့္ ကိုယ္ဝန္ေဆာင္သည္မ်ား စားသုံးျခင္းသည္ ကေလးမ်ားတြင္ ေမြးရာပါ ခ်ိဳ႕ယြင္းမႈကို ေလ်ာ့ခ်ေပးပါတယ္။
-အေရျပားေရာဂါမ်ား
႐ုံးပေတသီးသည္ အေရျပားေကာင္းမြန္မႈကို အားေပးၿပီး ဝက္ၿခံအစရွိသည္တို႔ကို ကာကြယ္ေပးပါတယ္။
-မ်က္စိအားေကာင္းေစျခင္း
႐ုံးပေတသီးတြင္ ဘီတာကယ္႐ိုတင္းဓာတ္ႏွင္ လူတင္း၊ ဇမ္းတင္းဓာတ္မ်ား ပါေသာေၾကာင့္ အျမင္အာ႐ုံေကာင္းမႈအတြက္ မ်ားစြာအေထာက္အကူျပဳပါတယ္။ ေရတိမ္၊ အတြင္းတိမ္ေရာဂါမ်ား ကာကြယ္ေပးပါတယ္။
-အသုံးျပဳပုံ
႐ုံးပေတသီးကို စိတ္ၿပီး ေရစိမ္ေသာက္ပါက ေသြးခ်ိဳက်ေစပါတယ္။ တစ္ညစိမ္ရပါမယ္။ ႐ုံးပေတသီးကို ဆားရည္၊ ပန္းသီး ရွာလကာရည္ ၁၀မိနစ္ခန႔္စိမ္ပါ။ ၿပီးရင္ ေရေဆးခ်ပါ။ ၿပီးရင္ မိမိႏွစ္သက္သလို ျပဳလုပ္စားသုံးပါ။
Author : Dr. ျပည့္ရွင္း
(Unicode)
ယခုလိုဆောင်းဦးပေါက်တွင် ဟင်းသီးဟင်းရွက်များ လှိုင်လှိုင်ပေါများချိန်လည်း ဖြစ်ပါတယ်။ ဘူးသီး ၊ ရုံးပတေသီး၊ ဂေါ်သခွားသီးစသည်ဖြင့် မျိုးစုံ ပေါများသည်ကို ဈေးထဲတွင် တွေ့ရပါလိမ့်မယ်။ ထိုအထဲမှာ ရုံးပတေသီးရဲ့ ကျန်းမာရေးအတွက် အကျိုးရှိပုံလေးကို ရေးသားပေးပါမယ်။ ရုံးပတေသီးတွင် ဗီတာမင်စုံလင်စွာပါဝင်ပြီး စားသင့်သော အစိမ်းရောင် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။
(၁)အာဟာရတန်ဖိုး
ရုံးပတေသီးတွင် ကယ်လိုရီနည်းပြီး အာဟာမျိုးစုံ ပါဝင်ပါတယ်။ အမျှင်ဓာတ် ၊ဗီတာမင်အေ၊ စီနှင့် ဖောလစ်အက်ဆစ်ဓာတ် စသည်ဖြင့် ပေါများစွာ ပါဝင်ပါတယ်။ ဗီတာမင်ကေ၊ ဘီ၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ကယ်လ်စီယမ်နှင့် မက်ဂနီစီယမ်များလည်း အများအပြား ပါဝင်ပါတယ်။ ရုံးပတေသီးတွင် အာဟာရစုံလင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်သော ဟင်းသီးဟင်းရွက်များထဲမှာ တစ်မျိုးပဲ ဖြစ်ပါတယ်။
(၂)ကျနိးမာရေးတန်ဖိုးများ
-သွေးအားနည်းရောဂါ
ရုံးပတေသီးသည် သွေးနီဥဆဲလ် ထုတ်လုပ်မှုကို အားပေးသောကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။
-ကင်ဆာကာကွယ်မှု
ရုံးပတေသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်သောကြောင့် ကိုယ်ခံအားကို မြှင့်တင်ပြီး ဓာတ်တိုးပစ္စည်းများမှ ကာကွယ်ကာ မူမမှန်ဆဲလ်ပွားမှုကိုလည်း ကာကွယ်ပါတယ်။
-ရင်ကြပ်ရာဂါ
