(Zawgyi)
ဂ်ပန္ဦးေႏွာက္ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးထိုးၿပီးရင္ ဘာေတြျဖစ္ႏိုင္လဲေရာင္ ေရာဂါကို အခုအခါမွာ တစ္ႏိုင္ငံလုံး အေနအထားနဲ႔ ကာကြယ္ေဆး ထိုးျခင္းေတြ ျပဳလုပ္ေနပါတယ္။ ဒီေတာ့ ေမေမတို႔ေတြ သိခ်င္ေနတဲ့ ဂ်ပန္ဦးေႏွာက္ေရာင္ ေရာဂါအေၾကာင္းနဲ႔ ပတ္သတ္ၿပီး ဒီေဆာင္းပါးေလးမွာ အနည္းငယ္ ေျပာျပခ်င္ပါတယ္။
ဂ်ပန္ဦးေႏွာက္ေရာင္ ေရာဂါဆိုတာ ဘာလဲ?
ဂ်ပန္ဦးေႏွာက္ေရာင္ ေရာဂါဆိုတာ ေသြးလြန္တုပ္ေကြး ေရာဂါလိုပဲ ျခင္မွတဆင့္ ကူးစက္တတ္တဲ့ ေရာဂါတစ္ခု ျဖစ္ပါတယ္။ နာမည္အတိုင္း ဦးေႏွာက္ေရာင္ရမ္းမႈ႕ကို ျဖစ္ေစၿပီး ျဖစ္ပြားခဲ့လွ်င္ ေသဆုံးႏႈန္း ၃၀% ခန႔္ရွိၿပီး မသန္စြမ္းျဖစ္ပြားေစဖို႔ရာ ရာခိုင္ႏႈန္း ၅၀% ခန႔္ ရွိပါတယ္။ ျဖစ္ခဲ့ရင္ ကုသဖို႔ ေဆးမရွိပါဘူး။ အခုဆိုရင္ အေရွ႕ေတာင္ အာရွမွာ ေရာဂါျဖစ္ပြားမႈ႕ မ်ားေနတဲ့ ေၾကာက္စရာေကာင္းတဲ့ ေရာဂါတစ္ခုလည္း ျဖစ္ပါတယ္။
ဒီေရာဂါကို ၁၈၇၁ ခုႏွစ္ေလာက္က ဂ်ပန္ႏိုင္ငံမွာ စတင္ေတြ႕ရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဂ်ပန္ဦးေႏွာက္ ေရာင္ေရာဂါလို႔ ေခၚတာျဖစ္ႏိုင္ပါတယ္။
ဂ်ပန္ဦးေႏွာက္ေရာင္ ေရာဂါျဖစ္ရင္ ဘယ္လို လကၡဏာေတြ ခံစားရေလ့ရွိလဲ?
မ်ားေသာအားျဖင့္ ေရာဂါ လကၡဏာ ျပေလ့မရွိပါဘူး။ ကူးစက္ခံရသူ အေယာက္ ၂၅၀ ေလာက္မွာ ၁ ေယာက္ေလာက္ကေတာ့ ဦးေႏွာက္ေရာင္တဲ့ လကၡဏာေတြကို ခံစားရတတ္ပါတယ္။ ေရာဂါပိုး ကူးစက္ခံထားရတဲ့ ျခင္ကိုက္ၿပီး ၅ ရက္ကေန ၁၅ အတြင္းမွာ
အျပင္းဖ်ားျခင္း
တက္ျခင္း
ဇက္ႀကီးေတာင့္သြားျခင္း
သတိလစ္ျခင္း
စကားမေျပာႏိုင္ေတာ့ျခင္း
ခႏၶာကိုယ္တစ္ခုလုံး ထိန္းမရေအာင္ လႈပ္ခါရမ္းေနျခင္း
ေခါင္းအရမ္းကိုက္ျခင္း
အေၾကာေသသြားျခင္းကေန
ေနာက္ဆုံး အသက္ေသဆုံးတဲ့အထိ ျဖစ္တတ္ပါတယ္။
ျဖစ္လာခဲ့ရင္ ကုသဖို႔ ေဆးမရွိပါဘူး။ ဒါေပမယ့္ ကာကြယ္ေဆးထိုးၿပီး ႀကိဳတင္ ကာကြယ္လို႔ရပါတယ္။ ကာကြယ္ေဆး အမ်ိဳးအစား ၄ မ်ိဳး ရွိပါတယ္။ တစ္ႀကိမ္ထိုး႐ုံနဲ႔ ကာကြယ္မႈ ရႏိုင္တယ္လို႔ ကမာၻက်န္းမာေရးအဖြဲ႕ (WHO) က ဆိုထားပါတယ္။ ဒါေပမယ့္ ထိုးၿပီးရင္လည္း ထပ္ထိုးလို႔ ရပါတယ္။
ဘယ္လိုလူေတြမွာ မထိုးသင့္ဘူးလဲ?
ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးနဲ႔ မတည့္တဲ့သူေတြ
ကိုယ္ဝန္သည္ေတြ
ယခင္က ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးထိုးၿပီး ျပင္းျပင္းထန္ထန္ ဓာတ္မတည့္မႈ ျဖစ္ဖူးလွ်င္
အခုထိုးတဲ့ေဆးဟာ live vaccine ျဖစ္တဲ့အတြက္ ေမြးရာပါ ေရာဂါတစ္ခုခုေၾကာင့္ ကိုယ္ခံအားနည္းေနတဲ့သူေတြ ၊ AIDS ေရာဂါသည္ေတြ မထိုးသင့္ပါ။
ျပင္းျပင္းထန္ထန္ ေနမေကာင္းျဖစ္ေနၾကသူမ်ား အေနနဲ႔ မထိုးသင့္ေသးပါဘူး။
ကာကြယ္ေဆးထိုးရန္အတြက္ တတ္သူနားလည္သူမ်ားႏွင့္ ေမးျမန္းၿပီးမွ ထိုးသင့္သူမ်ား
ဖ်ားေနသူမ်ား
ေရာဂါအခံ တစ္ခုခုေၾကာင့္ ေဆးေသာက္သုံးေနရသူမ်ား
ျပင္းျပင္းထန္ထန္ ဓာတ္မတည့္မႈ ရွိဖူးသူမ်ား အေနနဲ႔ နားလည္တတ္ကြၽမ္းသူေတြနဲ႔ ေမးျမန္းေဆြးေႏြးၿပီးမွ ထိုးသင့္ပါတယ္။
G6PD ရွိတဲ့ ကေလးငယ္ေတြ အေနနဲ႔လည္း WHO အဖြဲ႕အစည္းအေနနဲ႔ မထိုးရဘူးလို႔ ကန႔္သတ္ထားတာမ်ိဳး ေတာ့ မရွိပါဘူး။ တခ်ိဳ႕ ကာကြယ္ေဆးေတြဟာ G6PD ရွိတဲ့ ကေလးငယ္ေတြကို ေသြးယိုစိမ့္မႈ႕ ျဖစ္ေစလို႔ ထိုးၿပီးရင္ သတိထား ေစာင့္ၾကည့္တာမ်ိဳးေတာ့ ျပဳလုပ္သင့္ပါတယ္။
ကာကြယ္ေဆးထိုးၿပီးရင္ ဘာေတြျဖစ္ႏိုင္လဲ။
ေဆးထိုးထားတဲ့ ေနရာမွာ နာက်င္တာ ၊ ရဲေနတာ ၊ ေရာင္ေနတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ၿပီးေတာ့ အနည္းငယ္ ေငြ႕ေငြ႕ဖ်ားတာေတြ ျဖစ္ႏိုင္ပါတယ္။ တခ်ိဳ႕ ကေလးငယ္ေတြမွာ သတိလစ္တာ ၊ ေမ့လဲတာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကာကြယ္ေဆးထိုးၿပီးလို႔ အျမင္အာ႐ုံ ဝါးတာ၊ နားအူလာတာမ်ိဳး ျဖစ္လာရင္ ဆရာဝန္ေတြကို ေျပာျပသင့္ပါတယ္။ ဒါေပမယ့္ ဒီလိုျဖစ္ပြားမႈ႕က အရမ္းကို ရွားပါတယ္။ ဘယ္ေဆးမဆို ဓာတ္မတည့္တာ ရွိတဲ့အတြက္ ကာကြယ္ေဆးထိုးၿပီး ဓာတ္မတည့္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ဒါလည္း ရွားပါတယ္။ အေယာက္ တစ္သန္းေလာက္မွ တစ္ေယာက္ေလာက္ျဖစ္တာမ်ိဳးပါ။
ဒီေတာ့ အက်ိဳးနဲ႔ အျပစ္ေတြကို ယွဥ္ၾကည့္လိုက္မယ္ဆို အက်ိဳးေတြ မ်ားတဲ့အတြက္ အနာဂတ္ရဲ႕ ေခါင္းေဆာင္ေလးေတြကို က်န္းမာထက္ျမက္ေစဖို႔ ကာကြယ္ေဆးထိုးေပးသင့္ေၾကာင္း တိုက္တြန္းရင္း နိဂုံးခ်ဳပ္အပ္ပါတယ္။
Author: Dr. ေမ
(Unicode)
