fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နှလုံးတိုက်ခိုက်ခံရမှုမှ(Heart Attack)ကင်းဝေးပြီး နှလုံးသားများကျန်းမာစေရန်အတွက်နည်းလမ်းတချိူ့

45
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/12/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ႏွလုံးတိုက္ခိုက္ခံရမႈမွ (Heart Attack) ကင္းေဝးၿပီး ႏွလုံးသားမ်ား က်န္းမာေစရန္အတြက္ နည္းလမ္းတခ်ိဳ႕

ယေန႔ေခတ္ရဲ႕လူေနမႈပုံစံ၊ စားေသာက္မႈ ပုံစံေတြေၾကာင့္ အ႐ြယ္မတိုင္ခင္မွာ ႏွလုံးေရာဂါ (အမ်ားအားျဖင့္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ) ျဖစ္ပြားႏႈန္း မ်ားလာပါတယ္။ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါရဲ႕လကၡဏာေတြကေတာ့ ျပင္းထန္စြာ ပင္ပန္းႏြမ္းနယ္မႈကိုခံစားရတာ၊ အသက္ရွဴမဝဘဲ စိုးရိမ္မႈကို ခံစားရတာ။ နည္းနည္းေလာက္ လႈပ္လႈပ္ရွားရွားလုပ္ရင္ ရင္ဘတ္ေအာင့္လာၿပီး နားလိုက္မွ သက္သာတာေတြ ျဖစ္ႏိုင္ပါတယ္။

ဒီထက္ဆိုးရင္ ဒီအတိုင္းေနရင္းနဲ႔ကို ရင္ဘတ္ေအာင့္တာ၊ ရင္ဘတ္ေအာင့္တာနဲ႔တၿပိဳင္တည္းမွာ ေမး႐ိုး ၊ေနာက္ေၾကာအထက္ပိုင္း၊ ပခုံးႏွစ္ဖက္၊ လည္ဂုတ္၊ လက္ေမာင္းေတြပါ နာတာ၊ ပ်ိဳ႕တာ၊ အန္တာ ၊ေခြၽးေစးေတြ ထြက္လာတာေတြပါျဖစ္ႏိုင္တယ္။ ဒါေတြျဖစ္လာရင္ေတာ့ ခ်က္ခ်င္းကို ေဆး႐ုံသြားဖို႔ လိုပါတယ္။

ႏွလုံးေရာဂါျဖစ္ပြားမႈမွ ကာကြယ္ရန္အတြက္ မိမိတို႔ရဲ႕ လူေနမႈပုံစံ၊ စားေသာက္မႈပုံစံေတြကို ေျပာင္းလဲဖို႔လိုပါတယ္။

ဘယ္လိုေျပာင္းလဲရမလဲဆိုရင္

၁။ေအ႐ိုးဗစ္ေလ့က်င့္ခန္း မွန္မွန္လုပ္ပါ။ လမ္းမွန္မွန္ ေလွ်ာက္ပါ။

ေအ႐ိုးဗစ္ေလ့က်င့္ခန္းလုပ္ျခင္း၊ လမ္းမွန္မွန္ေလွ်ာက္ျခင္းျဖင့္ ႏွလုံးရဲ႕ေသြးဖိအားထိန္းညႇိမႈကို အေထာက္အကူေပးတဲ့အတြက္ ေသြးတိုးျခင္းကို ကာကြယ္ႏိုင္ပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းေၾကာင့္ ေသြးနီဥအေရအတြက္မ်ားလာၿပီး ေအာက္စီဂ်င္သယ္ေဆာင္မႈကို ျမင့္မားေစပါတယ္။ ေသြးလည္ပတ္မႈ ေသြးစီးဆင္းမႈ ေကာင္းေစတယ္။

၂။အဆီအဆိမ့္ေလွ်ာ့စားပါ။

ေထာပါတ္၊ ဒိန္ခဲ၊ မလိုင္စတာေတြ ေလွ်ာ့စားပါ။ တိရစာၦန္အဆီ၊ စားအုန္းဆီစတဲ့ ျပည့္ဝဆီ(saturated fats)ေတြကို ေရွာင္ပါ။ ပဲဆီ၊ ႏွမ္းဆီ၊ ေနၾကာဆီ၊ ပဲပိစပ္ဆီ စတဲ့ မျပည့္ဝဆီ (Unsaturated fats) ကိုပဲ အသင့္တင့္စားပါ ။ အိုမီဂါ သရီး အဆီအက္စစ္(Omega 3 fatty acid) မ်ားမ်ားစားပါ။ ဒီအက္စစ္ဓါတ္က ငါးေတြမွာ ပါပါတယ္။