ရုံးပတေသီးတွင် ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ခြင်းကြောင့် ရင်ကြပ်ပန်းနာဖြစ်ပွားမှုကို ထိရောက်စွာ သက်သာစေပါတယ်။
-အရိုးသန်မာမှု
ရုံးပတေသီးတွင် ဖောလစ်ဓာတ်ပါဝင်လို့ အရိုးများသန်မာစေပြီး အရိုးပွခြင်းကို ကာကွယ်မှု ပေးပါတယ်။
-အဆီကျခြင်း
ရုံးပတေသီးရှိ ပျော်ဝင်လွယ်သော အမျှင်ဓာတ်များသည် သွေးတွင်းအဆီဓာတ်များကို လျော့ချပေးပြီး နှလုံးသွေးကြောကျဉ်းရောဂါနှင့် နှလုံးရောဂါများကို ကာကွယ်မှု ပေးပါတယ်။
-ဝမ်းချုပ်ခြင်း
ရုံးပတေသီးတွင် အမျှင်ဓာတ်နှင့် သဘာဝဝမ်းပျော့စေသောအစွမ်းပါပြီး အူထဲရှိ အဆိပ်အတောက်များဖယ်ရှားရှင်းလင်းကာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပုံမှန်စားသုံးလျှင် အူမကြီးကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။
-ဆီးချိုရောဂါ
ရုံးပတေသီးတွင် အင်ဆူလင်ကဲ့သို့ အစွမ်းသတ္တိ ပါဝင်သောကြောင့် သွေးတွင်းသကြားဓာတ် လျော့ချပေးသောကြောင့် ဆီးချိုသွေးချိုရောဂါ သက်သာစေပါတယ်။ နေ့စဉ် ၆ တောင့်မှ ၈ တောင့် စားပေးခြင်းဖြင့် သိသာစွာ အချိုဓာတ် ထိန်းလာနိုင်ပါလိမ့်မယ်။
-ကိုယ်ခံအားမြှင့်တင်မှု
ရုံးပတေသီးတွင် ပါဝင်သောဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ကိုယ်ခံစွမ်းအားမြှင့်စေပြီး အအေးမိနှာစေးခြင်းမှအစ ရောဂါပိုးဝင်ရောက်မှုကို တိုက်ထုတ်ပေးပါတယ်။
-ကိုယ်ဝန်ဆောင်
ဖောလိတ်ဓာတ် ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်သည်များ စားသုံးခြင်းသည် ကလေးများတွင် မွေးရာပါ ချို့ယွင်းမှုကို လျော့ချပေးပါတယ်။
-အရေပြားရောဂါများ
ရုံးပတေသီးသည် အရေပြားကောင်းမွန်မှုကို အားပေးပြီး ဝက်ခြံအစရှိသည်တို့ကို ကာကွယ်ပေးပါတယ်။
-မျက်စိအားကောင်းစေခြင်း
ရုံးပတေသီးတွင် ဘီတာကယ်ရိုတင်းဓာတ်နှင် လူတင်း၊ ဇမ်းတင်းဓာတ်များ ပါသောကြောင့် အမြင်အာရုံကောင်းမှုအတွက် များစွာအထောက်အကူပြုပါတယ်။ ရေတိမ်၊ အတွင်းတိမ်ရောဂါများ ကာကွယ်ပေးပါတယ်။
-အသုံးပြုပုံ
ရုံးပတေသီးကို စိတ်ပြီး ရေစိမ်သောက်ပါက သွေးချိုကျစေပါတယ်။ တစ်ညစိမ်ရပါမယ်။ ရုံးပတေသီးကို ဆားရည်၊ ပန်းသီး ရှာလကာရည် ၁၀မိနစ်ခန့်စိမ်ပါ။ ပြီးရင် ရေဆေးချပါ။ ပြီးရင် မိမိနှစ်သက်သလို ပြုလုပ်စားသုံးပါ။
Author : Dr. ပြည့်ရှင်း