ဂျပန်ဦးနှောက်ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပြီးရင် ဘာတွေဖြစ်နိုင်လဲရောင် ရောဂါကို အခုအခါမှာ တစ်နိုင်ငံလုံး အနေအထားနဲ့ ကာကွယ်ဆေး ထိုးခြင်းတွေ ပြုလုပ်နေပါတယ်။ ဒီတော့ မေမေတို့တွေ သိချင်နေတဲ့ ဂျပန်ဦးနှောက်ရောင် ရောဂါအကြောင်းနဲ့ ပတ်သတ်ပြီး ဒီဆောင်းပါးလေးမှာ အနည်းငယ် ပြောပြချင်ပါတယ်။
ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာ ဘာလဲ။
ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာ သွေးလွန်တုပ်ကွေး ရောဂါလိုပဲ ခြင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ နာမည်အတိုင်း ဦးနှောက်ရောင်ရမ်းမှု့ကို ဖြစ်စေပြီး ဖြစ်ပွားခဲ့လျှင် သေဆုံးနှုန်း ၃၀% ခန့်ရှိပြီး မသန်စွမ်းဖြစ်ပွားစေဖို့ရာ ရာခိုင်နှုန်း ၅၀% ခန့် ရှိပါတယ်။ ဖြစ်ခဲ့ရင် ကုသဖို့ ဆေးမရှိပါဘူး။ အခုဆိုရင် အရှေ့တောင် အာရှမှာ ရောဂါဖြစ်ပွားမှု့ များနေတဲ့ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။
ဒီရောဂါကို ၁၈၇၁ ခုနှစ်လောက်က ဂျပန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဂျပန်ဦးနှောက် ရောင်ရောဂါလို့ ခေါ်တာဖြစ်နိုင်ပါတယ်။
ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရလေ့ရှိလဲ။
များသောအားဖြင့် ရောဂါ လက္ခဏာ ပြလေ့မရှိပါဘူး။ ကူးစက်ခံရသူ အယောက် ၂၅၀ လောက်မှာ ၁ ယောက်လောက်ကတော့ ဦးနှောက်ရောင်တဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ရောဂါပိုး ကူးစက်ခံထားရတဲ့ ခြင်ကိုက်ပြီး ၅ ရက်ကနေ ၁၅ အတွင်းမှာ
- အပြင်းဖျားခြင်း
- တက်ခြင်း
- ဇက်ကြီးတောင့်သွားခြင်း
- သတိလစ်ခြင်း
- စကားမပြောနိုင်တော့ခြင်း
- ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရအောင် လှုပ်ခါရမ်းနေခြင်း
- ခေါင်းအရမ်းကိုက်ခြင်း
- အကြောသေသွားခြင်းကနေ
- နောက်ဆုံး အသက်သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။
ဖြစ်လာခဲ့ရင် ကုသဖို့ ဆေးမရှိပါဘူး။ ဒါပေမယ့် ကာကွယ်ဆေးထိုးပြီး ကြိုတင် ကာကွယ်လို့ရပါတယ်။ ကာကွယ်ဆေး အမျိုးအစား ၄ မျိုး ရှိပါတယ်။ တစ်ကြိမ်ထိုးရုံနဲ့ ကာကွယ်မှု ရနိုင်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) က ဆိုထားပါတယ်။ ဒါပေမယ့် ထိုးပြီးရင်လည်း ထပ်ထိုးလို့ ရပါတယ်။