၃။တစ္ေနရာတည္းမွာ အၾကာႀကီး မထိုင္ပါနဲ႔။

တစ္ေနရာတည္းမွာ အၾကာႀကီးထိုင္တာဟာ လူကိုဝေစပါတယ္။ ေသြးေၾကာထဲမွာလည္း အဆီေတြကိုစုပုံေစႏိုင္ပါတယ္။ အဲ့အခါမွာ ႏွလုံးက်န္းမာေရးကို ထိခိုက္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ကထိုင္ၿပီးအလုပ္လုပ္ရရင္လည္း ၁နာရီ ၁ခါေလာက္ အေပါ့သြားတာ လမ္းခဏေလွ်ာက္တာျဖစ္ျဖစ္ လုပ္ေပးသင့္ပါတယ္။

၄။သစ္သီးဝလံမ်ား ဟင္းသီးဟင္း႐ြက္မ်ားအား မ်ားမ်ားစားသုံးပါ။

သစ္သီးေတြ၊ ဟင္းသီးဟင္း႐ြက္ အေျမာက္အမ်ား စားသုံးတာဟာ က်န္းမာေရးအတြက္ အက်ိဳးရွိၿပီး  ေရာဂါျဖစ္ပြားမႈေတြကို ေလွ်ာ့ခ်ေစႏိုင္တယ္ဆိုတာ ေမးစရာကိုမလိုပါဘူး။ သုေတသနေတြအရ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ေတြမွာပါတဲ့ အန္တီေအာက္ဆီးဒင့္နဲ႔ ဗီတာမင္ေတြက ေသြးတြင္း ကိုလက္စထေရာတို႔ မေကာင္းတဲ့အဆီဓါတ္ေတြကို ေလ်ာ့နည္းေစႏိုင္ပါတယ္။

၅။ စိတ္ဖိစီးမႈ နည္းေအာင္ေနပါ။ စိတ္ဖိစီးလာရင္လည္း စိတ္ေထာင္းကိုယ္ေၾကဆိုတဲ့အတိုင္း ႏွလုံးေရာဂါရႏိုင္ပါတယ္။ ဒီေတာ့ တအားစိတ္ညစ္ရင္ စိတ္ဖိစီးမႈမ်ားရင္ သီခ်င္းနားေထာင္ၿပီးခုန္ေပါက္တာ၊ ေယာဂက်င့္စဥ္က်င့္တာျဖစ္ျဖစ္ လုပ္ပါ။

၆။ အငန္ေလွ်ာ့စားပါ။ အငန္ဓါတ္ကို တတ္ႏိုင္သေလာက္ ေရွာင္ျခင္းျဖင့္ ေလျဖတ္ျခင္း၊ ႏွလုံးေသြးေၾကာနဲ႔ဆိုင္တဲ့ ေရာဂါေတြျဖစ္ပြားႏိုင္မႈကို ေလ်ာ့က်ေစပါတယ္။

၇။ ေဆးလိပ္မေသာက္ပါနဲ႔။ ေဆးလိပ္ေသာက္တာဟာ ႏွလုံးကိုသာမက တစ္ကိုယ္လုံးမွာရွိတဲ့ အဂၤါအစိတ္အပိုင္းေတြကို အႏၲရာယ္ျဖစ္ေစပါတယ္။

Author : Dr. 528

Unicode Version

နှလုံးတိုက်ခိုက်ခံရမှုမှ (Heart Attack) ကင်းဝေးပြီး နှလုံးသားများ ကျန်းမာစေရန်အတွက် နည်းလမ်းတချို့

ယနေ့ခေတ်ရဲ့လူနေမှုပုံစံ၊ စားသောက်မှု ပုံစံတွေကြောင့် အရွယ်မတိုင်ခင်မှာ နှလုံးရောဂါ (အများအားဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ) ဖြစ်ပွားနှုန်း များလာပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါရဲ့လက္ခဏာတွေကတော့ ပြင်းထန်စွာ ပင်ပန်းနွမ်းနယ်မှုကိုခံစားရတာ၊ အသက်ရှူမဝဘဲ စိုးရိမ်မှုကို ခံစားရတာ။ နည်းနည်းလောက် လှုပ်လှုပ်ရှားရှားလုပ်ရင် ရင်ဘတ်အောင့်လာပြီး နားလိုက်မှ သက်သာတာတွေ ဖြစ်နိုင်ပါတယ်။

