ပြဲေတာ္ရက္မ်ား သတိထား
ဒီအခ်ိန္ ရာသီအေျပာင္းအလဲ ႏွစ္အေျပာင္းအလဲေတြမွာ ပြဲေတာ္ေတြရက္ဆက္ဆိုသလို ရွိေနပါတယ္။ ႐ုံးပိတ္ရက္ေတြ ေျပာင္းလိုက္ေတာ့လည္း တစ္ခ်ိဳ႕ရက္ေတြဆို ႐ုံးပိတ္ရက္ရွည္ ရလာၾကပါတယ္။ ပြဲေတာ္ရက္ေတြမွာ မိမိတို႔ရဲ႕ ဆိုင္ရာ ဘာသာဓေလ့ ထုံးတမ္းေတြနဲ႔ အညီ ေနတဲ့သူေတြလည္းရွိသလို ဘာပြဲပဲျဖစ္ျဖစ္ ေသာက္စားေပ်ာ္ပါးလိုက္ရမွဆိုတဲ့သူေတြလည္းရွိပါတယ္။
ပြဲေတာ္တစ္ခု ေရာက္ၿပီဆိုတိုင္းမွာ ဒီပြဲေတာ္ရဲ႕ အႏွစ္သာရကို ေသခ်ာသိတယ္ဆိုရင္ မလိုအပ္တဲ့ ေသာက္စားတာေတြ မလုပ္ျဖစ္ေတာ့ပါဘူး။ ဘာသာေရးနဲဆိုင္တဲ့ပြဲေတြ လူမ်ိဳးနဲ႔ဆိုင္တဲ့ပြဲေတြ ႏိုင္ငံနဲ႔ဆိုင္တဲ့ပြဲေတြပဲ ရွိတာပါ။ ဒီလိုပြဲေတာ္ေတြေၾကာင့္ ေသာက္စားရမယ္လို႔ မေျပာထားပါဘူး။
ပြဲေတာ္ရက္ေတြမွာ ပိတ္ရက္ရွည္လည္းရထားတဲ့အခါ မိသားစုေတြကို အခ်ိန္ေပးၿပီး ေႏြးေႏြးေထြးေထြး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတာက မလိုလားတဲ့ ျပႆနာေတြ မျဖစ္ႏိုင္ေတာ့ပါဘူး။ သူငယ္ခ်င္းအေပါင္းအသင္းေတြဆုံလို႔ နည္းနည္းပါးပါးေသာက္ ျဖစ္တယ္ဆိုလည္း ကိုယ့္ကိုယ့္ကို ထိန္းႏိုင္ဖို႔လိုတယ္။ ကိုယ္ေသာက္ႏိုင္တဲ့ ပမာဏကို သိဖို႔လိုပါတယ္။
အခုလက္ရွိ ျမန္မာႏိုင္ငံမွာျဖစ္ေနတာက ပြဲေတာ္ရက္ေတြဆိုရင္ လုံၿခဳံေရးေတြ ပိုၿပီးလိုအပ္တယ္။ ရဲေတြ အင္အားတိုးျမႇင့္ထားရတယ္။ ေဆး႐ုံေဆးခန္းေတြ ALERT လုပ္ထားရတယ္။ လူငယ္ေတြၾကားမွာ ေရပန္းစားေနတာက ပြဲေန႔ပြဲရက္ တစ္ခုခုဆို အျပင္အဆိုင္ ေသာက္စားေပ်ာ္ပါးလိုက္ရမွ ျဖစ္ေနၾကတာပါ။ ေသာက္စားၿပီး ၿငိမ္ေနတတ္တယ္ဆို ေကာင္းပါတယ္။ အခုကေတာ့ ေသာက္ထားတဲ့အရွိန္နဲ႔ ေသြးဆူေနၿပီး စကားနည္းနည္းမွားလိုက္တာနဲ႔ ခ်မယ္ေဟ့ လုပ္မယ္ေဟ့ ျဖစ္ေနတတ္ၾကတယ္။ ေပါက္ကြဲလြယ္ေနၾကတယ္။
