အိမ္ေမြးတိရစာၦန္မ်ား ေမြးျခင္းျဖင့္ သင့္နဲ႔ သင့္မိသားစု က်န္းမာေရးကို တစ္ဖက္တစ္လမ္းက အက်ိဳးျပဳပုံ
အခုေခတ္မွာ ေခြး၊ ေၾကာင္ စတဲ့ အိမ္ေမြးတိရစာၦန္ အျပင္ ငါးေလးေတြ၊ ငွက္ေလးေတြ၊ ပူးေလးေတြ၊ ဟမ္းစတားေလးေတြကိုပါ ေမြးျမဴလာၾကပါတယ္။ အိမ္ေမြးတိရစာၦန္ေလးေတြ ရွိတာဟာ အထီးက်န္မဆန္ေစဘဲ အေဖာ္ရေစပါတယ္။ ဒါ့အျပင္ ေပ်ာ္႐ႊင္ၾကည္ႏူးမႈကိုလည္း ေပးစြမ္းႏိုင္ပါတယ္။ ဒီအခ်က္ေတြကေတာ့ ထင္သာျမင္သာတဲ့ အခ်က္ေတြပါ။
ဒါေတြအျပင္ တျခား ရရွိႏိုင္တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။
၁။ဦးေႏွာက္ဉာဏ္ရည္ဖြံ႕ၿဖိဳးမႈကို ေကာင္းေစျခင္း
သုေတသနေတြအရ ေခြးေလး၊ ေၾကာင္ေလး၊ ငါးေလးေတြ၊ ငွက္ေလးေတြ ေမြးထားျခင္းျဖင့္ အထီးက်န္မႈကို ကင္းေဝေစၿပီး ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစတယ္လို႔ သိရပါတယ္။ မွတ္ဉာဏ္အားေလ်ာ့နည္းေနတဲ့ လူနာေတြဆိုရင္ အိမ္ေမြးတိရစာၦန္မ်ား ေမြးျခင္းျဖင့္ မွတ္ဉာဏ္ေလ်ာ့နည္းလာမႈကို ေႏွးေစႏိုင္တယ္လို႔ ေလ့လာမႈတစ္ခုက ဆိုပါတယ္။
၂။ႏွလုံးကိုပိုၿပီး က်န္းမာေစႏိုင္ျခင္း
အိမ္ေမြးတိရစာၦန္ေမြးတဲ့သူေတြဟာ အိမ္ေမြးတိရိစာၦန္မေမြးတဲ့သူေတြနဲ႔ယွဥ္ရင္ ေသြးထဲကမေကာင္းတဲ့အဆီဓါတ္ျဖစ္တဲ့ ကိုလက္စထေရာကို ေလ်ာ့နည္းေနတတ္ပါတယ္လို႔ သုေတသနတစ္ခုက ေျပာထားပါတယ္။ ဘာျဖစ္လို႔နည္းတာလဲ အေၾကာင္းရင္းကေတာ့ ေသခ်ာမသိပါဘူး။ တခ်ိဳ႕ကေတာ့ ေခြးေတြ၊ ေၾကာင္ေတြနဲ႔ လမ္းေလွ်ာက္ထြက္ရင္း ကိုယ္လက္လႈပ္ရွားမႈ ရတာေၾကာင့္လို႔ ေျပာၾကပါတယ္။ သို႔ေသာ္ ငါးတို႔၊ ငွက္တို႔ ေမြးထားတဲ့ပိုင္ရွင္ေတြမွာလည္း ေခြး၊ ေၾကာင္ေတြလို လမ္းေလွ်ာက္ထြက္ေပးရတာ မရွိေသာ္ျငား ေခြး၊ ေၾကာင္ ေမြးထားတဲ့သူေတြလိုပဲ ကိုလက္စထေရာဓါတ္ ေလ်ာ့နည္းေနပါတယ္လို႔ ေလ့လာမႈတစ္ခုက ေျပာထားပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ အိမ္ေမြးတိရစာၦန္ တစ္မ်ိဳးမ်ိဳးေမြးထားျခင္းျဖင့္ ကိုလက္စထေရာဓါတ္ကို ေလ်ာ့နည္းေစတာေၾကာင့္ ေသြးေပါင္ခ်ိန္ကိုလည္း ပုံမွန္ျဖစ္ေစကာ ႏွလုံးေရာဂါ အႏၲရာယ္ ျဖစ္ပြားႏိုင္ေျခကလည္း ေလ်ာ့နည္းပါတယ္။
၃။စိတ္ဓါတ္က်ျခင္းနဲ႔ စိတ္ဖိစီးမႈကို အတိုင္းအတာတစ္ခုထိ ေလ်ာ့နည္းေစႏိုင္ျခင္း