ဒီထက်ဆိုးရင် ဒီအတိုင်းနေရင်းနဲ့ကို ရင်ဘတ်အောင့်တာ၊ ရင်ဘတ်အောင့်တာနဲ့တပြိုင်တည်းမှာ မေးရိုး ၊နောက်ကြောအထက်ပိုင်း၊ ပခုံးနှစ်ဖက်၊ လည်ဂုတ်၊ လက်မောင်းတွေပါ နာတာ၊ ပျို့တာ၊ အန်တာ ၊ချွေးစေးတွေ ထွက်လာတာတွေပါဖြစ်နိုင်တယ်။ ဒါတွေဖြစ်လာရင်တော့ ချက်ချင်းကို ဆေးရုံသွားဖို့ လိုပါတယ်။

နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် မိမိတို့ရဲ့ လူနေမှုပုံစံ၊ စားသောက်မှုပုံစံတွေကို ပြောင်းလဲဖို့လိုပါတယ်။

ဘယ်လိုပြောင်းလဲရမလဲဆိုရင်

၁။အေရိုးဗစ်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ လမ်းမှန်မှန် လျှောက်ပါ။

အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းမှန်မှန်လျှောက်ခြင်းဖြင့် နှလုံးရဲ့သွေးဖိအားထိန်းညှိမှုကို အထောက်အကူပေးတဲ့အတွက် သွေးတိုးခြင်းကို ကာကွယ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် သွေးနီဥအရေအတွက်များလာပြီး အောက်စီဂျင်သယ်ဆောင်မှုကို မြင့်မားစေပါတယ်။ သွေးလည်ပတ်မှု သွေးစီးဆင်းမှု ကောင်းစေတယ်။

၂။အဆီအဆိမ့်လျှော့စားပါ။

ထောပါတ်၊ ဒိန်ခဲ၊ မလိုင်စတာတွေ လျှော့စားပါ။ တိရစ္ဆာန်အဆီ၊ စားအုန်းဆီစတဲ့ ပြည့်ဝဆီ(saturated fats)တွေကို ရှောင်ပါ။ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ စတဲ့ မပြည့်ဝဆီ (Unsaturated fats) ကိုပဲ အသင့်တင့်စားပါ ။ အိုမီဂါ သရီး အဆီအက်စစ်(Omega 3 fatty acid) များများစားပါ။ ဒီအက်စစ်ဓါတ်က ငါးတွေမှာ ပါပါတယ်။

၃။တစ်နေရာတည်းမှာ အကြာကြီး မထိုင်ပါနဲ့။

တစ်နေရာတည်းမှာ အကြာကြီးထိုင်တာဟာ လူကိုဝစေပါတယ်။ သွေးကြောထဲမှာလည်း အဆီတွေကိုစုပုံစေနိုင်ပါတယ်။ အဲ့အခါမှာ နှလုံးကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကထိုင်ပြီးအလုပ်လုပ်ရရင်လည်း ၁နာရီ ၁ခါလောက် အပေါ့သွားတာ လမ်းခဏလျှောက်တာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

၄။သစ်သီးဝလံများ ဟင်းသီးဟင်းရွက်များအား များများစားသုံးပါ။

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက် အမြောက်အများ စားသုံးတာဟာ ကျန်းမာရေးအတွက် အကျိုးရှိပြီး  ရောဂါဖြစ်ပွားမှုတွေကို လျှော့ချစေနိုင်တယ်ဆိုတာ မေးစရာကိုမလိုပါဘူး။ သုတေသနတွေအရ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ အန်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်တွေက သွေးတွင်း ကိုလက်စထရောတို့ မကောင်းတဲ့အဆီဓါတ်တွေကို လျော့နည်းစေနိုင်ပါတယ်။

၅။ စိတ်ဖိစီးမှု နည်းအောင်နေပါ။ စိတ်ဖိစီးလာရင်လည်း စိတ်ထောင်းကိုယ်ကြေဆိုတဲ့အတိုင်း နှလုံးရောဂါရနိုင်ပါတယ်။ ဒီတော့ တအားစိတ်ညစ်ရင် စိတ်ဖိစီးမှုများရင် သီချင်းနားထောင်ပြီးခုန်ပေါက်တာ၊ ယောဂကျင့်စဉ်ကျင့်တာဖြစ်ဖြစ် လုပ်ပါ။

၆။ အငန်လျှော့စားပါ။ အငန်ဓါတ်ကို တတ်နိုင်သလောက် ရှောင်ခြင်းဖြင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်ပွားနိုင်မှုကို လျော့ကျစေပါတယ်။

၇။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်တာဟာ နှလုံးကိုသာမက တစ်ကိုယ်လုံးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အန္တရာယ်ဖြစ်စေပါတယ်။

Author : Dr. 528

 

Previous Post

ေဆာင္းတြင္းမွာမီးလႈံမယ္ဆိုရင္

Next Post

ရေယုန်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
599

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေယုန်

ဆင်ခြေထောက်ရောဂါ

ဗီတာမင်အေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.