fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ဒူးရင်းသီးအကြောင်း

486
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/12/2017
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ဒူးရင္းသီးကို အဂၤလိပ္လို Durian လို႔ေခၚသည္။ ဒူးရင္းသီးရဲ႕ ႐ုကၡေဗဒနာမည္မွာ Durio zibethinus ျဖစ္သည္။ ဒူးရင္းသီးနာမည္ျဖစ္လာပုံကေတာ့ ဗုဒၶျမတ္စြာဘုရားလက္ထက္ေတာ္တြင္ ဒူရကနတ္သားသည္ ဗုဒၶကို သစ္သီးတစ္မ်ိဳးဆက္ကပ္ခဲ့သည္။ ထိုသစ္သီးအမည္ကို ဒူရကနတ္သားအား အစြဲျပဳၿပီး ဒူရကသီးဟု ေခၚခဲ့ၾကသည္။ ထိုသို႔ေခၚဆိုရာမွ ႏွစ္ကာလေတြ ေျပာင္းလဲလာေသာအခါ ဒူရကသီးကေန ဒူးရင္းသီးျဖစ္လာသည္။

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံတြင္ ထိုင္းဒူးရင္းသီး၊ ေမာ္လၿမိဳင္ဒူးရင္းသီး၊ ေတာင္ငူဒူးရင္းသီးစသျဖင့္ (၃)မ်ိဳး အမ်ားအားျဖင့္ေတြ႕ရသည္။ ဘယ္ကလာေသာ ဘာဒူးရင္းသီးျဖစ္ျဖစ္ ကြၽန္ေတာ္ကေတာ့ ဒူးရင္းသီးဆိုလွ်င္ အေသအလဲႀကိဳက္သည္။ ပက္ပက္စက္စက္ စားသည္။

တခ်ိဳ႕က ဒူးရင္းသီး ရဲ႕ အနံ႔ စူးစူးေၾကာင့္ မႀကိဳက္ၾကပါ။ ကြၽန္ေတာ့္လိုပဲ ဒူးရင္းသီးႀကိဳက္တဲ့သူေတြအတြက္ ဒူးရင္းသီးရဲ႕ေကာင္းက်ိဳးဆိုးက်ိဳးေလးေတြကိုသိေအာင္ ဒီတစ္ပါတ္မွာ ဒူးရင္းသီးအေၾကာင္း တင္ျပလိုပါတယ္။

ဒူးရင္းသီးဟာ ကယ္လိုရီပါဝင္မႈမ်ားတဲ့ အသီးပါ။ အၾကမ္းအားျဖင့္ အ႐ြယ္ေတာ္ ဒူးရင္းသီးတစ္လုံးမွာ ကယ္လိုရီ ၈၀၀ေက်ာ္ ၉၀၀နီးပါး ပါပါတယ္။ ဒူးရင္းသီးမွာ ကိုလက္စထေရာဓါတ္ေတာ့ မပါေပမယ့္အဆီဓါတ္ေတာ့ ပါဝင္မႈမ်ားပါတယ္။ တျခားပါဝင္တာေတြ အေနနဲ႔ကေတာ့ အမွ်င္ဓါတ္၊ ပ႐ိုတင္းဓါတ္၊ ဗီတာမင္ဓါတ္၊ သံဓါတ္၊ သတၳဳဓါတ္၊ ကယ္လ္ဆီယံဓါတ္၊ ကာဘိုဟိုက္ဒရိတ္ဓါတ္ စသျဖင့္ ပါပါတယ္။

ဒူးရင္းသီးကို ပုံမွန္ပမာဏစားသုံးျခင္းျဖင့္ ရႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကေတာ့

၁။ ဒူးရင္းသီး ၁၀၀ ဂရမ္မွာ ေန႔စဥ္လိုအပ္တဲ့ ကာဗြန္ဟိုက္ဒရိတ္ဓါတ္ ၂၁% ပါဝင္ေသာေၾကာင့္ ေန႔စဥ္အလုပ္လုပ္ရန္အတြက္ခြန္အားေတြကို တိုးပြားေစပါတယ္။

၂။ ဒူးရင္းသီးစားျခင္းျဖင့္ စိတ္က်ေရာဂါျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစႏိုင္တယ္။

ဒီေခတ္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အလိုလိုေနရင္းနဲ႔ကို တစ္ခါတစ္ေလ စိတ္ဓါတ္က်ေနတတ္ပါတယ္။ အဲဒီအတြက္ ဒူးရင္းသီးက အက်ိဳးေက်းဇူးမ်ားပါတယ္။ ဒူးရင္းသီးမွာ ဗီတာမင္ေတြ ႂကြယ္ဝစြာပါလို႔ စိတ္ကို လန္းဆန္းတက္ႂကြေစပါတယ္။

