fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

Gluten free diet အကြောင်း သိကောင်းစရာ

317
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/10/2017
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

Gluten free အစားအစာ က ဘယ်လိုလူတွေ မှာ စားဖို့လိုတာလဲ ဆိုရင်  Coeliac disease နှင့်  dermatitis herpetiformis ရှိတဲ့သူတွေမှာ စားဖို့လိုအပ်ပါတယ်။ Coeliac Disease ဆိုတာ က မွေးရာပါ gluten ပါတဲ့ အစားအစာတွေ စားမိရင် အူလမ်းကြောင်း ရောင်ရမ်းလာပြီး အာဟာရဓာတ်တွေ မစုပ်နိုင်တော့တဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါ သက်သာစေဖို့ အတွက်ကတော့ gluten မပါဝင်တဲ့ အစားအစာတွေ ရွေးစားပေးဖို့ လိုပါတယ်။

Dermatitis Herpetiformis ဆိုတဲ့ ရောဂါကတော့ လက်ဖျံ၊ ဒူး၊ တင်ပါးတွေ မှာ အရည်ကြည်ဖု လိုမျိုးတွေ ထွက်ပြီး အရမ်းယားတတ်ပါတယ်။ Gluten က ဘယ်မှာ ပါတတ်လဲ ဆိုရင် နှံစားပြောင်း၊ ဘာလီ၊ မုယော စတာတွေမှာ ပါပါတယ်။

Gluten free diet (Gluten မပါတဲ့ အစားအစာများ ) ကတော့
1. အသား ငါး အမျိုးမျိုး
2. ပာင်းသီးပာင်းရွက်
3. သစ်သီးဝလံ
4. ပဲအမျိုးမျိုး
5. အာလူး
6. နို့ နှင့် နို့ထွက်ပစ္စည်းများ
7. ဥအမျိုးမျိုး
8. အစေ့အဆန် အမျိုးမျိုး (မြေပဲ၊ သီဟိုစေ့၊ နေကြာစေ့၊ ဗန်ဒါစေ့)
9. ကော်ဖီ၊ လက်ဖက်ရည်
10. သကြား ကြက်ဥ ကို အခြေခံထားတဲ့ Cream အမျိုးမျိုး
11. ဆန် စတာတွေ မှာ gluten မပါဝင်ပါဘူး။

Gluten free diet စားနေသူတွေ အနေနဲ့ ဘာတွေ ဆောင်သင့် ရှောင်သင့်လဲ????

1. စူပါမားကတ်တွေမှာ မုန့်ဝယ်တဲ့ အခါ gluten free ဆိုတာမျိုးကို ရှာဝယ်ရမှာပါ။ မုန့်ထုပ်တိုင်းမှာတော့ gluten free ဆိုပြီး မပါလောက်ပါဘူး။ အထူးသဖြင့် ကိတ်မုန့် ပေါင်မုန့် ဘီစကွတ် ကွတ်ကီး စီရီယယ် လိုမျိုး gluten ပါလေ့ပါထ ရှိတဲ့ အစားအစာ လိုမျိုး ဆိုရင်တော့ gluten free ဟုတ် မဟုတ် မုန့်ထုပ်ပေါ်မှာ ရေးထားသလားကို ရှာဖတ်ပြီးမှ ဝယ်ယူစားသုံးသင့်ပါတယ်။

2. နောက်တစ်ခု သတိထားသင့်တာကတော့ အသား ငါး တွေ က gluten မပါဘူး ဆိုပေမယ့် အဲ့ဒီ အသားငါးတွေကို ပေါင်မုန့်ခြောက် နဲ့ ကပ်ကြော်လိုက်တာ မျိုးဆိုရင် gluten ပါကောင်းပါ နိုင်ပါတယ်။ ထို့နည်းအတူ အာလူးကိုလည်း ရိုးရိုးကြော်တာမျိုးမဟုတ်ပဲ အာလူး ကတ်သလိတ်လိုမျိုး လုပ်ပြီး ပေါင်မုန့်ခြောက်နဲ့ ကပ်ကြော်လိုက်တာ လိုမျိုးဆိုရင်လည်း gluten ပြန်ပါလာနိုင်ပါတယ်။

ဒါကြောင့် အထက်မှာ ကျွန်တော် ပြောခဲ့တဲ့ coeliac disease နှင့် dermatitis herpetiformis ရောဂါရှိတဲ့ သူတွေ အနေနဲ့ကတော့ ဆိုင်တွေမှာရောင်းနေတဲ့ ပေါင်မုန့်ခြောက်နဲ့ ကပ်ကြော်ထားတဲ့ အသင့်စားကြက်ကြော် လိုမျိုးတွေ မစားသင့်ပါဘူး။ ဒါပေမယ့် ဆိုင်တွေ က gluten free ပေါင်မုန့်ခြောက် နဲ့ ကြော်တယ်ဆိုရင်တော့ စားနိုင်ပါတယ်။ အိမ်မှာလည်း ကိုယ်တိုင် gluten free ပစ္စည်းတွေ နဲ့ ချက်စားလို့ရပါတယ်။

3. နောက် အရေးကြီးတာ ကတော့ ဂျုံကြမ်းပေါင်မုန့်၊ Whole grain ပေါင်မုန့် တွေကတော့ gluten ပါဝင်တဲ့အတွက် ရောဂါရှိသူများ အနေနဲ့ မစားသင့်ပါ။

4. ဘီယာ မသောက်သင့်ပါ။

5. နှံစားပြောင်း၊ ဘာလီ၊ ကွေကာအုပ်၊ မုယော က ထုတ်တဲ့ အချိုရည် နှင့် အခြားသောအားဖြည့် အစားအစာများ မစားသင့်ပါ။ Malted milk လိုမျိုးတွေကို ရှောင်ရပါမယ်။

6. ဂျုံခေါက်ဆွဲ အစား ဆန်ခေါက်ဆွဲ ပြောင်းစားပေးပါ။

7. စပါကတီလို ပါစတာ လို ခေါက်ဆွဲမျိုး ဝယ်မယ်ဆိုရင်လည်း gluten free တံဆိပ်ပါ မပါ ကြည့်ပြီးမှ ဝယ်ပါ။

8. ရေခဲမုန့် ဝယ်ရင်လည်း gluten free တံဆိပ်ရှာဝယ်ပါ။

9. သာကူပြင် လိုမျိုးရှောင်ပါ။

10. ရေခဲမုန့်စားတဲ့အခါမှာလည်း ခွက်နဲ့သာ ထည့်စားပါ။ ဝေဖာနဲ့ မစားပါနှင့်။

11. တရုတ်ပဲငံပြာရည် ရှောင်ပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Previous Post

ဗီတာမင် A အကြောင်း သိကောင်းစရာ 

Next Post

သည်းခြေကျောက် ရှိတဲ့သူတွေ ဘာစားရမလဲ၊ ဘာရှောင်ရမလဲ???? 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သည်းခြေကျောက် ရှိတဲ့သူတွေ ဘာစားရမလဲ၊ ဘာရှောင်ရမလဲ???? 

Condom (ကွန်ဒုံး)

ခွေးရူးရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.