ဗိုက်တာမင် အေသည် အဆီတွင် ပျော်ဝင်နိုင်သော ဗိုက်တာမင်အုပ်စု အမျိုးအစားတွင် ပါဝင်ပါတယ်။ဗိုက်တာမင်အေသည် ၂ မျိုး ၂စား ရှိပါတယ်။ Preformed Vit A ဖြစ်တဲ့ ရက်တီးနွိုက် (retinoid) ကို တိရိစ္ဆာန် အသည်းနဲ့ နို့နဲ့နို့ထွက်ပစ္စည်းများက ရနိုင်တယ်။ Provitamin A ဖြစ်တဲ့ ဘီတာ ကယ်ရိုတင်း (beta-carotene) ကို အနီရောင် နဲ့ အဝါရောင်ရှိ အသီးများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်း
ရွက်များ၊ မုန်လာဥနီ စတာတွေက ရနိုင်တယ်။
ဗိုက်တာမင်အေ က ဘာတွေ လုပ်ပေးသလဲ
-အရေပြား ၊မျက်လုံးနဲ့ ဆံကေသာ ကျန်းမာဖို့အတွက် လုပ်ဆောင်ပေးတယ်။
-ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရာမှာလည်း ပါဝင်တယ်။
-ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ပေးနိုင်တယ်။
-ဓာတ်တိုးဆန့်ကျင်တဲ့ Anti-oxidant အာနိသင် ရှိပါတယ်။
-အချွဲမြှေးတွေ မပျက်စီးအောင်လည်း ကာကွယ်ပေးတယ်။
ဗိုက်တာမင်အေ တစ်နေ့တာအတွက် ဘယ်လောက် လိုအပ်သလဲ
-လူကြီးဆိုရင် ၇၅၀ မိုက်ခရိုဂရမ်
-နို့တိုက်မိခင်ဆိုရင် ၁၂၀၀ မိုက်ခရိုဂရမ်
-တစ်နေ့ကို ၁၅၀၀ မိုက်ခရိုဂရမ်ထက် ပိုမစားသင့်
ဗိုက်တာမင်အေ ချို့တဲ့ရင် ဘာတွေ ဖြစ်နိုင်သလဲ
-အသားအရေ ခြောက်သွေ့ခြင်း ၊ကြာဆူးဖြစ်မယ်
-အရေပြား လန်ခြင်း
-အမြင်မှုန်ဝါးခြင်း ၊ကြက်မျက်သင့်မယ်
-မျိုးမပွားနိုင်ခြင်း
-ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးခြင်း
-ရောဂါပိုး ဝင်လွယ်ခြင်း
ဗိုက်တာမင်အေ ရရှိနိုင်သော အစားအစာတွေက ဘာတွေလဲ
-မုန်လာဥနီ ၊ကန်စွန်းဥ ၊ရွှေဖရုံသီး ၊သရက်သီး ၊တရုတ်ဆီးသီး
-တရုတ်နံနံ ၊ကြက်သွန်မြိတ် ၊ဟင်းနုနွယ်
-အစိမ်းရင့်ရောင်ရှိ ဟင်းသီး ဟင်းရွက်များ ၊ငရုတ်သီး
-တိရိစ္ဆာန် အသည်း
-နို့နဲ့ နို့ထွက်ပစ္စည်းများ
အူလမ်းကြောင်းမှ ဗိုက်တာမင်အေ စုပ်ယူမှုကို တားဆီးပေးသော အရာများ
-ပိုးသတ်ဆေး အချို့
-Epson ဆား
-ကိုလက်စတီရာမင်း
-အရက် ၊ဘီယာ
သတိပြုရန် အချက်များ
-တစ်နေ့ကို ၁၅၀၀ မိုက်ခရိုဂရမ်ထက် ပိုမစားသင့်
-ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ဗိုက်တာမင်အေ ပါသော အားဆေးများ မသုံးသင့်
-ဝက်ခြံကုသရာတွင် ဗိုက်တာမင်ဆေးနဲ့ ပိုးသတ်ဆေးများ စားနေရသူများတွင် ဗိုက်တာမင်အေ ပါသော အားဆေးများ မသောက်သင့်။
Author : ခေတ်သစ် ဇီဝက