ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေ ထဲမှာ ဆားက မပါမဖြစ်ပါတတ်ပါတယ်။ ထို့အပြင် ကျွန်တော်တို့မြန်မာ လူမျိုးတွေ က ဆားကို အခြား အိမ်နီးချင်း နိုင်ငံများထက်ပိုပြီးစားကြပါတယ်။
သာမာန် လူတစ်ယောက်အတွက် တစ်နေ့တာ စားသင့်တဲ့ ဆိုဒီယမ် (Sodium) ပမာဏ ပာာ 2300မီလီဂရမ် ထက်မပိုသင့်ပါဘူး။ တနည်းအားဖြင့်ပြောရရင် ထိုပမာဏ ပာာ ကျွန်တော်တို့ အသုံးပြုနေတဲ့အိမ်သုံးဆား လက်ဖက်ရည် ဇွန်းတစ်ဇွန်း နဲ့ ညီမျှပါတယ်။ သွေးတိုးသမားတွေ ကတော့ လက်ဖက်ရည်ဇွန်း သုံးပုံ နှစ်ပုံပဲ (Sodium 1500mg) စားသင့်ပါတယ်။
လေ့လာတွေ့ရှိချက်များ အရ မြန်မာ လူမျိုးတွေ စားသုံးနေတဲ့ ဆားပမာဏပာာ တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၃ ဇွန်းလောက် က ပျမ်းမျှ ရှိနေပါတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်း မြန်မာလူမျိုးအများစု အသက် လေးဆယ်ကျော်တာနဲ့ သွေးတိုးရောဂါ စဖြစ်လာပါတော့တယ်။ နောက်တစ်ခု ကျွန်တော်တို့ သတိထားသင့်တဲ့ အစားအစာ ကတော့ လက်လုပ်ချဉ်တွေ ပါ။
ဥပမာပြောရရင်
– မုန့်ညှင်းချဉ်၊ မုန့်လာချဉ်၊ ကတက်ချဉ်၊ ချဉ်ဖတ် စတာတွေ ပာာ ဆားပါဝင်မှု့ အရမ်းများတဲ့ အစားအစာတွေပါ။
-နောက်တစ်မျိုး ကျွန်တော်တို့ မြန်မာလူမျိုးတွေ အရမ်းစားနေတဲ့ ဒညင်းသီး ဆားရည်စိမ်၊ သရက်သီး ဆားရည်စိမ် လိုမျိုးတွေ ငံပြာရည်၊ ငပိရည် နဲ့ တို့စားတာမျိုးတွေ ကိုလည်း သတိထားပါ။
တခြားသော ဆိုဒီယမ် ပါဝင်မှု့ များတဲ့ အစားအစာ များ တွေကတော့
1.အသင့်စားအာလူးကြော်များ
2.ပာမ်ဘာဂါ
3.ကြက်ကြော်
4.ထောပတ်ပေါက်ပေါက်
5.ငါးခြောက်
6.ပုဇွန်ခြောက်
7.ငါးပိ
8.ငါးချဉ်
9.ပုဇွန်ချဉ်
10.ဒိန်ခဲ (cheese)
11.ပီဇာ
12.ခရမ်းချဉ်သီးဆော့စ်
13.အသင့်သောက် အချိုရည်များ
14.အသင့်စား ခေါက်ဆွဲပြုတ်များ
15.Pancake
16.ဝက်ပေါင်ခြောက်
17.ဆိတ်သားခြောက်
18.ကြက်အူချောင်း
19.ဝက်အူချောင်း
ဆိုဒီယမ် ပါဝင်မှု့ နည်းသော အစားအစာများ
1.အာလူးပြုတ်/ဖုတ်
2.ဥ အမျိုးမျိုး
3.ပဲအမျိုးမျိုး
4.ပဲပုပ်စေ့
5.ဂျပန် တို့ဖူး
6.ဒိန်ချဉ်
7.အဆီထုတ်ထားသော နို့
8.ပေါင်မုန့် ကြမ်း
9.မုန့်ကြွပ်
10.အသားအမျိုးမျိုး (လတ်လတ်ဆက်ဆက်) (readymade မပာုတ်ပါ)
11.Cereal (စီရီယယ်)
12.အီတလီခေါက်ဆွဲ (အာလူးဖြငိ့ လုပ်ထားသော ခေါက်ဆွဲများ)
ဆား သုံးတာ နည်းအောင် ဘယ်လို အလေ့အကျင့်တွေ နဲ့ ပြုပြင်ကြမလဲ????
1.ပာင်းခတ်မှုန့် အချိုမှုန့်တွေ သုံးမယ့်အစား အသားပြုတ်ရည် ပာင်းရွက်ပြုတ် ရည်အစားထိုးသုံးတာမျိုး။
2.အသားတွေ ကို အခြောက်လှမ်းထားတာ readymade တွေ စားမယ့်အစား လတ်လတ်ဆက်ဆက် အသားငါးတွေ စားပေးတာမျိုး။
3.အသီးအရွက် တွေ ကို တစ်နေ့တာလိုအပ်တဲ့ ပမာဏ (တရုတ်ထမင်း ပန်ကန်လုံး ၃ ခွက်) ပြည့်အောင်စားပေးတာမျိုး။
4.အသင့်သောက် အချိုရည်တွေ အစား လတ်လတ်ဆက်ဆက် အသီးအနှံ တွေကိုကိုယ်တိုင်ဖျော်သောက်တာမျိုး စတာတွေ နဲ့ လေ့ကျင့်ပေးသင့်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော် @ Dr. Nutrition