၃။သြား နဲ႔ အ႐ိုး က်န္းမာေရးကိုအေထာက္အကူျပဳပါတယ္။ ဒူးရင္းသီး မွာပါဝင္တဲ့ ကယ္လ္ဆီယမ္ ဓါတ္ဟာ သြားနဲ႔ အ႐ိုးကို က်န္းမာေစပါတယ္။

၄။ဗီတာမင္စီ ႂကြယ္ဝေသာေၾကာင့္ ကိုယ္ခံအားကိုလည္း ေကာင္းေစကာ ဖ်ားနာျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။

၅။အမွ်င္ဓါတ္ႂကြယ္ဝစြာပါလို႔ အစာေခ်စနစ္ကို အေထာက္အကူ ေပး႐ုံမက ဝမ္းမွန္ေစပါတယ္။

၆။ ေသြးသန႔္ ေစ႐ုံသာမက ေသြးနီဥဆဲလ္ မ်ားကို ထုတ္လုပ္ေပးၿပီး၊ သံဓာတ္ႏွင့္ ေဖာလစ္အက္ဆစ္ပါဝင္မႈ ႂကြယ္ဝတဲ့အတြက္ ေသြးအားနည္းေရာဂါကိုလည္း ကာကြယ္ေပးပါတယ္။

ဒါေတြကေတာ့ သိသေလာက္ ဒူးရင္းသီးရဲ႕ ေကာင္းက်ိဳးေတြပါ။ သို႔ေသာ္ တန္ေဆးလြန္ေဘးဆိုတဲ့စကားအတိုင္း ဒူးရင္းသီးကို အလြန္အကြၽံစားမိပါက အပူကန္တာ၊ ေလပြတာ၊ အစာမေၾကတာေတြျဖစ္ႏိုင္ပါတယ္။

ေနာက္ၿပီး ဒူးရင္းသီးက အရက္၊ဘီယာ တို႔ ကိုကာကိုလာ အခ်ိဳရည္တို႔နဲ႔လည္း မတည့္ပါဘူး။ ဝေနတဲ့သူတို႔၊ ကိုယ္အေလးခ်ိန္ေလွ်ာ့ဖိုလိုတဲ့သူေတြတို႔၊ ဆီးခ်ိဳေရာဂါေဝဒနာရွင္ေတြတို႔ဆို ဒူးရင္းသီးမစားသင့္ပါဘူး။ ဒူးရင္းသီးဟာ အပူစာျဖစ္တဲ့အတြက္ ဒူးရင္းသီးစားၿပီးပါက မင္းကြတ္သီးကိုပါ စားေပးျခင္းျဖင့္ ခႏၶာကိုယ္တြင္းက အပူအေအးမွ်တေစပါတယ္။

Author : Dr. 528

(Unicode)

ဒူးရင်းသီးကို အင်္ဂလိပ်လို Durian လို့ခေါ်သည်။ ဒူးရင်းသီးရဲ့ ရုက္ခဗေဒနာမည်မှာ Durio zibethinus ဖြစ်သည်။ ဒူးရင်းသီးနာမည်ဖြစ်လာပုံကတော့ ဗုဒ္ဓမြတ်စွာဘုရားလက်ထက်တော်တွင် ဒူရကနတ်သားသည် ဗုဒ္ဓကို သစ်သီးတစ်မျိုးဆက်ကပ်ခဲ့သည်။ ထိုသစ်သီးအမည်ကို ဒူရကနတ်သားအား အစွဲပြုပြီး ဒူရကသီးဟု ခေါ်ခဲ့ကြသည်။ ထိုသို့ခေါ်ဆိုရာမှ နှစ်ကာလတွေ ပြောင်းလဲလာသောအခါ ဒူရကသီးကနေ ဒူးရင်းသီးဖြစ်လာသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ထိုင်းဒူးရင်းသီး၊ မော်လမြိုင်ဒူးရင်းသီး၊ တောင်ငူဒူးရင်းသီးစသဖြင့် (၃)မျိုး အများအားဖြင့်တွေ့ရသည်။ ဘယ်ကလာသော ဘာဒူးရင်းသီးဖြစ်ဖြစ် ကျွန်တော်ကတော့ ဒူးရင်းသီးဆိုလျှင် အသေအလဲကြိုက်သည်။ ပက်ပက်စက်စက် စားသည်။

တချို့က ဒူးရင်းသီး ရဲ့ အနံ့ စူးစူးကြောင့် မကြိုက်ကြပါ။ ကျွန်တော့်လိုပဲ ဒူးရင်းသီးကြိုက်တဲ့သူတွေအတွက် ဒူးရင်းသီးရဲ့ကောင်းကျိုးဆိုးကျိုးလေးတွေကိုသိအောင် ဒီတစ်ပါတ်မှာ ဒူးရင်းသီးအကြောင်း တင်ပြလိုပါတယ်။