ဘယ်လိုလူတွေမှာ မထိုးသင့်ဘူးလဲ။
- ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနဲ့ မတည့်တဲ့သူတွေ
- ကိုယ်ဝန်သည်တွေ
- ယခင်က ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပြီး ပြင်းပြင်းထန်ထန် ဓာတ်မတည့်မှု ဖြစ်ဖူးလျှင်
- အခုထိုးတဲ့ဆေးဟာ live vaccine ဖြစ်တဲ့အတွက် မွေးရာပါ ရောဂါတစ်ခုခုကြောင့် ကိုယ်ခံအားနည်းနေတဲ့သူတွေ ၊ AIDS ရောဂါသည်တွေ မထိုးသင့်ပါ။
- ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေကြသူများ အနေနဲ့ မထိုးသင့်သေးပါဘူး။
ကာကွယ်ဆေးထိုးရန်အတွက် တတ်သူနားလည်သူများနှင့် မေးမြန်းပြီးမှ ထိုးသင့်သူများ
- ဖျားနေသူများ
- ရောဂါအခံ တစ်ခုခုကြောင့် ဆေးသောက်သုံးနေရသူများ
- ပြင်းပြင်းထန်ထန် ဓာတ်မတည့်မှု ရှိဖူးသူများ အနေနဲ့ နားလည်တတ်ကျွမ်းသူတွေနဲ့ မေးမြန်းဆွေးနွေးပြီးမှ ထိုးသင့်ပါတယ်။
- G6PD ရှိတဲ့ ကလေးငယ်တွေ အနေနဲ့လည်း WHO အဖွဲ့အစည်းအနေနဲ့ မထိုးရဘူးလို့ ကန့်သတ်ထားတာမျိုး တော့ မရှိပါဘူး။ တချို့ ကာကွယ်ဆေးတွေဟာ G6PD ရှိတဲ့ ကလေးငယ်တွေကို သွေးယိုစိမ့်မှု့ ဖြစ်စေလို့ ထိုးပြီးရင် သတိထား စောင့်ကြည့်တာမျိုးတော့ ပြုလုပ်သင့်ပါတယ်။
ကာကွယ်ဆေးထိုးပြီးရင် ဘာတွေဖြစ်နိုင်လဲ။
ဆေးထိုးထားတဲ့ နေရာမှာ နာကျင်တာ ၊ ရဲနေတာ ၊ ရောင်နေတာမျိုးဖြစ်နိုင်ပါတယ်။ ပြီးတော့ အနည်းငယ် ငွေ့ငွေ့ဖျားတာတွေ ဖြစ်နိုင်ပါတယ်။ တချို့ ကလေးငယ်တွေမှာ သတိလစ်တာ ၊ မေ့လဲတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးလို့ အမြင်အာရုံ ဝါးတာ၊ နားအူလာတာမျိုး ဖြစ်လာရင် ဆရာဝန်တွေကို ပြောပြသင့်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ပွားမှု့က အရမ်းကို ရှားပါတယ်။ ဘယ်ဆေးမဆို ဓာတ်မတည့်တာ ရှိတဲ့အတွက် ကာကွယ်ဆေးထိုးပြီး ဓာတ်မတည့်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါလည်း ရှားပါတယ်။ အယောက် တစ်သန်းလောက်မှ တစ်ယောက်လောက်ဖြစ်တာမျိုးပါ။
ဒီတော့ အကျိုးနဲ့ အပြစ်တွေကို ယှဉ်ကြည့်လိုက်မယ်ဆို အကျိုးတွေ များတဲ့အတွက် အနာဂတ်ရဲ့ ခေါင်းဆောင်လေးတွေကို ကျန်းမာထက်မြက်စေဖို့ ကာကွယ်ဆေးထိုးပေးသင့်ကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
Author: Dr. မေ