fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အရက်ရဲ့ဆိုးကျိုးများ

992
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/01/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

“ဓါးကိုဖျက်တာ ဝါးမျက်၊ လူကိုဖျက်တာ အရက်” ဆိုသည့် စကားအတိုင်း အရက်သောက်ခြင်းသည် လူကိုပျက်စီးစေပါတယ်။ သောက်တဲ့သူရဲ့ ခန္ဓာကိုယ်ကို သာမက စိတ်ရော ဘဝတက်လမ်းတွေကိုရောပါ အရက်ကဖျက်စီးပါတယ်။ ဒါ့အပြင် သောက်တဲ့သူရဲ့ မိသားစုကိုပါ ဒုက္ခပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။

အရက်ချက်လုပ်ကြရာ၌ ပစ္စည်း အမျိုးမျိုး၊ နည်းအမျိုးမျိုးကို အသုံးပြုကြသော်လည်း များသောအားဖြင့် ကဇော်ဖောက်ပြီး ပေါင်းခံကာ ချက်လုပ်ကြတာ များပါတယ်။ အရက်လို့ ခေါ်ဝေါ်ရာတွင် သတ်မှတ်ထားသော ပမာဏထက် အီသိုင်းအယ်လ်ကိုဟော (Ethyl Alcohol) ပိုမိုပါရှိသော မူးယစ်စေနိုင်သည့် အရည်အားလုံးကို ပါပါတယ်။ ဘီယာ၊ ဝီစကီ၊ ရှန်ပိန်၊ ရမ်၊ ဆာဝါ၊ ဂျင်၊ ဗောဒ့်ကာစတာတွေဟာလည်းအရက် များပင် ဖြစ်ကြသည်။

အရက်၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေး ဆိုတဲ့အရာလေးခုဟာ တက်သစ်စ လူငယ်တွေကို လူညွှန့်ကျိုးစေတဲ့ အရာတွေပါ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က ထုတ်ပြန်ခဲ့တဲ့ စာတမ်းတစ်ခုမှာဆိုရင်
(၁)တစ်ကမ္ဘာလုံး၏ အရက် သောက်သုံးမှုနှုန်းမှာ ၂၄ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း၊
(၂) နှစ်စဉ် ကမ္ဘာ့လူဦးရေ သန်း နှစ်ထောင်ကျော်ဟာ အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးနေကြပြီး သန်း ၈ဝ နီးပါးမှာ အရက်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားနေရကြောင်း၊
(၃) ကမ္ဘာတစ်ဝန်း သေဆုံးမှု အကြောင်းရင်းများ၏ ၄ ရာခိုင်နှုန်းခန့်မှာ အရက်ကြောင့်ဖြစ်ပြီး ထိုပမာဏမှာ အိတ်အိုင်ဗွီ၊ အေအိုင်ဒီအက်၊ အကြမ်းဖက်မှုနှင့် တီဘီရောဂါတို့ကြောင့် သေဆုံးသောပမာဏထက် ပိုမိုများပြားကြောင်း
(၄)မိမိကိုယ်ကို သတ်သေခြင်းနှင့် အခြားသူများအား ရန်ပြုရခြင်း အကြောင်းရင်းများတွင်လည်း အရက် သည် ၇ဝ ရာခိုင်နှုန်းထိ ပါဝင်ပတ်သက်နေပြီး အကြမ်းဖက်မှု၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုနှင့် လုပ်ငန်းခွင် ပျက်ကွက်မှုများသည်လည်း အရက်သောက်သုံးခြင်းနှင့် ပတ်သက်နေကြောင်း စသဖြင့်ဖော်ပြထားပါတယ်။

ပင်ပန်းလို့ အညောင်းပြေ အညာပြေ သောက်တာ၊ ထမင်းစားကောင်းအောင် သောက်တာ၊ စကားပြောကောင်းအောင် သောက်တာ၊ ပျော်ချင်လို့ သောက်တာ၊ ဝမ်းနည်းလို့ သောက်တာ၊ အသည်းကွဲလို့သောက်တာ၊ စိတ်ညစ်လို့ သောက်တာ စသဖြင့် အရက်ကို အရက်နှစ်သက်သူများက အကြောင်းအမျိုးမျိုးဖြင့် သောက်သုံးနေကြပါတယ်။

အရက်ဆိုတာ သောက်တတ်ရင် ဆေးလို့ ပြောကြသူများလည်း ရှိပါတယ်။ သို့သော် အဲ့လိုပြောနေရင်းနဲ့ပဲ အရက်ကျေးကျွန်ဘဝရောက်ကာ အရက်ရဲ့ ဆိုးကျိုးတွေကြောင့် ရောဂါရကာ သေဆုံးသွားသူတွေလည်းဒုနဲ့ဒေးပါ။

အရက်သောက်ခြင်းသည် အသည်းတစ်ခုပဲ ထိခိုက်စေတာ မဟုတ်ပါ။ ဆေးလိပ်လိုပဲ ကိုယ်တွင်းအင်္ဂါ
အတော်များများကို ထိခိုက်စေပါတယ်။ အရက်ကို ကြာရှည်စွာ စွဲသောက်လာတာနဲ့အမျှ ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေကတော့

အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးအားနည်းခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ် သွေးကြော ပေါက်ခြင်း၊ သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ မုန့်ချိုအိတ်ရောင်ရမ်းခြင်း၊ အစာရေမျိုပြွန်ကင်ဆာဖြစ်ခြင်း၊ ပန်းသေပန်းညိုးခြင်း စသဖြင့်ပါ။

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာအနေနဲ့ကတော့ အရက်သောက်တာ ရေရှည်ဖြစ်လာတာနဲ့အမျှ စိတ်ဓါတ်ကျလာခြင်း၊ အကြောက်လွန်ခြင်း၊ အိပ်မပျော်ခြင်း၊ အစားသောက်ပျက်လာခြင်း၊ မှတ်ဉာဏ်တွေလျော့နည်းလာခြင်း၊ ပတ်ဝန်းကျင်အပေါ် အထင်အမြင်မှားခြင်း၊ မိမိဇနီးကိုလည်း တခြားသူတစ်ယောက်ယောက်နဲ့ ဖောက်ပြန်နေသည်ဟု ထင်မြင်ယူဆလာကာ နောက်ဆုံးတွင် မိမိကိုယ်မိမိထိခိုက်အနာတရဖြစ်အောင် လုပ်လာခြင်း၊ သတ်သေခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။

ဒီလိုဆိုတော့ တချို့က မေးစရာရှိနိင်ပါတယ်။ ကျွန်တော်က အရက်ကို နေ့တိုင်းနီးပါး မသောက်ဘူး။တစ်ခါတစ်ရံ စိတ်ညစ်တဲ့အချိန်မှ မူးအောင်သောက်တာပါ။ အဲ့လိုဆိုရင်ကော ဆိုးကျိုးရှိလား ဆရာ ဆိုပြီးမေးကြပါမယ်။

ရှိပါတယ်။ အရက်ကို တစ်ထိုင်တည်း အလွန်အကျွံ့ မူးအောင်သောက်ခြင်းဖြင့် ခေါင်းကိုက်တာ၊ အရက်အဆိပ်သင့်ပြီးသေတာ၊ အန်ဖတ်ဆို့သေတာအထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အသိစိတ်လွတ်ကာ အရှက်အကြောက် ဆင်ခြင်နိုင်စွမ်းနည်းသွားကာ ဆဲဆိုအကြမ်းဖက်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းတို့ ဖြစ်ရာမှတဆင့် ရဲအဖမ်းခံရပြီး အမှုရင်ဆိုင်ရခြင်း၊ အမူးလွန်နေပြီး အကာကွယ်မဲ့ ပျော်ပါးမိသောကြောင့်လိင်မှတဆင့် ကူးစက်ရောဂါများ ကူးစက်ခံရခြင်း၊ မူးပြီးဆိုင်ကယ်တို့ ကားတို့ မောင်းသောကြောင့်ယာဉ်တိုက်မှုဖြစ်ခြင်း စသဖြင့်ဖြစ်နိုင်ပါတယ်။

အခုနောက်ပိုင်းမှာ အမျိုးသားတွေအပြင် အမျိုးသမီးတွေပါ အရက်သေစာကို သောက်စားလာကြပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားများနဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံခြင်း ကွာတဲ့အတွက် အရက်ပြင်းအားတူ၊ ပမာဏတူသောက်လျှင်ပင် အမျိုးသားတွေထက် အမူးပိုလွယ်ပါသည်။ အသည်းလည်း ပိုထိခိုက်လွယ်သည်။ ဒါ့အပြင် အရက်စွဲသူ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိလာမည်ဆိုလျှင် သို့မဟုတ် ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်မည်ဆိုလျှင် ပေါင်မပြည့် လမစေ့သော ကလေးမွေးခြင်း၊ ကလေး ကြီးထွားမှု နှေးခြင်း၊ မျက်နှာနှင့် ခေါင်းတွင် မွေးရာပါ ချို့ယွင်မှုများပါလာခြင်း၊ ဉာဏ်ရည်မမီခြင်း၊ ခန္ဓာကိုယ်ပိုင်း၊ စိတ်ပိုင်းနှင့် အပြုအမူပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောရရင် အရက်သောက်ခြင်းဖြင့် ရရှိလာတဲ့ဆိုးကျိုးတွေကို သောက်တဲ့သူ တစ်ယောက်ပဲခံစားရတာမဟုတ်ဘဲ ထိုသူရဲ့ မိသားစုအသိုင်းအဝိုင်းပါ ခံစားရကြရပါတယ်။ ဒါကြောင့်အရက်ဆိုတဲ့အရာတွေကို အထူးသဖြင့် လူငယ်များအနေနဲ့ လက်တည့်စမ်းကာ အစလုပ်ပြီး မသောက်မိကြဖို့လိုကြောင်း အကြံပြုလိုက်ရပါတယ်။

Author : Dr. 528

Previous Post

အဝလွန်ဘေးမှကင်းဝေးစေ

Next Post

Autoimmune ရောဂါများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
604

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Autoimmune ရောဂါများ

ချွေးအနံ့ဆိုးကင်းအောင်

ကင်ဆာရောဂါအကြောင်း ပြောရအောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.