လူငယ္ေတြအခ်င္းခ်င္းစိန္ေခၚၾကတယ္။ အေလွ်ာ့ေပးလို႔ ႏွလုံးေအးတယ္ဆိုတာ မရွိေတာ့ဘူး။ သူ႔ထက္ငါသာလိုက္ရမွ ျဖစ္လာၾကတယ္။ ဒါေတြက ပြဲေတာ္ရက္ေတြမွာ ပုံမွန္လို ႀကဳံေနရတာေတြပါ။ ကိုယ္လုပ္တဲ့ ကိစၥက ကိုယ္တစ္ေယာက္တည္းနဲ႔ပဲ ၿပီးမသြားပါဘူး။ ကိုယ္ေၾကာင့္ ကိုယ့္ရဲ႕မိသားစုမွာလည္း ေျပးရလႊားရ ဟိုလိုက္ရ ဒီလိုက္ရနဲ႔ စိတ္ပူပန္ေသာကေရာက္ၾကရပါတယ္။ မ်က္ရည္နဲ႔ မ်က္ခြက္ျဖစ္ၾကရပါတယ္။
ကိုယ့္ကိုယ္ကိုသာထိန္းႏိုင္ခဲ့တယ္ဆိုရင္ မလိုလားတဲ့ ပူေဆြးဝမ္းနည္းစရာေတြ ႀကဳံလာမွာမဟုတ္ပါဘူး။ ပြဲေတာ္ေန႔ေတြကိုလည္း ကိုယ္ကိုယ္တိုင္ေရာ ကိုယ့္မိသားစုေရာ စိတ္ေအးေအးခ်မ္းခ်မ္းနဲ႔ ျဖတ္သန္းေပ်ာ္႐ႊင္ႏိုင္မွာပါ။ ဒါေၾကာင့္ ကိုယ့္တစ္ေယာက္တည္းေၾကာင့္ မိသားစုေတြေပ်ာ္႐ႊင္ေနတဲ့ ပြဲေတာ္ေန႔ေတြ အမဂၤလာမျဖစ္ရေအာင္ ေနထိုင္သြားၾကတာ အေကာင္းဆုံးပါ။
Author : Dr. CST
ပွဲတော်ရက်များ သတိထား
ဒီအချိန် ရာသီအပြောင်းအလဲ နှစ်အပြောင်းအလဲတွေမှာ ပွဲတော်တွေရက်ဆက်ဆိုသလို ရှိနေပါတယ်။ ရုံးပိတ်ရက်တွေ ပြောင်းလိုက်တော့လည်း တစ်ချို့ရက်တွေဆို ရုံးပိတ်ရက်ရှည် ရလာကြပါတယ်။ ပွဲတော်ရက်တွေမှာ မိမိတို့ရဲ့ ဆိုင်ရာ ဘာသာဓလေ့ ထုံးတမ်းတွေနဲ့ အညီ နေတဲ့သူတွေလည်းရှိသလို ဘာပွဲပဲဖြစ်ဖြစ် သောက်စားပျော်ပါးလိုက်ရမှဆိုတဲ့သူတွေလည်းရှိပါတယ်။
ပွဲတော်တစ်ခု ရောက်ပြီဆိုတိုင်းမှာ ဒီပွဲတော်ရဲ့ အနှစ်သာရကို သေချာသိတယ်ဆိုရင် မလိုအပ်တဲ့ သောက်စားတာတွေ မလုပ်ဖြစ်တော့ပါဘူး။ ဘာသာရေးနဲဆိုင်တဲ့ပွဲတွေ လူမျိုးနဲ့ဆိုင်တဲ့ပွဲတွေ နိုင်ငံနဲ့ဆိုင်တဲ့ပွဲတွေပဲ ရှိတာပါ။ ဒီလိုပွဲတော်တွေကြောင့် သောက်စားရမယ်လို့ မပြောထားပါဘူး။