ဒူးရင်းသီးဟာ ကယ်လိုရီပါဝင်မှုများတဲ့ အသီးပါ။ အကြမ်းအားဖြင့် အရွယ်တော် ဒူးရင်းသီးတစ်လုံးမှာ ကယ်လိုရီ ၈၀၀ကျော် ၉၀၀နီးပါး ပါပါတယ်။ ဒူးရင်းသီးမှာ ကိုလက်စထရောဓါတ်တော့ မပါပေမယ့်အဆီဓါတ်တော့ ပါဝင်မှုများပါတယ်။ တခြားပါဝင်တာတွေ အနေနဲ့ကတော့ အမျှင်ဓါတ်၊ ပရိုတင်းဓါတ်၊ ဗီတာမင်ဓါတ်၊ သံဓါတ်၊ သတ္ထုဓါတ်၊ ကယ်လ်ဆီယံဓါတ်၊ ကာဘိုဟိုက်ဒရိတ်ဓါတ် စသဖြင့် ပါပါတယ်။

ဒူးရင်းသီးကို ပုံမှန်ပမာဏစားသုံးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

၁။ ဒူးရင်းသီး ၁၀၀ ဂရမ်မှာ နေ့စဉ်လိုအပ်တဲ့ ကာဗွန်ဟိုက်ဒရိတ်ဓါတ် ၂၁% ပါဝင်သောကြောင့် နေ့စဉ်အလုပ်လုပ်ရန်အတွက်ခွန်အားတွေကို တိုးပွားစေပါတယ်။

၂။ ဒူးရင်းသီးစားခြင်းဖြင့် စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်။

ဒီခေတ်မှာ အကြောင်းအမျိုးမျိုးကြောင့် အလိုလိုနေရင်းနဲ့ကို တစ်ခါတစ်လေ စိတ်ဓါတ်ကျနေတတ်ပါတယ်။ အဲဒီအတွက် ဒူးရင်းသီးက အကျိုးကျေးဇူးများပါတယ်။ ဒူးရင်းသီးမှာ ဗီတာမင်တွေ ကြွယ်ဝစွာပါလို့ စိတ်ကို လန်းဆန်းတက်ကြွစေပါတယ်။

၃။သွား နဲ့ အရိုး ကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ ဒူးရင်းသီး မှာပါဝင်တဲ့ ကယ်လ်ဆီယမ် ဓါတ်ဟာ သွားနဲ့ အရိုးကို ကျန်းမာစေပါတယ်။

၄။ဗီတာမင်စီ ကြွယ်ဝသောကြောင့် ကိုယ်ခံအားကိုလည်း ကောင်းစေကာ ဖျားနာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၅။အမျှင်ဓါတ်ကြွယ်ဝစွာပါလို့ အစာချေစနစ်ကို အထောက်အကူ ပေးရုံမက ဝမ်းမှန်စေပါတယ်။

၆။ သွေးသန့် စေရုံသာမက သွေးနီဥဆဲလ် များကို ထုတ်လုပ်ပေးပြီး၊ သံဓာတ်နှင့် ဖောလစ်အက်ဆစ်ပါဝင်မှု ကြွယ်ဝတဲ့အတွက် သွေးအားနည်းရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

ဒါတွေကတော့ သိသလောက် ဒူးရင်းသီးရဲ့ ကောင်းကျိုးတွေပါ။ သို့သော် တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း ဒူးရင်းသီးကို အလွန်အကျွံစားမိပါက အပူကန်တာ၊ လေပွတာ၊ အစာမကြေတာတွေဖြစ်နိုင်ပါတယ်။

နောက်ပြီး ဒူးရင်းသီးက အရက်၊ဘီယာ တို့ ကိုကာကိုလာ အချိုရည်တို့နဲ့လည်း မတည့်ပါဘူး။ ဝနေတဲ့သူတို့၊ ကိုယ်အလေးချိန်လျှော့ဖိုလိုတဲ့သူတွေတို့၊ ဆီးချိုရောဂါဝေဒနာရှင်တွေတို့ဆို ဒူးရင်းသီးမစားသင့်ပါဘူး။ ဒူးရင်းသီးဟာ အပူစာဖြစ်တဲ့အတွက် ဒူးရင်းသီးစားပြီးပါက မင်းကွတ်သီးကိုပါ စားပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းက အပူအအေးမျှတစေပါတယ်။

Author : Dr. 528

Previous Post

ကြောက်မက်ဖွယ်ရာ လေးလုံးရောဂါ

Next Post

မြင်ကွင်းထဲမှာ ပေါလောပေါ်နေတဲ့ အစက်အပြောက်တွေဆိုတာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
600

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မြင်ကွင်းထဲမှာ ပေါလောပေါ်နေတဲ့ အစက်အပြောက်တွေဆိုတာ

ရုံးပတေသီးတန်ဖိုး

ရာသီမလာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.