အိမ္ေမြးတိရစာၦန္ေလးေတြနဲ႔ေဆာ့ကစားျခင္းျဖင့္ အိမ္မွာရွိတဲ့ လူႀကီးေတြနဲ႔ကေလးငယ္ေတြကို ကိုယ္လက္လႈပ္ရွားမႈကို ျဖစ္ေစသလို စိတ္ေပ်ာ္႐ႊင္မႈပါ ရရွိေစပါတယ္။ ထိုအခါမွာ ဦးေႏွာက္မွ စိတ္ဖိစီးမႈေလ်ာ့က်ေစတဲ့ ဓါတုပစၥည္း (Serotonin) ထြက္ရွိမႈ မ်ားလာတာေၾကာင့္ အိမ္သူအိမ္သားေတြရဲ႕ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစၿပီး က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။ ငါးေမြးထားတဲ့သူ၊ ငွက္ေမြးထားတဲ့သူေတြဆိုရင္လည္း ငါးေလးေတြေရကူးတာကို ၾကည့္ျခင္းျဖင့္လည္းေကာင္း၊ ငွက္ကေလးေတြကို ထိေတြ႕အစာေကြၽးျခင္းျဖင့္လည္းေကာင္း Serotonin ထြက္ရွိမႈမ်ားေစႏိုင္ၿပီး စိတ္ဖိစီးမႈ နည္းေစႏိုင္ပါတယ္။
၄။မိတ္ေဆြအေပါင္းအသင္းတိုးေစႏိုင္
သုေတသနေတြအရ အိမ္ေမြးတိရစာၦန္ေလးေတြ ေမြးျခင္းျဖင့္ ေပါင္းသင္းဆက္ဆံေရး တျဖည္းျဖည္းပိုျမင့္တက္လာႏိုင္ေသာေၾကာင့္ ေရရွည္မွာ လူဝင္ပိုဆန႔္လာကာ မိတ္ေဆြအေပါင္းသင္းေတြလည္း ပိုမ်ားလာပါတယ္တဲ့။
၅။ကိုယ္ခံစြမ္းအားစနစ္ ျမင့္တက္လာေစျခင္း
ယူေကမွာလုပ္တဲ့ ေလ့လာမႈတစ္ရပ္အရ အိမ္ေမြးတိရစာၦန္ေလးေတြ ေမြးထားတဲ့မိသားစုက လူေတြဟာ အိမ္ေမြးတိရစာၦန္ မရွိတဲ့သူေတြထက္ပိုၿပီး အလုပ္ပ်က္ရက္၊ ေက်ာင္းပ်က္ရက္နည္းကာ က်န္းမာတာကိုေတြ႕ရပါတယ္တဲ့။ ေနာက္ၿပီး အိမ္ေမြးတိရစာၦန္ ေမြးထားတဲ့အိမ္က ကေလးငယ္ေတြဟာ ဓါတ္မတည့္မႈ (Allergy) ျဖစ္ႏိုင္ေျခနည္းၿပီး ပန္းနာရင္က်ပ္ ေရာဂါျဖစ္ပြားႏိုင္ေျခလည္း ေလ်ာ့က်တာကိုေတြ႕ရပါတယ္တဲ့။
၆။ႀကံ့ခိုင္သန္စြမ္းမႈကို ပိုေကာင္းလာေစျခင္း
ဒါကေတာ့ ေခြးေမြးတဲ့သူေတြနဲ႔ပဲ ဆိုင္ပါတယ္။ ေခြးေမြးထားတဲ့သူ ေတာ္ေတာ္မ်ားမ်ားကို ေလ့လာတဲ့အခါမွာ သူတို႔ေတြဟာ ပ်မ္းမွ်အားျဖင့္ တစ္ပတ္မွာ အခ်ိန္ရွစ္နာရီထက္ပိုၿပီး ေခြးနဲ႔အတူ လမ္းေလွ်ာက္ထြက္ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ကြန္ပ်ဴတာေရွ႕၊ တီဗြီေရွ႕မွာ အခ်ိန္ေတြကုန္တာလည္း နည္းသြားတယ္လို႔ သုေတသနတစ္ခုက ေျပာထားပါတယ္။
ဒါေတြကေတာ့ ကြၽန္ေတာ္သိသေလာက္ပါ။ တျခားအခ်က္ေတြလည္း ရွိႏိုင္ပါေသးတယ္။ အဆုံးသတ္အေနနဲ႔ကေတာ့ အိမ္ေမြးတိရစာၦန္ေလးေတြ ေမြးထားျခင္းျဖင့္ တစ္ေန႔လုံး အလုပ္မွာ သင္ဘယ္ေလာက္ပင္ပန္းပင္ပန္း အိမ္ျပန္တဲ့အခါမွာ သင္အျပန္လာကို ေစာင့္ႀကိဳေနတဲ့ အိမ္ေမြးတိရစာၦန္ေလးေတြေၾကာင့္ ဘဝအေမာေတြကို ေျပေပ်ာက္ေစႏိုင္ပါတယ္။
Author : Dr. 528
Unicode
အိမ်မွေးတိရစ္ဆာန်များ မွေးခြင်းဖြင့် သင့်နဲ့ သင့်မိသားစု ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကျိုးပြုပုံ
အခုခေတ်မှာ ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန် အပြင် ငါးလေးတွေ၊ ငှက်လေးတွေ၊ ပူးလေးတွေ၊ ဟမ်းစတားလေးတွေကိုပါ မွေးမြူလာကြပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေ ရှိတာဟာ အထီးကျန်မဆန်စေဘဲ အဖော်ရစေပါတယ်။ ဒါ့အပြင် ပျော်ရွှင်ကြည်နူးမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒီအချက်တွေကတော့ ထင်သာမြင်သာတဲ့ အချက်တွေပါ။
ဒါတွေအပြင် တခြား ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
၁။ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ကောင်းစေခြင်း
သုတေသနတွေအရ ခွေးလေး၊ ကြောင်လေး၊ ငါးလေးတွေ၊ ငှက်လေးတွေ မွေးထားခြင်းဖြင့် အထီးကျန်မှုကို ကင်းဝေစေပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။ မှတ်ဉာဏ်အားလျော့နည်းနေတဲ့ လူနာတွေဆိုရင် အိမ်မွေးတိရစ္ဆာန်များ မွေးခြင်းဖြင့် မှတ်ဉာဏ်လျော့နည်းလာမှုကို နှေးစေနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။
၂။နှလုံးကိုပိုပြီး ကျန်းမာစေနိုင်ခြင်း
အိမ်မွေးတိရစ္ဆာန်မွေးတဲ့သူတွေဟာ အိမ်မွေးတိရိစ္ဆာန်မမွေးတဲ့သူတွေနဲ့ယှဉ်ရင် သွေးထဲကမကောင်းတဲ့အဆီဓါတ်ဖြစ်တဲ့ ကိုလက်စထရောကို လျော့နည်းနေတတ်ပါတယ်လို့ သုတေသနတစ်ခုက ပြောထားပါတယ်။ ဘာဖြစ်လို့နည်းတာလဲ အကြောင်းရင်းကတော့ သေချာမသိပါဘူး။ တချို့ကတော့ ခွေးတွေ၊ ကြောင်တွေနဲ့ လမ်းလျှောက်ထွက်ရင်း ကိုယ်လက်လှုပ်ရှားမှု ရတာကြောင့်လို့ ပြောကြပါတယ်။ သို့သော် ငါးတို့၊ ငှက်တို့ မွေးထားတဲ့ပိုင်ရှင်တွေမှာလည်း ခွေး၊ ကြောင်တွေလို လမ်းလျှောက်ထွက်ပေးရတာ မရှိသော်ငြား ခွေး၊ ကြောင် မွေးထားတဲ့သူတွေလိုပဲ ကိုလက်စထရောဓါတ် လျော့နည်းနေပါတယ်လို့ လေ့လာမှုတစ်ခုက ပြောထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အိမ်မွေးတိရစ္ဆာန် တစ်မျိုးမျိုးမွေးထားခြင်းဖြင့် ကိုလက်စထရောဓါတ်ကို လျော့နည်းစေတာကြောင့် သွေးပေါင်ချိန်ကိုလည်း ပုံမှန်ဖြစ်စေကာ နှလုံးရောဂါ အန္တရာယ် ဖြစ်ပွားနိုင်ခြေကလည်း လျော့နည်းပါတယ်။
၃။စိတ်ဓါတ်ကျခြင်းနဲ့ စိတ်ဖိစီးမှုကို အတိုင်းအတာတစ်ခုထိ လျော့နည်းစေနိုင်ခြင်း
အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားခြင်းဖြင့် အိမ်မှာရှိတဲ့ လူကြီးတွေနဲ့ကလေးငယ်တွေကို ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေသလို စိတ်ပျော်ရွှင်မှုပါ ရရှိစေပါတယ်။ ထိုအခါမှာ ဦးနှောက်မှ စိတ်ဖိစီးမှုလျော့ကျစေတဲ့ ဓါတုပစ္စည်း (Serotonin) ထွက်ရှိမှု များလာတာကြောင့် အိမ်သူအိမ်သားတွေရဲ့ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ငါးမွေးထားတဲ့သူ၊ ငှက်မွေးထားတဲ့သူတွေဆိုရင်လည်း ငါးလေးတွေရေကူးတာကို ကြည့်ခြင်းဖြင့်လည်းကောင်း၊ ငှက်ကလေးတွေကို ထိတွေ့အစာကျွေးခြင်းဖြင့်လည်းကောင်း Serotonin ထွက်ရှိမှုများစေနိုင်ပြီး စိတ်ဖိစီးမှု နည်းစေနိုင်ပါတယ်။
၄။မိတ်ဆွေအပေါင်းအသင်းတိုးစေနိုင်
သုတေသနတွေအရ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးခြင်းဖြင့် ပေါင်းသင်းဆက်ဆံရေး တဖြည်းဖြည်းပိုမြင့်တက်လာနိုင်သောကြောင့် ရေရှည်မှာ လူဝင်ပိုဆန့်လာကာ မိတ်ဆွေအပေါင်းသင်းတွေလည်း ပိုများလာပါတယ်တဲ့။
၅။ကိုယ်ခံစွမ်းအားစနစ် မြင့်တက်လာစေခြင်း
ယူကေမှာလုပ်တဲ့ လေ့လာမှုတစ်ရပ်အရ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့မိသားစုက လူတွေဟာ အိမ်မွေးတိရစ္ဆာန် မရှိတဲ့သူတွေထက်ပိုပြီး အလုပ်ပျက်ရက်၊ ကျောင်းပျက်ရက်နည်းကာ ကျန်းမာတာကိုတွေ့ရပါတယ်တဲ့။ နောက်ပြီး အိမ်မွေးတိရစ္ဆာန် မွေးထားတဲ့အိမ်က ကလေးငယ်တွေဟာ ဓါတ်မတည့်မှု (Allergy) ဖြစ်နိုင်ခြေနည်းပြီး ပန်းနာရင်ကျပ် ရောဂါဖြစ်ပွားနိုင်ခြေလည်း လျော့ကျတာကိုတွေ့ရပါတယ်တဲ့။
၆။ကြံ့ခိုင်သန်စွမ်းမှုကို ပိုကောင်းလာစေခြင်း
ဒါကတော့ ခွေးမွေးတဲ့သူတွေနဲ့ပဲ ဆိုင်ပါတယ်။ ခွေးမွေးထားတဲ့သူ တော်တော်များများကို လေ့လာတဲ့အခါမှာ သူတို့တွေဟာ ပျမ်းမျှအားဖြင့် တစ်ပတ်မှာ အချိန်ရှစ်နာရီထက်ပိုပြီး ခွေးနဲ့အတူ လမ်းလျှောက်ထွက်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကွန်ပျူတာရှေ့၊ တီဗွီရှေ့မှာ အချိန်တွေကုန်တာလည်း နည်းသွားတယ်လို့ သုတေသနတစ်ခုက ပြောထားပါတယ်။
ဒါတွေကတော့ ကျွန်တော်သိသလောက်ပါ။ တခြားအချက်တွေလည်း ရှိနိုင်ပါသေးတယ်။ အဆုံးသတ်အနေနဲ့ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားခြင်းဖြင့် တစ်နေ့လုံး အလုပ်မှာ သင်ဘယ်လောက်ပင်ပန်းပင်ပန်း အိမ်ပြန်တဲ့အခါမှာ သင်အပြန်လာကို စောင့်ကြိုနေတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကြောင့် ဘဝအမောတွေကို ပြေပျောက်စေနိုင်ပါတယ်။
Author : Dr. 528