ပွဲတော်ရက်တွေမှာ ပိတ်ရက်ရှည်လည်းရထားတဲ့အခါ မိသားစုတွေကို အချိန်ပေးပြီး နွေးနွေးထွေးထွေး ပျော်ပျော်ရွှင်ရွှင်နေတာက မလိုလားတဲ့ ပြဿနာတွေ မဖြစ်နိုင်တော့ပါဘူး။ သူငယ်ချင်းအပေါင်းအသင်းတွေဆုံလို့ နည်းနည်းပါးပါးသောက် ဖြစ်တယ်ဆိုလည်း ကိုယ့်ကိုယ့်ကို ထိန်းနိုင်ဖို့လိုတယ်။ ကိုယ်သောက်နိုင်တဲ့ ပမာဏကို သိဖို့လိုပါတယ်။
အခုလက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတာက ပွဲတော်ရက်တွေဆိုရင် လုံခြုံရေးတွေ ပိုပြီးလိုအပ်တယ်။ ရဲတွေ အင်အားတိုးမြှင့်ထားရတယ်။ ဆေးရုံဆေးခန်းတွေ ALERT လုပ်ထားရတယ်။ လူငယ်တွေကြားမှာ ရေပန်းစားနေတာက ပွဲနေ့ပွဲရက် တစ်ခုခုဆို အပြင်အဆိုင် သောက်စားပျော်ပါးလိုက်ရမှ ဖြစ်နေကြတာပါ။ သောက်စားပြီး ငြိမ်နေတတ်တယ်ဆို ကောင်းပါတယ်။ အခုကတော့ သောက်ထားတဲ့အရှိန်နဲ့ သွေးဆူနေပြီး စကားနည်းနည်းမှားလိုက်တာနဲ့ ချမယ်ဟေ့ လုပ်မယ်ဟေ့ ဖြစ်နေတတ်ကြတယ်။ ပေါက်ကွဲလွယ်နေကြတယ်။
လူငယ်တွေအချင်းချင်းစိန်ခေါ်ကြတယ်။ အလျှော့ပေးလို့ နှလုံးအေးတယ်ဆိုတာ မရှိတော့ဘူး။ သူ့ထက်ငါသာလိုက်ရမှ ဖြစ်လာကြတယ်။ ဒါတွေက ပွဲတော်ရက်တွေမှာ ပုံမှန်လို ကြုံနေရတာတွေပါ။ ကိုယ်လုပ်တဲ့ ကိစ္စက ကိုယ်တစ်ယောက်တည်းနဲ့ပဲ ပြီးမသွားပါဘူး။ ကိုယ်ကြောင့် ကိုယ့်ရဲ့မိသားစုမှာလည်း ပြေးရလွှားရ ဟိုလိုက်ရ ဒီလိုက်ရနဲ့ စိတ်ပူပန်သောကရောက်ကြရပါတယ်။ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ကြရပါတယ်။
ကိုယ့်ကိုယ်ကိုသာထိန်းနိုင်ခဲ့တယ်ဆိုရင် မလိုလားတဲ့ ပူဆွေးဝမ်းနည်းစရာတွေ ကြုံလာမှာမဟုတ်ပါဘူး။ ပွဲတော်နေ့တွေကိုလည်း ကိုယ်ကိုယ်တိုင်ရော ကိုယ့်မိသားစုရော စိတ်အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းပျော်ရွှင်နိုင်မှာပါ။ ဒါကြောင့် ကိုယ့်တစ်ယောက်တည်းကြောင့် မိသားစုတွေပျော်ရွှင်နေတဲ့ ပွဲတော်နေ့တွေ အမင်္ဂလာမဖြစ်ရအောင် နေထိုင်သွားကြတာ အကောင်းဆုံးပါ။
Author : Dr. CST